Saturday, December 19, 2009

ဖေဖေ့အတွက်ဝှီးချဲ လက်ဆောင်


ရန်ကုန်ပြန်ရမယ် ဆိုတော့ မားကြီးက ၀ှီးချဲမှာတယ် ဖေဖေက၀ှီးချဲနဲ့ဆို အရမ်းအဆင်ပြေမှာတဲ့ သူစီးမစီးတော့ ငါလဲမသိဘူးတဲ့ နင်တို့ပြောရင်တော့ ရလောက်မယ် အိမ်ထဲမှာ ခြံထဲမှာ ၀ှီးချဲလေးနဲ့ဆိုတော့ ကောင်းတာပေါ့ သူလဲသက်သာတယ် ဒါပေမဲ့သိတဲ့အတိုင်းပဲ လူကအိပ်ယာထဲလဲနေပြီ ငါလူမမာမဟုတ်ဘူး လာမတွဲနဲ့
ဆိုတာပါသေးတယ်တဲ့ ပွစီပွစီပြောပြီးဖုန်းချသွားတော့ မလတ်နဲ့ကျမခေါင်းချင်းဆိုင် စဉ်းစားရတော့တယ် ၀ှီးချဲ ဘယ်မှာရောင်းသလဲ ရုတ်တရက်ဆိုတော့ ဘယ်စုံစမ်းရမှန်းမသိဘူး မလတ်ရဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် ကျမရောမလတ်ပါ လုံးဝကြည့် မရဘူး ဒါပေမဲ့မပေါင်းမဖြစ်မပါမဖြစ်ပေါ့ ဒိုင်းကနဲနှစ်ယောက်လုံး စဉ်းစားမိတာလဲသူ့ပဲရှိတာ ဆရာကြီး ကအိုကေ အိုကေ မနက်သွားကြတာပေါ့တဲ့။ သူ့ပုံစံ ကျမပြောပြမယ် အရာရာမသိတာမရှိဘူး တစ်ကယ်လဲသိတယ် ဒါပေမဲ့သိလွန်းတော့လဲ ကျမတို့ ညီအမကကြည့်မရဘူး ဂုဏ်သရေရှိလူကြီးမင်းပေါ့။ကျမတို့စိတ်က မြန်မာဟာမြန်မာပဲ အရာရာဟန်ဆောင်မူ့ တွေနဲ့ နေနေရတဲ့ ပြည်ပတိုင်းပြည်တွေမှာ မြန်မာချင်းတွေ့လို့ကတော့ အေးဆေးပွင့်ပွင့်လင်းလင်းပေါ့ မြန်မာစကား မေ့ယိုးထုံးစံရှိလို့လား မြန်မာအချင်းချင်းသိရဲ့ နဲ့ ဘိုလိုပြော ကျမတို့ ညီအမကမကြိုက်ဘူး မြန်မာစကားမှာ ကြားညှပ်ပြီးသုံးလဲ ကျမတို့က မကြိုက်ဘူး သူကအဲလိုလူမျိုး တစ်ခုခုဆို ဘိုလိုရှင်းပြလို့ ပြီးးပြီဆိုလို့ကတော့ မြန်လိုနောက်တစ်ခေါက်လောက် ဆိုပြီးကျမကအမြဲတောင်းဆိုတယ်။ကျမတို့ညီအမက သစ်ပင်တွေ့ရင်ခူးရမှ တိုပါးရိုး လမ်းတလျောက်က ကံ့ကော်ပန်းတွေပွင့်ပြီဆိုတာ နဲ့ ကျမတို့ညီအမ ဟိုင်းဝေးလမ်းမပေါ် ကားထိုးရပ် ရအောင်ခူးတာပဲ ကျမဆိုအပင်ထိပ်ဖျား တောင်ရောက်တယ် ကားတစီးလုံးပန်းတွေ ပြည့်ပြီဆိုတာနဲ့ ရဲကြောက်ကင်မရာ ကြောက်ပြီး အဲလူ ကားထဲမှာစောင့်နေတာ ကြည့်ရတာ ကျမတို့ညီအမအတွက်တော့ လုံးဝဟာသပဲ ပိတောက်တွေပွင့်ရင် လဲရအောင်ခူးပြီး ဘုရားတင်တာပဲ စတိုင်နဲ့မလိုင်နဲ့ အဲလူကိုပိတောက်ပင်ပေါ် ကျမအတင်းတက်ခူးခိုင်းတာ ခြေအိပ်နဲ့တက်တာရော ရှက်ပြီးမျက်နှာ ကြီးနီနေတာရော ကွယ်ရာကြ ကျမတို့ရီတာပဲ မြန်မာယောင်္ကျားလေးဆိုတာ မျောက်နဲ့တူရတယ်လို့ ကျမကပြောလို့ မလတ်က ပုခုံးခြင်းတိုက်ပြီး ဟန့်တယ် ပန်းမကြိုက်တဲ့ မိန်းခလေးမရှိဘူး အပင်တွေ့ ရင်တက်ခိုင်းမှာပဲလို့ ကျမကရီမောရင်းပြောတော့ ဒီနိုင်ငံမှာအဆင်မသင့်ရင် ရဲနဲ့ရှင်းရမယ်တဲ့ တစ်ခါကလဲ အုန်းသီးတွေ အပင်ပုပုလေးတွေ စီရီနေတာပဲ ခက်တာက ကျမနဲ့ လက်တစ်ဖေါင်လောက်လိုတယ် သောက်ကြည့်ချင်လို့ပါ ၀ါဝါလေးတွေအရမ်းချိုမှာပဲလို့ ကျမကအတင်းပြောတာ အဲလူကမလတ်ကိုစစ်ကူကြည့်ကြည့်တယ် ဟားဟားဟား ကျမအမပဲ တစ်လေသံထဲတဟန်ထဲပေါ့ အေးနော်အတော်ချိုမဲ့ပုံပဲ နှစ်ထစ်လောက်တက်ရင်ကို ရနေပြီလို့ လေသံပစ်ရင်း ကားထိုးရပ်တယ် ကျမလှစ်ခနဲ ဆင်းသွားရင်း အောက်ကနေမမှီ မကန်းနဲ့ ခုန်ခုန် ခူးတာအုန်းသီးဆိုတာ ထိယုံနဲ့မရဘူးလေ အညှာပြုတ်အောင် လှည့်ရဦးမှာလေ မလတ်ကလဲ လိုက်ဆင်းလာပြီး အနီးကတွေ့တာနဲ့ ကောက်ပစ်တယ် ကျမတို့ညီအမ မရမချင်းမပြန်ဘူးဆိုတာ သိတယ် ဒါပေမဲ့ အုန်းပင်တက်တက်ဟန်မတူ တဲ့အလူကလဲဖုန်းပြောချင်ဟန် ဆောင်ပြီးပေကပ် နေတော့တာ မလတ်နဲ့ ကျမအုန်းသီးမရပဲ ကားပေါ်ပြန်တက်ရမှာ အောင့်သီးအောင့်သက် ဟိုလူကလဲ ဖုန်းပြောဟန် ဆောင်ပြီးပေကပ်နေတော့တယ် ကျမကမလတ်ရယ် လွယ်လွယ်လေးကို ခက်အောင်လုပ်နေတယ် လူရှင်းပြီးမှောင်နေတာ နင်အပင်အောက် ကားထိုးလိုက်လို့ ကျမပြောတော့ မလတ်ကလဲရယ်ဒီပဲ ကားစက်နိုးပြီး အပင်အောက်ခေါင်းထိုးပေးတယ် သူ့ကားခေါင်းပေါ် ကျမလှစ်ကနဲခုန်တက်တော့ ကျမကိုပြန်ဆွဲချတယ် တောင်းပန်ဦးကန်တော့ပြီး မှတက်တဲ့ ကျမလဲလက်အုပ်ချီ မှင်သေသေနဲ့ပေါ့ တစ်ကယ်လဲတောင်းပန်ပါတယ် ဘာရယ်တော့မဟုတ်ဘူး မလတ်ကတခါတလေကြအဲလိုမျိုး အုန်းသီးတွေ တစ်လုံးပြီးတစ်လုံး အောက်ကိုချပေးတော့ မလတ်က ပျော်ပျော်ကြီးကိုလိုက်ဖမ်းတယ် အဲလူကတော့စိတ်ပျက်ခြင်းကြီးစွာ နဲ့ငေးလို့ ဟားဟားဟား သရက်သီးတို့ ကြက်မောက်သီးတို့ ကတော့ ဘယ်အချိန် ဘယ်အပင်ကအကင်း ဘယ်အပင်ကမှည့်ပြီ ဆိုတာ အလွတ်ကိုရလို့ သရက်သီးထဲမှာ စိမ်းချိုသီးက မှတ်ထား ကလင်မတီ ရေကူးကန်နောက်မှာ နောက်တစ်လဆို အကင်းရပြီ ချိုပြီးကျွတ် နေတာပဲ မချစ်စုသီးစစ်စစ်ကတော့ ဘွန်လေးဂေပိုးစစ်တီးနောက်က ကားပါကင်နားကအပင်ပဲ ကြက်မောက်သီးကတော့ ထိုင်နေရင်းလှမ်းခူးလို့ရတာ မြေကြီးတရွတ်တိုက် တပင်လုံးနီရဲပြီးသီးနေတာ အန်ယူအက်စ် ကပ်ရက်ဗလီကြီးနား ကအပင်ပေါ့ စင်္ကာပူတမြို့လုံးမှာစားလို့ ကောင်းတဲ့ကြက်မောက်သီးက စင်္ကာပူပိုလီ ဆရာများနားနေဆောင်နားက တန်းစီစိုက်ထားတဲ့ အပင်တွေ ထဲကအ၀ါရောင် အသီးကြီးတွေ တစ်လုံးတစ်လုံး လက်သီးဆုပ်လောက်ကို ရှိတာ ချိုချက်က ကမ်းကုန်ပဲ သီဟိုပင်ရောသိချင်သေးလား အတော်ကိုဝေးတယ် လင်ချူးကန် လမ်းမကြီးအတိုင်းတည့်တည့် သွား င်္သဂျိုင်း လေးခုစလုံးကျော် ပြီးတည့်တည့်ကြီး ဆက်မောင်းသွား ဂွေးချိုသီးပင်တွေ ဆိုတာပုပုလေးတွေ အသီးတွေပြွတ်ခဲနေတာ ချိုချဉ်လေးနဲ့ မွေးနေတာပဲ ငပိချက်နဲ့ ကတော့ ရှယ်ပဲ အဲဒီမှာ သီဟိုပင်ကြီးအရွက်တွေ ဆိုတာနုနေတာပဲ ကြိုက်သလောက်ခူးလို့ ရတယ် ငှက်ပျောပင်တွေဆိုတာ စိတ်ကြိုက် ခုတ်ရုံပဲ တောထနေတာ ခါးလည်လောက်အပင်လေးတွေ ကြက်မောက်ပင်တွေက တပင်လုံးနီရဲနေပေမဲ့ မျိုးမကောင်းဘူး ခံတတ်ပင်တော့ လိုက်ရှာနေတာ နှစ်ပေါင်းများစွာရှိပြီ စင်္ကာပူမှရှိပုံမရဘူး ခွိခွိ စာဖတ်သူတွေကတော့ ငါးမူးတစ်ကျပ် နဲ့ဝယ်စားလို့ရတာတွေ အပင်ပမ်းခံပြီးလျောက် ရေးနေတယ်ထင်မယ်။ သူငယ်ချင်းတွေစုပြီး လျောက်သွားစမ်းပါနော် ရှော်ပင်းထွက်တာ ကို တစ်ဘ၀လုံး အတွက်တာ့တာ့ ပြသွားမယ် ပိတ်ရက်တွေဆို ကျမတို့တွေ တောထဲသွားမယ်ပဲ ဟီးပြောရအုန်းမယ် မန်ကျီးပင်တွေ စီတန်းပြီး တစ်လမ်းလုံးနီးပါး စိုက်ထားတာ ရီပါ့ပလစ်ပိုလီ ကျောင်းသွားတဲ့ လမ်းတစ်လျာက်မှာ နုချိန်ဆို တစ်လမ်းလုံးပဲ သီးချိန်ဆိုလဲ တစ်လမ်းလုံးပဲ နောက်ပြီး သပြုသီးပင်ကြီးက ပင်ဝက်စကုတ်မှာ အကြီးကြီး သုံးပင်တန်းရှိတယ် ကြက်ရိုးနဲ့ ချဉ်စပ်ချက်လိုက်လို့ ကတော့ ချိုခါးလေး ခွိခွိ သွားခူးကြနော် ၀က်စကုတ်မှာပဲ မန်ကျီးပင်ကြီးဆိုတာ အသီးတွေများကွေးကောက် နေတာပဲ လက်နဲ့ ခုန်ဆွဲယုံနဲ့ ကျွပ်ကျွပ် အိပ်ကြီးနှစ်အိပ်တစ်ခါထဲ ပြည့်တယ် သကြားသီးပင်ကတော့ တပင်လုံးညွတ်ပြီး ခြံအပြင်ကို ကိုင်းကြနေတာ သူကတော့ လူလစ်မှခူးလို့ ရမယ် ဂျို့ချက်လမ်းမကရှန်ဆောင်း ကားပါကင်နားကခြံ တခြံမှာ ကဲပါဟိုလူကို အပိုတွေလုပ်ပြီး ကျမခိုင်းတယ် အပိုတွေရေးတယ် ထင်မှာဆိုးလို့ ကျမအိတ်စပီးရန့် ကိုရေးပြတာ ကျတို့ညီအမတွေရဲ့ မွေးရာပါဝါသနာပဲ။
ကဲဝှီးချဲကိစ္စ ရေးတော့မယ် ကျမတို့ညီအမနှစ်ယောက်သွားလဲ ၀ှီးချဲ ဘယ်လိုဟာကကောင်းတယ် ဘယ်လိုမျိုးဝယ်ရမယ် တစ်ကယ်နားမလည်တာရှင့် ရုတ်တရက်နေရာအတိအကျ မရေးတက်ဘူးရှင့် သွားနေကြရှော့ပင်းမောတွေ မဟုတ်တာသေချာတယ် ၀ှီးချဲရိုးရွန်း ပေါ့ ကျယ်ကျယ်ဝန်းဝန်းပဲ ပရိဘောဂတွေလဲ ပြထားတယ်ထင်တယ် ဈေးရောင်းတဲ့တရုတ်လေးက ၀ှီးချဲတွေတစ်လုံးပြီးတစ်လုံး ပြတယ် နောက်ဆုံးတစ်လုံးက ကိုယ်ထည်တစ်ခု လုံးအလူမီနီယမ်နဲ့ လုပ်ထားတာ အကုန်ခေါက်ပြီး မလိုက်ရင် ပေါ့ပေါ့လေးရယ် ထိုင်တဲ့နေရာနောက်မှီ အားလုံးက အနက်ကွက်လေး လှမှလှ ဘီးကလဲဖိုင်ပါဘီး စင်္ကာပူ လေးရာ့ရှစ်ဆယ်တဲ့ မလတ်ကအဲဒါကြိုက်ပြီ ဆိုတော့ အသစ်ပါကင်ထုတ် ပေးတယ် မတိကျ မလတ်ကတစ်ခါထဲ စိတ်ချရအောင် ဆင်ပေးလိုက်ပါ ပြီးရင်ပေါ့ပေါ့ လေးပဲရန်ကုန်အထိခေါက်ပြီး လက်ကဆွဲသွားမယ် ပေါ့ဆိုတော့ အရောင်းဝန်ထမ်းတရုတ်က ချက်ခြင်းဆင်ပေးတယ် ဘီးတွေလှည့် ပြတယ် အိုကေပြီတဲ့ အဲဒီအချိန်မှာ ကျမခေါင်းထဲ လက်ခနဲအကြံ ရတယ်မလတ်ကို လက်ကုတ်လိုက်တယ် ဆို မလတ်ကဇဝေဇ၀ါနဲ့ ကျမအချက်ပေးပြီ ဆိုတော့ ကိုယ်ကိုမတ်ပြီးနားစွန့် နေတယ်။ဝှီးချဲထိုင်တဲ့ပိတ်စ နေရာကို လက်နှစ်ဖက်နဲ့ စုံထောက်လိုက်ရင်း“ ကျမကခိုင်ပါ့မလားဟင်ဆိုတော့” “ကျမတို့နဲ့ ပါလာတဲ့သူက ဒုန့်ဝါရီတဲ့” “ကျမကဖေဖေကနဲနဲဝတယ်နော်မလတ်ဆိုတော့”မလတ်ကဇဝေဇ၀ါနဲ့ “အင်းတဲ့” ကျမကဆက်ပြီး “ဘရိတ်ကဘယ်ဟာလဲဟင် စီးတဲ့နည်းတော့သေချာမေးမှ ဖြစ်မယ်ထင်တယ်”လို့ကျမစကားဆုံးတော့ မလတ်မျက်နှာဝင်းကနဲ ဖြစ်သွားတယ် ကျမကိုပြုံးစစကြည့်ရင်း ပေါက်ပြီဆိုတဲ့ ပုံပြတယ်“မမရေ တို့စမ်းစီးကြည့်မှဖြစ်မယ်ထင်တယ် နော်တဲ့” ကျမကတွန်းလှဲနားမှာထိုင် နေရင်းက မလတ်ကိုမော့ကြည့်ပြီး “အေးငါစိတ်ပူတာအဲဒါပဲလို့” မျက်နှာသေလေးနဲ့ပြောတယ်“ဖေဖေထိုင်လိုက်လို့ တစ်ခုခုချွတ်ချော်ပြီး ပြုတ်ကြခဲ့ ရင်ငါတို့ ဘာမှလုပ်တတ်မှာမဟုတ်ဘူး” “အနဲဆုံးတစ်ပတ်လောက် တော့စမ်းစီးကြည့်မှ စိတ်ချရမယ်နော် မလတ်” ဆိုတော့“အေးသေချာတယ် ကောင်းတယ် မမပြောတာမှန်တယ်လို့” ထောက်ခံတော့ ကျမတို့နဲ့ပါတဲ့ လူကတစ်ကိုယ်လုံး တုန်သွားတယ် မျက်စေ့မျက်နှာပျက် နေတာများဂုတ် ဆိုတာတိုနေတာပဲ အရောင်းဝန်တမ်းက မြန်လိုပြောနေတဲ့ ကျမတို့ အနားရပ်ပြီး ပြုံးနားထောင်နေတယ် ပန်ပိန်သွယ်သွယ် ခောတ်လူငယ်လေ ကျမကဘရိတ် အရှိန်ထိမ်းတာ ကွေ့တာသေချာ ထပ်မေးတယ် ပြီးတော့ငါတပတ်စမ်းကြည့်မလို့လို့ ကျမကပြောတော့ အဲကောင်လေးက ရုတ်တရက်အံ့သြသွားတဲ့ ပုံကိုအမြန်ပြန်ပြင်လိုက်ရင်း ပြုံးစစနဲ့ ကောင်းတယ် ကောင်းတယ် သေချာတာပေါ့တဲ့ ခြေနင်းလေးက ခေါက်လို့ ရတယ် ကျမကဟန်ပါပါနဲ့ပေါ့ပေါ့ပါးပါး ပုံစံတက်ထိုင်ဘို့ ဟန်ပြင်ရင်း မလတ်ကိုအဓိပွါယ်ပါပါ တစ်ချက်ကြည့်လိုက်တယ်ဆို “အယ် နင့်ဝိတ်နဲ့ ဖေဖေ့ ၀ိတ်ဘယ် တူမှာလဲ လို့ဝင်ပြောတယ်”“ကျမလဲ အေးနော် ဖေဖေက အကို့ဝိတ်လောက်ရှိမယ်လို့ပြောရင်း” နောက်ပြန်ဆုတ်ပြီး ခပ်တည်တည်နဲ့ နေရာဖယ်ပေးလိုက်တယ်ဆို အဲလူက ဘောင်းဘီးအိပ်ထဲက လက်ကိုင်ပုဝါကို ထုတ်လိုက်ရင်းဇီး ကင်းလောက်ရှိတဲ့ချွေးပေါက် ကြီးတွေကို လက်နဲ့ခပ်ကြမ်းကြမ်း ပွတ်ချလိုက်တာ ကျမတို့ ညီအမတွေ့တယ် မလတ်အသံကချိုအီပြီးထွက်လာတယ်“ တပတ်လောက်စမ်းကြည့် လိုက်ပါနော် လူလဲရှင်းနေတာ ဘယ်သူမှမရှိပါဘူး ဖေ့ဖေ့ အတွက်စိုးရိမ်လို့ ပါလို့ပြောတယ်” ကျမကတော့ အသံထွက်လို့ လုံးဝမရတော့ဘူး အူထဲက ကလိကလိဖြစ်နေတာ လည်ချောင်းဝရောက်နေပြီ အဲလူက မလတ်ကိုတခါမှ မမြင်ဘူးတဲ့သူ တစ်ယောက်လို တအံ့တသြ ကြည့်ရင်း“ ၀ှီးချဲတစ်ပတ်အစမ်းစီးကြည့်ရမယ် ”လို့ သံယောင်လိုက်တယ်
ကျမက အသံတော့ ဘယ်လိုမှထွက်လို့ မရအောင်ရီချင် နေရင်းကပဲ ပြန်ထိုင်ချလိုက်ရင်း ဆန်ပင်တွေနဲ့ ကွယ် ခေါင်းကိုငုံ့ချပြီး ဘရိတ်နဲ့ ဘီးတွေကို လျှောက်ကိုင်ကြည့်နေတယ် စိုးရိမ်တကြီးစစ်ဆေးကြည့်ရူ့တယ်ပေါ့
တစ်ကယ်ကအဲလူ မွန်ထူနေလို့ ကျမကျောခုံးတွေ တစ်လူပ်လူပ်နဲ့ ကြိတ်ရီနေတာ သူမတွေ့တာ
အသက်၀၀တစ်ချက်ရူလိုက်တာ တွေ့ရတယ် ကျမစိတ်ထင်မျက်စေ့စုံမှိတ်ပြီး ၀ှီးချဲပေါ် ထိုင်ချလိုက်တယ် ထင်တာပဲ မျက်နှာနီနီနဲ့ ကျမတို့ ကိုကြောခိုင်းပြီး ဘီးတွေလက်နဲ့ လှည့်ပြီး မင်းလမ်းအတိုင်း ၀င်သွားတဲ့အချိန်မှာတော့ ကျမကတယ်လီဖုန်းက ကင်မရာနဲ့ အမိအရချိန်တယ် မလတ်ကမလုပ်နဲ့မလုပ်နဲ့ မှင်သေသေနဲ့ ဆက်နေ ပြသနာရူပ်သွားမယ် ပြီးမှအောင်ပွဲခံရအောင်လို့ ပြောရင်း ကျမလက်ကိုဆွဲရင်း နောက်ကပြေးလိုက်တယ်“ အဆင်ပြေလား ပေါ့လား အိုကေလားလို့ မလတ်မေးတော့”“အဲလူက ထူပူပြီးဖြေတာဖြစ်မယ်“ အင်း စီးလို့ကောင်းတယ် တဲ့” ကျမက “အဟဲ အစ်ကိုနဲ့ လိုက်တယ် နော်မလတ်”ဆိုတော့“ပေါက်ကရဟယ် ၀ှီးချဲ နဲ့ လိုက်တယ်လို့ မကြားဘူးပါဘူး တဲ့ ”အဲလူကတော့အတော့်ကိုကသိကအောက်ဖြစ်နေတဲ့ ပုံစံနဲ့ ၀ှီးချဲပေါ်ကဆင်းဘို့ လုပ်တော့ “အစ်ကိုခနလေး ဟိုရောက်ရင် ဖေဖေကိုကျမပဲတွန်းရမှလေ ရီဟာစယ်ပေါ့ တွန်းကြည့်မယ်နော်လို့ ”ပြောရင်း နောက်တပတ်ထပ်ပတ်တယ်။ မလတ်ကတော့နောက်ကနေ ပါးစပ်ပိတ်ဗိုက်ကိုနှိပ်ရင်း တခိခိပေါ့ ကျမက “မလတ်ရေလာတွန်းကြည့်ပါဦး တစ်ကယ့်ပေါ့ပေါ့လေး ဟန်ကျတာပဲ ဖေဖေအရမ်းကြိုက်မှာလို့” ကျမကပြောတော့ မလတ်ကလက်ကာ ပြရင်းအသံကိုထိန်းပြီး နေနေရပြီပြီ လို့ပြောတယ်။မမ လေ သိတယ်နော် ရတဲ့အခွင့်အရေးကို လုံးဝအသုံးချတာ“ မလတ်အမှတ်တရ ဓါတ်ပုံလေးတစ်ပုံလောက်ဟာ နော် ၀ှီးချဲမော်ဒယ် နဲ့ ငါတွန်းနေတဲ့ပုံလေးလို့ ပြောရင်း ကိုယ်ကိုစောင်းပြီ ပဲပေးတယ်” ကျမတို့ကို စကားပြောချင်စိတ် လုံးလုံးရှိပုံ မပေါ်တော့တဲ့ အဲလူက၀ုန်းဆိုထရပ်တာ ကျမရောမလတ်ရောလန့်သွားတာပဲ “ဘာ..ဘာဖြစ်လို့လဲဟင်လို့”မျက်နှာလေးငယ်ပြီးကျမနဲ့မလတ်ပြူးပြူးပျာပျာမေးတော့ အဲလူကအထိတ်တစ်လန့် နဲ့ “ဓါတ် ဓါတ်ပုံ မရိုက်ချင်ပါဘူးတဲ့”“အမလေး အကိုကလဲ ဖြေးဖြေးပြောတာ မဟုတ်ဘူး ဒါကိုယ်ပိုင်အခွင့်အရေးပဲ မလတ်ရိုက်ချင်ဘူးတဲ့ဟ”လို့ကျမကပြောတော့ မလတ်ကငွေရှင်းတယ် အရောင်းစာရေးကောင်လေးက တစ်ခါမှဝယ်တဲ့သူတွေ အလိုမစီးဘူးဘူးတဲ့ ဘယ်နိုင်ငံကလဲတဲ့ မြန်မာပါလို့ ပြန်ဖြေတော့ အတော်ကိုတိကျတာပဲတဲ့ ကျမကဂုဏ်ယူတဲ့ ပုံနဲ့ “အကို့ ကိုချီးကျူးနေတယ်လို့ပြောတော့” မကြားဟန်ဆောင်နေတယ် ကျမစိတ်ထဲက နေပလေ့စေ သူမို့လို့စီးတာ ငါဆိုအသေငြင်းမှာလို့ တွေးနေလိုက်တယ်။ ကျမတို့အခါတစ်သိန်းလောက် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြီး ကိုယ့်ကားပေါ်ကိုယ်တက်တော့ မလတ်နဲ့ကျမကို ခေါင်းညှိမ့်လက်ပြရင်း ၀ူးဆိုမောင်းထွက်သွားတယ်။ ကျမတို့ညီအမ ကားမထွက်နိုင်ပဲ မလတ်ကဒတ်ရှ်ဘုတ်ပေါ် မျက်နှာမှောက် ကျမကစတီယာတိုင် ပေါ်မှောက်ပြီး
အသေရီကြတယ်။ရယ်ရင်းရယ်ရင်းရယ်လို့ ကိုမ၀နိုင်အောင်ပဲ အမေကတော့ ပြောတယ် မလတ်အသံချို ပြီး မမ မျက်နှာငယ်နေရင် တစ်ယောက်ယောက်တော့မသက်မသာခံရပြီမှတ်တဲ့။

အားလုံးပျော်ရွင်ကြစေ
မမ
Posted by မမ at 10:51 PM
7 comments:

shin nay December 15, 2009 3:00 PM

သရက်သီးတွေသွားခူးဦးမှပဲ... နောက်ကျရင် မမ လက်ဦးတွားဦးမယ်... Clementi ရေကူးကန်ရဲ့ဘယ်နားမှာလဲ...အိမ်နဲ့နီးနီးလေး တကယ်သွားခူးမယ်..ဟီးဟီး
Anonymous December 15, 2009 3:08 PM

မမ ကိုယ်လုံးနဲ့ သစ်ပင်ထပ်ဖျားရောက်တယ်ဆိုတော့ .... ကြည့်ကျက်လုပ် မမရေ....
မမ December 15, 2009 7:21 PM

အခု ခူးလို့ မရသေးဘူး ရရင်သံချောင်းခေါက်လိုက်မယ်

မမ

မမ ခူးပါတယ်ဆိုမှာ့ မမကိုယ်လုံးနဲ့ မတက်လို့ မာမူ့ ကိုယ်လုံးငှါးတက်ရ မှာလား ခွိခွိ

မမ
Dexter December 16, 2009 7:42 AM

အတော်ပဲ sg မှာ organic fruit ဆိုပြီး ဆိုင်ဖွင့်မယ်.... မမ ကတော့ အသီးခူးတာဝန်ခံပေါ့ .....
shin nay December 16, 2009 10:12 AM

မလုပ်ပါနဲ့... organic fruit shop မဖွင့်ခင် လက်ထိပ်နဲ့တွေ့နေမယ်
Anonymous December 17, 2009 11:23 AM

များသောအားဖြင့် sg က သစ်ပင်တွေက မြန်မာက လို ဟဲဗီးတွေ မဟုတ်ါဘူးလေ ။ ခပ်သေးသေး ခပ်ရွယ်ရွယ်လေးတွေ ဆိုတော့ ခပ်သွယ်သွယ် slim body လေးတွေ အပင်ပေါ် တက်တယ်ဆိုရင်တော့ သိပ်ပြသနာမရှိ ပေမယ့် မမ လို ခန္ဒာကိုယ်မျိုးဆိုရင်တော့ ကိုင်းကျိုးကျဖို့ဆိုတာ နောက်ထား ၊ အပင်ပေါ်တောင် ဘယ်လိုတက်ပါလိမ့်ကွယ်။ ကိုင်းကျိုးကျဖို့ နောက်ထား ဆိုတာက အပင်ပေါ်တက်လို့ရမှ အကိုင်းက ကျိုးကျမှာမလား ။ အပင်ပေါ် တက်လို့မရရင် အကိုင်းဘယ်ကျိုးမလဲ ။
မမ December 18, 2009 5:23 PM

အမလေး ဆိုင်မဖွင့်ပါဘူး organic fruit shop ဖွင့်စရာလား ဒီခောတ်ကြီးထဲမှာ အော်ဒါသာလက် ခံလိုက် အပင်အောက်အထိ ခေါ်သွားမယ် အလိမ်အညာ မရှိ organic fruit စစ်စစ်ပဲ အ၀သာစား ဆိုပြီးဂုတ် ဆွဲပြ လိုက်ယုံပဲ
မပိုင် ဘူးလား ခွိခွိ

မမ

မမကြီးကလဲ
ကျိုးမကျ လို့ မမကြီးစာဖတ် နေလို့ရတာပေါ့ ခွိခွိ ကျိုးကျ တဲ့အခါလဲ မမအပင်ပေါ် တတ်လို့ ကိုင်းကျိုး ကျတဲ့အကြောင်း မမ ကြီးဖတ်ဘို့ရေးပေး မယ်လေနော် သိပ်စိတ်ပူပါ နဲ့ကွယ် ဟိုအရင်ကလို မေတ္တာစစ် လျက်

မမ

မစ္စတာ ဘင်းဇာတ်သိမ်း


ကျမတို့ လူစုံချိန်မှာတော့ မစ္စတာဘင်းရဲ့ ဘာသာစကားများ လို့စာအုပ်ထုတ်ဘို့ တိုင်ပင်ကြတယ်။သတင်းစာထဲ ကနေ တွေ့သမျှအကုန်အွန်လိုင်းကလျှောက်တော့တာပဲ ပြီးရင်အပြင်ရောက်တဲ့သူက မစ္စတာဘင်းကိုဖုန်းခေါ်ပြီး အင်တာဗျုးတော့တာပဲ သူပြောသမျှတွေ နားထောင်ပြီးရီရတာလဲ အမော အလွန်တရာမှမုန်းဘို့ ကောင်းတဲ့ စလုံးသံထွက် အင်္ဂလိပ်စကား ကိုသူနားလည် အောင်နားရည်ဝအောင် မမောနိုင်အောင်ပြော ပေးနေသူက မော်လမြိုင်သူ တစ်နေ့တမျိုးမရိုးရအောင် ဖုန်းပြောင်းခေါ်လဲ သူကအသံမမှတ်မိ ကြိုးစားပမ်းစား ကိုပြန်ဖြေတော့
တာပဲ သူဖြေတာတွေ တချို့“ အိုင်စီး တီဗီ နောင်း”တို့“ အိုင် ဒတ်စန့် အန်တာစတန်း ”တို့ကတော့ ကျမတို့အတွက် နေ့စဉ်သုံးဝေါဟာရတွေ ဖြစ်မှန်းမသိဖြစ်လာ တော့တာပဲ ကျမတို့အဲကွန်းတွေ ဆားဗစ်စင်လုပ်ပေးပြီးတဲ့ နောက်မှာ တော့ တအိမ်ပြီးတအိမ် မလတ်အဆက်အသွယ်နဲ့ သူသွားလုပ်ပေးရပါတယ်။ အလုပ်မဆင်းပဲ၂ရက်မြောက် နေ့မှာ တော့ သူကိုအစမ်းခန့်တဲ့ကုမဏီကမန်နေဂျာမ ဖုန်းဆက်လာတော့တယ် သူခေါင်းခါခါ လည်ခါခါနဲ့ မပြောဘူး မသွားဘူးချည်း ပြောတော့တယ် မလတ်ကိုသူနေမကောင်းလို့ပါ ပြောခိုင်းတယ် မန်နေဂျာမက အလုပ်သင်သဘောမျိုးတလကိုစလုံး၁၂၀၀ နဲ့ အက်စ်ပါစ့် တင်ပေးမယ်လို့ မလတ်နဲ့မိနစ်နှစ်ဆယ်လောက်ပြောဆိုပြီးတော့ မလတ်က မစ္စတာဘင်းအလုပ်ရပြီဟ မစ္စတာဘင်း အလုပ်ရပြီဟေ့လို့ တခန်းဝင် တစ်ခန်းထွက် တံခါးခေါက်ပြီးလိုက်အော်တဲ့ အခါမှာတော့ မစ္စတာဘင်းက မလတ်ကိုမယုံသင်္ကာ ပုံစံမျိုးနဲ့ မထုံတတ်တေး ကြည့်နေပါတော့တယ်။ ကျမကအကို မပျော်ဘူးလားဟင်လို့ မေးတဲ့ အချိန်မှာတော့ အိမ်ရှေ့နဲ့အိမ်နောက်ကို ခေါက်တုန့် ခေါက်ပြန်လျှောက်ရင်း သူဘာကိုရွတ်နေမှန်းမသိဘူး သူ့အမူအရာကို ကျမတို့ အကဲခတ်ရင်းတစ်ယောက်မျက်နှာတယောက် ကြည့်နေကြတုန်း မှာပဲသူအခန်းထဲကို ၀င်သွားတော့တယ်။ ကျမတို့လဲ အလွန်တရာမှအံ့သြလွန်းစွာ ငေးကြည့်နေတုန်းမှာပဲ သာလွန်ကထုတ်တဲ့ အင်္ဂလိပ်မြန်မာ ဘာသာစာအုပ်လေးနဲ့ ပြန်ထွက်လာတော့တယ်။ ကျမကိုတိုးတိုးလေးနဲ့ ညီမလေးလာဦးလို့ မလတ်တို့မကြားစေချင်တဲ့ ပုံစံမျိုးနဲ့ခေါ်တယ်။ ကျမလဲသူတို့ကိုမျက်ရိပ်ပြ ပြီးပြောအကို ဘာဖြစ်လို့လဲ အကိုဘာသိချင်လို့လဲ ဆိုတော့ အခုနမလတ်ကို သူမန်နေဂျာမကို သူနေမကောင်းကြောင်းပြောခိုင်းတာ တလုံးမှမပါဘူးတဲ့ ဟုတ်လားအကို သူဘာပြောတာကြားလဲပြော ကျမဘာသာပြန်ပေးမယ်လို့ ကျမနဲ့ မစ္စတာဘင်းအိမ်ရှေ့ခန်းမှာ တိုးတိုး ကြိတ်ကြိတ် ဆွေးနွေးကြတော့တယ်။ကျမတို့ရဲ့ အမူအရာကို ကြည့်ပြီးခေါင်းခြောက် နေတဲ့မလတ်တို့ အုပ်စုကို သူ့ရှေ့တင်ပဲဖုန်းနဲ့ အက်စ်အမ်အက်စ် ပို့ လိုက်တယ်။မစ္စတာဘင်းရဲ့ အမေးတွေ ကိုကြားတဲ့ အချိန်မှာတော့ ကျမမျက်နှာကို ဆံပင်တွေနဲ့ကွယ်လို့ တဟားဟား အော်ရီချင်တဲ့ အသိစိတ်တွေကိုမြိုချလို့ သူ့အဖြေကိုခေါင်းခြောက်အောင် စဉ်းစားရတော့တယ်။
ကဲအားလုံးပဲ ကူဖြေပေးကြပါ ဦးရှင် ..မစ္စတာဘင်းအမေး “အကိုသိတာ နေမကောင်ဘူးဖျားနေတယ်ဆိုရင် “အေးလ်” ဟုတ်ပါတယ်နော် နောက်တမျိုးက“ စစ်ခ်” ဟုတ်တယ်နော် ညီမလေး ဒီမှာတွေ့လား သူ့လက်ထဲက စာမျက်နှာကို လက်ညိုးထိုးပြရင်း ကျမကလဲဟုတ်တာပေါ့ အကို မှန်တာပေါ့ဆိုတော့ “မလတ်က အဲဒါတလုံးမှကိုမပါပဲ နဲ့ “ဟီအစ်စ်နော့ဖီလင်ဝဲလ်” လို့ ပြောသွားတာ အကိုကြားတယ်။ အလောက်ကတော့အကို နားလည်တယ်ညီမတဲ့ အဲဒီအဓိပါယ်အကိုသိချင်တယ်တဲ့ သေချာတဲ့စစ်သူကြီးတစ်ယောက်လို့ သူခိုးမိနေပြီလို့ ရုပ်တည်ကြီးနဲ့ မေးနေတဲ့ မစ္စတာ ဘင်းကို ကျမကိုယ်စားကူညီဖြေရှင်းပေးကြပါဗျို့ ။
ကျေးဇူးတင်စွာဖြင့်
မမ

6 comments:

Dexter October 30, 2009 8:53 PM

မမ ဘယ်လိုလုပ်ပြီး တန်းလန်ုးကီးနဲ့ ဇာတ်သိမ်းသွားတာလည်း။ ပြီးသွားပြီလား ? မညာမတာ ဝေဖန်ရရင် မမ အရေးအသားတော့ တိုးတက်လာတယ်။ စိတ်ရှုပ်နေတဲုကားထဲက တင်ပေးတာ ကျေးဇူးနော် မမ။
မမ October 31, 2009 8:09 PM

ဟီး ရေးထားတာတော့ အများကြီးပဲ ဖွင့်လို့ မရ၀င်လို့မရဆိုတော့ အဆင်ပြေအောင် အရေးကြီးတဲ့ အပိုင်းတွေနဲ့ဇတ်သိပ်းလိုက်ရတာ နားလည်အေ

မမ
cool October 31, 2009 11:07 PM

visited and read.:)
Evy November 1, 2009 9:23 PM

Waiting for more posts :-)
မမ November 2, 2009 9:39 PM

စိတ်ချပါဗျို့ အားလုံးအတွက်ရေးဦးမှာ

မမ
Anonymous November 3, 2009 5:13 PM

အင်း ။ မဆီမဆိုင် ဗျာ ။ သင်းဝတ်ရည်ကို သွားသတိရတယ် ။မမ ရဲ့ မစ္စတာ ဘင်းလောက်မရီုးမအ ပေမယ့် စလုံးကို စွန့်စားပြီးလာတဲ့ ပုံစံခြင်းက တူနေတော့လေဗျာ ။ ခုလောက်ဆိုရင်တော့ အလုပ်အကိုင်အတည်တကျနဲ့ အဆင်ပြေနေလောက်ပြီထင်ပါရဲ့ ။


မောင် မိုးသည်း

မမ

မမ: "Navigation
မိတ်ဆွေ သင်္ဂဟအပေါင်းတို့ရှင့် ဘလော့အဟောင်း၏ အကောင့်မှာ မည်သည့်အတွက်ကြောင့် မည်သူက မည်သို့လုပ်လိုက်သည်မသိ၊ လုံးဝသုံးမရပါသောကြောင့် ယခုလိပ်စာအသစ်တွင် ပို့စ်အသစ်များကိုဆက်လက်တင်ပါမည်။ နီးစပ်ရာမိတ်ဆွေများအားလဲ လက်တို့ပြီးတော့ ပြောပေးတော်မူကြပါကုန်။

မင်းကိုယ်မင်းတော့သိပါတယ်


ရိုးရိုးလေးနေ ရိုးရိုးလေးတွေး
ရိုးရိုးလေးတွေ ရေးနေတာကို
ရိုးရိုးလေးတွေးပြီး ရိုးရိုးလေးဖတ်သွားပါလား
သူငယ်ချင်းရယ်။
မရိုးမသားတွေးပြီး မရိုးမသားတွေလုပ်တော့
မရိုးသားတဲ့ သူငယ်ချင်းရဲ့ လက်ထဲကမမရဲ့အသက်
ရိုးသားတဲ့သူငယ်ချင်းတွေ က၀ိုင်းဝန်းလို့ကယ်တင်တယ်
မြင်ဖူးတွေ့ဖူးခြင်းမရှိတဲ့ သူငယ်ချင်းတွေထဲ
ရိုးသားသူနဲ့မရိုးသားသူခွဲခြားဘို့မတတ်နိုင်ကြပေမဲ့
သူငယ်ချင်းရယ် မင်းဘယ်သူဆိုတာ
တို့တွေအားလုံးမသိပေမဲ့
မင်းကိုမင်းတော့သိပါတယ်။
ဘာအတွက်လဲ ဘာကြောင့်လဲ
မင်းစဉ်းစားမိရဲ့လား ဘာအကျိုးလဲ ဘာအမြတ်လဲ
မင်းတွက်ချက်မိရဲ့လား
မင်းလုပ်ရပ်ကိုဂုဏ်ယူ တကယ်ပဲပျော်မြူးနေပြီလား
မှောင်ရိပ်မှာတထိတ်ထိတ် သိမ်ငယ်တဲ့စိတ်တွေနဲ့
လူ့ဝန်းကျင်နဲ့ ကင်းကွာလို့ နေရဲနေပြီလား
ထွက်ခဲ့ပါ ယောင်္ကျားစစ်စစ်ရဲ့ မာန်တွေထည့်လို့
ငါဟဲ့ယောင်္ကျား အမြင်ကပ်ပုဒ်မနဲ့
မမဆိုတာလောက်တော့ ကလစ်တချက်ထောက်လို့
ဘလော့ဂ်လောကက ကွယ်ပျောက်အောင်
ဖျောက်ဖျက်နိုင်သူ လို့ရဲဝင့်စွာကြွေးကြော်လိုက်စမ်းပါ။
မင်းကိုအလှဆုံးနှင်းဆီတွေနဲ့ ဂုဏ်ပြုဘို့
ငါဆိုတဲ့ မမ စောင့်နေတယ် သူငယ်ချင်း

မမ(အပေအတေ)syamagyi2010@gmail.com

အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင် မာမူ၊ချစ်သူငယ်ချင်းအပြုတ်၊Dexter,someone
ကူညီပေးသူအားလုံး ကျေးဇူးပါ။

မမ(အပေအတေ)

မစ္စတာ ဘင်း၏ အလွဲများ(၂ )

ကျမတို့ မစ္စဘင်းအကြောင်း တစ်ယောက်တစ်ပေါက်ပြောဆို ရီမောနေတုန်းမှာပဲ မငယ်ဖုန်းဝင်လာတယ် “နောက်ဆုံးလေယဉ် လူကုန်နေပြီ မတွေ့သေးဘူး” တဲ့ စိတ်ရှည်လက်ရှည် စောင့်ပါဟာ အချစ်စစ်တို့မည်သည် ကွေ့ကွင်းရာခြင်း မရှိ ဆိုက်ဆိုက် မြိုက်မြိုက် ကြီးကိုရောက်လာမှာ ပူမနေနဲ့ ” လို့ကျမပြောတော့ “သူ့မဟေသီ ငါ့အနားမှာရွတ်-ဘတ် လုပ်နေတယ်ဟာ သနားပါတယ်တဲ့ ကူညီတဲ့သူတွေက ကူညီတာတောင် အသုံးတစက်မှမကြ ဘူးလာရင်တွေ့ မယ်လို့ လဲပြောနေတယ် မစ္စတာဘင်းတော့သနားပါတယ်”တဲ့“ကျမအံ့သြတကြီး နင်ဘယ်လိုခေါ်လိုက်တယ် သူနံမယ် ဘယ်သူလို့ ကျမမေးတော့ တို့တအိမ်လုံး ကမစ္စာဘင်းပဲ ခေါ်တာ” တဲ့ “ကျမ မနေနိုင်တော့ဘူး ဒီမှာမငယ် မစ္စတာဘင်း ဒီမှာရောက် နေပြီ အိမ်အောက်မှာ ကွမ်းသီးဆင်းဝယ်နေတယ် နင်ကြောင့် တို့တွေလဲ ငါးပိတယောက် တစ်ထုပ်စီရတယ်” လို့ ကျမပြောတော့ မငယ် ကြောင်ပြီးအသံတိတ် နေတယ်။ခနကြာတော့မှ “မမ ငါ့ကြောင့် နင်တစ်ညလုံးပျော် နေခဲ့တယ် နင်တစ်ခါမှ မမက်ဖူးတဲ့ အိမ်မက်လှလှ ကိုမက်ဖူးခဲ့တယ် ငါနင့်ကိုအပျော်တွေပဲ ပေးခဲ့တာနော် နင့်ကြောင့် ငါတို့ဘယ်လောက်စိတ် ဆင်းရဲရလဲ ပွက်လောကိုရိုက် နေတာပဲ ကြပ်တာခြင်းတူရင်တောင် ငါ့လို့ကြပ်တတ်အောင်ကြိုးစား သေချာ နင်စဉ်းစားပြီးရင် ငါ့ကို ဆရာလို့ သုံးခွန်းလေးလေးစားစား ခေါ်လိုက်ပါတဲ့” မတရားတင်းနေတဲ့ လေသံနဲ့ ပြောပြီးဖုန်းချသွားလေရဲ့ အောင်မာ မခေါ်နိုင်ပါဘူးလို့ ကျမစိတ်ထဲကမကျေမနပ် ရေရွတ်လိုက်တုန်း မှာပဲဘဲလ်တီးသံ နဲ့အတူ မစ္စတာဘင်းပြန် ရောက်လာတယ်။ကျမတို့ အားလုံးဝမ်းသာအားရ“ အကိုဝယ်လို့ရလားလို့” ကျမတို့မေးတော့ ကွမ်းသီးထုပ်လေးပြတယ်။“ကျနော်ကိုတွေ့တာနဲ့ ဘိုလိုတန်းတော့ တော့တာပဲ ကွမ်းသီးစ် လို့ ပီပီသသ ပြောတာ လေးငါးဆယ်ခွန်းပဲ နားမလည်ဘူးဗျ ကွမ်းရွက်ပြပြီး ကွမ်းရွက်ထဲထည့်တဲ့ ပုံလုပ်ပြမှ ကွမ်းသီးဘူးကြီး ယူလာပြတော့တာပဲ ကျမတို့သူ့လေသံနဲ့သူ့ဟန်ကိုကြည့်ရင်းရယ်ကြတယ်“အကို ဘယ်လိုအလုပ်မျိုးကို ရှာတာလဲလို့” ကျမတို့ ၀ိုင်းမေးတော့ “မီးနဲ့ပတ်သက်ရင် ကျနော် အကုန်ရတယ် အဲကွန်း ရေခဲသေတ္တာ ကျနော် အကုန်ပြင်တတ်တယ် ကျနော် ဆယ်နှစ်သားထဲက ဒီအလုပ်ပဲ တလျောက်လုံး လုပ်လာခဲ့တာဗျာတဲ့” နိုင်ငံခြားထွက်လာဘို့ ဘယ်သူမြှောက်ပေးတာလဲလို့ ကျမတို့မေးတော့“ကျနော့ မိန်းမပေါ့ဗျာ ကျနော်ကရန်ကုန်မှာ သင်တန်းလဲပေးတယ် ဆိုင်လဲဖွင့်ထားတာ ဆိုတော့ ကျနော့်တပည့် သုံးယောက်လောက် စင်္ကာပူ ရောက်နေပြီခင်ဗျာ့ လူငယ်တွေပဲ နှစ်ဆယ် ကျော်တွေပေါ့ သူတို့ဒီရောက်ပြီး အဆင်ပြေတယ် ဆိုတော့ကျနော့မိန်းမ ဖြတ်ဖြတ်လူးတော့ တာပဲ တစ်နေ့တစ်နေ့ နားညီးအောင်နိုင်ငံခြား သွားခိုင်းတော့တာဗျာ ရန်ကုန်မှတော့ အတည်တကျ လူရိုသေရှင်ရိုသေ အလုပ်ကလေးတစ်ခုပြစရာ ရှိတာကလွဲလို့ ရရစားစားပါပဲဗျာ”“ကျနော် ဒီကညီမတွေ ဆိုင်အသစ်ဖွင့်လို့ တဆိုင်လုံး မီးဆင်ပေးရင်း မငယ်နဲ့ရင်းနှီးတယ် သူကသွားပါလားဘာညာ ပြောတာနဲ့မိန်းမကိုပြန်ပြော တော့ လေယဉ်ပေါ်ရောက်လာတာ ပဲဗျာတဲ့” သူပြောတာကိုနားထောင်နေရင်း မလတ်က “အကိုမနက်ဖြန် ကျမတို့ အဲကွန်းတွေအကုန် ဆာဗစ်စင် လုပ်ပေးလေ တစ်လုံးနှစ်ဆယ် ပေးမယ် အလုပ်စရတာပေါ့” လို့ပြောတော့ “ကျနော်ပိုက်ဆံ မယူပါဘူးဗျာ လိုအပ်တာ သာဝယ်ပေး ကျနော်လုပ်ပေးမယ်”တဲ့ ကွမ်းကိုငုံရင်းဖြေးဖြေးမှန်မှန် ပြောနေတဲ့သူ့ကိုစိတ်ဝင်တစား ကြည့်နေကြတုန်း မှာပဲ အိမ်ဖုန်းမည်သံက အားလုံးရဲ့ အာရုံကိုပြောင်းပေးလိုက်သလိုပဲ ကျမရဲ့ ဟယ်လိုဆိုတဲ့ အသံကိုဖုံးလွမ်းသွားအောင် စွာတေးလန်ပြာယာ ခတ်နေတဲ့ အသံကြောင့် အကိုအစ်ကိုမဟေသီ ခိုင်သင်းကြည်လို့ ကျမအော်ရင်း မစ္စတာဘင်းလက်ထဲ ဖုန်းပေးလိုက်တယ် ဆို ရောက်ကထဲက ရောင်နနနဲ့ တစိမ်းမိန်းမတွေကြားမှာ အားငယ်နေတဲ့ မျက်နှာရုတ်ချည်းကွယ်ပျောက်လို့ ၀င်းပသွားတော့ တယ်။မစ္စတာဘင်း ပြောဆိုနေသံများ “ဟေဟုတ်လား”“သူတို့နောက်တာလား ကြီးကြီးပြောထားသားပဲ မင်းညီမတွေက တော်ယုံလူ သီးမခံနိုင်အောင် အနောက်သန်တယ်လို့လေ” “အော် အခုလေ ဆိပ်နားကဆက်တာပေါ့” “အေးအေး ဆေးဆေးပါပဲ အငယ်ဆုံးမလေးလာကြိုတာ”“ဟုတ်တယ် ဟုတ်တယ်” “အကုန်ပေးလိုက်ပြီ”“စိတ်ချပါ အခုနတောင် ကွမ်းသီးသွားဝယ်သေးတယ်” “တစ်ယောက်ထဲပေါ့ ကိုဖာသာပြောရတာပေါ့ ရခဲ့တယ်” “အလတ်မလေး ရှာပေးမယ်တဲ့ ရမှာပါ”“စိတ်မပူနဲ့ အားလုံးအဆင်ပြေ ပါတယ် တအိမ်လုံးမိန်းခလေးတွေ ကြီးပဲ ခလေးတွေကြီးပဲ” “အေးပါ အေးပါ ပြန်တော့ ပြန်တော့”သူအသံကိုအားလုံးစိတ်ဝင်တစား နားထောင်နေရင်း တအိမ်လုံးခလေးတွေ ကြီးပဲဆိုတော့ မလတ်ကစပြီးတခိခိ ရယ်တော့ ကျမတို့လဲလိုက်ရယ်ကြရင်း တို့တွေတော့ အဖေတစ်ယောက်ကောက်ရပြီလို့ ကျမကပြောလိုက်တယ်။

အဲလိုနဲ့ မနက်မိုးလင်းတိုင်း ကျမတို့ရဲ့ ဘုရားစင်ရှေ့ မှာဘုရားရှစ်ခိုးသံနဲ့အတူ ကြေးစည်သံ တဝေေ၀နဲ့ကျမတို့ နိုးထလာရတော့တယ်။မနက်ငါးနာရီ လောက်ဆိုနိုးပြီ သူဖာသာ ကော်ဖီပေါင်မုန့် တခုခုမနက်စာစားပြီး အိမ်နားကကုလားဆိုင်လေးမှာ သတင်းစာသွားဝယ်ထားတယ်။ကြုံတဲ့သူက တစ်ယောက်တလှည့် သူ့ရနိုင်မဲ့အလုပ်တွေကို မှင်နီနဲ့ ၀ိုင်းပေးထားတယ် ခက်တာကအိမ်မှာ ယောက်င်္ကျားလေး မရှိဘူး သူ့ကိုဖုန်းနဲ့ ဗျူးပေးမဲ့သူမရှိဘူး ကျမတို့တယောက်တလှည့် ဆက်ပြန်တော့လဲ လုပ်မဲ့သူနဲ့ပြောချင်တယ် ဆိုတာချဉ်းပဲ သူ့ဖုန်းထိုးပေးတော့လဲ ခေါင်းခါခါ လည်ခါခါနဲ့ မပြောချင်ဘူးချည်း ပဲကျမတို့တွေ ဘာဆက်လုပ်ရမှန်းမသိအောင်ကို ဦးနှောက်ခြောက်တော့တာပဲ။
အဲ မလတ်ကပြောတာ သူလူကြောက်တာတဲ့ သူ့ကိုလူမကြောက်အောင် အရင်လုပ်ရမယ်တဲ့ ကျမတို့အိမ် မှာ အားလုံးအတူတူချက်စားကြတယ် ပင်တိုင်ချက်တာက ကျမပေါ့ အလိုနဲ့အိမ်နဲ့ မနီးမဝေးဈေးလေးမှာ သူ့ကို မနက်တိုင်း လိုအပ်တာတွေ ရေးပေးပြီးဈေးဝယ်ခိုင်းတယ် ပထမတော့ အင်တင်တင်နဲ့ နောက်တော့မိုးလင်းတာနဲ့ ဈေးဝယ်ဖို့အဆင်သင့် ဖြစ်နေပြီ ဟောင်းမတ်ခ်ျတို့ အိုင်အမ်မြန်မာတို့ အိုင်ကမ်းဖရွန်မြန်မာတို့ ဟောင်းအာယူတို့ ဟယ်လိုအန်တီတို့ ပေါပေါ များများသုံးတတ်လာပြီ ဈေးပြန်လာတာနဲ့ လ္ဘက်ရည်အီကြာကွေ့ပူပူ နွေးနွေးတွေပါလာတတ်ပြီ ဟိုအရင်က စနေတင်္နဂနွေ လောက်သာစားရတဲ့ အီကြာကွေ့နဲ့လ္ဘက် ရည်မနက်တိုင်းသောက်ရတာနဲ့ တင်သူဟာဒီအိမ်တစ်လုံးအတွက် အရေးပါလှနေပြီ။
နောက်တစ်နေ့မှာတော့ မလတ်ကသူ့ရုံးကို ပစ္စည်းတစ်ခုမေ့ကျန်ခဲ့တယ်အကြောင်းပြပြီ သူ့ကိုအရေးတကြီး လာပို့ဘို့အကူအညီတောင်းတယ် သူအကြောက်အကန်ငြင်းရင်းကပဲ အိမ်နဲ့ တစ်ဆယ့်ငါးဘူတာလောက် ဝေးတဲ့မလတ်ရှိရာကို တစ်ယောက်ထဲ ရောက်သွားတော့တယ် နောက်များတော့ အိမ်မှာရှိတဲ့ လူအကုန်တစ်နေ့တမျိုး အကြောင်းပြပြီး သူကိုခေါ်တယ်။မြန်မာတွေရှိတဲ့ ပင်နီဆိုးလား ကိုခနခန ပစ္စည်းသွားဝယ်ခိုင်းတယ် ရောက်တဲ့နေရာကနေ ဖုန်းနဲ့တဂွမ်ဂွမ် ဆက်သွယ်ရင်းကပဲ အတော်လေးသွားတတ်လာတတ်နေပြီ။
အလိုနဲ့ပဲ မစ္စတာဘင်းတစ်ယောက် အင်တာဗျူးတွေ စ၀င်ပါတော့တယ်ရှင်။
သတင်းစာကနေခေါ်တာတွေ ကသူ့အတွက်ဘယ်လိုမှကို အဆင်မပြေနိုင်တဲ့အတွက် အရပ်ကူပါလူဝိုင်းပါ နီးစပ်ရာတွေပြောရင်း လုပ်သက် အနှစ်၂၀ နီးပါးရှိကြောင်းလုပ်ငန်း အမတန်မှကျွမ်းကျင်ပါ ကြောင်း ဆိုတဲ့ အာမခံချက်တွေနဲ့ အင်တာဗျုး ၅ခုလောက်ဝင်ပြီးတော့ အဲကွန်းရေခဲသေတ္တာပြင်တဲ့ ကုမဏီ သေးသေး လေးတခုမှာအစမ်းခန့် အနေနဲ့ ပထမဦးဆုံးတပတ် စဆင်းခိုင်းပါတော့တယ်။
မိုးလင်းကထဲကအလုပ်ဆင်းဘို့ တက်ကြွနေတဲ့မစ္စတာဘင်းကို ကြည့်ပြီးအားလုံးဝမ်းသာနေကြတယ်၊ညနေအလုပ်ပြန်လာချိန် မှာတော့ မစ္စတာဘင်းသိပ်တက်ကြွ မူ့ မရှိတော့ဘူး ပြည်ကြီးတရုတ် တွေနဲ့ လက်တွဲလုပ်ရတဲ့ အတွက် တစ်ချိန်လုံးဆဲဆိုအော်ဟစ် သံတွေကြားမှာစိတ်ဓါတ်ကျနေပုံရတယ် သူများနောက်ကအလုပ်သင် သဘောမျိုးဖြစ်တဲ့အတွက် လဲ လိုအပ်တဲ့ပစ္စည်းတွေတောင်းတိုင်း ပစ္စည်းအခေါ်အဝေါ်တွေ မကြွမ်းကျင်မူ့ လေယူလေသိမ်းနားမလည် မူ့တွေကြောင့်အမှားမှားအယွင်းယွင်းနဲ့ တစ်နေ့တစ်နေ့ ဆဲဆိုကြိမ်းမောင်းခံနေရပုံ ပေါ်တယ်။
အဲလိုနဲ့ လေးရက်မြှောက်တဲ့ နေ့မှာတော့ မစ္စတာဘင်း အလုပ်မသွားတော့ဘူး ကျမနဲ့ မော်လမြိုင်သူက “အစ်ကို အလုပ်မသွားဘူးလားလို့ မေးတော့” “မဆင်းတော့ ဘူးပြောခဲ့ပြီဗျာတဲ့” “အစ်ကိုလုပ်ထားတဲ့ လုပ်ခရောရခဲ့လားဆိုတော့”မယူတော့ဘူး လုပ်အားပေးလို့ပြောခဲ့တယ်တဲ့” “အစ်ကိုဘယ်လိုပြောခဲ့ လဲဆိုတော့” “မြန်မာလိုပဲပြောခဲ့တာတဲ့”“အဆင်မပြေပါဘူးဗျာ လူရိုင်းတွေဗျ ပြောလို့ဆိုလို့မကောင်းဘူး မနေ့ကလဲပြသနာဖြစ်တယ် ကျုပ်သီးမခံနိုင်တဲ့အဆုံး မန်နေဂျာမကိုသွားတိုင်လိုက်တယ်”တဲ့ “ဟာ လုပ်စမ်းပါဦးဘာတွေဖြစ် လို့ အစ်ကိုက ဘယ်လိုသွားတိုင်လဲ သေသေချာချာ အမူအရာ အတိအကျ ပြောပြစမ်းပါဦး” လို့ကျမတို့စိတ်ဝင်တစားမေးတော့ “မနေ့က ထမင်းစားနေတုန်း ဖိုမင်တရုတ် အော်ကြီးဟစ်ကျယ်နဲ့ ကျူပ်ကိုလာဆူတယ် သူဘာဖြစ်တယ် ဘာပြောတယ်ကျုပ်မသိဘူး ပြီးတော့ ကျုပ်ကားကို ဘုန်းဘုန်းထုတယ် ခြေထောက်နဲ့လဲကန်တယ် ပြီးတော့ ဆဲတယ်ဗျာ” “ကျုပ်လဲ လုံးဝသီးမခံနိုင်တဲ့ အဆုံးမန်နေဂျာမ စားပွဲကိုသွားပြီး သူလုပ်တဲ့ပုံစံအတိုင်းလုပ်ပြတယ် သူပြောတဲ့အတိုင်းပြော လိုက်တာပဲ မန်နေဂျာမကတော့ ပြူးတိပြူးကြောင် ကျုပ်ကိုကြည့် ကျန်ခဲ့တာပဲ ” တဲ့ “ဟာအစ်ကို ဒေါသတွေထွက်တာပေါ့ ဟုတ်လားမန်နေဂျာမကို ဘယ်လိုပြောလိုက်လဲ သူနားလည်ရဲ့လား ကျမတို့ကို အတိအကျပြန်ပြော ပြပါလား” လို့ကျမတို့စိတ်ဝင်တစားမေးတော့ “ဒေါသကလဲ ထွက်နေတော့ စားပွဲကိုဘယ်လို ရောက်သွားမှန်းမသိဘူးဗျာ မန်နေဂျာမရှေ့ ရောက်တော့ သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ ဖတ်ခ်ယူ လို့ စားပွဲကိုထု မန်နေဂျာမကို လက်ညိုးထိုးပြီး အော်ပြောခဲ့တာပဲတဲ့”“ဘုရားဘုရား မန်နေဂျာမ စားပွဲကိုထု လက်ညိုးထိုးပြီး ဖတ်ခ်ယူ လို့ဆဲခဲ့သတဲ့ တော်လိုက်တာနော် သူဘာပြန်ပြောလဲဟင်” လို့မော်လမြိုင်သူကမျက်နှာငယ် လေးနဲ့မေးတော့“ ကျုပ်ကိုကြည့်ကျန်ခဲ့တာပဲတဲ့” ကဲစာဖတ်သူ အားလုံးမန်နေဂျာ စားပွဲမှာခဏလေးဝင် ထိုင်လိုက်ပါနော် “ သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ ဖတ်ခ်ယူ ”လို့ စားပွဲကိုထု လက်ညိုးထိုးပြီး အော်သွားတဲ့ မစ္စတာဘင်းကို မန်နေဂျာမခင်ဗျာ ဘာကိုဘယ်လိုတွေးလို့ ဘာကိုဘယ်လိုများနားလည်ပါလိမ့် မလဲရှင်...။ကဲ ကူပြီးစဉ်းစားပေးကြပါဦး
ဆက်ရန်
cool said...
Pls carry on mama

October 23, 2009 1:46 PM

cool said...
I'm waiting for your post in ages. :)

October 23, 2009 1:47 PM

mama said...
cool
တဦးတည်းသော မမအားကွန့်မန်းပေးသူ အဖြစ်
အထူးပဲ ၀မ်းသာ ကျေနပ်မိပါတယ်။
ဆက်ရေးပါဦးမယ်။

မမ

October 23, 2009 7:56 PM

Evy said...
လာအားပေးပါတယ်မမရေ..ဆက်ရေးပါဦး..နဲနဲရှည်ရှည်ရေးပါလား..များများဖတ်ချင်လို့

October 23, 2009 8:58 PM

Ko Gyi Jeff said...
Hi, funny and pitty! How about his job now? If he still interest to work in here, kindly send his resume to m_brunae@yahoo.com .

October 24, 2009 11:32 AM

မောင် မိုးသည်း said...
အရေးအသားလက်တက်လာတယ်ဗျို့.. ။ ကျန်တဲ့ ၀ိုင်းတော်သားတွေ ဘယ်ပျောက်ကုန်တုန်း ။ အပြုတ်တို့ ၊ မယုတယုတို့ ။

October 24, 2009 8:33 PM

မောင် မိုးသည်း said...
အံ့ပတို့

October 24, 2009 8:50 PM

ZT said...
အားပေးနေပါတယ်။

October 25, 2009 2:51 AM

amayarko said...
ရီလိုက်ရတာမမရယ် ။ ဖတ်လို.သိပ်ကောင်းတာပဲ ။ ဆက်ရေးပါအုံးနော် ။

October 26, 2009 11:34 AM

shin nay said...
part(3) ကိုမျှော်နေပါတယ်ဗျိုး ...
သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ...
:D

October 29, 2009 10:22 AM

ယောနက်သန် said...
လာလည်သွားပါတယ်။

October 30, 2009 5:54 PM

မမ said...
ယောနက်သန်
လာလည်ကြောင်း နုတ်ခွန်းဆက်တဲ့ အတွက်အထူးပဲကျေးဇူးတင်ရှိပါကြောင်း။လမ်းကြုံတိုင်းလာ
ရောက်ဘို့ဖိတ်ခေါ်ပရစေ

မမ
shin nay

ငါ့မောင်ပျောက်လှချည်လားသတိတရကွန့်မင်းပေးတဲ့
အတွက်ကျေးဇူးပါ။

မမ

amayarko

ရင်ထဲရှိတဲ့ အတိုင်းရေးသွားတာ ချစ်စရာကောင်းတယ်။
စိတ်ချ ရေးဦးမှာ။


မမ

ZT

အားပေးနေတယ် ဆိုလို့ ပျော်ရွင်မိပါတယ်
ကျမကိုလဲ ဖူးနုသစ်ကစာတွေ ဖတ်လို့ရအောင်
ကူညီပါဦး လာတိုင်းဖတ်မရဘူး ဖတ်မရရင်မေးပို့ပါလို့
စီပေါက်မှာတွေ့တဲ့အတွက်ပို့တာလဲ မပြန်ဘူး အားရင်
ကူညီပါဦး ကျမလဲဖတ်ချင်တယ်။

မမ

မောင်မိုးသည်း..ရေ

ပျောက်လှချည်လား ပြန်ဆုံဘို့ လုပ်ဦးလေ ဘယ်ရပ်
ဌာနေ ဘယ်စီများရောက်လို့နေလဲဝေ

မမ

ကိုဂျက်ကြီး(Jeff)

အထူးပဲဝမ်းမြောက် လေးစားမိပါကြောင်း လောလော ဆယ် ဒုက္ခသည်တယောက်ကို ဒီမေးလ်
ပေးမိပါတယ်။ ခွိခွိ စိတ်ဆိုးပါနဲ့ မစ္စတာ ဘင်းကတော့
လောလောဆယ်အဆင်ပြေ နေပါတယ်။

မမ
Evy

စိတ်ချ အရှည်ကြီးရေးဘို့ ကြိုးစားနေတယ် ဖတ်သူ
ရှိလို့ကတော့ရေးဦးမှာ

မမ

October 31, 2009 8:43 PM


မြစ်ကျိုးအင်း said...
ကွန်မန့်မပေးဖြစ်ပေမယ့် အမြဲလာဖတ်ဖြစ်ပါတယ်

ဆက်ရေးပါအုံးနော်

November 6, 2009 2:12 PM

Ko Boyz said...
အသစ် မတင်တော့ဘူးလား... လာလာချောင်းနေတာ...။

December 15, 2009 1:56 PM

မမ said...
Ko Boyz

တင်ထားပြီနော်


မမ

December 15, 2009 3:03 PM


အနမ်း said...
ဖတ်သွားပါတယ်။“ သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ ဖတ်ခ်ယူ ”ဆိုတာလေး ဘယ်လိုနားလည်
ရမလဲမသိလို့ ပြောပြအုံးနော် မမ။
အမြဲလာဖတ်ဖြစ်ပါတယ်။

December 16, 2009 2:23 PM

မစ္စတာ ဘင်း၏ အလွဲများ(၁)

အရာအားလုံးကို မေ့ပြီးကျမတို့နှစ်ယောက် ရယ်မောမဆုံးနိုင်အောင်ပဲ ထားဝယ်သူအခန်း တံခါးခေါက်တာလဲမရ မော်လမြိုင်သူ ကအလုပ်သွားဖို့ ပြင်ဆင်တော့မယ်။ဘာပဲပြောပြော ဘ၀အမောတွေနဲ့ မွန်းကြပ်တိတ်ဆိတ် နေတဲ့ ကျမတို့တွေရဲ့ ဘ၀ထဲကို ရောက်လာတဲ့ မစ္စတာဘင်း ကိုတော့လူကြီး လဲဖြစ်နေ အလွန်အင်မတန်မှ ရိုးသားတဲ့ရုပ်သွင် နဲ့ အပြောအဆိုတွေကြောင့် စတွေ့ ကထဲကကိုပဲ မမအိမ်မရှာတော့ဘူးလို့ ဆုံးဖြတ်ပြီးကို ခေါ်လာခဲ့တာပါ။
သူ့ရဲ့ဝတ်စား ဆင်ယဉ်ပုံနဲ့ ပုံစံကိုတော့ စာဖတ်မဲ့ပရိတ်သတ်ကို သေချာကိုမိတ်ဆက်မှကို ဖြစ်မှာနော် ကျမအရေးအသားတွေ ပိုပြီးအသက်ဝင်သွားမှာ။ဒီလိုရှင့် လေဆိပ်ထဲမှာ ကျမတစ်ယောက်ထဲ ထိုင်နေရတဲ့ ဘ၀ကြီးကို တွေးကြည့်စမ်းပါနော် အသိဆိုတာလဲ တစ်ယောက်မှမတွေ့ စီရော်နယ်ဒိုဆိုတဲ့ မျော်လင့်ချက်လေးတစ်ခုကပဲ မမမျက်နှာကို ပြုံးစေ့စေ့ ဖြစ်နေခဲ့တာလေ လာပုံကလဲဝုန်းဝုန်းဒိုင်းဒိုင်း နေ့စဉ်နဲ့အမျှ ဖုန်းပြောအွန်လိုင်း တွေ့နေတာတောင်မှ သတင်းမရပုံကလဲ ထူးဆန်းနေတယ်။
မငယ်ရွန်းရွန်းဝေ ပြောသွားတာတွေ ကိုသေချာပြန်စဉ်းစားနေရင်း အာ.. အသက်အရွယ် မမေးလိုက်မိဘူး ၀င်လာရင်တွေ့ မှာပါ ဒီအဆင်နဲ့ဒီအဆင်ကွဲပြား စရာဘာမှမရှိဘူး။အဲကျမတို့ကို မမြင်ဘူးပဲ ရန်ကုန်ကလာတဲ့ သူတွေရဲ့ အားသာချက်က အမေတို့က ကျမတို့ဓါတ်ပုံ ရှေ့ နောက် ဘေးတိုက် အကုန်ပြထားပြီးသား တစ်ခါတလေများလက်ထဲ ဓါတ်ပုံ ပါထည့် ပေးလိုက်သေးရဲ့ မားကြီးနဲ့မငယ်ကို အပြင်မှာတွေ့ဘူးထားတဲ့ သူတွေက လေဆိပ်မှာအဝေးကလှမ်းတွေ့ တာနဲ့တင် ကျမတို့ကိုသိပြီးသား အဲဒီအတွက်တော့ ကျမ မပူပါဘူး။
အဲဒီတော့ ကျမအေးရာအေးကြောင်း တနေရာကနေ ထိုင်ကြည့်နေယုံပဲပေါ့ လူကုန်ပါစေ အဲလူ ကျမကိုရှာပါစေပေါ့ လည်ပင်းတမော့မော့ နဲ့ ဟိုလူဖြစ်မယ် ဒီလူဖြစ်မယ် လက်ညိုးထိုး စောင့်ရအောင်လဲ မလတ်ကမပါ။ ဒီလိုနဲ့ လေယဉ်ဆိုက်လာပြီ သူများတွေလို မတ်တပ်ရပ်ပြီးမစောင့်တော့ပဲ နောက်ဆုံးကျန်နေတဲ့သူ ယောင်လည်လည် လူရှာတဲ့သူ ကိုပဲထိုင်ခုံမှာ အေးဆေးထိုင်ရင်း စောင့်နေတော့မယ်။
ကျမဆုံးဖြတ်ချက် အတိုင်းထိုင်စောင့်နေရင်း အနောက်တိုင်းဆန်တဲ့ သူတွေတွေ့တိုင်း ကိုယ်များလာခေါ် မလားလို့ရှင် ကျမကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မထင်ပဲကို ဖြတ်ကျော်သွားကြပုံက မျက်ရည်လွယ်တဲ့သူဆို ထိုင်ငိုယုံပဲ ဒီလိုနဲ့ လူတွေလဲ
လာသူနဲ့ကြိုသူ အပေးအယူကိုမျှလို့ ကျမအတွက် တစ်ယောက်မှကိုအပိုမရှိကွက်တိပဲ အဲဒီအချိန်မှာကျမ တစုံတရာ ကိုတွေးမိပြီး ခေါင်းနပန်းကြီးသွားတယ် မငယ်ငါ့ကို သေရာပါအောင်ကြပ်ပြီလို့ အဲလိုတွေးပြီး လူကထူထူပူပူနဲ့ ဘေးဘီကြည့်တော့လဲ လူကုန် နေပြီ ခရီးသည်တွေ ပစ္စည်းရွေးတဲ့နေရာကိုလှမ်း ကြည့်မိတော့ ခရီးဆောင်အိတ်လူတစ်ယောက်စာက အပုံလိုက်ကလေး ဗုဒ္ဒေါငါတို့လူကြီးရဲ့ ပစ္စည်းတွေ များလားလို့တွေး နေတုန်းမှာပဲ အနက်ပေါ်မှာအဖြူစင်း နက်တိုင်နဲ့ပေစောင်းပေစောင်းထွက် လာတဲ့သူ့ကို တွေ့လိုက်ရတာပါပဲ။လူကရှေ့ကိုလျှောက်နေပေမဲ့ သူခေါင်းကစောင်းတောင်းတောင်း လည်တည်တည်နဲ့ နောက်မှာကျန်နေသလိုမျိုး အသားအရည်မဖြူမညို ပိန်ပိန်ပါးပါး အရပ်အတော်ရှည်တယ် ၀တ်စားထားပုံက သပ်သပ်ရပ်ရပ် နဲ့ ဘောင်ဝင်တဲ့ ၀တ်ပုံစားပုံမျိုး တောက်တောက်ပပ ကြီးမဟုတ်ပဲ သက်တောင့်သက်သာဝတ်စားထားတယ် လူကြိုတဲ့အပေါက်ဝတဲ့တဲ့ မှာကျမတစ်ယောက်ထဲ ရှိနေတာရယ် ကျမဖက်ကမသေချာပေမဲ့ သူ့ဖက်ကသေချာနေတဲ့ပုံ နဲ့ လက်ဝေ့ရမ်းပြီးကျမကို နူတ်ဆက်တယ် ကျမကိုလက်ပြနူတ်ဆက်ပေမဲ့ သူမျက်နှာကဘေးဖက်ကိုပြန် လှဲ့သွားတယ် လက်ကတော့ လူပ်ရမ်းနေတုန်းပဲ ကျမကသာ ၀မ်းသာအားရ လက်ပြန်ပြမိရင် သေပြီဆရာပဲ ကျမပြုံးပြီးခေါင်းညှိမ့်ပြလိုက်တယ် ရင်ထဲကနေလဲ မငယ်ကိုတလေးတစား ကိုဦးညွတ်လိုက်မိတယ် တော်ပါပေတယ်မငယ်ရယ်လို့ သူ့ပုံက အမြင်ကပ်ချင်စရာမကောင်းပဲ ခင်ချင်စရာ ကောင်းနေတော့တယ်။ အသက်အရွယ်ကလဲကွာ နေတော့ ကျမတို့ကြားထဲမှာဘာမှာ ပြသနာမရှိဘူး အဲသူကစကားပြောရင် မျက်နှာ ကိုကြည့်ပြောလေ့မရှိဘူး ဘေးဘီကို ခေါင်းဝေ့၀ိုက်ကြည့်ရင်းစကားပြောတတ်တယ်။
အဲလို နဲ့ အိမ်ကိုရောက်လာတယ် ဆိုပါတော့ရှင်..။မော်လမြိုင်သူ ကနုတ်ဆက်ပြီး အလုပ်သွားတော့မယ်
ပြင်ဆင်ပြီးအပေါ်ပိုင်း ယူနီဖေါင်းအပြည့်ဝတ်ထားတဲ့ သူ့ကို နင်သွားတော့မလားလို့ ကျမမေးတော့“ မေအိုင်စပိတူ တွိုက်လက်ပလိစ်” ဆိုပြီး ရေချိုးခန်းထဲကို ပြုံးဖြီးဖြီးနဲ့ ၀င်သွားတယ် ကျမကရူးတိုးတိုး ဆိုတဲ့ ပုံစံလုပ်ပြလိုက်ရတယ်။သိပ်မရင်းနှီး သေးဘူးလေ နော် ရန်ကုန်ပြန်လို့လွတ်နေတဲ့ အခန်းတစ်ခုမှ နေရာချထား ပေးလိုက်တယ် သက်တောင့်သက်သာ နေပါပေါ့။
“ကျနော် လက်ဆောင်ပစ္စည်းတွေပါတယ်တဲ့” နားပါဦး ကျမလဲနားဦးမယ် လို့ပြောပြီး သူ့အိတ်တွေအားလုံး သူနေမဲ့ အခန်းထဲထည့်ပေးရင်း..ဟူး.လို့သက်ပြင်းချမိတယ်။
ညနေလူစုံချိန်မှာတော့ မစ္စာဘင်းအခန်းထဲက ထွက်လာတယ် မလတ်နဲ့အိမ်မှာနေတဲ့ လက်ရှိအပေါင်းအပါ
လေးယောက်နဲ့ မိတ်ဆက်ပေးတယ်။သူကလက်ဆောင် တွေပါတယ်ဆိုပြီး အထုပ်တွေ တစ်ယောက်တစ်ထုပ် ဝေပါတယ်။အဲဒါတောင်သူ့ မှာအထုပ်ပေါင်းးများစွာ ကျန်နေသေးတယ်။ “ဘာတွေလဲဟင်..အခုစားလို့ရတာတွေလားလို့” ကျမကမေး တော့ ငါးပိစိမ်းစားပါ ကျနော်မှာ အထုပ်ငါးဆယ်လောက်ကို ကျန်နေသေးတယ် တဲ့ “အော် ငါးပိ မပါရင် ထမင်းမစားတတ်တဲ့ မြန်မာစစ်စစ်ပေါ့ တစ်နှစ်စာ အနဲဆုံးသယ်လာတာ ထင်တယ် ဒီမှာလွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ် မငယ်တို့ မပြောဘူးလားလို့”ကျမပြောတော့ “ကျနော် သွေးတိုးရှိလို့ စိမ်းစားငါပိ မစားပါဘူး မငယ်ပဲအကြံပေး လို့သယ်လာတာပါ”ဒီနိုင်ငံမှာ ငါးပိကရွေလို ရှားတယ်တဲ့ လောလောဆယ် အလုပ်မရခင်စပ်ကြားတောင် ငါးပိရောင်းရင် သူဌေးဖြစ်နိုင်တယ်လို့ သူကပြောလို့ ကျနော့်မိန်းမက ငါးပိကိုပဲ အချိန်၃၀ နီးပါး အထုပ်လေးတွေ ထုပ်ပြီး သေသေချာချာ ထည့် ပေးလိုက်တာပါ” မမတို့ရန်ကုန်ကပြန်ရင် ငါးပိပဲသယ်တာဆို ငါးပိဝယ်တဲ့ဖေါက်သယ်တွေ မမမှာအများကြီးတဲ့ ကျနော့်ကိုစပ်ပေးပါ ဦးနော် လေယဉ်လက်မှတ်ဘိုးနဲ့ အလုပ်မရခင်စပ်ကြား သုံးဘို့စွဲဘို့လေးရရင်တော်ပါ ပြီဗျာတဲ့သူ့ရဲ့ငါးပိ အိတ်ကြီးကို ယုံကြည်မူ့ အပြည့်နဲ့ လူသိရှင်ကြား မမလက်ကိုအပ်တော့ တာပဲ ငါးပိအိတ်ကို လှမ်းယူရင်း မလတ်ကို အားကိုးတကြီး ကျမကကြည့်တော့ “စိတ်ချ မမမှာဖေါက်သည်တွေအများကြီး အနဲဆုံးဒေါ်လာတစ်ထောင် လောက်တော့ရမှာ”တဲ့ပြုံးစေ့စေ့ နဲ့ပြောတဲ့ မလတ်စကား ကို အားလုံးကဝိုင်းထောက်ခံကြတယ်။ “ရတဲ့ ပိုက်ဆံလဲ မမတို့ပဲယူပါ ကျနော် နေစားရိတ်ရော မလတ်တို့ဝယ်ပေးတဲ့ လေယဉ်လက်မှတ်ဘိုးရော အတွက် ကျေးဇူးဆပ်တာပါတဲ့” အကုန်လုံးက ၀ိုင်းပြီးအားနာစရာရှင် လို့ပြောကြတယ် မငယ်တွေ့မယ် ငါပြီးရင်နင့်အလှည့်ပဲလို့ ငါးပိထုပ်ကြီး ကိုမီးဖိုချောင်သည်ရင်း ကျမရေရွတ် မိတယ်။အဲဒီအချိန်မှာပဲ မစ္စာဘင်းက သူ့အိတ်ကို ဟိုရှာဒီရှာလုပ်ရင်း ချွေးပြန်နေတယ် “ထားဝယ်သူက အကိုဘာရှာတာလဲ ငါးပိကောင်လား လို့မေးလို့” ကျမတို့ဝိုင်းရီကြတယ်။“မဟုတ်ဘူးခင်ဗျာ့ ကျနော့်ကွမ်းသီးထုပ်တဲ့ ကွမ်းရွက် ဗမာဆေး ထုံးထုပ်လေး ဘေးချပြီး ချွေးပြန်အောင်ရှာနေလေရဲ့ “မလတ်က အကိုအညောင်းအညာပြေ လမ်းလျှောက်ရင်း မီးပွိင့်ကူးလိုက်တာနဲ့ ကုလားဆိုင်လေးရှိတယ် ကွမ်းသီးတစ်ကျပ်ဘိုးဆို စားပါလေ့ သွားဝယ်လိုက်အကို အကိုကဘိုလိုကျွမ်းတာပဲလို့ ပြောတော့ “ကျနော်ကွမ်းသီးကို ဘယ်လိုခေါ်တုန်းမသိဘူး ခင်ဗျာ့တဲ့” မလတ်ကပဲ“အကိုကလဲ လွယ်လို့ ကွမ်းသီးဆိုတာ မြန်မာစကားကမွေးစား ထားတာလေ ဘန်ခ့် ကို ဘဏ် တို့ပုလိစ်ကို ပုလိပ်တို့ ဂိုးလ်ကီပါကို ဂိုလီဘာ တို့ဆိုတာ အင်္ဂလိပ်အခေါ်အဝေါ်တွေပေါ့ အဲလိုပဲ ကွမ်းသီး အင်္ဂလိပ်လိုဆို ကွမ်းသီးစ် ပေါ့အကိုရာ” “ရော့ရော့ သွားဝယ် ဘာမှမကြောက်နဲ့ နောက်ဆုံးသူနားမလည်ရင် ကွမ်းရွက်ယူသွား လက်ဟန်ချေဟန် နဲ့သာပြော” ဆိုပြီးနှစ်ကျပ်တန် တရွက်ထုပ်ပေးလိုက်ရင်း အကိုပြောကြည့်ပါဦးဆိုတော့ “ကွမ်းသီးစ် ကွမ်းသီးစ်”လို့ ရွတ်ရင်း ထွက်သွားလေရဲ့
ကျမတို့ တ၀ါးဝါးရယ်ရင်း “ မလတ် သူဒီမှာ အလုပ်ရပါ့မလားဟင် လို့” ကျမကစိုးရိမ်တကြီးမေးတော့ မပူနဲ့ သူကျိန်းသေရမှာတဲ့ “ကျမတို့အား လုံးတပြိုင်ထဲ ဘာကြောင့်လဲလို့” မေးတော့“ သူ့မှာရိုးသားတဲ့ဂုဏ်နဲ့အတတ်ပညာတခု ရှိနေတာပဲ” တဲ့ ကျမတို့ အားလုံးမစ္စတာဘင်းကို အလုပ်ရစေချင်တဲ့စိတ်တွေ တဖွါးဖွါးပေါ်လာတော့တယ်။

ဆက်ရန်
Evy said...
လာဖတ်သွားပါတယ်မမရေ. အပိုင်း ၂ ကိုမျော်နေမယ်

October 17, 2009 2:10 PM

Sint said...
Yeah! me too ......waiting for part two.

October 19, 2009 10:13 AM
စာဖတ်သူများ အလည်လာကြသူများ မမအဖေရုတ်တရက်အစာအိမ်သွေးကြောပေါက်လို့ သတိလည်စကားပြော လို့ရမှပြန်လာခဲ့တာပါ။အတော်ကြာသွားပါတယ်။စိတ်ညစ်စရာတွေ ခနထားပြီးဟာသပဲရေးချင်လို့ တင်လိုက်ပါတယ်။ကျမကို အမှတ်တရရှိနေသူတွေကို ထပ်တူထပ်မျှပါပဲလို့ပြောပါရစေ.ကီကီအမြဲအတူရှိနေသလို ခံစားရပါတယ် မာမူအလှူအတွက်ဂတိပေးပြီးမှစိတ်မချမ်းမသာဖြစ်ရရင်တောင်းပန်ပါရစေကျေနပ်တဲ့အထိ.။
အခြေအနေအကြောင်းကြောင်းကြောင့်ဆို ဘော်ဘော်ကြီးနားလည်ပေးပါ။
ကျမဂတိအတွက်ကျမတာဝန်ကျေပရစေ။

အားလုံးကိုခင်မင်ရင်းနှီးစွာဖြင့် မမ(အပေအတေ)
SDL said...
မမအဖေ အမြန်ဆုံး ပြန်ကျန်းမာပါစေ။

October 12, 2009 10:39 PM

kiki said...
မမရေ ... ပြန်လာလို့ ဝမ်းသာပါတယ် ..
မမရဲ့ ဖေဖေ အတွက်လည်း အမြန်ဆုံး သက်သာ ကျန်းမာ ရွှင်လန်းစေဖို့ ဆုတောင်းပေးပါတယ် နော် ...

မမရဲ့  စာလေးတွေ မျှော်နေမယ် .. ..

October 12, 2009 10:53 PM

Sint said...
speedy recovery for your dad!

October 13, 2009 8:43 AM

စန္ဒကူးမေ said...
မမရေ။။ စိတ်မကောင်းပါဘူး..
ပျောက်နေလို့ဘယ်ရောက်မှန်းမသိဘူး။။။
ဆုတောင်းပေးနေပါတယ်..း)

October 14, 2009 3:45 PM

mama said...
SDL KIKI,Sint,

မမ ကို စိတ်ပူပေးတာ တစ်မျိုးကြီးပဲခံစားရတယ်
ဝမ်းသာ ၀မ်းနဲကြီး ရင်ထဲမှာတော့ မတရားကိုကျေနပ်တယ်.နောက်ဆို အကြောင်းကြားဖြစ်
အောင်ကြားပါမယ်
မမ

October 14, 2009 11:36 PM

hnin said...
Wish your father recover soon and in good health.

October 16, 2009 1:43 PM

မမ တို့အတွက်အမေလွှတ်လိုက်တဲ့ဖူးစာရှင်

မမ တို့မစွံတဲ့ အဖွဲ့အတွက် အပျင်းလဲပြေရင်ခုန်လူပ်ရှား ရအောင်ဖြစ်လာပုံကဒီလိုပါ။
မငယ်ဖုန်းဆက် လာတယ်။ မဖြစ်မနေ နေရာစီစဉ်ပေးပါတဲ့ ဒီနေ့နေ့လည်လေယဉ်နဲ့ နင်တို့အတွက်ဖူးစာရှင်တစ်ယောက် ပို့လိုက်တယ်
တဲ့ဖြစ်နိုင်ရင် ဇာတ်လမ်းဇာတ်ကွက်ဆင်ပြီး အိမ်မှာပဲထားပါတဲ့။ ရုပ်ရည်ရူပကာ အတော်ကိုသေသပ်လှပပြီး နောက်ကြောင်းအင်မတန်မှ ကိုရှင်းလင်းပါ သတဲ့ မမနင်လက်မနှေးစေနဲ့ နော်တဲ့ ဘုရားရေထူးခြားဆန်းပြား အံ့သြကုန်နိုင်ဖွယ် ဘယ်သူနဲ့ပတ်သက်တာတုန်း လို့တအံ့တသြပြန်မေးတော့ အမေရဲ့ချစ်လှစွာသောငယ်သူငယ်ချင်း ရဲ့သားကြီးသြရသတဲ့ အနောက်တိုင်းဆန်စွာ ချောမောလွန်းလို့ နင်တို့နှလုံးသားတွေကို သိမ်းကြုံးယူမဲ့သူပဲတဲ့။
ကြော်ငြာကအင်မတန်ကို ပြောင်မြောက်လွန်းတော့ မမမျက်နှာပြုံးစေ့စေ့ကိုဖြစ်လို့ မညာပါဘူးအမှန်ကိုပြောတာ အနောက်တိုင်းဆန်တဲ့
ရုပ်ရည်ဆိုတဲ့စကားလုံးရဲ့ နောက်ကိုချဲ့ကားပြီး တွေးပလိုက်တာ အနိုင်ဂိုးတွေတစ်ဒိုင်းဒိုင်း ပစ်သွင်းနေတဲ့ စီရော်နယ်ဒို ခွိခွိခွိ အမေကဘာသဘောနဲ့ သမီးမိန်းကလေးတွေ စီကို အရောက်ပို့ရတာတုန်း မငယ်အပြောအရဆိုရင်တော့ ဖိတ်ခြင်းဖိတ်ကိုယ့်အိတ်ထဲကိုပဲလား အိမ်မှာကလဲသေချာကြည့်ရင်ပြိုင်ဘက်တွေအားလုံးက ကွမ်းတစ်ယာညက်တဲ့ထိ အကြည့်ခံတဲ့ရုပ်ရည် တွေချည်းပဲဆိုတော့
ဟာ..မငယ်စကားများနှစ်နဲ့စား အကြွင်းသုံည လုံးဝကိုမယုံရဆိုတာလေ မလတ်ကိုဖုန်းဆက် မေးကြည့်မယ်။
“အင်း ..ငါ့ကိုလဲအခုပဲဆက်သွားတယ် နင်ကြိုရမှာ ငါလုံးဝမအားဘူးနေရာရှာထား အိမ်မှာမထားပါဘူး မိန်းခလေးကြီးပဲဟာ” နီးနီးနားနား ရှာထားလိုက်ဆိုပြီး ဖုန်းချသွားလေရဲ့..အင်းလေ ကံပေါ့လို့တွေးရင်း ဖူးစာရှင်ဆိုတာက ခေါင်းထဲကို ၀င်ဖြစ်အောင် ကို ၀င်လာသေးတာ အဲလို အဲလို ကြော်ငြာကောင်းတာ။
အမှန်အတိုင်းပဲ အိမ်မှာတော့ လုံးဝကို မထားချင်ပါဘူး လူစိမ်းရှိတော့ မမဘုံပျောက်မှာ ဧည့်ခန်းထဲ မှာလဲ အချိန်မတော် နေလို့မရ အိမ်ရှာမှဖြစ်မှာပါ။ ဘုရားစူး မမလုံးဝ မလိမ်ဘူး ငါးအိမ်လောက် ကိုဆက်တာ ရတော့ရမှာ ဒီနေ့ချက်ချင်းတက်နေလို့ ရတာတစ်ခုမှကိုမပါဘူး အဲလိုနဲ့အိမ်ရှာခြင်းအလုပ်ကို ရပ်လို့မမလေဆိပ်ပြေးရတော့ တာပေါ့ အော်တကယ်ရှာပါတယ် မရတာပါဆို မယုံကြဘူးလား..။လေယဉ်တစီးလုံးလူကုန် ပုံမှန်ချိန်ထက် မတရားနောက်ကျပြီးမှ ထွက်လာတဲ့
သူ့ကိုတွေ့တော့ မမအိမ်မှာပဲထားဘို့ ဆုံးဖြတ်ချက်ကိုရဲရဲကြီးချလိုက် တော့တာပါပဲ။လေဆိပ်ထဲက ထွက်လာတော့ တစ်ကယ့်ကို အနောက်တိုင်းက မင်းသားတစ်လက်နဲ့အမတန် မှကိုတူတာပါပဲ စဉ်းစားစမ်းမယ်မင်းကြီးမ ဘယ်သူနဲ့များတူနေတာတုန်း အဖြေကိုမထွက်ဘူး ဦးနှောဏ်က အဲဒီလောက်ကိုကောင်းတာ ခြာခြာလည်အောင် စဉ်းစားရင်း အိမ်အောက်ရောက်လာတော့ တယ်။
မမလေ သိတယ်တယ်နော် အပီအပြင်ကိုကြော်ငြာဝင်ထားတာလေ ဆင့်ပွားကြော်ငြာဆိုတော့ မငယ်ထက်မသာလို့ မဖြစ်ဘူးမဟုတ်လား ဒီနည်းမျိုးစုံနဲ့ မမရဲ့ကြပ်ခြင်းကို ခံရဘူးတဲ့သူတွေကတော့ သိပ်အိနြေ္ဒပျက်ပုံမရဘူး အိမ်မှာကလဲနေ့လည် နေ့ခင်းဆိုတေ့ လူသိပ်မစုံတာလဲပါမယ် ရှိနေတာ ကမမအပါဝင် မော်လမြိုင်သူ ထားဝယ်သူ ဒါပဲလေ သူတို့ကလဲနှစ်ဆယ့်ခုနှစ်
ကျော်ဆိုတော့ အပျိုကြီးစာရင်းဝင်ပေါ့။
အိမ်တံခါးဝရှေ့ရောက်ပြီး ဘဲလ်တီးတယ်ဆို ရှန်ပူနံ့ကထောင်းကနဲ နှာခေါင်းဝကို တိုးဝင်လာတော့တယ် ဘာကိုမှန်းမသိ ရီချင်စိတ်က
မမ မျက်နှာကိုမချိုမချဉ် ဖြစ်နေစေတာအမှန်ပဲ ဖြတ်ခနဲတံခါးဖွင့်သံနဲ့အတူ ရှန်ပူနံ့နောက်ကနေ ကော်ဖီနံ့ကတိုးထွက်လာတယ်။ အငွေ့တထောင်းထောင်း ထနေတဲ့ ကော်ဖီခွက်ကို လက်ကကိုင်ရင်း တံခါးလာဖွင့်တဲ့ မော်လမြိုင်သူက မမကိုကျော်ပြီး အရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုပြူးပြဲ ကြည့်တော့တာပဲ။ကျမရီချင်တယ် စပ်ဖြဲဖြဲဖြစ်နေတဲ့ ကျမမျက်နှာကို လှမ်းကြည့်တယ် ဆို ကျမနဲ့မော်လမြိုင်သူ အကြည့်ချင်းဆုံတယ်ဆိုရင်ပဲ ဟန်ဆောင်မူ့ကင်းတဲ့ ရန်ကုန်မှာကျုတာသုံးနှစ်နည်းပါး လုပ်လာတဲ့ ရဲ့ရင့်မူ့တွေနဲ့ မမ စီရော်နယ်ဒိုသွားကြိုမယ်ဆို ဘယ့်နှယ့်မစ္စတာဘင်းကို ကြိုလာခဲ့တာတုန်းတဲ့ အောင်မြင်တဲ့အသံရဲ့ နောက်မှာပဲ တဟားဟားအော်ရယ်သံက ကပ်လိုက်လာတယ်။ ကျမဘယ်လိုမှ စဉ်းစားလို့မရတဲ့ ကိုဧည့်သည်နဲ့တူတဲ့ သူကမစ္စတာဘင်းပါပဲ မော်လမြိုင်သူကတန်းပြော တဲ့အတွက် သူ့နောက်ကနေတခွိခွိ လိုက်ရယ်မောရင်း ဧည့်သည်ကိုကူပါဦးဟာ လို့ကျမပြောရတော့တယ်။
ကျမတို့နဲ့ဆန့်ကျင်စွာ ယောင်နနအူကြောင်ကြောင်နဲ့ ကိုရွေဧည့်သည်ကတော့ လေယဉ်ကွင်းက အတွေ့အကြုံ သစ်ကို ရင်ခုန်နေတုန်း ထင်ရဲ့ မော်လမြိုင်သူရဲ့တကိုယ်လုံးမှာ အလှဆုံးလို့ကျမတို့အားလုံး သတ်မှတ်ထားတဲ့ ပုခုံးကျော်လောက် ဆံနွယ်ထူထူ အိအိတွေက ရှန်ပူနံ့တွေသင်းပျံရင်း တလွင့်လွင့်ပေါ့။ “အဟဲ ဆံပင်တွေနဲ့ နင်ဖျာရောင်းဘို့ကြိုးစား မိတယ်ပေါ့လို့” ကျမကကော်ဖီဖျော်ရင်း နောက်တော့ “လူ့အခွင့်အရေးကို မြတ်နိုးတဲ့ မမ ဒါကျမအခွင့်အရေးပဲလေတဲ့”
”မမရေအမြန်ဖျော် အင်တာဗျူးရအောင်ဟာ” ဆိုတဲ့မော်လမြိုင်သူ့ရဲ့စကားကို ကော်ဖီခွက် ကိုင်ရင်းကျမကအတည်ပြုတယ်။ကျမတို့ နှစ်ယောက်ဧည့်ခန်းထဲ ရောက်တယ်ဆိုရင် စရောက်ကထဲက တွေတွေဝေေ၀နဲ့ ထိုင်နေတဲ့ ပုံစံမပျက် လက်ကလေးနှစ်ဖက်ပူး ပေါင်ကြားထဲထည့်ရင်း လည်ပင်းကိုလိမ်လို့ ကျမတို့ကိုကြည့်ပြီးပြုံးပြတယ်။တကယ် ဘုရားစူးရစေ့ရဲ့ မစ္စတာဘင်းမမတို့ ဧည့်ခန်းထဲမှာထိုင်နေလေရဲ့ “လေဆိပ်ထဲမှာ အကြာကြီးပဲနော် ဘာတွေအရစ်ခံရသေးလဲ” လို့ကော်ဖီခွက် ကိုချရင်းကျမမေးတော့ “ကျနော့ကိုစပွန်စာပေးတဲ့သူနဲ့ဘာတော်လဲလို့မေးတယ် ကျနော့ညီမ၀မ်းကွဲလို့ဖြေလိုက်တာပဲ ဘာမှတော့ သိပ်မရစ်ပါဘူး ကျနော်ဝင်ဘို့ အပေါက်ရွေးနေလို့ ကြာသွားတာ” ပြောရင်း ကော်ဖီကိုငုံ့သောက်နေတယ်။
ကျမနဲ့မော်လမြိုင်သူ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ဟောဟောဒိုင်းဒိုင်း မော်လမြိုင်သူက“ ရှင်ကဘယ်အပေါက်ကို
ရွေးနေတာတုန်း”ဆိုတော့ တွေးတွေးဆဆ နဲ့ပြောလေရဲ့ “ကျနော့မိန်းမကမှာလိုက်တယ် ပြုံးပြုံးရွင်ရွင် မျက်နှာပေးနဲ့ မလေးလူမျိုးထိုင်တဲ့ အပေါက်ကိုဝင်ဘို့” “အယ်.ရှင်ကလူတွေနောက်ကနေ တန်းမစီဘူးလား” လို့ကျမတို့ရဲ့ပြိုင်တူ အမေးကို “ကျနော် တန်းမစီပဲနောက်ကနေ ဟိုဘက်ဒီဘက်လျှောက်ရင်း လေ့လာနေတာ”“ဘယ်အချိန်ထိ များလေ့လာနေသလဲဟင်” ဆိုတော့ လေယဉ်တစီးလုံးလူကုန်တဲ့အထိပဲတဲ့ “ကျမတို့ တအံ့တသြနဲ့နောက်တော့ရော ဘယ်က၀င်ခဲ့သလဲ ” ဆိုတော့ကောင်တာက လူကသူ့ကိုလက်ယပ်ပြီး လှမ်းခေါ်တယ်တဲ့ “ကျနော် သူ့စီမသွားချင်ပဲ သူအတင်းခေါ်လို့ သွားရတာ တရုတ်ဗျ တရုတ်တဲ့” “သူက ဘာပြောလဲဟင်ဆိုတော့” “သူပြောတာ ကျနော်မှနားမလည်တာ ဗျာတဲ့ ကျနော်ဒီကဒ်ကို ထုတ်ပြလိုက်တယ် အိုင်ဗစ်စစ် မိုင်စစ်စတာ လို့ပြောလိုက်တာပဲဗျာ”“ကျနော့ကိုဘာလုပ်လဲ မေးတယ်ဗျာ့ ကျနော်ကအိုင်အမ် တီချာ (သူ့လေသံအတိုင်း) လို့ဖြေလိုက်တာပဲတဲ့ နေထိုင်ခွင့်တစ်လထု ပေးလိုက်တာပဲဗျာတဲ့ ”သူ့လက်ထဲက ကျမရဲ့မိတ္တူကဒ်ပြား လေးကို လှမ်းယူလိုက်ရင်း “အကိုမိန်းမကဒီကိုလာဘူးသလား” လို့ကျမမေးတော့“ပေါက်ပေါက်ရှာရှာဗျာ မလာဘူးပါဘူးတဲ့” အကိုက ကျောင်းဆရာလား လို့ကျမတို့ ထပ်မေးတော့ “မဟုတ်ပါဘူး မိန်းမကဘာလုပ်လဲမေးရင် တီချာလို့သာဖြေလိုက်လို့သင်ပေး လိုက်လို့ပါတဲ့” ကျမတို့သူ့အနားကနေမော်လမြိုင်သူ အခန်းထဲကို တွန်းရင်း တိုက်ရင်း ၀င်လာခဲ့တယ် အခန်းလော့ချပြီးတဲ့ နောက်မှာတော့ ကျမတို့တစ်ယောက်နဲ့တစ်ယောက် မျက်နှာခြင်းဆိုင်ဖက်လိုက်ပြီး သေလုအောင်ရီကြ တော့တာပဲ။တွေ့ကြသေးတာပေါ့ မငယ်ရယ်ဒီတခါ နင့်အလှည့်သေဘို့သာပြင်ထားလို့ မမရင်ထဲက ကြုံးဝါးလိုက်ရင်း စီရော်နယ်ဒိုလို့ ဖြတ်ကနဲခေါင်းထဲရောက်လာတော့ ဟင့် အင်း.လုံးဝမရတော့ ဘူးမော်လမြိုင်သူနဲ့ မျက်နှာခြင်းဆိုင်ပြီး တဟားဟား အော်ရယ်တာ ကျမတို့ တအိမ်လုံးကို သိမ့်သိမ့်တုန် သွားလေရဲ့ အရီရပ်ပြီးတဲ့ နောက်မှာတော့ ကျမ လက်ကိုင်ဖုန်းကနေ မြန်မာပြည် မငယ်ရဲ့ ဖုန်းကိုလှမ်းခေါ်လိုက်တယ် မငယ်က “ဟီး မမ နင်နဲ့မလတ်အတွက် ဖူးစာရှင်ရောက်ပီလား” ဆိုတဲ့အမေးကို “မငယ်လေယဉ် ကလူကုန်နေပြီ ငါလဲဗိုက်ဆာလို့ သေတော့မယ် နင့်လူက ထွက်မလာ ဘူးဟ” ဆိုတော့ မငယ်ပြူးတူးပြာတာနဲ့ “ဟုတ်လားဒုက္ခပါပဲ ဟာ သူကအဲကွန်းတီဗီရေခဲသေတ္တာ ပြင်တာမတရားတော်တယ် ပညာတော့မတတ်ဘူး မိန်းမနဲ့ခလေးနှစ်ယောက်နဲ့ဟ ဒီမှာဒုက္ခရောက်နေလို့ နင်ကဒ်နဲ့ဗီဇာ ၀င်ပေးပြီး အလုပ်ရှာဘို့ လေယဉ်ပေါ် တင်ပေးလိုက်တာ မပြောတတ်မဆို တတ်နဲ့ ဒုက္ခတော့ရောက်ပြီထင်တယ် ”ဆိုတဲ့ မငယ်အသံကို ကျေကျေနပ်နပ်ကြီး နားထောင်ပြီး “နင်သွားပြန်ကြိုလိုက်ဟာ ငါလဲမတတ်နိုင်ဘူး အင်ဖေါ်မေးရှင်း ကောင်တာကနေ တဆင့်အထဲကို ငါဖုန်းဆက်မေးပြီးပြီ သူဘာမှမဖြေနိုင်လို့ နောက်ဆုံးလေယဉ်နဲ့ ပြန်တင်မယ်ပြောတာပဲ ငါတောင်းပန်တာ ဘယ်လိုမှမရဘူး ငါ့ကိုသူ့ညီမလို့ပြောပြီး ငါ့အကြောင်းမေးတာ သူဘာမှမသိဘူးလို့ ပြန်ပြောတယ် ငါအကြိမ်ကြိမ်တောင်းပန် တာပဲ ငါ့ကိုဝတ္တရားနှောက်ယှက်နေတာလားတဲ့ အော်ပြီးဖုန်းချသွားတယ် ငါပြန်တော့မယ် နင်လဲသွားပြန်ကြိုလိုက်နော် ” ကျမပြောတော့ “စိတ်ညစ်လို့ ငါသေရတော့မယ်”လို့ပြောရင်း ကြေကြေကွဲကွဲ ဖုန်းချသွားတဲ့ မငယ်အသံ ပျောက်သွားတဲ့ နောက်မှာတော့ ကျမလက်သီးကို ဆုပ်လိုက်ရင်း ရက်စ် လို့ ရင်ပွင့်အောင်အော်လိုက် မိတော့တယ်။မမနဲ့မော်လမြိုင်သူ မျက်နှာပိုးသတ်ပြီး ဧည့်ခန်းထဲကို ပြန်ထွက်လာတော့ သူ့ပုံကမျက်နှာငယ်ငယ်နဲ့ ထိုင်နေတုန်း အကိုအသက် ဘယ်လောက်ရှိပြီလဲလို့ မော်လမြိုင်သူက မေးတော့ လေးဆယ့်ငါးနှစ် လို့ပြန်ဖြေတယ်။“လေယဉ်စီးရတာ အဆင်ပြေလားလို့”
ကျမကမေးတော့ “ပြေပါတယ် ကျနော်က မကြောက်တတ်ဘူး တစ်ခုပဲ ကျနော်က စကားသိပ်မပြောချင်ပဲ လေယဉ်မယ်နဲ့ပြောလိုက်ရတယ်”တဲ့“အော်ဘာတွေ ပြောတာလဲ” လို့ ကျမတို့နှစ်ယောက်ကမေးတော့ “ဟိုဗျာ ကျနော်ဆီးသွားချင်လို့ လေ အဲဒါမေးတာဗျ”“အဲဘယ်စိုးလို့တုန်း ဘယ်လိုမေးလိုက်လဲဟင်လို့” မော်လမြိုင်သူရဲ့ စိတ်ဝင်တစား အမေးကို “အော်ဗျာ ဒီလောက်ကတော့ ကျနော်သင် လာပါတယ်ဗျာ “မေအိုင်စပိတူတွိုက်လက်ပလိစ်လို့”(သူ့အသံထွက်အတိအကျ) ကျနော်ပြောတော့ လေယဉ်မယ်လေးကပြုံးပြီး အိမ်သာကိုလှမ်းပြတယ်။ မော်လမြိုင်သူနဲ့ ကျမဗြုန်းဆို ထိုင်ရာက ပြိုင်တူထရင်း တစ်ယောက်လက်တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးအပြေးတပိုင်းနဲ့ အခန်းထဲကိုပေါ့ရှင် မော်လမြိုင်သူရဲ့ အာဗြဲနဲ့ အော်ဟစ် ရယ်မောသံကို နားထဲမ၀င်အောင် ပိတ်ထားရင်းက ကျမရယ်ရလွန်းလို့ အူတက်သေတော့မယ်ရှင်။
အဲဒါကကျမတို့နဲ့ ကိုယ်ရွေဧည့်သည့်ရဲ့ ပထမဦးဆုံးနေ့လေးရဲ့ တ၀က်ပဲ ရှိပါသေးတယ် (စိတ်ဝင်စားကြတယ်ဆို မမ ဆက်ရေးမယ်ရှင်)ကျမတို့နဲ့ နှစ်လနေသွားတဲ့ခဏ မှာတော့ အံ့သြကုန်နိုင်ဘွယ်ပါပဲ

ဆက်ရန်
kiki said...
“မေအိုင်စပိတူတွိုက်လက်ပလိစ်”
သူက တွိုင်းလက်ကြီး နဲ့ ဘာစကားတွေ သွားပြောခဲ့ ပါလိမ့်

ဟိဟိ .. နှစ်လ လေးပဲ နေသွားတာလားကွယ် ..
မမတို့ များ စွံလိုက် ပုံက .... မစ္စတာ ဘင်း လဲ မနေရ ...

ဆက်ရေးပါဗျိုးးးး
အတိုးချပြီး ရေးသာရေ .းး အားမနာနဲ့  ရေးသာရေးး
အားရ ပါးရ ရေး .. အတွင်းရော အပြင်ရော ပေါ်အောင်ရေးး( သရုပ်ပေါ်တာကို ပြောတာ နော်) ..ဟိဟိ ...

October 13, 2009 3:17 AM

ထက်စုနှင်းဆီ said...
တော်တော်ဆိုးတဲ့ မမတို့ညီအမပဲ.

October 13, 2009 8:14 AM

shin nay said...
ဟား ဟား ဟား.... ရီ ရ လွန်းလို့တေတော့မှာပဲ... ဆက်ရေးပါဗျိုး

October 13, 2009 1:49 PM

Nai ရဲ့  ရွှေရတုမှတ်တမ်း said...
စလုံးမှာနေတုန်းက..
ွှအဲလို ..ကဘောက်တိကဘောက်ချာတွေ..ခနခနတွေ့တယ်..
အစကတော့..ရီချင် တာပေါ့လေ..နောက်တော့..
သနားလို့..မရီနိုင်တော့ပါဘူး...

October 14, 2009 12:13 AM

mama said...
kiki
ကွန့်မင်းတွေ့တာနဲ့ ကွန်ပျူတာရှေ့ချက်ချင်းထိုင်ချင်စိတ်
ပေါက်အောင် အင်အားပြင်းလွန်းတယ်
ထက်စုနှင်းဆီ
မမရဲ့ နောက်မှာ(အပေအတေ)ဆိုတာမေ့နဲ့လေ
Shin nay
တေပါ နဲ့အူး မစ္စတာဘင်း ရဲ့ အလွဲတွေ အများကြီးကို
စောင့်ဖတ်အူး
Nai
အမှန်အတိုင်းပြောရရင် ကျမတော့ မသနားဘူး
သနားဖို့လဲ မလိုဘူး ဒါရိုးသားတဲ့ မြန်မာလူမျိုး အခြေခံလူတန်းစားရဲ့ ပြရုပ်တခုပါပဲ တိုးထွက်လာတဲ့သူရဲ့သတ္တိ ယုံကြည်ချက်ကို ကျမတို့လေးစားရမယ် မိသားစုအတွက်ဆိုတဲ့ အင်အားပေါ့ဆက်ရေးမှာပါ စောင့်ဖတ်ပါဦးနော်

ခံစားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်

မမ

October 14, 2009 10:57 PM

ကိုတိုးကြီး said...
ကောင်းလေစွ ကောင်းလေစွပါတကား....

October 16, 2009 7:09 PM

မချစ်ရ said...
မမ မစ္စတာဘင်း ကိုတော့ခိုက်သွားပြီ
ဟီးးးးးးးရီရလွန်းလို့
သဘောကျသွားပါတယ်
မမ ရေ

October 17, 2009 1:34 AM

ခြေထောက်မလှသော ပုရိသများအမြန် ချစ်သူရစေလို

ငါဟာရူးကြောင်ကြောင်နိုင်တယ် လမ်းသွားရင်ငိုက်စိုက်ငိုက်စိုက်
ငါစိတ်ဝင်စားတာခြေထောက်တွေ တစ်ချို့ခြေထောက်တွေက
ချထားတယ် တင်ထားတယ် လမ်းလျှောက်လို့ လူပ်ယမ်းလို့
အခြင်းခြင်းပွတ်သပ်လို့ ဂီတကိုဖန်ဆင်းကြတယ်။


တစ်ချို့ကဖြူတယ် တစ်ချို့ကမဲတယ် တစ်ချို့ကညိုတယ်
တစ်ချို့ကလှတယ် တစ်ချို့ကနုတယ် တစ်ချို့ကကြမ်းတယ်
တစ်ချို့ကတုတ်တယ် တစ်ချို့ကရှည်သွယ်
ခံစားမူ့မျိုးစုံနဲ့ လှမ်းနေကြတယ်။

ပြိုင်တူငါရှိရာကိုလှမ်းလာတဲ့ ခြေထောက်နှစ်စုံ
တစ်ခုခုကိုရွေးရမယ် ရှယ်သွယ်ဝင်းမွတ်တဲ့ခြေချောင်းတွေက
ငါနှလုံးသားကို ဖမ်းစားတယ်။

ညိုညစ်ကြမ်းတမ်းတဲ့ ခြေချောင်းတွေကငါ့ရှေ့မှာသိမ်ငယ်တယ်
လှပတဲ့ခြေအစုံနဲ့ အတူတွဲထွက်ခဲ့တဲ့ငါ့ကို
ညိုညစ်တဲ့ခြေအစုံက လှမ်းသတိပေးတယ်။

သူ့ခြေအစုံလှပဘို့အတွက်
ရေအိုင်တွေအများကြီးလိုအပ်လိမ့်မယ်တဲ့
အဲဒီရေအိုင်တွေပြည့်ဘို့အတွက် မင်းလိုလှပတဲ့မိန်းခလေးများစွာရဲ့
မျက်ရည်မိုးတွေ စွေပေးရမတဲ့

ကမ္ဘာကြီးတစ်ခုလုံး ချာလည်လည်သွားသလို
ငါခံစားလိုက်ရတယ်။

မမ
kiki said...
လှတာမက်ရင် ညစာခက်မယ် ဆိုတယ်လားကွယ် ။။

ခြေထောက်လှဖို့ ထက် စိတ်လှဖို့ က ပို အရေးကြီးတာပေါ့ နော် ။
ခြေထောက်လည်းမလှ စိတ်လည်းပုတ် တာကြီးဆို ပိုဆိုး ။
ခြေထောက်လေး ညို နေပေမဲ့  စိတ်ကလေး ဖြူ နေရင်ရော..မဆိုးပါဘူး ။သူ့ ကိုသာရွေးတော့ မမရေ ...

ဖြစ်နိုင်ရင် ခြေခဏာလေးပါ တွက်ကြည့် ပါအုံး ။။
ဟိဟိ (လက္ခဏာ တွက်စရာ လက် မရှိရင်ပေါ့ )

July 24, 2009 8:28 PM

susie said...
မမရေ

မျက်ရည်မိုးတွေ ”စွေ” လို့ထင်ပါတယ်ရှင် ...

ခင်မင်စွာဖြင့်-

ss

July 27, 2009 3:56 PM

PC said...
မမ အသည်းကွဲနေပြီပေါ့.....

July 28, 2009 5:26 PM

Comment deleted
This post has been removed by the author.

July 29, 2009 6:19 PM

sin dan lar said...
အိုင်တွေ့တိုင်းခြေဆေးလို့ ခြေထောက်လှရတဲ့ ယောက်ျားလေးတွေကို ရှောင်မယ်လို့ သဘောပေါက်မိပါတယ်...။

July 29, 2009 6:20 PM

Aung San said...
နောင်သူ့အရှေ့လာရင် လယ်ကန်သင်းထဲဆင်း ခြေထောက်ရွှံ့စိမ်ပြီးလာမှ။ မဟုတ်ရင် ခြေထောက်ပဲလိုက် အပြစ်ရှာနေမယ်။

July 29, 2009 11:56 PM

စိမ်း... said...
ဟယ်... အဲ့လိုကြီးလား... ရက်စက်ပါ့...
ဝေါင်ဝေါင်ရှေးပါလေ....

September 9, 2009 9:08 AM

ကြယ်ပြာ said...
ကဗျာလေးသဘောကျမိပါတယ် ...

October 12, 2009 10:32 PM

mama said...
ုကီကီ
ကြော်ငြာလိုက်အေ မမ ခြေခဏာကြည့်သည်လို့
susie
ကျေးဇူးပါ ချက်ခြင်းကိုပြင်ပါတယ်။

ကိုအောင်ကိုဆန်း
အရေးထဲပညာရှိများ သူဖြေထောက်လှကြောင်း
ဝင်ကြော်ငြာ သေး အံ့ပ

pc

မမ အသဲမကွဲပါ ဒီနေ့အထိအသဲမခွဲသေးတာတော့
သေချာတယ် ဘဲအသဲနဲ့ကြက်အသဲ လုံးလုံးကို ခွဲတတ်သေးဘူး အမြဲမှားဝယ်နေတုန်းပါ

ကြယ်ပြာ

ခံစားပေးတာ ကျေးဇူးအမြဲလာလည်စေခြင်ပါတယ်
စိမ်းနဲ့ SDL

မမ ကြပ်တာပါကွာ နေရင်းထိုင်ရင်း သူ့ကုသိုလ်နဲ့သူ လှနေတဲ့ ခြေထောက်ကြည့်ပြီး
ပြသနာသွားမလုပ်ပါနဲ့ ခွိခွိ
ချစ်ခင်တဲ့ မမ

October 14, 2009 11:14 PM

မိုက်ကယ်လ်ရှိုးသွားမယ် မမနဲ့လိုက်မှာလား

ကော်ဖီတစ်ခွက် နှင်းဆီပန်းတစ်အိုး
နောက်ဆုံးပေါ် လက်တော့ပ်တစ်လုံး
ဘ၀ကြီးကိုရှေ့ဆက်ရမဲ့အရေး

သက်မဲ့တွေလဲတစ်ခါတစ်လေမှာ
သစ္စာမဲ့တတ်တယ် ဖေါက်ပြန်တတ်တယ်
ဒါဟာ လောကနိယာမတစ်ခုအဖြစ်
ငါလက်ခံထားတာကြာပြီ။

အသက်ရှိနေတဲ့အချိန်မှာ
ချစ်တတ်မယ် မုန်းတတ်မယ်
ဒေါသထွက်မယ် စိတ်ကုန်မယ်
ပျော်ရွင်မယ် တမ်းတမယ် ပူဆွေးမယ်
မာနတွေနဲ့ဝင့်ကြွားမယ်
သိမ်ငယ်စွာနဲ့ တစ်ယောက်ထဲခွေနေမယ်

ဘာဖြစ်လဲငါ့ဟာခံနိုင်ရည်ရှိတယ်
“ဒေါက် ဒေါက်” “ဟေ့တံခါးခေါက်နေတာ”
“ဘယ်သူလဲ” “သေမင်းပါ”
“စောင့်နေတာကြာပြီ မင်းဘာလို့နောက်ကျနေတာလဲ”

အောင်မာမင်းမျက်နှာ အချိုးကိုပြင်လိုက်ပါ
စောင့်ရလွန်းလို့ တင်းနေတဲ့ငါ
အလှပြင်ထားလို့ သက်သာတယ်မှတ်

စိတ်ရှိလက်ရှိ ဘယ်ညာကစ်လိုက်လို့တော့
ကာလာစုံနဲ့ အေဖိုးဆိုဒ်တွေ
တဝေါဝေါထွက်ကျသွားမှာ မင်းမျက်နှာ

တမလွန်မှာကမယ့် မိုက်ကယ်လ်ရှိုး လက်မှတ်
နောက်ဆုံးတန်း ရလို့ကတော့ မင်းမလွယ်ဘူးမှတ်
အိုကေ လက်စ်ဂိုး အာမေ့တော့မလို့

နှင်းဆီပန်းတွေ ယူရအုန်းမယ်
ဟိုး တစ်ချိန်က စင်္ကာပူမှာမပွင့်ဘူးလို့ထင်ခဲ့ဘူးတယ်
အခုရော တမလွန်မှာနှင်းဆီတွေပွင့်ပါ့မလား
ဘာပဲဖြစ်ဖြစ် ငါပါအောင်ယူသွားမယ်။


နှင်းဆီတွေကိုတော့ ဘယ်လိုမှမခွဲနိုင်အောင်
ငါသိပ်ချစ်လို့ပါ။

နှင်းဆီတွေကိုင်ပြီး အူကြောင်ကြားနောက်က
လိုက်ရတာမနိတ်လိုက်တာ
တစ်ကယ်ဆို မော်ဒယ်တစ်ယောက်လို
ဆံပင်တွေကိုယမ်းလို့ စတိုင်လှလှလေး
လျှောက်သွားချင်တာ ငါလျှောက်တဲ့
လမ်းတစ်လျှောက်မှာ ကင်မရာမင်းတွေရှိရင်ရှိနေမှာ။

တစ်ကယ်ဆို သူတို့လာခေါ်တဲ့အချိန်စောင့်နေတာ
ငါ့အမှား ကြိုတင်ဘွတ်ကင်လုပ်ထားရင်အကောင်းသား
ငါရှာပါသေးတယ် တမလွန်ရဲ့ဝက်ဆိုက်
ဘယ်နေရာမှရှာလို့မတွေ့ခဲ့တာ။

ခွိခွိ ငါရယ်ချင်လိုက်တာ ငါ့ဘော်ဘော်တွေ
လိုက်ပို့တဲ့ အချိန်မှာငါကမိုက်ကယ်လ်ရှိုးကြည့်နေပြီ
သူတို့ပူဆွေးနေတဲ့အချိန်မှာ ငါကရှိုးပွဲမှာ အီမိုဒီဇိုင်းနဲ့
မတရားလန်းနေပြီ။

မမ
Thiha Kyaw Zaw said...
I like it

July 9, 2009 11:56 AM

Nay Nay Naing said...
I do love it..

July 9, 2009 11:57 AM

sin dan lar said...
ကြိုက်တယ်..။
:)
နှင်းဆီတွေတော့ပါအောင်ယူသွားမယ်...??

July 9, 2009 12:09 PM

kiki said...
အီမို ဒီဇိုင်းနဲ့  မမ ကို တွေ့ ချင် လိုက်တာနော် ..
တမလွန် ဝက်ဆိုဒ် ပေးလိုက်မယ်
( www.အဝီဇိ.com ) ..
ရှာမတွေ့ ရင် ဖုန်းဆက်လိုက်
လာကြို ပေးမယ် ...
နေဖို့  ကြယ် ၉ လုံးတန်းနေတဲ့ ဟိုတယ်
ဘွတ်ကင် လုပ်ထား ပြီးပြီ ။။

ဟိဟိ
မေတ္တာ လက်မှတ် ရထားတယ်။
လိုချင် ပြောနော .. အားမနာ နဲ့ ..

July 9, 2009 3:33 PM

kiki said...
ဪ... တခု မှာဖို့ မေ့ နေတယ်
ဒီမှာ နှင်းဆီတွေ အမျိုးစုံ ။ အရောင်စုံ ။ ဆိုက်စုံ ရှိတယ်...

သယ်မလာနဲ့ တော့ ။။
ပန်း ၊ သစ်သီးတွေ မှာ ပိုးမွှားတွေ ပါလာ မစိုးလို့ 
အဝင်မခံဘူး နော် ။။

မြန်မြန် လာ..

July 9, 2009 3:36 PM

မေဇင် said...
မမရေ...လိုက်မယ် လေ..။း)

July 9, 2009 4:12 PM

mama said...
Thiha Kyaw Zaw

တမလွန်မှာတောင် လန်းနေမှ ဟားဟားဟား
ကြပ်ချက်က ကမ်းကုန်လို့မထင်ဘူးလား
ခံစားလို့ရတာကျေးဇူးပါ။

မမ

Nay Nay Naing

ကဗျာဖတ်ပြီး ရင်ထဲမှာပေါ့မသွားဘူးလား
ခံစားလို့ရတာကျေးဇူးပါ။

မမ

sin dan lar
ယူသွားမယ်ဟာ ရိုးပွဲမှာတက်ပေးချင်ပေးမယ်
ဒိုင်ယာနာနဲ့ တွေ့တဲ့အခါ ပရက်စလေနဲ့တွေ့တဲ့အခါ
ကိုငှက်ကြီး နဲ့တွေ့တဲ့အခါ ကိုဖုန်းမော် နဲ့တွေ့တဲ့အခါ
မြန်မာပြည်ကသူရဲကောင်းတွေနဲ့တွေ့တဲ့အခါမှာ
နှင်းဆီတွေနဲ့ဂုဏ်ပြုရတာပေါ့။
မမ

ုki kiရေ

နှင်းဆီနက်တွေ ရှာထားဝေး အီမိုဆိုတော့ နက်နေမှ မာမူလိုက်မလို့တဲ့ အီမိုကေအရင်ညှပ်
ပေးလိုက်ပါအုန်း ခွိခွိ လန်းတယ်ဟုတ်

မမ

မေဇင်ရေ

လက်စ်ဂိုး ဘေဘီ အရေးထဲလင့်ချိတ်နေသေး
ဟားဟားဟား
မမ

July 10, 2009 12:39 PM

ထက်စုနှင်းဆီ said...
မမ

မိုက်ကယ်အခေါင်းပေါ်က နှင်းဆီတွေက မမဖို့တဲ့...
အနီလေးတွေ.လှမှလှ သိလား...
မိုက်ကယ်က မမတို့ကို ကမပြနိုင်သေးဘူးလေ..
သူ့ကလေးတွေကို စိတ်မချလို့ မလာနိုင်သေးဘူးတဲ့..
အမှာပါးခိုင်းလိုက်တယ်...နောက်မှလာမယ်တဲ့..
စောင့်နေပါတဲ့.

July 16, 2009 12:07 AM

ရိုးရိုးသားသား ကြိုးကြိုးစားစား

မိုးလွတ်အောင်ခပ်သုတ်သုတ် လှမ်းလာတဲ့ခြေလှမ်းတွေ အားလုံးယိုင်နဲ့နဲ့ဖြစ်နေပြီ။
အရဟံဂုဏ်တော်ကို ပွားများရင်း မိုးလွတ်မှာပါလို့စိတ်ဖြေလိုက်တယ်။
အင်းအားမဲ့ လှမ်းလာတဲ့ခြေထောက် တွေကိုရှေ့ဆက် သယ်နိုင်ပါဦးမလား ဆိုတဲ့
အတွေးကိုဖယ်ထုတ်ရင်းကပဲ အရာအားလုံး သဲသဲကွဲကွဲမမြင်နိုင်တော့တဲ့
မျက်လုံးအစုံကငါးနှစ်နီးပါး လျောက်နေကြဒီလမ်းလေးကို အလွတ်ရနေပြီ။
မှောင်နဲ့မည်းမည်းစမ်းတစ်ဝါးဝါး လျောက်ရင်းတစ်ညတာအိပ်စက် အနားယူဘို့ ယိုင်နဲ့နဲ့ တဲလေးရှိရာရောက်လုပြီ။
တဲလေးထဲရောက်တယ်ဆိုရင်ပဲ “အဘိုးကြီးနောက်ကျလှချည်လားလို့” အသံပြုတဲ့ဘေးတဲက
ဆိုက်ကားသမားမောင်ဝင်းရဲ့လျှာလေးအာလေးအသံကပဲ ငါဒီပတ်ဝန်းကျင်လေးကို
အန္တာရယ်ကင်းစွာပြန်ရောက်လာပြီလို့သက်ပြင်းချလိုက်ရင်း “ကားမတိုးနိုင်လို့နောက်ကျတယ်ကွာလို့” ပြန်အသံပြုလိုက်တယ်။
နွမ်းဖတ်နေတဲ့အရောင်မပေါ်ချူပ်ရိုးတွေပြုတ်နေတဲ့တိုက်ပုံအကျီထဲကမီးခြစ်ကိုထုတ်ခြစ်တယ်။
ဘုရားကားချပ်နားလေးမှာတင်ထားတဲ့ ၀ါဆိုဖရောင်းတိုင်ကို လက်လှမ်းမီးကူးလိုက်
တယ်ဆိုရင်ပဲ တဲလေးထဲမှာလင်းထိန်သွားတော့တယ်။
အရေးအကြောင်းတွေမြောက်မြားစွာနဲ့ အရောင်မွဲမျက်လုံးတွေကို ပိုင်ဆိုင်ပြီး
တခေါင်းလုံးဖွေးဖွေးဖြူနေတဲ့အဘိုးအိုဟာ၊
သူ့ခေါင်းမှာတစ်နေကုန်မျက်နှာတစ်ဝက်အုပ်အောင် ပေါင်းထားတဲ့ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာတစ်ခုလုံးကိုပွတ်တိုက်သန့်စင်လိုက်ရင်း
နောက်ဆုံးအကြိမ်အဖြစ် သူနှစ်သက်တဲ့ဗမာဆေးနဲ့ကွမ်းတစ်ယာကို ပါးစောင်ထဲမှာငုံလိုက်တယ်။
ရွေတိဂုံစောင်းတန်းက ဘုရားပန်းချီကားတွေရောင်းတဲ့ ခလေးမလေးလှူထားတဲ့
မြတ်စွာဘုရားပုံတော်ကိုဦးသုံးကြိမ်ချရင်း၊တတ်နိုင်သလောက် တရားဘ၀နာတွေပွါးများရင်း ငြိမ်သက်တိတ်ဆိတ်လာတာနဲအမျှအတွေးတွေရဲ့ခေါ်ဆောင်ရာကို တငြိမ့်ငြိမ့်လိုက်ပါသွားပြန်
တော့တယ်။

ငယ်စဉ်ကထဲကအဖေတိမ်းပါးသွားတဲ့သူ့ကို အမေကအချစ်ပိုခဲ့တယ်။
အရာရာဦးစားပေးသလို ပညာရေးကိုအထူးပဲအားပေးရုန်းကန်ရင်း
ရှာဖွေလို့ရသမျှသူ့ပညာရေးမှာ မျက်နှာမငယ်ရအောင်စီစဉ်ပေးတဲ့ အမေကျေးဇူးကို
အသိအမှတ်ပြုကျေးဇူးဆပ်တဲ့ အနေနဲ့သူစာကြိုးစားခဲ့တယ်။အရာရာမျက်နှာငယ်ခဲ့ရတဲ့
အမေဟာ သူ့ကြောင့်တော့လူပုံ အလည်မှာဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်ခဲ့ပါတယ်။
သားရယ်ပညာတတ်ကြီး ဖြစ်အောင်လုပ်စမ်းပါ ငါ့သားကိုအားလုံးကတရိုတသေ
လေးလေးစားစား နဲ့ဆရာလို့ခေါ်တာအမေကြားချင်လွန်းလို့ပါလို့ တစ်ဖွဖွပြောတဲ့
အမေစကားသံတွေဒီနေ့အထိ နားထဲမှာလျှံနေတုန်းပါ။
သူဆယ်တန်းအောင်တဲ့ နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်မြို့ကလေးရဲ့ သူတို့နေထိုင်ရာ
ရပ်ကွက်လေးထဲမှာ အမေဟာ သနပ်ခါးတွေဖွေးအောင်လိမ်း ခြံစပ်ဇီဇ၀ါပန်းခြုံကနေ
ဖြူလွှတဲ့ဇီဇ၀ါပွင့်ကြီး သုံးပွင့်ကိုဆင့်ပန်လို့ ခေါက်တုန့်ခေါက် ပြန်လျှောက်နေတာများ
တွေ့သမျှလူရဲ့“ အကြီးမြသားအောင်တယ်ဆို ”နှုတ်ဆက်လိုက်တာနဲ့ အောင်တာပေါ့တော်
ဂုဏ်ထူးတောင် တစ်ခုပါသေးလို့ပြုံးပြုံးကြီးဖြေလေရဲ့။
အဲလိုနဲ့အမေသဘောကျမဲ့ ကျောင်းဆရာလောကကို လျောက်လှမ်းရင်သူတို့မြို့က
အလယ်တန်းကျောင်းလေးမှာ အမေမြင်ချင်လွန်းတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာခဲ့တော့တယ်။
ရိုးသားကြိုးစားပြီး ပီတိကိုယ်သာစားတဲ့ကျောင်းဆရာဘ၀ဟာ တစ်ရပ်ကွက်လုံးက
ဆရာလို့ခေါ်လာတာရယ် ညနေအိမ်မှာ စာလာမေးတဲ့ခလေးတွေနဲ့ ဆူညံလာတာကလွဲလို့
ထူးခြားပြီးကြီးကျယ်ခမ်းနား မလာခဲ့ပါဘူး။
အလယ်တန်းပြကျောင်းဆရာ ရဲ့အမေဆိုတဲ့ဂုဏ်ကို ပိုင်ဆိုင်ခဲ့ရတဲ့အမေကတော့
ဈေးသည်ဘ၀ကိုစွန့်လိုက်ရတဲ့အတွက် ဟိုးအရင်သူကျောင်းသားဘ၀ ကထက်တောင်မှ
အသုံးအစွဲကိုပိုချွေတာခဲ့ကြရတယ်။
သူလဲမိုးလင်းလာရင် အမေမီးပူတိုက်ပေးတဲ့ ပင်နီတိုက်ပုံနဲ့ကျောင်းဝတ်စုံ အဖြူအစိမ်းကိုကော့နေအောင် ၀တ်
အမေထဲ့ပေးတဲ့ထမင်းဂျိုင့် ထီးရေဗူးအိတ်ကိုလက်ကစွဲလို့ အမေသဘောကျတဲ့
ကျောင်းဆရာဘ၀မှာကျင်လည်ရင်းနဲ့
သူအသက်လေးဆယ့်ငါးနှစ်မှာတော့ အမေ့ကျန်းမာရေးကအတော့်ကိုချုချာ လာတော့တယ်
တက်လာတဲ့ကုန်ဈေးနူံးနဲ့ သားအမိနှစ်ယောက်စားစရိတ် အမေ့ဆေးဘိုး ကိုအနိုင်နိုင်ကျားကန်ထားရင် ကပဲအမေ့ဆေးဘိုးအတွက်အဖေရှာ ဖွေထားခဲ့တဲ့ကိုယ်ပိုင်အိမ်လေးကို ရောင်းပြီးဆေးကုဘို့ သူဆုံးဖြတ်ခဲ့ရတယ်။

သူ့ကိုနောက်ဆံတင်းမဲ့ အမေမသိအောင်ပဲ သူထက်ကျောထောက်နောက်ခံ တောင့်တင်းတဲ့ကျောင်းဆရာတ
ယောက်က၀ယ်ယူပြီး သူ့နဲ့အမေကိုအိမ်ငှါးအဖြစ်ဆက်နေစေခဲ့တယ်။
အမေ့အတွက်ဆေးဘိုးကုန်ကျစရိတ်ကို အိမ်ရောင်း
ရငွေအားလုံးနဲ့ အမေအသက်ကိုလုပေမဲ့ မီးစာကုန်ဆီခမ်းနေပြီ ဖြစ်တဲ့အမေက သူ့ကိုစိတ်ချလက်ချလူ့လောကထဲမှာ
တစ်ယောက်ထဲထားခဲ့တော့တယ်။
အမေဆုံးပြီးတဲ့နောက်မှာတော့ သူဟာဘုရားတရားဘက်ကို ပိုအလေးပေးလာတော့တယ်။
သူငယ်ချင်းကျောင်း
ဆရာလက်ထဲကို သူအိမ်လေးအပ်တဲ့နေ့မှာတော့ သူ့ရင်ထဲမှာဟာလာဟင်းလင်း ဖြစ်သွားတာတော့ သူဝန်ခံရလိမ့်မယ်။

ကျောင်းဝန်းထဲမှာပဲ ကျောင်းစောင့်မိသားစုနဲ့ သူအတူနေခဲ့တယ်။
ဖြစ်သလိုနေဖြစ်သလိုစား မလောက်ငှတဲ့လစာလေးနဲ့
ပဲရောင့်ရဲစိတ်ကိုမွေးလို့ သိက္ခာသမာဓိနဲ့ပြည့်စုံတဲ့ ကျောင်းဆရာအိုအိုကြီးဘ၀ ကိုသူရောက်လာခဲ့တော့တယ်။

ဒီနေ့သူ့လိုအသက်ခြောက်ဆယ်ပြည့်တဲ့ ဆရာအိုတွေအားလုံးအငြိမ်းစားယူ နှုတ်ဆက်ပွဲနေ့ပေါ့။အမေဆုံးပြီးကထဲ
ကမီးပူတိုက်ဖို့သတိမရတော့တဲ့ သူကဆရာကန်တော့ပွဲနေ့က ရထားတဲ့ပုဆိုးအသစ်အင်္ကျီအသစ်ကို ကျောင်းစောင့်မိသား
စုကိုမီးပူတိုက်ခိုင်းလိုက်တယ် ဖြူဖွေးနေတဲ့သူခေါင်းကဆံပင်တွေကို အုန်းဆီနဲ့သေသေသပ်သပ်ဖြီးရင်း အရေးအကြောင်း
တွေများစွာနဲ့ အိုမင်းနေတဲ့သူရုပ်သွင်ကိုတစ်ခါမှ မမြင်ဘူးတဲ့သူတစ်ယောက်လို ငေးကြည့်ရင်း ကျောင်းဆရာဘ၀ကသူဒီ
နေ့သေဆုံးရတော့မယ်လို့ တွေးလိုက်မိတယ်ဆို အမေ့ကိုမြင်ရောင်ရင်းပြုံးလိုက်မိတယ်။
ကျောင်းကပေးတဲ့ ပင်စင်စာအုပ်လေးရယ် ကျောင်းသားတွေဆရာဆရာမအသစ်တွေ စုပေါင်းကန်တော့တဲ့ ငွေသား
ကိုလက်ကကိုင်ရင်း ကျောင်းထိပ်ကစိန်ပန်းပင်ကြီးအောက်က ခုံတန်းမှာငြိမ်သက်နေတဲ့သူ့အနားကို လာရပ်တဲ့လူရိပ်ကြောင့်
သူ့မော့ကြည့်လိုက်တယ်ဆို အဖြူအမည်းမသဲကွဲတော့တဲ့ သူမျက်ဝန်းတွေကမိန်ဖျော့နေတော့တယ်။
သူ့ခြေရင်းမှာပြားပြားဝပ် ဦးချနေတာသူ့တပည့်တစ်ယောက်ပဲ ဆိုတဲ့အသိထက် သူအမြင်တွေကမပိုတော့ပါဘူး
“ဆရာကြီးကျနော် မောင်စိုးမြင့်ပါလို့”နှုတ်ဆက်တဲ့အသံ နားကသဲ့သဲ့ကြားပေမဲ့ သူမှတ်ဥဏ်တွေထဲက စိုးမြင့်တွေအများကြီးကို
မကွဲပြားနိုင်ဘူး သူပြောနေကြအတိုင်းရိုးရိုးသားသားကြိုးစားကြ ဆိုတဲ့စကားကို ပြောအံစဲစဲနှုတ်ခမ်းတွေကို စေ့ပိတ်
လိုက်ရင်း“ ဘယ်မှာနေတုန်း ဘာလုပ်တုန်း”လို့သူ့အမေးကို “အင်ဂျင်နီယာလုပ်ပါတယ် ရန်ကုန်မှာပါလို့ ”ပြန်ဖြေတဲ့အသံက
သူ့ရင်ကို ပိတိလိုင်းတွေရိုက်ခတ်လာပြန်တယ်။

“ အော် အလည်လားသလားလို့” သူ့အမေးကို “ဆရာကန်တော့ပွဲ အမှီလာတာပါလမ်းမှာကားပျက်လို့အခုမှရောက်တာ”ဆို
တဲ့အဖြေက အခုနပီတိပေါ် ပီတိထပ်ဆင့်လိုက်သလို သူ့ရင်မှာကျေနပ်အားရဖြစ်သွားတော့တယ်။
ဆက်ပြောလာတဲ့မောင်စိုးမြင့်
ရဲ့စကားသံကတော့ လောလောဆယ်နေစရာမဲ့နေတဲ့ သူ့ရဲ့အဖြစ်တွေအားလုံးကိုမေ့လို့ ကြက်သီးဖြန်းဖြန်းထအောင် ပိတိဖြစ်ရ
တော့တယ်။ပင်စင်ယူပြီးချို့ တဲ့နွမ်းပါးတဲ့ဆရာဆရာမကြီးတွေကို ရွေတိဂုံဘုရားကြီးဖူးဘို့ သူစရိတ်ခံခေါ်သွားမတဲ့ “သာဓု
သာဓု သာဓု” လို့သုံးကြိမ်တိတိ ၀မ်းမြောက်ဝမ်းသာသူခေါ်လိုက်တော့ “ဆရာကြီးလိုက်မယ်မဟုတ်လားလို့” ၀မ်းသာအားရမေးရှာတယ်။
“လိုက်ချင်တာပေါ့ကွာ ဒါပေမဲ့ဆရာမျက်လုံးကရေတိမ်ကအတော်အခြေအနေဆိုးနေလို့ ဆရာလိုက်ရင်မင်းတို့အလုပ်ပိုရှာမယ်”
လို့သူ့အပြောကို “မပိုဘူးဆရာကြီးကျနော်တို့အားလုံးတာဝန်ယူမှာပါလို့” ပြောရှာတယ်။
ကျောင်းဝန်းလေးထဲက ဒီအခန်းလေးက သူထွက်ပေးရတော့မယ် ဘာမှမယ်မယ်ရရမရှိတဲ့ သူပိုင်ပစ္စည်း
တွေသိမ်းနေတဲ့ ခဏမှာတော့သူ့ရင်မှာ ၀မ်းနည်းအားငယ်လာတယ် တရားသဘောကိုရူ့ မှတ်ရင်းပဲ အမေကိုသူတမ်းတ
မိလိုက်တယ်။
အမြင်အာရုံတွေ မရှိတော့တဲ့သူ အရာရာချို့ တဲ့လွန်းတဲ့သူ့ဘ၀ကို မသေခင်အထိဘယ်လိုရှေ့ဆက်ရမှာလဲလို့
သူတစ်ခါမှမတွေးခဲ့သလို တွေးစရာအကြောင်းအရာလဲသူ့မှာ မရှိခဲ့ဘူး အခုတော့ရွေတိဂုံဘုရားကြီးကို ဖူးဘို့သူ့မှာဖြစ်လာပြီ
သူကိုယ်နဲ့မကွာအမြဲဆောင်ထားတဲ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲက အမေ့ဆွေမျိုးတွေလိပ်စာ သူသွားဘို့စဉ်းစားတိုင်း မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ရတဲ့သူ အခုရောက်ရတော့မယ်။
အိပ်ဆွဲပြီးဒီနေရာကနေ ဘယ်စီကိုသွားရမှန်းမသိတဲ့ အဖြစ်ကနေကျောင်းရှေ့ခုံတန်းလေးမှာ အထုပ်လေးဘေးချ
လို့ရန်ကုန်ဘုရားဖူးခေါ်သွားမဲ့ကားကို ထိုင်စောင့်နေရင်းက အမေနဲ့တကွဇာတိမြေကို တိုးတိုးတိတ်တိတ် သူ အပြီးတိုင်နှုတ်ဆက်
လိုက်တော့တယ် သူ့ရဲ့ချို့တဲ့လွန်းတဲ့သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ကျောင်းဆရာဘ၀ကိုရောပေါ့။
သူတို့ပင်စင်စား အဘိုးအိုအဘွားအိုတွေကို ရွေတိဂုံဘုရားကြီး သံလျင်ရေလယ်ကျောက်တန်း ပဲခူးဘုရား
ဖူးအစုံ လိုက်ပို့ပြီးတဲ့နောက်မှာတော့အားလုံး ဌာနေကို ပြန်ဘို့အသီးသီးအထုပ်ပြင်ကြတယ်ဆို သူအတွက်အားလုံးက၀ိုင်းစဉ်း
စားပေးကြတယ်။
သူဆုံးဖြတ်ချက်ချထားတဲ့ အတိုင်းသူ့မောင်နှမ၀မ်းကွဲတွေရှိရာ ပို့ပေးဘို့သူ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲက လိပ်
စာကိုထုတ်ပေးလိုက်တယ်ဆိုရင်ပဲ မောင်စိုးမြင့်က လိပ်စာရှိရာသူအရင်သွားစုံစမ်းမယ် ဆိုထွက်သွားလေရဲ့ ဒီလိုနဲ့ပဲ အားလုံး
အသီးသီးမိသားစုရှိရာ ပြန်သွားတဲ့အချိန်မှာတော့ သူဆွေမျိုးတွေရှိရာ ရန်ကုန်မြို့သစ်တခုရဲ့ဆင်ခြေဖုံး ဒီရပ်ကွက်လေးထဲကို
လူမသိသူမသိရောက်လာခဲ့တော့တယ်။
သူကြီးပြင်းခဲ့ရာ သူကျင်လည်ခဲ့ရာပတ်ဝန်းကျင် နဲ့လားလားမှမဆိုင်မပတ်သတ် တဲ့ ဒီပတ်ဝန်းကျင်မှာဘဝ
မျိုးစုံဆင်းရဲမူ့မျိုးစုံ ကိုရင်ဆိုင်ရင်းတစ်နေ့မှာတော့ မသေထမင်းစားချိန်ရောက်တိုင်း ဟိုအကန်းအတွက်လို့ အော်ဟစ်ကျွေး မွေးတတ်တဲ့ သူညီဝမ်းကွဲမိန်းမအသံက သူ့နားစည်ကိုရိုက်ခတ်နေကြပေါ့ အဲဒီအသံရဲ့လွတ်မြောက်ရာကို သွားဘို့ သူတဲနားကတစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို အဖေါ်
ပြုရင်းရွှေတိဂုံဘုရားကြီးအပေါ် ကိုဒုတိယအကြိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သူဟာမထင်မှတ်ထားတဲ့ ဘ၀တစ်ခုကို မမျှော်
လင့်ပဲပိုင်ဆိုင်ခဲ့ရတော့တာ ဒီနေ့အထိပါပဲ။
တောင်ဝှေးတစ်ရမ်းရမ်းနဲ့ ဆယ့်သုံးနှစ်အရွယ်နွမ်းဖတ်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ စောင်းတန်းတစ်ခုမှာ
ထိုင်အမောဖြေနေတဲ့ ဘယ်လိုမှလူမွေးလူရောင် မပြောင်တော့တဲ့သူ့ရဲ့ရှေ့ကို ဘုရားဖူးပြည်သူတွေက အလှူငွေတွေ
စွန့်ကြဲကြသတဲ့ လူငယ်လေးက၀မ်းသာအားရ အဘရှေ့မှာပိုက်ဆံတွေ ပိုက်ဆံတွေပစ်ချသွားကြတာလို့ အော်သံကြား
တဲ့အချိန်မှာတော့ သူ့တစ်ကိုယ်လုံးကြက်သီး တစ်ဖြန်းဖြန်းထအောင်တုန်လူပ်ရင်း ပါးပြင်တစ်လျောက်မျက်ရည်ပူတွေ
စီးကျလာတော့တယ် ရွှေးစရာလမ်းမရှိတော့တဲ့သူ နောက်နေ့တွေမှာလဲ နွမ်းဖတ်ဖတ်အ၀တ် အစားတွေနဲ့မျက်နှာသုတ်
ပုဝါကို မျက်နှာအုပ်လုအောင်ပေါင်းရင်း ဒီလမ်းကိုပဲရွေးခဲ့တာ ငါးနှစ်ကာလမှာဒီနေ့ နောက်ဆုံးဖြစ်မယ်ထင်ပါတယ်။
နေ့လည်ကအဖြစ်ကို ပြန်တွေးရင်းသူရင်ကိုကြေကွဲနာကျင် စေတယ် ဘယ်သူမှမမှတ်မိတော့အောင် စုတ်ပြတ်
နုံချာနေတဲ့သူ့လက်ကို နွေးထွေးနူးညံ့လွန်းတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ လက်အစုံနဲ့ လူပ်ယမ်းရင် ရိုက်သံမပီမသနဲ့
အထိတ်တလန့် “ဆရာကြီး” “ဆရာကြီး” “ဆရာကြီး” “ဟုတ်ပါတယ်နော်” ဆိုတဲ့အသံက သူ့ရင်တခုလုံးကိုပေါက်
ကွဲလွင့်စင်သွားတော့တယ်။
လူငယ်လေးရဲ့သူနေတဲ့ လိပ်စာရေးပေးနေတဲ့အသံ မိန်းမပျိုလေးရဲ့ “မနက်ဖြန်အိမ်မှာပဲစောင့် အမလာမယ်
ဘယ်မှမထွက်နဲ့ အမဧည့်သည်တွေပါနေတယ်ကားငှါးပြီး အိမ်ကိုပြန်ပါ ဆရာကြီးမျက်လုံး ကလုံးဝကွယ်နေပြီလား နား
ရောမကြားတော့ဘူးလား” ဆိုတဲ့အသံတွေရဲ့အောက်မှာပဲ သူ့ရဲ့ဒုတိယဘ၀သေဆုံးသွားတော့တယ်။
လမ်းထိပ်မှာ လူငယ်လေးနဲ့လမ်းခွဲပြီးတဲ့နောက် သူငှါးရမ်းနေထိုင်တဲ့ဒီတဲလေးကို အင်အားမဲ့ခြေလှမ်း တွေ
နဲ့ သူပြန်ရောက်လာခဲ့တယ်။
သူအတွေးတွေ နဲ့မျောလွင့်နေရင်း ထွန်းညှိထား တဲ့ဖယောင်းတိုင်က တစ်ဖြေးဖြေး အရောင်
တွေဖျော့တော့လာတယ် သူနှလုံးခုံသံတွေ ပြင်းထန်လာတယ် ဇီဇ၀ါပန်းတွေဝေ နေအောင်ပန်ထားတဲ့ အမေကပြုံး လို့ သူ
အမေ လို့ တိုးတိုးလေးခေါ်ရင်း လေဟာနယ်ထဲကို ရောက်သွားတယ်။
သူငှါးနေတဲ့ ဒီတဲလေးထဲမှာ သူပိုင်ဆိုင်တဲ့
မြတ်စွာဘုရားပုံတော် သောက်ရေအိုးတစ်လုံး ထမင်းစားပုဂံပြားတစ်ချပ် ဇွန်းတစ်ချောင်း ဖျာတစ်ချပ် ခေါင်းအုံးတစ်လုံး
ဒီနေ့ရလာတဲ့ အလှူငွေ အားလုံးကိုထားခဲ့ ရင်း သူရဲ့ဖျာစုတ်လေးပေါ်မှာ ငြိမ်သက်တိတ်ဆိတ်စွာ....။

စာဖတ်သူအားလုံးကိုလေးစားစွာဖြင့်
မမ
ရွက်လွင့်ခြင်း said...
အရမ်းကို ထိမိပါတယ် မမ
ဒီလို ဆ၇ာတွေ အပြင်မှာ ဘယ်လောက်တောင် ရှိသလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး

July 2, 2009 10:42 AM

kiki said...
ခုခေတ်ကြီးမှာ ရိုးသား ကြိုးစား ခြင်းရဲ့  ရလာဒ် တခု ကို
ပေါ်လွင်အောင် ရေးသား ထားတဲ့  မမ ရေ ။
အဟုတ်အမှန် သရုပ်အမှန် တွေ မြင်ရ ကြားရတာ
ဝမ်းနည်းစရာ တွေ ချည်း ပါဘဲ။

ဒါးသွေးကျောက် လို ဘဝ မျိုး နဲ့ ပေးဆပ်မဲ့ သူတွေ
ရှားပါး လာပါပြီ ။
ရှိတော့ ရှိမယ် ၊ ရှားတယ် နော်။။

ဘဝ အကြောင်း လေးတွေ စောင့် မျှော် အားပေး နေပါတယ်
ချမ်းမြေ့ ပါစေ ။

ခင်မင်စွာ ဖြင့်..
ကိကီ

July 2, 2009 11:49 AM

myautmuulal said...
အရမ်းကို ထိမိပါတယ် မမရေ
စိတ်မကောင်းလဲ ဖြစ်မိပါတယ်

July 2, 2009 9:04 PM

မင်းနန္ဒ said...
နောက်ဆုံးအခေါက်ပြန်တုံးက ဆရာကန်တော့ပွဲကိုသတိရမိပါရဲ့။ ငွေအတွက်မဟုတ်ပဲ ၀ါသနာအတွက် ကျောင်းသားလေးတွေကို အိမ်မှာမနက်ပိုင်းအချိန်ပိုကျူရှင်သဘောသင်ပေးတဲ့ အပျိုကြီးဆရာမကြီး ကိုပြန်မြင်ယောင်မိစေတယ်။ တလကျူရှင်လခ ၅ကျပ်။ ကျူရှင်းပြိးလို့ ကျောင်းသွားမယ့်အချိန် အိမ်က လာကြိုပေးတာ နောက်ကျလို့ ဆာလောင်နေရှာတဲ့ ကျောင်းသားတွေကို ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရသေးတယ်။ အခုအသက်အရွယ်ကြီးရှာတော့ မျက်စေ့လဲ မကောင်းတော့ဘူး။ မှတ်ညဏ်လဲသိပ်မကောင်းတော့ဘူးထင်တယ်။ ဘယ်နိုင်ငံမှာ ဘာလုပ်နေတဲ့ မောင်ဘယ်သူပါဆိုတာကို ကြားရင် အရမ်းဝမ်းသာပီတိဖြစ်နေတဲ့ မျက်နှာကို မမေ့နိုင်ဘူး။ ဆရာမကြီးကိုယ်တိုင်ကတော့ စောင့်ရှောက်မယ့် သားရင်း သမီးရင်း မရှိတော့ မောင်မိသားစုနဲ့ အတူနေရင်း အလွန်ခြိုးခြံချွေတာနေရတဲ့ ဘ၀မှာ သနားစဖွယ်ရုန်းကန်နေရတယ်။ အိမ်နီးနားချင်းတွေရဲ့ ရေဖိုးမီးဖိုး ဆောင်ဖို့စာအုပ်တွေကို လစဉ်စုပြီး ဆရာမကြီးခမျာ အိုကြီးအိုမ ဝေးဝေးလံလံသွား၊ လူတိုးပြီး ကျသင့်ငွေဆောင်ပေးတာမျိုးတွေလုပ်နေရတယ်။ စေတနာကောင်းတဲ့ ကျောင်းသားဟောင်းတွေမှာလဲ ဆရာကန်တော့ပွဲမှာပြန်တွေ့ရတဲ့ ချို့ငဲ့သူဆရာ၊ ဆရာမကြီးဟောင်းတွေကို အပြင်မှာသပ်သပ် ကိုယ်ထိလက်ရောက် အကူငွေထပ်ပေးကြတာ၇ှိတော့ ဆရာ၊ ဆရာမတွေအတွက် အဲဒီအချိန်ကိုပဲမျှော်လင့်နေကြရတာပါပဲ။ တသက်လုံ မကောင်းတာဆိုဘာတခုမှ မလုပ်ဖူးတဲ့ ဒီလို လူတွေ ကြီးလာတဲ့အခါ ဒုက္ခရောက်နေကြတာ မြင်ရတာ စိတ်မကောင်းစရာပဲ။

July 3, 2009 1:10 PM

မိုးလေး said...
မမရေ...

အရမ်းကိုကောင်းပါတယ်၊ လောကကြီးမှာ ရိုးသားကြိုးစား တဲ့သူတွေအတွက် နေရာရှားလာတာ ခုဆိုရင် တော်တော်ကို ဆိုးဝါး နေပါပြီ။ စိတ်မကောင်းစရာ အဖြစ်ပါ။

July 4, 2009 10:10 AM

mama said...
ရွက်လွှင့်ခြင်း

အမှန်တရား ဆိုတာ နှလုံးသားတဲ့တဲ့ ကိုပဲမှန်တတ်
ပါတယ်။
မမ
ki ki

မမ ရေးတဲ့ စာတစ်ပုဒ်ကိုဖတ်ပြီး ထဲထဲဝင်ဝင်
ခံစားပေးတဲ့ အတွက် အထူးပဲကျေးဇူးတင်ပါတယ်
မမ
မင်းနန္ဒ

တူညီတဲ့ဖြစ်ရပ်တစ်ခု ကိုတင်ပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။မိဘတွေပြီးရင် မမတို့ ပြန်လည်
ကြည့်ရူ့စောင့်ရှောက်ရမှာ ချို့တဲ့လွန်းတဲ့ ဆရာဆရာမ
တွေပါပဲ၊ကျမကို ၀လုံးဆွဲတတ်အောင်သင်ပြ ပေးတဲ့
ဆရာကြီးနဲ့ ဒီနေ့အထိ အဆက်အသွယ်ရှိပါတယ်၊
ကျမတို့ မလုပ်နိုင်တာကို သူတို့လုပ်ခဲ့တယ် ဆိုတာတစ်ခုထဲနဲ့ အဲဒီကျေးဇူးကို
ကျမတော့ မေ့လို့မရဘူး
အမှန်အတိုင်းဝန်ခံရရင် ၀ါသနာပါပေမဲ့
ကျမ မလုပ်နိုင်ခဲ့ပါဘူး
မမ

မိုးလေး

ဟုတ်တယ် လက်ခံပါတယ် ရိုးသားကြိုးစားတဲ့
သူတွေ အတွက် နေရာမရှိတာအမှန်ပါပဲ
ဒါပေမဲ့ မမ တို့ ရိုးရိုးကျင့်မြင့်မြင့်ကြံ ရမယ်
တစ်နေ့နေ့ ပေါ့ အဲဒီလူတွေ ပေါင်းစည်းမိကြတဲ့
အခါ ရိုးသားကြိုးစားတဲ့သူတွေအတွက် နေရာတွေ
အများကြီးပေါ်လာမှာပါ။တလှည့်စီပေါ့ မြဲနေတဲ့အရာ
ဆိုတာ ဒီနေ့အထိဘာတစ်ခုမှဒီကမ္ဘာမှာမရှိပါဘူး
မမြဲတဲ့အရာပဲရှိပါတယ်။

မမ

July 5, 2009 10:28 PM

htike said...
မမရေးတာတကယ့်ဘဝမှန်ပါ
မြန်မာပြည်မှာ ဒီလိုဘဝတွေသန်းနဲ.ချီရှိပါတယ်
ခေတ်ဆိုးစနစ်ဆိုးရဲ. သားကောင်တွေပေါ.
မြန်မာပြည်မှာလူဖြစ်ရတာကံကောင်းတယ်ဆိုတဲ့ အမေပြောဖူးတဲ့
ဟိုတုန်းကစကားကို အခုအချိန်အထိ လက်ခံလို. မရသေးဘူး

July 8, 2009 1:49 AM

Maydarwii said...
မမ ရဲ့ အရေးအသားက ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိသွားတယ်။
ဖတ်ပြီး စိတ်ထဲ မကောင်းလိုက်တာ။
မြန်မာပြည်မှာ ပညာတတ်တွေကို မချီးမြှောက်တာ၊ ပညာရှင်တွေ အောက်ကျနောက်ကျ ဖြစ်တာ ... သိပ်ပြီး ၀မ်းနည်းဖို့ကောင်းတယ်။
ဆရာဝန်တွေကို စာသင်ပေးခဲ့တဲ့ ပါမောက္ခ ဆရာကြီးတယောက်ရဲ့ ပင်စင်လစာက ၁၅၀၀ ကျပ် တဲ့။ ခေါက်ဆွဲတပွဲစာတောင် မရှိဘူး။ ရင်နာစရာ ဘယ်လောက် ကောင်းလဲ နော် ... ။

July 8, 2009 7:34 PM

mama said...
Myautmuulal

နာကျင်နေတဲ့ နှလုံးသားတွေ မိုက်ကယ်လ်ရိုးနဲ့
ဖြေဖျောက်လိုက်ပါ။ခံစားပေးတဲ့အတွက်ကျေးဇူးပါ။
မမ

htike
ဟုတ်တယ် မိဘတိုင်းကအဲလိုပြောဘူးတယ်
ယူတတ်ရင်တော့ မြန်မာပြည်မှာကံကံ၏အကျိုးကို
ရနိုင်တယ်နောက်မှရေးဦးမယ်။

မမ

Maydarwii

ကမ္ဘာပေါ်မှာ အပြောင်မြောက်ဆုံးဟသတစ်
ပုဒ်ပဲပေါ့ ပါမောက္ခကြီးတစ်ယောက်ရဲ့ လစာ
၁၅၀၀ ကျပ် ဟားဟားဟား ဘာဆက်လုပ်ကြမလဲ

မမ

July 10, 2009 12:53 PM

kyi said...
မမ ဘယ်တွေသွားနေတာလဲ ပျောက်လှချည်လား အသစ်ကို မျှော်နေပါတယ်

September 15, 2009 10:13 AM

အာဇာနည်သွေး

မွေးနေ့မင်္ဂလာ၊ချိန်တော်ခါမှာ
ဆုတောင်းသံတွေအစား
ကြွေးကြော်သံတွေ ကြားလိုလှတယ်။
ထိုင်စောင့်နေတဲ့စိတ်ဓါတ်တွေအစား
လှမ်းတက်လာတဲ့ခြေသံတွေကို မွတ်သိပ်လှတယ်။
အမှန်တကယ်လွတ်မြောက်ရမှာ
ဆုတောင်းနေသူတွေပါ။
အမှန်တကယ်ဝမ်းနည်းပေးရမှာ
ငတ်မွတ်နေတဲ့ပြည်သူတွေအတွက်ပါ။
ကျွနုပ်ရဲ့ပေးဆပ်မှု
အဖေ့အသက်နဲ့ မယှဉ်ဝံ့သလို
တစ်တိုင်းပြည်လုံးနဲ့ ယှဉ်ကြည့်ရင် နည်းနည်းလေးပါ။
အာဇာနည်သွေးစစ်မှန်တဲ့ ကျွန်ုပ်ရင်မှာ
ပြန့်ကြဲနေတဲ့ စိတ်ဓါတ်တွေ
ကြဲပြန့်နေတဲ့ အာဇာနည်တွေ
တစ်ပေါင်းတစ်စုထဲဖြစ်ဖို့
ဘယ်နည်းကိုသုံး စုရုံးရပါ့မလဲ။
အာဇာနည်အပေါင်း
ကျွန်ုပ်လွတ်ခြင်း၊ မလွတ်ခြင်းကို စိတ်မှဖယ်လို့
ကျွန်ုပ်အတွက် ပူဆွေးသောက
အားမာန်အဖြစ်ပြောင်းလို့
မြန်မာပြည်ကြီးလွတ်မြောက်ဘို့သာ
ကြိုးကုပ်ပါတော့။
တစ်ယောက်ချုပ်လျှင်၊ နှစ်ယောက်ထွက်လော့
နှစ်ယောက်ကျလျှင်၊ လေးယောက်ထွက်လော့
အာဇာနည်စိတ်ဓါတ် ဆတိုးပွါးလော့။
သန်းခြောက်ဆယ်သော ပြည်သူ့လက်နက်
ထုတ်သုံးလှည့်တော့။
အမှန်တစ်ကယ်လိုအပ်နေတာ
ကျွန်ုပ်မဟုတ်
သန်းခြောက်ဆယ်သော အို မြန်မာတို့
ထကြွလုံ့လ စည်းရုံးကြလော့။
အမှန်စင်စစ် ကမ္ဘာကသိအောင်
အာဇာနည်သွေး စွေးစွေးနီကြောင်း
သင်တို့ပြဘို့ အချိန်တန်လေပြီ။

မမ

ဦးအောင် said...
အမှန်တစ်ကယ်လွတ်မြောက်ရမှာ
ဆုတောင်းနေသူတွေပါ။
အမှန်တကယ်ဝမ်းနည်းပေးရမှာ

အမှန်တကယ် က ဘယ်တခုအမှန်လဲဗျ.....

June 23, 2009 1:27 AM

PC said...
ဟာ သတ္တိရှိရှိရေးထားပါလား ရဲရဲတောက်ပဲ ကြိုက်တယ် အောင်ဆန်းစုကြည်မရှိတော့ရင် မမတက်မယ်ထင်တယ်

pcGhost

June 23, 2009 1:30 AM

mama said...
ဦးအောင်

ကျမအမှားကိုထောက်ပြတာကျေးဇူးပါ
မှားမှန်းသိလို့ပြင်လိုက်ပါပြီ။

မမ

pc

လာရောက်လည်ပတ်ကွန်မင့်အတွက်ကျေးဇူးတင်ပါ
တယ်။

မမ

June 23, 2009 9:27 AM

ဦးအောင်ဇေယျ said...
ပြင်တယ်ဆို တူတူပဲဟာကို နောက်နေပြန်ပြီ

June 23, 2009 12:33 PM

ဖြူဖွေး said...
ဟုတ်တယ် မမ၊
ကျနော်တို့ တစ်ကိုယ်ကောင်းဆန်လို့၊
ကျနော်တို့ သတ္တိနည်းလို့၊ကြောက်ကြလို့၊
ကျနော်တို့ မညီကြလို့၊ ကွဲကြပြဲကြလို့၊
အမေစု အပါအဝင် နိုင်ငံကောင်းကျိုးအတွက် ရှေ့က မားမားမတ်မတ် ဦးဆောင်နေသူတွေ ထောင်သက်ရှည်နေတာပေါ့။

June 25, 2009 7:35 PM

ခင်မင်းဇော် said...
တသဘောတည်းပဲ မမရေ..
အမပြောချင်နေတာတွေချည်း
မမက ပြောသွားသကိုးးးးးးးးးး

June 28, 2009 12:43 AM

ကိုလူထွေး said...
အောင်...နိမိတ် အောင်အတိတ်လို့ ထင်ရဲ့
ဆန်း...သစ်စလကွေးလေးရဲ့ နံဘေးမှာ
စု...ဝေးရောက်ရှိနေကြတဲ့ ကြယ်စင်တွေ
ကြည်...လင်တဲ့ကောင်းကင်ပြင်ကြီးမှာ တောက်ပလင်းလက်လို့...

အ...ပေါ်ကိုမော့ကြည့်မိတော့
မြန်...ဆန်လွန်းတဲ့ လျှပ်စီးကြောင်းတွေက
ဆုံး...စမရှိတဲ့ ဝဠာပြင်ကြီးမှာ ဟိုဒီပြေးလွှား
လွတ်...ထွက်ကျမသွားအောင် စုစည်းထားသလားအောက်မေ့ရ
မြောက်...ဘက်ကလာတဲ့ နဂါးငွေ့တန်းက ထူးဆန်းတယ်...

ပြီး...သွားရင် ပျော်ရွှင်ရမှာပါ

နေ...ရောင်ခြည်နံနက်ခင်းရောက်တဲ့အထိ
ကောင်း...ကင်ပြင်ပေါ်ကို မော့ကြည့်ရင်း
ကျမ်း...သစ္စာ ဆိုပါဆိုရင်လဲ ကျိမ်ဆိုဝံ့ပါတယ်
မာ...ကျောတဲ့ကျောက်သားတွေ အရည်ပျော်ကျပါစေ
ပါ...ဝင်ထွန်းညှိမယ့် ငါတို့ရဲ့ အလင်းရောင်တွေနဲ့
စေ...လိုရာစေ သက်သေညွှန်းလို့ နေဝန်းသာပေလိမ့်တော့မယ်...

June 28, 2009 4:25 AM

mama said...
ဦးအောင်ဇေယျ
မနောက်နဲ့ အေ့ ကျမကတစ်ခါတစ်လေထူတယ်
နားမလည်ဘူး

ဖြူဖွေး

ဟုတ်တယ်
ကျမတို့ မညီဘူး ကျမတို့တစ်ကိုယ်ကောင်းဆန်တယ်
ကျမတို့သတ္တိနဲကြတယ် ကျမတို့ကွဲကြပြဲကြတယ်။
ထွက်ပေါက်အတုကိုလွပ်မြောက်နယ်မြေအဖြစ်နဲ့
ကျမတို့အလုအယက်တိုးထွက်လာခဲ့ကြတယ်။
အခုတော့ကျမတို့သိပြီ လွတ်မြောက်နယ်မြေဟာ
မြန်မာပြည်မာပဲလို့

မမ

June 28, 2009 6:08 PM

mama said...
အမခင်မင်းဇော်

တသဘောထဲပေါ့အမရာ ရည်ရွယ်ချက်ခံစားချက်
ယုံကြည်ချက် ခံယူချက်ခြင်းညီတာကိုး
အဲလိုတွေအများကြီးပဲလေ ကြဲပြန့်နေကြတယ်
အားလုံးတနေရာစီ.......မှာ
ကျမတော့စိတ်သတ်သာအောင်
အမောဖြေနေကြတယ်လို့ယူဆတယ်
အားလုံးအမောပြေပြီဆိုရင်..နော်အမခင်မင်းဇော်
လေးစားစွာဖြင့်
မမ

June 28, 2009 6:20 PM

mama said...
ကိုလူထွေး

ကဗျာအတွက်ကျေးဇူးပါ။

မမ

June 28, 2009 6:43 PM

သခင်မျိုးဟေ့ ဒို့ဗမာ(သို့)သခင်ချက်ကြီး(၃)

သနပ်ခါးတွေဖွေးနေတဲ့ မိအေးမျက်နှာလေးကို ငေးကြည့်ရင်းကျူပ်ရင်မှာ အမှန်ကိုပူလောင်လာတော့တယ်။
ရိုးစင်းလွန်းတဲ့ ဘ၀တွေကိုဖြတ်သန်း နေကြတဲ့ ကျူပ်တို့တွေဟာ၊ စားဘို့နဲ့ နေဘို့သာရှိလို့ကတော့
တစ်ကယ့်ကိုပဲ အပူအပင်နဲပါတယ်။
အတွေးစတွေကိုဖြတ်ရင်း ဘာလုပ်ရမယ်ပြောလဲ ဘယ်လောက်ရမယ်ပြောလဲလို့ ကျုပ်မေးခွန်းကို မိအေးက
ဘာမှတော့အထွေအထူး မလုပ်ရဘူးပြောတာပဲ။
ဒါပေမဲ့ လိုအပ်တဲ့အချိန်တွေတိုင်း ခေါ်မယ်မိန်းမနဲ့ခလေးတွေကို ပိုကြိုက်တယ်လူကြီးအိုအိုကြီး တွေလဲရတယ်
အမယ်အိုတွေလဲရတယ် ယောင်္ကျားပျိုတွေကတော့ ကိုကျော်ကြားတို့က သေချာစီစစ်ပြီးမှ လက်ခံမယ်တဲ့။
ကဲကြားတဲ့အတိုင်းပဲ အလုပ်ခေါ်ပုံက အင်မတန်မှအံ့သြစရာ မကောင်းဘူးလားအဘွားအိုတွေလဲရတယ် ဆိုတော့ အရီးရောရမှာလားလို့ကျူပ်မေးတော့ မိအေးတို့မနက်ဖြန်အတွက် ပေတူးပါသုံးယောက်စာရမယ်တဲ့။
မိသားစုဖြစ်တဲ့အတွက် စားပြီးသောက်ပြီတစ်ယောက်တစ်ထောင် ရမယ်တဲ့။
တစ်ယောက်ထဲဆိုရင်တော့တစ်ထောင့်ငါးရာ ရမယ်တဲ့ ဆိုတဲ့မိအေး စကားသံတွေက ကျူပ်ရင်ကိုအတွေးပိုစေတာပဲ။ ကျုပ်အဖြေစကားကို စောင့်နေတဲ့မိအေးတို့သားအမိကို လမ်းစရိတ်ကရောဘယ်အထိသွားရ မှာလဲလို့ကျုပ်မေးတော့ ကျမတို့ကဒီရပ်ကွက်ကဆိုတော့ ကိုကျော်ကြားတို့နဲ့ အတူတူစုရပ်ပဲတဲ့ သူတို့လာခေါ်မယ်တဲ့။
အရီးလေးရောပေတူးပါသားအမိ သုံးယောက်ဆိုတော့ ဘာပူစရာရှိတုန်း သွားကြည့်ပေါ့။

တစ်ကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ ကျုပ်အန်တီလှကို အလုပ်ပြောထားပြီးပြီ မိအေးနဲ့ပေတူးနှစ်ယောက်
လုံးအတူတူ လုပ်ရမှာပင်တော့ ပင်ပမ်းမယ်။
ကျုပ်စကားဆုံးတော့ မိအေးမျက်နှာဝင်းကနဲဖြစ်သွားတာ ဘယ်သူမှမရိပ်မိပေမဲ့ ကျူပ်ကတော့သိတယ်။

အမေကိုကြီးချက် နဲ့ပဲ အတူလိုက်လုပ်မယ် မိအေးလုပ်နိုင်ပါတယ် ဆိုတဲ့စကားသံဟာ ကျူပ်
ရဲ့သောကနဲ့ပူလောင်နေတဲ့ ရင်ကိုချက်ခြင်းလက်ငင်းအေးမြသွားစေတာပဲ။
မနက်ဖြန်သွားကြည့် လိုက်ပါပြောထားပြီး မသွားရင် တစ်ရပ်ကွက်ထဲသမားတွေ မကောင်းဘူး အခြေအနေ
ကြည့်ပေါ့ အဲအရီးဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာတော့ ကျုပ်ကို အကုန်ပြန်ပြောဗျာ ကျုပ်သိချင်တယ်ဆိုတဲ့စကား
ကို အရီးက မလိုက်ချင်ပါဘူးအေ ဒီအရွယ်ကြီး ဘာလုပ်ရမှန်းမသိ မလုပ်တတ်မကိုင်တတ် နဲ့လို့ ရွံတွန့်တွန့်ပြောတဲ့ အ
ရီးကို ကျူပ်အမေက လိုက်သွားစမ်းပါ အေးတင်ရယ်။

အသက်ခြောက်ဆယ်ဆို ပညာတတ်ကြီးတွေတောင် အငြိမ်းစားယူနားခိုင်းတဲ့ ကျူပ်တို့တိုင်းပြည်မှာ ခလေးလူ
ကြီး အမယ်အိုအဘိုး အိုတွေအလုပ်ရတယ် ဆိုတော့ ကျူပ်သိချင်စမ်းတယ် အေ ကျုပ်မလိုက်နိုင်လို့ အဟုတ်ပဲလိုက်ချင်
စမ်းတယ် လိုက်သွားအေ ပြီးရင် တစ်လုံးမကျန်ပြန်ပြော ကျူပ်နားတောင်မယ်။
ကဲကဲ မနက်သွားရမယ်ဆိုတော့ စောစောအိပ်ကြတော့ လို့ကျုပ်နုတ်ဆက်စကား ဆိုတော့ မိအေးတို့သုံးယောက်
ကျုပ်တို့ရဲ့တစ်ဖက်ရပ် တဲလေးထဲကခေါင်းငုံထွက်ရင်း သူတို့ရဲ့ တဲကိုကူးသွားကြလေရဲ့။
တစ်နေ့ကုန်ပင်ပမ်း တဲ့ဒဏ်ကိုငါးသလောက်ပေါင်းစားထားတဲ့ အရှိန်က ကျုပ်မျက်လုံးတွေကို မှေးစင်းလာတော့
တယ် အောက်က၀ါးကြမ်းနဲ့ ကျူပ်ကျောကုန်းနဲ့ ထိတွေ့ရတဲ့ အရသာဟာ ကျုပ်အတွက်တော့ အင်မတန်မှကို
တန်ဘိုးရှိလွန်းတယ်။
ကျူပ်အမေရဲ့ဘုရားရှစ်ခိုးသံဟာ ကျုပ်နားစည်ကို တိုးတိုးပျံ့လွင့် လာပြီးတဲ့နောက်မှာတော့ ကျုပ်နှစ်နှစ် ခြိုက်ခြိုက်ကို
အိပ်ပျော်သွားတော့တယ်။

ဟော..ဒီကပဲပြုတ်..ဆိုတဲ့.အချိန်မှန် နိုးစက်သံကြောင့် ချက်ကြီးလူးလွန့်လာတယ်ဆိုေ၀၀ါးဝါးနဲ့အတွေး
တွေထဲမှာ မိအေးတို့အလုပ်သွားမယ်ဆိုတဲ့ အသိက ခါတိုင်းထက်ချက်ကြီးကို အိပ်ယာထဘို့သွက်လက်စေခဲ့တယ်။
တဲအပြင်ကိုခေါင်းငုံ ထွက်လိုက်ရင်း မိအေးတို့တဲဘက်ကို လှမ်းကြည့်လိုက်တယ်ဆို အဖြူကနေ၀ါကျင်ကျင်အ
ရောင်ကိုပြောင်းနေတဲ့ ရှပ်အကျီအဖြူလက်တို သနပ်ခါးတွေဖွေးနေတဲ့ ပေတူး အကွက်အနီအစိမ်းစပ်ထားတဲ့ ဘောင်းဘီပွပွ
ကြီးနဲ့ အလုပ်သွားဘို့ အဆင့်သင့်ဖြစ်နေတော့တယ်။
ကိုကြီးချက် ကျနော်တို့လဲသွားတော့မှာလို့ လှမ်းအော်တယ် အရီးနဲ့မိအေးရောလို့ ကျုပ်အသံဆုံးတော့ ဒီမှာ
ဆိုတဲ့ အသံနဲ့အတူ မိအေးနဲ့အရီးကို တွေ့ရတယ်။
ဝင်းသူဇာကရောင်းတဲ့ ပါတိတ်အနီရောင် ၀မ်းဆက်လေးဟာမိအေး ရဲ့ကိုယ်ပေါ်မှာဖြူဖြူစင်စင် ရှိပေမဲ့အတော့်ကိုပဲ
နွမ်းနေပြီ သနပ်ခါးပါးကွက်နဲ့ ဆံပင်တွေကို ခပ်မြင့်မြင့် စုချည်ထားတယ်။
အရီးကတော့ ပါတိတ်အနက်ပွင့် အရိပ်ပန်းရင်ပုံး သနပ်ခါးဖွေးဖွေး နဲ့ အလုပ်သွားမှာဆိုတော့ အသက်၆၂ နှစ်ရှိတဲ့
အရီးကိုကြည့်ပြီး ချက်ကြီးပြုံးမိတော့တယ်။
အရီးရှက်သွားမှာစိုးတာကြောင့် စောလှချည်လား အရီးတို့က လို့ကျုပ်ပြောတော့ မိအေးကစုရပ်ကနေကား
လာခေါ်မှာသွားစောင့်ရမှာ ကိုကြီးချက် ဘာမှစိတ်မပူနဲ့ ပြန်လာရင်ကိုကြီးချက်ကို အကုန်ပြန်ပြောပြမယ် ဆိုတဲ့စကားက
မိအေးအပေါ်မှာကျူပ်ရဲ့ ယုံကြည်မူ့တွေပိုတိုးသွားသလို ကျုပ်ရင်မှာလဲ အတော်ကိုစိတ်ချလက်ချရှိသွားတယ်။
မိအေးတို့သုံးယောက်ကို လမ်းထဲကလူတွေက နုတ်ဆက်ကြတယ် မိစိန်ကမိအေးရေ နောက်နေ့ကျုပ်
လိုက်မှာနော် ညည်းပြောခဲ့အေ ဒီဖက်ကအလုပ်ကို ဒိနေ့ရပ်ဘို့ပြောခဲ့မှာလို့ လှမ်းအော်တယ်။
အေးပါ မမေ့ပါဘူးလို့ မိအေးပြန်ပြောရင်း လမ်းထိပ်ကွမ်းယာဆိုင်မှာစောင့်နေတဲ့ ကိုကျော်ကြားစီ
သွက်သွက်လှမ်းရင်း ပေတူးလိမ်လိမ်မာမာ နေရမှာနော်လို့ မောင်လေးကိုသတိပေးတော့ ပေတူးခမြာ ခေါင်းငြိမ့်ရှာတယ်။

ကိုကျော်ကြားနဲ့ ကားဂိတ်ကိုလမ်းလျောက်ရင်း ကိုကျော်ကြားကဘာမှမပူနဲ့ ဒီနေ့ရွေတိဂုံဘုရားကိုသွားရ
မှာဒီကပဲတန်းသွားမယ် ဟိုရောက်ရင်အဖေါ်တွေ တွေ့မယ်အရီးတို့လို မိသားစုတွေကြီးပဲ ဘာမှလုပ်စရာမလိုဘူး ထိုင်နေ
ယုံပဲဆိုတဲ့ စကားကိုတအံ့တစ်သြနားထောင်ရင်း ရပ်လာတဲ့လိုင်းကားပေါ် တိုးတက်ကြရင်း ကိုကျော်ကြားကပဲ လမ်းစရိတ်
ရှင်းပေးတယ်။
နေရာရတော့ နေ့တိုင်းလုပ်ရမှာလား လို့မိအေးရဲ့အမေးကို အဲလိုတော့မဟုတ်ဘူး အခုကိုကျော်
ကြားအမျိုးတွေဆိုပြီး ပြောပေးရတာ အမြဲတမ်းအတွက်ကတော့ ၀န်ထမ်းမိသားစုတွေကို ပြောပြီးခေါ်ယုံပဲလေ ဒါပေမဲ့မိအေး
တို့လုပ်ချင်တယ် ဆိုနေ့တိုင်းရအောင် ကိုကျော်ကြားပြောပေးမှာပါတဲ့။
အဲလိုနဲ့တောင်ဘက်မုတ်ကိုရောက်လာ တယ်ဆိုရင်ပဲ အမေကမရောက်တာကြာလှ ပြီဖြစ်တဲ့ရွေတိဂုံဘုရားကြီး
ကိုလက်အုပ်တစ်ချီချီ နဲ့ ကိုကျော်ကြားက အရီးအပေါ်ရောက်ရင်စိတ်အေး လက်အေးသာဖူး ဒီနေ့လမ်းကြောင်းကနောက်ကျ
မယ်ပြောတယ်။
လမ်းကြောင်းဆိုတာ ကိုနားမလည်ပေမဲ့မိအေး မမေးတော့ပါဘူး ဓါတ်လှေခါးနဲ့ တက်ခဲ့တယ်ဆို ရင်ပြင်တော်
ပေါ်ခဏလေး ရောက်လာတယ်။
ရွှေရောင်ဝင်းဝါနေတဲ့ ဘုရားကြီးကိုတွေ့တော့ ဟန်မဆောင်နိုင်လောက်အောင် သုံးယောက်တိုင်ပင်မထားပဲ ဦးချ
ကြတယ်ကိုကျော်ကြားကတော့ သူ့ပုံစံသူ့အရွယ်တွေနဲ့စကား ရပ်ပြောနေတယ် ရှစ်ခိုးနေတဲ့မိအေးတို့သုံး ယောက်ကိုလဲလက်
ညိုးထိုးပြီး ဘာတွေပြောမှန်းတော့ အတော်လှမ်းတော့ မိအေးလဲကွဲကွဲပြားပြားမသိတော့ဘူး။
ပြီးတော့လူတစ်ယောက်နဲ့ မိအေးတို့ကိုထားခဲ့တယ် အထပ်ထပ်မှာခဲ့တယ် စိတ်မပူဘို့မကြောက်ဘို့ ထမင်းစားချိန်
ထမင်းထုတ်လာဝေမယ်ဆိုတဲ့ အကြောင်း ဘုရားပေါ်ရောက်တယ်ဆိုထဲက ငြိမ်းချမ်းနေတဲ့ မိအေးတို့ သုံးယောက်မပူပါဘူးပျော်
တောင်ပျော်သေး မရောက်တာကြာပြီဖြစ်တဲ့ ဘုရားကြီးကို ငေးမောရင်းအလုပ်လုပ်ဘို့ လာတယ်ဆိုတာတောင်မေ့နေတယ်။
အဲဒီလူခေါ်လာတဲ့ သောကြာထောင့်ကတစ်စောင်းကြီးထဲမှာ မိအေးတို့လိုအဆင်တူအသွေးတူ တွေအများကြီး
မိအေးပြောချင်တာ မိအေးတို့လိုအခြေခံ လူတန်းစားမိသားစုတွေ အဟုတ်ပဲ လူကြီးလူငယ် ရွယ်စုံ နို့စို့ခလေးပါပါတယ်။
ပေတူးကတော့ ပျော်ချက်ကမ်းကုန်ပဲ သူလိုအရွယ်တွေရောပဲ နို့စို့နေတဲ့ခလေးငယ်လေးကို သူရောတစ်ထောင်
ရလားလို့ ပေတူးရယ်သွားမေးလို့ မိအေးခမြာကဗျာကရာ စကားလွဲရတယ်။
တစ်ကယ်ပါ တစ်နေကုန်ဒီအတိုင်းပဲ ခလေးတွေကလွဲလို့ လူကြီးတွေကို ဟိုသွားဒီသွားတာကြိုက်ပုံ မရလို့မိအေး
ကတော့မသွားပေါင်၊မိအေးကလွဲလို့ ကျန်တဲ့သူတွေက လာနေကြတွေလို့ ထင်တာပဲ။
နာရီပြန်နှစ်ချက်လောက်မှာတော့ ထမင်းထုပ်တွေဝေတယ် ဒံပေါက်ထုပ်တွေတွေ့တော့ ပေတူးစွေ့စွေ့ခုန်နေတာပဲ
မိအေးတို့တွေ သူ့အစုနဲ့သူစားကြတယ်။
လူကြီးတွေကလဲ နားနားနေနေ ပဲလှဲတဲ့သူလှဲ စကားပြောတဲ့သူပြော ပုံမှန်ပါပဲ ဘုရားဖူးတွေလဲစည်ကားလို့ အမေ
ကတော့ဒီလိုမှန်းသိ သူ့ပုတီးလေးယူခဲ့ပါတယ် ပဲတစ်ဖွဖွပြောနေတာနဲ့ အမေနဲ့ရွယ်တူအဒေါ်တစ်ယောက်က ပုတီးများအပုံကြိုက်
တာယူစိတ်လို့ရတယ် ပြီးရင်သူ့နေရာသူပြန်ထား ယုံပဲလို့လက်ညိုးထိုးပြရင်း ပြောတာနဲ့မိအေးယူပေးလိုက်တယ် ဆိုအမေကပုတီး
တစ်ဂျောက်ဂျောက် လုပ်တော့တာပဲ။
အမှန်အတိုင်းပြောရင် မိအေးပျင်းလာပြီ ဘုရားပေါ်လျှောက်ပတ် နေရရင်တော့တစ်မျိုးလေ အခုကဒီစောင်းတန်းထဲ
ထိုင်နေရတာကိုက တစ်နေကုန်တော့မှာလေ ဘာလို့မိအေးတို့လူမျိုးတွေ ဘုရားစောင်းတန်းထဲထည့် တစ်နေ့တစ်ထောင်ပေးရတာ
လဲ ဘုရားကြီးမှာလဲ ဘုရားဖူးတွေများအပြည့်ကို မိအေးတို့ကဘာလိုလို့လဲ အင်းမိအေးလဲမတွေး တတ်ပါဘူး။
ငေးငေးငိုင်ငိုင်နဲ့ မိအေးနားရွယ်တူကောင်မလေး နှစ်ယောက်လာနုတ်ဆက်တယ် တစ်ခါမှမတွေ့ဘူးဘူး ကိုကျော်ကြား
ညီမလားဆိုတဲ့ အမေးကို မိအေးခေါင်းငြိမ့် အဖြေပေးတယ်။
ရွယ်တူဆိုတော့ ခဏလေးရင်းနှီးမူ့ရကြ တော့တာပဲ မိအေးလဲတို့ဒီလိုပဲထိုင်နေရ မှာလားဘာမှမလုပ်ရဘူးလားလို့
မေးတယ်ဆိုရင် အဲဒီကောင်မလေးနှစ်ယောက်က လျှာတစ်လစ်ထုတ်ရင်း နင်မသိဘူးလားလမ်းကြောင်း ရှိလို့လာစောင့်နေပေးရ
တာလေတဲ့ လူကြီးတွေလာရင် တို့ကဘုရားဖူးတွေပေါ့ တစ်ချို့လူကြီးတွေက စောင်းတန်းတွေလျှောက်ကြည့်ရင် တို့ကရိုသေသမူ့
နဲ့ လက်အုပ်ချီပေးရမယ် အဆင်ပြေကြလား မေးခဲ့ရင် ပြေပါတယ် ဒါပဲပြောရတာလေ၊တစ်ခါတစ်လေ လာမယ်ဆိုပြီး မလာရင်
ထမင်းစားဘုရားဖူးပိုက်ဆံယူ ပြန်ယုံပဲ၊ ဒီတစ်နေရာထဲတော့ မဟုတ်ဘူး သူတို့ချပေးတဲ့နေရာ သွားရတာလို့ ရီရီမောမော ပြော
နေတဲ့ သူတို့ကိုငေးကြည့်ရင်း မိအေးရင်မှာ ဟာတာတာကြီး မိအေးတို့ဝင်ငွေနဲ့ ဘယ်လိုမှဝယ်မစားနိုင်တဲ့ ကြက်သားနဲ့ဒံပေါက်
မပင်မပမ်းရတဲ့ ငွေတစ်ထောင် ရွေတိဂုံဘုရားကြီးရဲ့ စိန်ဖူးတော်ကြီးကို လက်အုပ်ချီမော့ကြည့်ရင်း မိအေးမျက်ရည်တွေ အလိုလို
ကျလာတယ်။
ပျော်နေတဲ့ အပျော်တွေလဲရင် ထဲမှာပျောက်ဆုံးလို့ အမေမသိအောင် တိုးတိုးလေးရေရွတ်မိတယ်။ အတုမိအေး
ပြည်သူအတု ဘုရားဖူးအတု ဘုရားဖူးဘို့အဆင်ပြေလွန်းလို့ ဘုရားပေါ်မှာအေးချမ်းချမ်းလာထိုင် နေတာပါလို့ လူကြီးတွေကိုညာ
ရမှာတဲ့ မဟုတ်ဖူး မဟုတ်ဖူး မိအေးတို့သားအမိ သုံးယောက်စားစရာမရှိလို့ ပိုက်ဆံတစ်ထောင်ရမယ်ထမင်းကျွေး မယ်ဆိုလို့
လိုက်လာ ခဲ့တာမှားပြီ ဆိုတဲ့အသိက မိအေးရင်ကိုပူလောင်လာတယ်။
လိမ်စရာမရှိငါနဲ့ ရွေတိဂုံဘုရားကြီးပေါ်တက်ပြီး လိမ်ရတယ်လို့ ပုတီးတစ်ဂျောက်ဂျောက် နဲ့အာရုံပြုနေတဲ့ အမေကို
လှမ်းကြည့်ရင်း မိအေးအော်ဟစ်ငိုချင်လာတယ်။ဗိုက်ဝလို့ အပူအပင်ကင်းစွာရွယ်တူတွေနဲ့ ဆော့နေတဲ့ပေတူးလေး၊ မိအေးထိုင်နေ
တဲ့တန်စောင်းရှေ့ကနေဖြတ်လျှောက်သွားတဲ့ မိအေးနဲ့ရွယ်တူတွေ အပူအပင်ကင်းစွာနဲ့ သွားချင်ရာသွားနေတဲ့ ဘုရားဖူးပြည်သူတွေ
ကို မိအေးမျက်ဝန်းမှာ မူံ့ဝါးဝါးပဲတွေ့တော့တယ်။
မိအေးရဲ့အတွေးတွေကို အခုနကောင်မလေးနှစ်ယောက်အသံကလှန့်နိုးလိုက်တယ် မိအေးတို့ကံကောင်းတယ်ဟေ့ ဒီနေ့
အစောကြီးပြန်ရမှာ လမ်းကြောင်းပြောင်းသွားပြီတဲ့ ပျော်စရာကြီးဆိုတဲ့ အသံအောက်မှာ မိအေးတို့ဘုဖူးဟန်ဆောင်ထားတဲ့ အုပ်စု
လူပ်လူပ်ရွရွ ဖြစ်လာတယ်။ထမိန်ပြင် ၀တ်တဲ့သူဝတ် ရေဗူးထီးဘိနပ် ကောက်သိမ်းသူသိမ်း မိအေးအမေ့ကို တိုးတိုးလေးသွားပြော
တယ် အမေပြန်ကြရအောင် ဆိုတော့ အမေကပုတီးစိတ်တာ ရပ်ပြီးဦးချတယ်။
ကိုကျော်ကြားလဲ မတွေ့လမ်းစရိတ်လဲ မပါ မိအေးပထမဆုံးသတိရမိတာ ကိုချက်ကြီးကိုပဲ အားလုံးကသူခေါင်းဆောင်
နဲ့သူ အရီးအေးတင် မိအေးလို့ခေါ်သံကြား လို့လှည့်ကြည့်တော့ ကိုကျော်ကြား ပြန်လို့ရပြီ ဒီနေ့မလာဖြစ်တော့ဘူး ဆိုတဲ့အသံ
အောက်မှာမိအေးခေါင်းပေါ်က အထုပ်ကြီးလျောကြ သွားသလိုပေါ့ပါးသွားတယ်။
ကိုကျော်ကြားပေးတဲ့ ငွေသုံးထောင်ကိုယူပြီးတဲ့ နောက်မှာတော့ မိအေးတို့မပြန်သေးဘူး ဘုရားလှည့်ဖူးဦးမှာ ကို
ကျော်ကြားပြန်ရင်ပြန်လေ လို့မိအေးပြော တော့ သုံးယောက်စလုံးမိအေးကို တအံ့တသြကြည့်ကြတယ်။
ရတယ်လျောက်ကြည့်လေ ကိုကျော်ကြားအားပါတယ် ပြီးအတူပြန်ကြတာပေါ့ဆိုတဲ့ အသံအောက်မှာမိအေးနှစ်နှစ်
ခြိုက်ခြိုက်ပြုံးလိုက်ရင်း အားလုံးရဲ့ရှေ့ကနေ ဦးဆောင်ပြီးမိအေးထွက်ခဲ့တယ်။
လူတစ်ကိုယ်လုံးပေါ့ပါး ပြီးလွပ်လပ်တဲ့အရသာကအတော်ကိုကျေနပ်စရာကောင်းလွန်းတယ်၊အဆင်းလှေခါးတစ်ခုတွေ့တော့
မိအေးအားလုံးကို ဒီမှခဏစောင့်မိအေးပြန်တက်ခဲ့ မယ်လို့ပြောရင်း လှေခါးထစ်တွေတစ်လျောက် ပျော်ပျော်ကြီးကို
ပြေးဆင်းခဲ့တယ်။
ဝယ်ပါယူပါတစ်စာစာ အော်နေတဲ့ဈေးသည်တွေစီက
အမွေးတိုင်ဘုရားပန်း ဆီမီးတိုင် အောင်သပြေတွေဝယ် လှေခါးထစ်တွေတစ်လျှောက် မမောနိုင်အောင်ပြေးတက်လာ တဲ့ မိအေး
ကို ပေတူးကအမ အများကြီးပဲပိုက်ဆံတွေကုန်ပြီလား ဆိုတဲ့အမေးကို မပူနဲ့မောင်လေးလမ်းစရိတ်ချန်ထားတယ်လို့ပြောရင်း အမေ့ဘက်ကိုလှည့် ကိုကျော်ကြားရှေ့တင်ပဲ အမေနားလည်အောင် အမေ မိအေးတို့ကအခုဏအထိ ဘုရားဖူးအတုအမေ အခုအ
ချိန်ကစလို့ အမေရောသမီးရော မောင်လေးရော ပြည်သူအစစ် ဘုရားဖူးအစစ်ဖြစ်သွားပြီ အမေကြိုက်သလိုသွား ကြိုက်သလိုဖူး
ဘယ်သူက အမေ့ကိုမေးမေး အမေလိမ်ပြောစရာမလိုတော့ဘူး ရင်ထဲရှိတာပြောလို့ရပြီ၊အမေရင်ထဲက ကိုးကွယ်တဲ့သူလေးစားတဲ့
သူဘယ်သူ့ကို မဆို အမေလက်အုပ်ချီလို့ ရပြီ ဘယ်သူ့မှကြောက်ဖို့ မလိုတော့ဘူး ကိုကျော်ကြား မိအေးပြောတာ ဟုတ်တယ်နော်
လို့ စကားကိုအတည်ပြုတော့ မိအေးကိုကြည့်ရင်း အူကြောင်ကြောင်ခေါင်းငြိမ့် တယ်။
နားမလည်စွာယောင်နနဖြစ်နေတဲ့ ပေတူးလေးကို မောင်လေးရွေတိဂုံဘုရားကြီးကို လာရတာပျော်လားလို့ မေးတော့
ပျော်တယ်အမ နောက်လဲလာချင်တယ်လို့ဖြေတော့ မနက်ဖြန်ကိုကြီးချက်နဲ့ အလုပ်လိုက်လုပ်ရမယ် ပြီးရင်ပိုက်ဆံစုရမယ် ဘုရားဖူး
အစစ်ပြည်သူအစစ်တစ်ယောက် အဖြစ်သူများတွေနဲ့တန်းတူလာနိုင်ဘို့ တို့မောင်နှမတွေအများကြီးကျိုးစားရမယ် လို့ မိအေးပြောရင်း
ကိုကျော်ကြား မိအေးတို့အများကြီးကျေးဇူးတင်ပါတယ် ဒါပေမဲ့ မိအေး ပြည်သူအစစ်ပဲဖြစ်ချင်တယ်လို့ပြောတော့ ထုံပေပေမျက်နှာ
ပေးနဲ့ခေါင်းငြိမ့်ရင်း အရီးကျုပ်ပြန်နှင့်မယ်ဆိုပြီး ထွက်သွားလေရဲ့။

ညနေထမင်းစားဝိုင်းမှာတော့ အတွေးကိုစီနဲု့ငြိမ်သက်နေတယ် လမ်းထိပ်ခေါက်ဆွဲသုတ်ဆိုင်က ခေါက်ဆွဲသုတ်
နှစ်ပွဲကိုအကြွေးဝယ် ပန်းကန်ပြားထဲနယ်ဖတ်ပြီးထည့်ထားသလို ဟင်းခါးခွက်ကလဲအေးစက်စက် ကိုကြီးချက်ကခေါက်ဆွဲသုတ်ပန်း
ကန်ကိုကြည့်ရင်း မိအေးအဆင်မပြေဘူးလား ဆိုတဲ့ အမေးကို သားရေမိအေးကလဲနယ်နယ်ရရ မဟုတ်ဖူးကွဲ့ သခင်စိတ်ဓါတ်ပဲ
လို့ပြောတဲ့အမေ့ စကားသံအောက်မှာ သခင်ချက်ကြီးလက်နဲ့သခင်မိအေးလက် အေးစက်စက်ဟင်းခါးခွက်က ဇွန်းကိုပြိုင်တူ လက်စုံကိုင်မိတယ်ဆို သခင်စိတ်ဓါတ် ဆိုတာဘာလုပ်လုပ် အတူတူဖြစ်မယ်လို့ အရွန်းဖေါက်တဲ့ကိုကြီးချက်ကို အားလုံးကြည့်ရင်း
တစ်ဖက်ရပ်တဲလေးထဲက ရယ်မောသံတွေ ပေါ့ပါးစွာလွင့်ပျံ့လာတော့တယ်။

လေးစားစွာဖြင့်
မမ
မင်းနန္ဒ said...
တော်သေးတယ် မိအေးတို့ ဘုရားဖူးတွေကို ရေတွေနဲ့ပက်တဲ့ သန့်ရှင်းရေးအတုတွေမလုပ်ရလို့

June 13, 2009 8:42 PM

Mr Triple P said...
ဖတ်လို့ကောင်းတယ်... နောက်လဲရေး.. လာအားပေးမယ်... ဟဲဟဲ...
:D

June 13, 2009 10:18 PM

cho said...
အမျိုးသမီး အမျိုးသား မကွဲပြားလို့
ရှင်နဲ့ကျမလို့သုံးခွင့်ပြုပါ။
အမည် ရာထူး လက်ရှိအလုပ်အကိုင် အိုင်စီနံပတ်
ဆက်သွယ်ရန်ဖုန်းနံပတ် ပြောပါရှင်။

ဟားဟားဟား ။ တယ်ရယ်ရပါလား မမ ။ မမ ဘယ်သူလဲ ၊ ဘယ်မှာနေလဲ ၊ ဘာအလုပ်လုပ်သလဲ ၊ အိမ်ထောင်ရှိလား ၊ အပျိုလား ၊ အိုင်စီ နံပါတ် ၊ ဆက်သွယ်ရန် ဖုန်းနံပါတ် စတာတွေ ကျနော်မေးမိလို့လားဗျာ ။ အဲဒီတော့ မမ ကျနော့်ကိုမေးထားတဲ့ ဘယ်သူလဲ ၊ ဘယ်မှာနေလဲ ၊ ဘာအလုပ်လုပ်သလဲ ၊ အိမ်ထောင်ရှိလား ၊ အပျိုလား ၊ အိုင်စီ နံပါတ် ၊ ဆက်သွယ်ရန် ဖုန်းနံပါတ် ဒါတွေကို ကျနော်ပြောဖို့ မလိုဘူးလေ ။ ဟုတ်တယ်ဟုတ် ။


မမ ရဲ့ ဟဲဟဲ ခြံလိပ်စာလေး မေးတာ သက်သက်ပါ ။ ဒါလေးကို ဘာလို့ မပြောနိုင်ရတာလဲဗျာ ။ ဘာလဲ ။ မရှိတာကို အရှိလုပ်နေတဲ့ ခင်ဗျားရဲ့ စိတ်ကူးယဉ် အလိမ်ဇာတ်လမ်းလေးပေါ်သွားမှာ စိုးလို့လား ။ ဟဲဟဲ


ခြံလိပ်စာပြော
ရတာအပမ်းမကြီးပါဘူး။ရှိပါ့ရှင်လယ်မြေ၊ငါးမွေးမြူရေးကန်
စားပင်သီးပင်အစုံ၊တယ်လီဖုန်း ကောက်ရိတ်ချိန်ဆိုရွာနီး
ချူပ်စပ်ကလူတွေ အများကြီးကောက်လာစိုက်တာ
ကျောင်းဆရာလေးတောင်ပါခဲ့ပါတယ်။
အင်းဗျ ။ ဥက္ကံမှာ သေချာမေးမြန်းစုံစမ်းပြီးပါပြီ ။ ပြီးတော့ ဥက္ကံမှာ လည်း မေးမြန်းစုံစမ်းဖို့ ရိုက်သတ်လို့ မကုန်တဲ့ အမျိုးတွေလည်းရှိပါ့ ။ မမ အနေနဲ့ လိပ်စာအတိအကျမဟုတ်တောင် ခြံရှိတဲ့ရပ်ကွက်နံမည်လေး ပေးရင် တောင် ကိုယ်တိုင်သွားရောက်စုံစမ်းဖို့ 2 နာရီ မဝေးတဲ့ အရပ်ဒေသမှာ ကျနော်နေပါတယ် ။ ဟဲဟဲ ။


ကျမစာကိုလာဖတ်ပေးတဲ့ကျေးဇူးကို ကျမအသိ
အမှတ်ပြုမှာပါ။ ခင်ဗျား မဟုတ်တာတွေ ရေးနေတာကို ရယ်ချင်လို့ လာလာဖတ်နေတာပါဗျာ ။ ဟဲဟဲ ။

မဟုတ်တန်းတရားရေးဘို့စိတ်ကူးမရှိ
သလိုဝါသနာလဲမပါဘူး။
ဒါတော့ ကိုယ့်ဟာကိုယ် သိမှာပေါ့ မမရယ် ။ သိနေတဲ့ သူတချို့လည်း ရှိနေတယ်ဆိုတာ မမေ့နဲ့နော် ။ လုံလှပြီထင်မနေနဲ့ ။ ဟားဟား

မမလေ သိတယ်နော် ။
သိပါတယ်ဗျာ ။ အလိမ်ဆင်တွေကို ။ ဟဲဟဲ

ချိုယဉ်မင်း

June 16, 2009 12:29 PM

mama said...
ရော် ..ရှင့်နှယ် ဒေါသကြီးပဲကိုး
ရှင်ကမရှိဘူး မမလိမ်တယ်
ကျမက ရှိတယ် မမ မလိမ်ဘူး

အဲဒီနှစ်ခုရှင်းဘို့အတွက် အလွယ်လေးကို ဒုက္ခခံဒေါသ
ထွက်နေရတယ်လို့ ရှင့်ကို ဆက်သွယ်ဘို့ တစ်ခုပေး
ကျမကိုယ်တိုင်ကိုဖုန်းဆက်ပြီးပြောမယ်လို့ ဆိုတာ
လိမ်တယ်ဆိုရင် မမဘလောက်မှာလာထပ်ပြောလေရှင်
ကျမကို စာလာဖတ်တဲ့သူ အကုန်လုံးကသိနေတာကို
ရှင်က ဘယ်သူမှန်းမသိ လေးစားသမူ့နဲ့ ပြန်ဖြေပေးနေတာကို ဥက္ကံသားနဲ့ ထူပ
ကျမက မမ လေ
ရှင်က ဘယ်သူတုန်း ဒါပဲလေရှင်းနေတာကို

မမ

June 16, 2009 6:00 PM

mama said...
ရှင် ဘာရေးရေး ရှင်ဘာမေးမေး
ကျမပြန်ဖြေမှာမဟုတ်တော့ပါ။
ထင်ချင်သလိုထင်ပါ။
အရေမရအဖတ်မရတွေနဲ့ ဖွချင်သူတွေအတွက်
ကျမ မှာ အချိန်မရှိပါ။
တန်ဘိုးရှိစွာ အချိန်တွေကိုတစ်ခြားနေရာမှာ
အသုံးချသင့်ပါကြောင်း၊

မမ

June 16, 2009 7:38 PM

သခင်မျိုးဟေ့ ဒို့ဗမာ(သို့)သခင်ချက်ကြီး (အပိုင်း၂ )

အဲဗျာ အတွေးကလဲ တောင်ရောက်မြောက်ရောက် ခုနင်ကကျုပ်တွေးနေတာ ကျော်ကြီးအကြောင်းနော်။အင်း ဒီကောင်
အခုတစ်လော ဘာမဟုတ်တာလုပ်နေလဲ မသိလမ်းထဲမလဲ ဟိုလူမျက်နှာချိုသွေးဒီလူ့ မျက်နှာချိုသွေး နေတာတော့ တွေ့နေရဲ့ တစ်ရပ် တစ်ရွာလုံးကလဲ အူမချေးခါးသိနေတော့ ဒီကောင့်ကိုဘယ်သူမှ မယုံရဲဘူး။
လူတော့ခနထား ၀တ်စားဆင်ယှဉ်ပုံကတော့ ကျုပ်တို့လိုနှစ် ထည်တစ်ပိုင်း ရှိတဲ့သူတွေထဲမတော့ ဒီကောင်သုံးထည်လောက် ပိုလာတယ်ပြောရမှာပဲ။
မနက်လျှော်ညနေပြန်ဝတ်တဲ့ အဆင့်ကိုတော့ကျော်သွားတယ်ပြောရမှာပေါ့ နောက်ပြီး လမ်းထိပ်ကမုန့်ဟင်းခါး ရောင်းတဲ့ဒေါ်ညှက် ဆိုင်မှာမနက်တိုင်းထိုင် တာတွေ့လာရတယ်။
ဒီကောင်စားနိုင်လာတယ်ပေါ့ ဟိုနေ့ကလဲကျုပ်အလုပ်ပြန်လာချိန် လမ်းထိပ်က အညာသားသာလှကွမ်းရာဆိုင် မှာဒန်ပေါက်ထမင်း အလွန်တစ်ရာမှစားကောင်းကြောင်း ပြောနေတာကျုပ်ဖြတ်လာရင်း ကြားလိုက်သေးရဲ့။

တစ်နေ့နှစ်ထောင်ရဘို့ မသေချာတဲ့ပျံကျ လုပ်သမားတွေစုရာမှာ ဒီကောင်စွာကျယ် စွာကျယ် လုပ်နေတာကျုပ်စိတ် ထဲရှိတဲ့အတိုင်းပြော ရရင်သိပ်မဟုတ်တော့ဘူး။

အကြောင်းသိကျုပ်တို့ရွယ်တူ တွေကို ဒီကောင်မရောရဲပေမဲ့ နောက်ပေါက်နှစ်ဆယ်စွန်း ကာလသားတွေကို
တော့ဒီကောင်အလုပ် ပေးမယ်ဘာညာရွီးနေတယ်လို့ မိအေးမောင်ပေတူးကတော့ ပြောသား၊ အဲလေကျုပ်ကိုတောင် အခုနင်ကပြော
လိုက်သေးတာပဲ သက်တောင့်သက်သာ မပင်မပမ်း စားပြီးသောက်ပြီးနှစ်ထောင်ရမတဲ့၊ အင်းလေ ရိုးရိုးသားသား မခိုးမ၀ှက်သံသရာ
မပါတဲ့အလုပ်မျိုး ဆိုလို့ကတော့ ချက်ကြီးတို့ကလုပ်ပြီးသားပဲလေ။
ဒီကောင်ကိုအဖက်လုပ်စကား မပြောချင်ပေမဲ့ အမေရှေ့ရေး ကျုပ်ရှေ့ရေး ဖြတ်သန်းဘို့အတွက် ကမ္ဘာ့အဆင့်မှီပညာ (ခွိခွိ..မမရယ်သံချက်ကြီးအွန်လိုင်းမင်္ဂလာဆောင်ဖိတ်စာဖတ်ထားပုံရတယ်)ကျုပ်မတတ်ပေမဲ့ ကျုပ်မှာခွန်အားဗလနဲ့
ဝရိယအပြင် အမေပြောတဲ့ သခင်စိတ်ဓါတ် အပြည့်ရှိပါတယ်။
ပြောရင်းဆိုရင်း အန်တီလှတို့မြေကွက်ကို ရောက်ပြီကျုပ်ခွန်အားတွေ ကိုအသုံးချရင်း မြေပေါက်တဲ့အလုပ်
ကို မခိုမကပ်လုပ်ဦးမယ်ဗျာ အော်ချက်ကြီးလာပြီ လို့ အန်တီလှအော်လိုက်တဲ့ အသံက ကျုပ်စိတ်ထဲကို သခင်ချက်ကြီးလာပြီလို့
ကြားရင်း ချေလှမ်းတွေ မြောက်ကြွလာသလို ခွန်အားတွေတိုးပွါး လာလေရဲ့။
ပူပြင်းတဲ့နေရောင်အောင်မှာ အက်ကွဲနေတဲ့လယ်မြေ တွေကိုအန်တီလှတို့ ပေးတဲ့ပေါက်တူးနဲ့ ပေါက်ဘို့ပေါက်တူးကို စုံကိုင်ခေါင်းပေါ်ရောက်အောင်မြှောက်တင် လိုက်တယ်ဆိုရင်ပဲနေရောင် အောက်မှာကျုပ်ရဲ့ လက်မောင်း ကျောကုန်းတစ်လျှောက်က ကြွက်သားတွေ အဖုအထစ်နဲ့လက်လက်ထနေတော့တယ်။
ပေါက်တူးနဲ့ ပေါက်ပြီးသားတွေ ပေါက်ပြားနဲ့ တောင်းထဲကော် ထည့်နေတဲ့ချက်ကြီးအနား အန်တီလှလာရပ်ရင်း ချက်ကြီးအကူ တစ်ယောက်လောက်ရှာလာ ခဲ့ပါလား မြေသယ်ဘို့ ပေါ့ အလုပ်ပိုတွင်အောင်လေဆိုတဲ့ အသံဟာ ကျုပ်ရင်ထဲကို စိမ့်စမ်းရေ မျှစီးဝင်လာတယ် အန်တီလှ မိအေးနဲ့ပေတူး ကိုခေါ်လာခဲ့ရ မလား မိအေးလဲစက်ရုံပိတ်လို့ အလုပ်နားထားတယ် မြေသယ်တာလောက်တော့ သူတို့နှစ်ယောက်ခိုင်းလို့ ရလောက်ပါတယ် ဆိုတဲ့ချက်ကြီးအဖြေစကားကို အန်တီလှကကောင်းတယ် ကောင်းတယ် မနက်ဖြန်ခေါ်လာခဲ့ဆိုတဲ့ စကားသံဆုံးတော့ ချက်ကြီးလက်တွေ စည်းချက်ချချ ပေါက်တူးနဲ့မြေမာထိသံတွေရဲ့ အောက်မှာ မြေကြီးတွေက ဖွါကနဲ ဖွါကနဲ။

အလုပ်သိမ်းပြီးပြန်လာတဲ့ ချက်ကြီးခါတိုင်းနဲ့မတူ အောင်ကိုစိတ်ဓါတ်တွေ တက်ကြွလွန်းနေတယ် ဖြတ်ပြန်လာတဲ့ညနေဈေး ကနေငါးသလောက်ပေါင်းပြီးသားတွေ ဒန်အိုးကြီးနဲ့ရောင်းနေတာ တွေ့လို့ ငါးရာဘိုး၊ ဆန်မကောင်းမဆိုးတစ်ပြည်က ရှစ်ရာ၊ ကြိုထားပြီးသား ငါးပိရည်ကြိုနဲ့တို့စရာအစုံက သုံးရာဘိုး ၊ထမင်းအိုးတည်ဘို့ မီးသွေးက နှစ်ရာဘိုး၊ ထမင်းစားပြီး အချိုတဲဘို့ လ္ဘက်ရေချို ပါဆယ်တစ်ခွက် နှစ်ရာ့ငါးဆယ်၊ ထွန်းရွှေဝါ တစ်ဗူး ၊ပါရာစီတစ်မော့တစ်ကဒ်
ဝယ်ပြီးတယ်ဆို ချက်ကြီးရင်တွေ ပေါ့ပါးပျော်ရွင်လာတယ်။
လက်ထဲမှာကျန်တဲ့ ငွေသားသုံးရာကမပြည့်တစ်ပြည့် မပူပါဘူး မနက်ဖြန်ဆို မိအေးရောပေတူးရောအလုပ်ရပြီလေ လောလောဆယ် နှစ်အိမ်ထောင်စား ဘို့အတွက်မပူရတော့ ဘူးပေါ့။
ကျုပ်လမ်းထဲကို ၀င်လာတယ်ဆိုရင်ပဲ ဆော့နေရာကနေ ပေးတူးပြေးလာပြီးအထုတ် တွေကူဆွဲတယ် ကိုကြီး
အများကြီးဘာတွေ ၀ယ်လာလဲလို့ အမေးကို အိမ်ရောက်တော့သိမှာပေါ့ မိအေးတို့သားအမိကို လှမ်းအသံပြု လိုက်ရင်းတဲထဲခေါင်း ငုံ
ဝင်လိုက်တယ်ဆို သောက်ရေတစ်ခွက် ကမ်းပေးရင်း များလှချည့်သားကြီး ရဲ့ ဆိုတဲ့အမေ့ကို အားရပါးရပြုံးပြရင်း အမေစားဘို့ပေါ့
အမေရယ် ဆိုတဲ့အသံကိုအမေကျေနပ် သွားပုံရတယ်။
မိအေးနဲ့သူ့ အမေရောက်လာတော့ ဆန်ထုပ်နဲ့မီးသွေးထုပ်ကို လှမ်းပေးရင်းအားလုံးအတွက် ထမင်းချက်လိုက် ဟင်းက၀ယ်လာပြီးသား ကျက်ရင်အတူစားကြတာပေါ့ အရီးအချိုတဲဘို့လ္ဘက်ရည် လို့ကျုပ်ပြောရင်းရေလဲပိုင်းယူ
ရေချိုးဘို့ပြင်တော့တယ်။
မိအေးကထမင်းချက် အရီးနဲ့အမေက စားပွဲဝိုင်းမပါတဲ့ ထမင်းဝိုင်းကို ပြင်နေလေရဲ့ ရေချိုးပြီးပေတူးနဲ့ကျုပ် မိအေးတို့ထမင်းစား အခေါ်ကို စောင့်ရင်း ပေတူးအလုပ်လုပ် မလားလို့ကျုပ်မေးတော့ ကိုကြီးကျုပ်လုပ်ချင်တယ် အမေနဲ့အမ မှာပိုက်ဆံမရှိဘူး ဒီနေ့ကိုကြီးကျွေးလို့ ထမင်းစားရမှာဆိုတဲ့ ဆယ့်နှစ်နှစ် အရွယ်ပေတူးအသံက ကျုပ်နှလုံးသားတွေကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သလိုပဲ။
သားရေစားကြမယ်လို့ အမေခေါ်သံအဆုံးတော့ပေတူးက ဂျွမ်းပစ်ပြီးမသွားယုံတစ်မယ် ဗျာ အငွေ့တစ်ထောင်း
ထောင်းထနေတဲ့ ထမင်းကိုအေးအောင်မစောင့်ပဲ အနားကမြေအင်တုံက လက်ဆေးရေးခွက်ထဲ လက်ကို ဘယ်ညာရမ်းခါလိုက်
ပြီးထမင်းပူပူ ထဲလက်နှစ်လိုက်ပြီးဗြုန်းကနဲလက် ပြန်နုတ်ရင်းအမပူတယ်ဗျာ့လို့ အော်တဲ့ပေတူးကို ကြည့်ပြီး အမေနဲ့အရီးက ပါးစပ်ထဲက ထမင်းသီးတဲ့အထိရယ်ကြတယ်။
မိအေးကတော့သူ့မောင်ငယ်လေး ကိုသနားကြင်နာတဲ့ အကြည့်နဲ့ငေးရင်း ထမင်းပုဂံ ဘယ်မှာ့မပြေးပါဘူးငါ့မောင်ရယ်လို့ မပွင့်တစ်ပွင့်ပြောတယ်။
ကျုပ်တို့ဝိုင်းထိုင်နေတဲ့ အလယ်မှာငါးပိရည် တို့စရာအစုံ ချထားရင်းထမင်းပေါ်မှာ ညီတူညီမျှပုံထားတဲ့ ငါးသလောက်တုံးကို ဖဲ့ရင်းအရီးကအရိုးစူးမယ် ကောင်လေးဖြေးဖြေးလို့ ပြောတော့ ကျုပ်တို့ရီကြပြန်တယ် မိအေးကအမေအရိုးနူး
အောင်ပေါင်းထားတာ ရဲရဲသာစားလို့ခပ်ပြုံးပြုံးပြောတယ်။
ထမင်းစားပြီးတဲ့ နောက်မှာတော့ကျုပ်ဝယ် လာတဲ့လ္ဘက်ရည်ချိုကို ရေနွေးဖြူရောပြီးမိအေးကတစ်ယောက်
တစ်ခွက်စီလာချပေးတယ် လက္ဘက်ရည်ချိုကို အစာပိတ်ကျိုက်ချလိုက်တဲ့ကျုပ် ကိုကြီးချက် မိအေးအလုပ်ရပြီတော့ ဆိုတဲ့အသံကကျုပ်ကို တအံ့တသြဖြစ်စေတာပဲ ဘယ်မှာရတာတုန်းဆိုတဲ့ ကျူပ်ရဲ့အလောတစ်ကြီးအမေးကို ကိုကျော်ကြားစီမှာ
လို့ ဖြေတဲ့ မိအေးကို ကိုကျော်ကြားလို့ ကျုပ်သံရောင်လိုက်ရင်း ဘယ်ကတုန်းဆိုတော့ ပေတူးကကိုကြီးကလဲ ကိုကျော်ကြီးကို
ပြောတာ လို့ ၀င်ဖြေတာကြောင့် ကျုပ်တစ်ကိုယ်လုံး မတ်ခနဲတစ်ချက်ဖြစ်သွားရင်း လူမိုက်ကျော်ကြီး ကျုပ်မေ့နေတဲ့ ဒီကောင်နံမည် အဟုတ်ပဲ ကျော်ကြား ငယ်ငယ်ကအတန်းပိုင် ဆရာမ မကြာခဏ ပြောဘူးတယ် နင့်မလဲမကောင်းတဲ့နေရာ ကျော်ကြားလှချည့်ရဲ့ နင့်အမေကို နံမည်ပြောင်းခိုင်းရမယ်လို့လေ

ဆက်ရန်
Aung San said...
ကောင်းခန်းရောက်တော့မယ်ထင်တယ်။ မိအေးတော့ေ၇ွှတိဂုံဘုရားပေါ် တံမြက်စည်းလှဲတဲ့ အဖွဲ့ထဲပါမလား။ စည်ပင်အတုအဖွဲ့ထဲပါမလားမသိဘူး။

June 6, 2009 11:15 PM

Crazymonkey666 said...
:)

June 8, 2009 6:48 PM

Mr Triple P said...
မြန်မြန်ဆက်ပါဗျို့....

June 8, 2009 11:02 PM

mama said...
Mae တစ်ယောက်လို ဗျို့  မရဘူး
မမ တို့က အတိအကျပဲ လူမဆုံရင်
မတင်ဘူး ခွိခွိ အဲဒါသိလား
ရစ်တာလို့ခေါ်တယ် ကျမရစ်စရာ ရှင်တို့သုံးယောက်
ပဲရှိပါတယ်။

ချစ်ခင်စွာဖြင့်

မမ

June 8, 2009 11:30 PM

Mr Triple P said...
ဟွန်း... သက်သက် လူလည်ကျပြီး ရစ်တယ်... ရေးပြီးသား ရှိနေတာကို မတင်ဘူး
:(

June 10, 2009 1:32 PM

mama said...
ခွိခွိ မမလေ သိတယ်နော်
အပေအတေပါဆို
ဟားဟားဟား

ချစ်ခင်စွာဖြင့်
မမ

June 10, 2009 2:37 PM

Mr Triple P said...
ဒီအပေအတေ မမနဲ့တော့... လေတယ်... ဟွန်း...
နောက်လာမဖတ်ပဲ နေလိုက်မှာနော်...

:P

June 12, 2009 1:07 AM

cho said...
မမ ခင်ဗျား

မမ ကို ကျနော့် အနေနဲ့ မေးစရာလေးတွေ ရှိနေပါတယ် ။ အခုလောလောဆယ်တော့ တခုလောက်ပါပဲ ။ နောက်များတော့ အလျဥ်းသင့်ရင်သင့်သလို ဆက်ပြီးသိချင်တာလေးတွေ မေးမြန်းပါ့မယ် ။
အခု မေးချင်တာက မမပြောတဲ့ ဥက္ကံက မမတို့ ဦးလေးရဲ့ စားပင်သီးပင်အစုံနဲ့ ငါးကန်တွေပါရှိတဲ့ ဥယျာဉ်ခြံကျယ်ကြီးကိစ္စပါပဲ ။ ဥက္ကံမှာ မမ ပြောသလို ဥယျာဉ်ခြံကျယ်ကြိးတခု ရှိပါတယ် ။ လှဥယျဉ်လို့ အမည်ရပါတယ် ။ လောလောဆယ် အဲဒီ ခြံကျယ်ကြီးမှာ ဘာတွေ လုပ်နေကြတယ်ဆိုတာတော့ မမ သိချင်သိမှာပေါ့လေ ။ ဒါပေမယ့် မထင်မိပါဘူး ။ တခုရှိတာက ဥက္ကံမှာ ဥယျာဉ်ခြံကျယ်ကြီးဆိုလို့ တခုပဲရှိပါတယ် ။ အခု ဆို တခုပါပဲ ။ ဥက္ကံ အထွက်မှာပါ ။ ဒါပေမယ့် ခြံကျယ်တာမှန်ပေမယ့် စားပင်သီးပင်လည်း စုံစုံလင်လင်မရှိ ၊ ငါးကန်တဲ့ တူတာ ဆိုလို့လည်း အလှမွေးငါးကန်တောင် မရှိပါဘူး ။ ဥယျဉ်ခြံကျယ်ကြီးဆိုလို့လည်း ဥက္ကံ တမြို့လုံးနဲ့ ဥက္ကံ အနီးအနား တ၀ိုက်မှာ လှဥယျာဉ်ခြံ တခြံက လွဲလို့ မမ ပြောသလို ခြံကျယ်ကြီးမျိုး လုံးဝ လုံးဝ မရှိကြောင်းသိရတဲ့ အတွက် ၊ ပြီးတော့ လှဥယျဉ်ကလည်း မမ ဥိးလေးခြံ ဟုတ်မဟုတ် သိချင်တဲ့ အတွက် ၊ ဖြစ်နိုင်၇င် မမ ဦးလေးရဲ့ ခြံကျယ်ကြီးလိပ်စာ ကို သိချင်ပါတယ် ခင်ဗျား....


အကျိုးအကြောင်း သိပ်နောက်မကျပဲ ကွန်မန့်ပြန်စေချင်ပါတယ် ။

ချိုယဉ်မင်း

June 13, 2009 3:50 PM

mama said...
အရင်ကလဲတစ်ယောက်မေးဘူးပါတယ်။လုံးဝမဟုတ်ပါဘူး
ခြံကိုအမည်လဲပေးမထားပါဘူး၊စီးပွါးရေးလဲမလုပ်ပါဘူး
ကိုပိုင်ခြံပါပဲ။ခြံထဲမှာသီးပင်စားပင်အစုံဝါသနာအရစိုက်ပျိုး
ထားရုံပါ၊ငါးမွေးမြူရေးကန်ရှိတယ်၊လယ်မြေရှိတယ်၊စိန်တ
လုံးသရက်တွေစိုက်ပျိုးထားတယ်၊အမျိုးကလွဲလို့ဘယ်သူမှ
အ၀င်အထွက်မရှိပါဘူး၊စပါးစိုက်ချိန်တော့ရွာနီးချုပ်စပ်က
လူတွေလာပါတယ်၊
လိပ်စာအတိအကျဘာအတွက်သိချင်ပါသလဲ မလိုအပ်လို့
မရေးတာလေလူခံရှိရင်မေးကြည့်ပေါ့ရှင့်
မမ

June 14, 2009 3:04 PM

cho said...
အရင်ကလဲတစ်ယောက်မေးဘူးပါတယ်။လုံးဝမဟုတ်ပါဘူး ။

မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ မမရယ် ။။ လုံးဝတွေဘာတွေ ထည်နေတော ...ဟဲဟဲ

ခြံကိုအမည်လဲပေးမထားပါဘူး၊စီးပွါးရေးလဲမလုပ်ပါဘူး
ကိုပိုင်ခြံပါပဲ။

ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ ။ခြံထဲမှာသီးပင်စားပင်အစုံဝါသနာအရစိုက်ပျိုး
ထားရုံပါ၊ငါးမွေးမြူရေးကန်ရှိတယ်၊လယ်မြေရှိတယ်၊စိန်တ
လုံးသရက်တွေစိုက်ပျိုးထားတယ်၊အမျိုးကလွဲလို့ဘယ်သူမှ
အ၀င်အထွက်မရှိပါဘူး၊စပါးစိုက်ချိန်တော့ရွာနီးချုပ်စပ်က
လူတွေလာပါတယ်၊
`ပြောတော့လည်း မင်းပါပဲ ပေါ့ဗျာ ။။ အဲသလိုမျိုးခြံ ဥက္ကံမှာ လုံးဝ မရှိဘူးဆိုတာ သေချာတဲ့ အတွက် ဆက်သွယ်မေးမြန်းတာပါ ။ ရွာနီးချုပ်စပ်က လူတွေကလည်း လုံးဝ မရှိပါဘူးတဲ့ ခင်ဗျာ ။


လိပ်စာအတိအကျဘာအတွက်သိချင်ပါသလဲ မလိုအပ်လို့
မရေးတာလေလူခံရှိရင်မေးကြည့်ပေါ့ရှင့်

လိပ်စာ အတိအကျကတော့ မှန်တာပြောရရင် မမ ရေးတာပြောတာတွေ မဟုတ်မှန်းသိနေတဲ့ အတွက် ဖြီးလုံးတွေကို ရယ်ရ လိုမေးတာပါ ။ ကိုယ်မှန်တယ်ထင်၇င် ပြောရဲ ရမှာပေါ့ဗျာ ။ ဟုတ်တယ်မလား ။ လူခံ ဆိုလို အမျိုးတွေက ဥက္ကံမှာရိုက်သတ်လို့ မကုန်အောင်ရှိပါ့ဗျား ။ ကျနော့် လိပ်စာသိချင်လည်း ပြောပါ့မယ်။ မမ ဦးလေးခြံလိပ်စာလေးလည်းပြောပေါ့ဗျာ ။ တကယ်လို ကျနော် အမှတ်မှားတာ ဆိုလည်း အလည်အပတ်သဘောသွားရတာပေါ့ဗျာ ။ မမ ဆိုတဲ သူတယောက် အွန်လိုင်းမှာ ဦးလေးတို ခြံအကြော င်းထည်ရေးတာ သိပ်သာယာတယ်ဆိုတာနဲလာလည်တာပါ ဆိုပြီး သွားလည်ရတာပေါ့ဗျာ ။ ဟုတိဖူးလား ။ လွန်တာရှိရင် ခွင့်လွှတ်နော် ။ ဟဲဟဲ

June 14, 2009 5:00 PM

mama said...
ချိုယဉ်မင်း

အမျိုးသမီး အမျိုးသား မကွဲပြားလို့
ရှင်နဲ့ကျမလို့သုံးခွင့်ပြုပါ။
အမည် ရာထူး လက်ရှိအလုပ်အကိုင် အိုင်စီနံပတ်
ဆက်သွယ်ရန်ဖုန်းနံပတ် ပြောပါရှင်။ခြံလိပ်စာပြော
ရတာအပမ်းမကြီးပါဘူး။ရှိပါ့ရှင်လယ်မြေ၊ငါးမွေးမြူရေးကန်
စားပင်သီးပင်အစုံ၊တယ်လီဖုန်း ကောက်ရိတ်ချိန်ဆိုရွာနီး
ချူပ်စပ်ကလူတွေ အများကြီးကောက်လာစိုက်တာ
ကျောင်းဆရာလေးတောင်ပါခဲ့ပါတယ်။
ကျမစာကိုလာဖတ်ပေးတဲ့ကျေးဇူးကို ကျမအသိ
အမှတ်ပြုမှာပါ။မဟုတ်တန်းတရားရေးဘို့စိတ်ကူးမရှိ
သလိုဝါသနာလဲမပါဘူး။မမလေ သိတယ်နော်

မမ

June 14, 2009 8:45 PM

မင်းနန္ဒ said...
မှားပေမယ့် အားကြီးနေသူတွေ မကြိုက်တဲ့ အမှန်တရားတွေကို နိုင်သလောက်ပြောနေတဲ့သူ။ အဓမ္မ၀ါဒီတွေ မျက်စိစပါးမွှေးစူးခံနေရသူတွေကိုလာပြီး သန်းခေါင်စာရင်းစစ်သလို၊ မှတ်ပုံတင်လျှောက်လို့ လ၀က ရုံးကစစ်သလို ဟိုမေးဒီမေး လာမေးနေသူရေ၊ စိတ်ပေါ့သွပ်ပြီး ထိရှလွယ်သူသာ ဒါမျိုးကို ဘလော့မှာလူတွေကြားထဲ ဒါပဲဟဲ့ လို့ဖြေလိမ့်မယ်။ တကယ် ရိုးရိုးသားသားသိချင်ရင် ဆက်သွယ်လို့ရတဲ့ လိပ်စာနဲ့ အင်ဖော်မေးရှင်း၊ မိမိဘယ်သူဘယ်ဝါဆိုတာကို မမကိုအရင်ပြောလိုက်။ သူတိုက်ရိုက်ပြောလိမ့်မယ်။

June 15, 2009 12:57 AM

cho said...
မင်းနန္ဒဆိုတဲ့ ငတိလေး ။ မင်း မသိရင် အသာနေ ။ ၀င်အာမချောင်ပါနဲ့ကွာ ။ ဟုတ်ပြီလား ။

June 16, 2009 12:35 PM

Bonn Yan Thu said...
ကဲ.ကဲ

ကလေးတွေ တော်ကြတော့

အဲဒီ အုတ်ကန် (ဥက္ကံ) ကြီးလည်း ကွဲသွားရှာ ပါပီကွယ် :(

June 16, 2009 11:18 PM

mama said...
ဟားဟားဟားဟား

ပညာရှင် ဆိုတာအဲဒါပဲ ရီလိုက်ရတာ ကျမတစ်ကိုယ်လုံး
ပေါ့သွားတာပဲ။ဟုတ်တယ် အုတ်ကန်ကြီး ကွဲသွားပြီး

ဟားဟားဟားဟား

ကျေးဇူးတစ်သိန်းပါရှင်
မမ

June 16, 2009 11:27 PM
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner