အဲဗျာ အတွေးကလဲ တောင်ရောက်မြောက်ရောက် ခုနင်ကကျုပ်တွေးနေတာ ကျော်ကြီးအကြောင်းနော်။အင်း ဒီကောင်
အခုတစ်လော ဘာမဟုတ်တာလုပ်နေလဲ မသိလမ်းထဲမလဲ ဟိုလူမျက်နှာချိုသွေးဒီလူ့ မျက်နှာချိုသွေး နေတာတော့ တွေ့နေရဲ့ တစ်ရပ် တစ်ရွာလုံးကလဲ အူမချေးခါးသိနေတော့ ဒီကောင့်ကိုဘယ်သူမှ မယုံရဲဘူး။
လူတော့ခနထား ၀တ်စားဆင်ယှဉ်ပုံကတော့ ကျုပ်တို့လိုနှစ် ထည်တစ်ပိုင်း ရှိတဲ့သူတွေထဲမတော့ ဒီကောင်သုံးထည်လောက် ပိုလာတယ်ပြောရမှာပဲ။
မနက်လျှော်ညနေပြန်ဝတ်တဲ့ အဆင့်ကိုတော့ကျော်သွားတယ်ပြောရမှာပေါ့ နောက်ပြီး လမ်းထိပ်ကမုန့်ဟင်းခါး ရောင်းတဲ့ဒေါ်ညှက် ဆိုင်မှာမနက်တိုင်းထိုင် တာတွေ့လာရတယ်။
ဒီကောင်စားနိုင်လာတယ်ပေါ့ ဟိုနေ့ကလဲကျုပ်အလုပ်ပြန်လာချိန် လမ်းထိပ်က အညာသားသာလှကွမ်းရာဆိုင် မှာဒန်ပေါက်ထမင်း အလွန်တစ်ရာမှစားကောင်းကြောင်း ပြောနေတာကျုပ်ဖြတ်လာရင်း ကြားလိုက်သေးရဲ့။
တစ်နေ့နှစ်ထောင်ရဘို့ မသေချာတဲ့ပျံကျ လုပ်သမားတွေစုရာမှာ ဒီကောင်စွာကျယ် စွာကျယ် လုပ်နေတာကျုပ်စိတ် ထဲရှိတဲ့အတိုင်းပြော ရရင်သိပ်မဟုတ်တော့ဘူး။
အကြောင်းသိကျုပ်တို့ရွယ်တူ တွေကို ဒီကောင်မရောရဲပေမဲ့ နောက်ပေါက်နှစ်ဆယ်စွန်း ကာလသားတွေကို
တော့ဒီကောင်အလုပ် ပေးမယ်ဘာညာရွီးနေတယ်လို့ မိအေးမောင်ပေတူးကတော့ ပြောသား၊ အဲလေကျုပ်ကိုတောင် အခုနင်ကပြော
လိုက်သေးတာပဲ သက်တောင့်သက်သာ မပင်မပမ်း စားပြီးသောက်ပြီးနှစ်ထောင်ရမတဲ့၊ အင်းလေ ရိုးရိုးသားသား မခိုးမ၀ှက်သံသရာ
မပါတဲ့အလုပ်မျိုး ဆိုလို့ကတော့ ချက်ကြီးတို့ကလုပ်ပြီးသားပဲလေ။
ဒီကောင်ကိုအဖက်လုပ်စကား မပြောချင်ပေမဲ့ အမေရှေ့ရေး ကျုပ်ရှေ့ရေး ဖြတ်သန်းဘို့အတွက် ကမ္ဘာ့အဆင့်မှီပညာ (ခွိခွိ..မမရယ်သံချက်ကြီးအွန်လိုင်းမင်္ဂလာဆောင်ဖိတ်စာဖတ်ထားပုံရတယ်)ကျုပ်မတတ်ပေမဲ့ ကျုပ်မှာခွန်အားဗလနဲ့
ဝရိယအပြင် အမေပြောတဲ့ သခင်စိတ်ဓါတ် အပြည့်ရှိပါတယ်။
ပြောရင်းဆိုရင်း အန်တီလှတို့မြေကွက်ကို ရောက်ပြီကျုပ်ခွန်အားတွေ ကိုအသုံးချရင်း မြေပေါက်တဲ့အလုပ်
ကို မခိုမကပ်လုပ်ဦးမယ်ဗျာ အော်ချက်ကြီးလာပြီ လို့ အန်တီလှအော်လိုက်တဲ့ အသံက ကျုပ်စိတ်ထဲကို သခင်ချက်ကြီးလာပြီလို့
ကြားရင်း ချေလှမ်းတွေ မြောက်ကြွလာသလို ခွန်အားတွေတိုးပွါး လာလေရဲ့။
ပူပြင်းတဲ့နေရောင်အောင်မှာ အက်ကွဲနေတဲ့လယ်မြေ တွေကိုအန်တီလှတို့ ပေးတဲ့ပေါက်တူးနဲ့ ပေါက်ဘို့ပေါက်တူးကို စုံကိုင်ခေါင်းပေါ်ရောက်အောင်မြှောက်တင် လိုက်တယ်ဆိုရင်ပဲနေရောင် အောက်မှာကျုပ်ရဲ့ လက်မောင်း ကျောကုန်းတစ်လျှောက်က ကြွက်သားတွေ အဖုအထစ်နဲ့လက်လက်ထနေတော့တယ်။
ပေါက်တူးနဲ့ ပေါက်ပြီးသားတွေ ပေါက်ပြားနဲ့ တောင်းထဲကော် ထည့်နေတဲ့ချက်ကြီးအနား အန်တီလှလာရပ်ရင်း ချက်ကြီးအကူ တစ်ယောက်လောက်ရှာလာ ခဲ့ပါလား မြေသယ်ဘို့ ပေါ့ အလုပ်ပိုတွင်အောင်လေဆိုတဲ့ အသံဟာ ကျုပ်ရင်ထဲကို စိမ့်စမ်းရေ မျှစီးဝင်လာတယ် အန်တီလှ မိအေးနဲ့ပေတူး ကိုခေါ်လာခဲ့ရ မလား မိအေးလဲစက်ရုံပိတ်လို့ အလုပ်နားထားတယ် မြေသယ်တာလောက်တော့ သူတို့နှစ်ယောက်ခိုင်းလို့ ရလောက်ပါတယ် ဆိုတဲ့ချက်ကြီးအဖြေစကားကို အန်တီလှကကောင်းတယ် ကောင်းတယ် မနက်ဖြန်ခေါ်လာခဲ့ဆိုတဲ့ စကားသံဆုံးတော့ ချက်ကြီးလက်တွေ စည်းချက်ချချ ပေါက်တူးနဲ့မြေမာထိသံတွေရဲ့ အောက်မှာ မြေကြီးတွေက ဖွါကနဲ ဖွါကနဲ။
အလုပ်သိမ်းပြီးပြန်လာတဲ့ ချက်ကြီးခါတိုင်းနဲ့မတူ အောင်ကိုစိတ်ဓါတ်တွေ တက်ကြွလွန်းနေတယ် ဖြတ်ပြန်လာတဲ့ညနေဈေး ကနေငါးသလောက်ပေါင်းပြီးသားတွေ ဒန်အိုးကြီးနဲ့ရောင်းနေတာ တွေ့လို့ ငါးရာဘိုး၊ ဆန်မကောင်းမဆိုးတစ်ပြည်က ရှစ်ရာ၊ ကြိုထားပြီးသား ငါးပိရည်ကြိုနဲ့တို့စရာအစုံက သုံးရာဘိုး ၊ထမင်းအိုးတည်ဘို့ မီးသွေးက နှစ်ရာဘိုး၊ ထမင်းစားပြီး အချိုတဲဘို့ လ္ဘက်ရေချို ပါဆယ်တစ်ခွက် နှစ်ရာ့ငါးဆယ်၊ ထွန်းရွှေဝါ တစ်ဗူး ၊ပါရာစီတစ်မော့တစ်ကဒ်
ဝယ်ပြီးတယ်ဆို ချက်ကြီးရင်တွေ ပေါ့ပါးပျော်ရွင်လာတယ်။
လက်ထဲမှာကျန်တဲ့ ငွေသားသုံးရာကမပြည့်တစ်ပြည့် မပူပါဘူး မနက်ဖြန်ဆို မိအေးရောပေတူးရောအလုပ်ရပြီလေ လောလောဆယ် နှစ်အိမ်ထောင်စား ဘို့အတွက်မပူရတော့ ဘူးပေါ့။
ကျုပ်လမ်းထဲကို ၀င်လာတယ်ဆိုရင်ပဲ ဆော့နေရာကနေ ပေးတူးပြေးလာပြီးအထုတ် တွေကူဆွဲတယ် ကိုကြီး
အများကြီးဘာတွေ ၀ယ်လာလဲလို့ အမေးကို အိမ်ရောက်တော့သိမှာပေါ့ မိအေးတို့သားအမိကို လှမ်းအသံပြု လိုက်ရင်းတဲထဲခေါင်း ငုံ
ဝင်လိုက်တယ်ဆို သောက်ရေတစ်ခွက် ကမ်းပေးရင်း များလှချည့်သားကြီး ရဲ့ ဆိုတဲ့အမေ့ကို အားရပါးရပြုံးပြရင်း အမေစားဘို့ပေါ့
အမေရယ် ဆိုတဲ့အသံကိုအမေကျေနပ် သွားပုံရတယ်။
မိအေးနဲ့သူ့ အမေရောက်လာတော့ ဆန်ထုပ်နဲ့မီးသွေးထုပ်ကို လှမ်းပေးရင်းအားလုံးအတွက် ထမင်းချက်လိုက် ဟင်းက၀ယ်လာပြီးသား ကျက်ရင်အတူစားကြတာပေါ့ အရီးအချိုတဲဘို့လ္ဘက်ရည် လို့ကျုပ်ပြောရင်းရေလဲပိုင်းယူ
ရေချိုးဘို့ပြင်တော့တယ်။
မိအေးကထမင်းချက် အရီးနဲ့အမေက စားပွဲဝိုင်းမပါတဲ့ ထမင်းဝိုင်းကို ပြင်နေလေရဲ့ ရေချိုးပြီးပေတူးနဲ့ကျုပ် မိအေးတို့ထမင်းစား အခေါ်ကို စောင့်ရင်း ပေတူးအလုပ်လုပ် မလားလို့ကျုပ်မေးတော့ ကိုကြီးကျုပ်လုပ်ချင်တယ် အမေနဲ့အမ မှာပိုက်ဆံမရှိဘူး ဒီနေ့ကိုကြီးကျွေးလို့ ထမင်းစားရမှာဆိုတဲ့ ဆယ့်နှစ်နှစ် အရွယ်ပေတူးအသံက ကျုပ်နှလုံးသားတွေကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သလိုပဲ။
သားရေစားကြမယ်လို့ အမေခေါ်သံအဆုံးတော့ပေတူးက ဂျွမ်းပစ်ပြီးမသွားယုံတစ်မယ် ဗျာ အငွေ့တစ်ထောင်း
ထောင်းထနေတဲ့ ထမင်းကိုအေးအောင်မစောင့်ပဲ အနားကမြေအင်တုံက လက်ဆေးရေးခွက်ထဲ လက်ကို ဘယ်ညာရမ်းခါလိုက်
ပြီးထမင်းပူပူ ထဲလက်နှစ်လိုက်ပြီးဗြုန်းကနဲလက် ပြန်နုတ်ရင်းအမပူတယ်ဗျာ့လို့ အော်တဲ့ပေတူးကို ကြည့်ပြီး အမေနဲ့အရီးက ပါးစပ်ထဲက ထမင်းသီးတဲ့အထိရယ်ကြတယ်။
မိအေးကတော့သူ့မောင်ငယ်လေး ကိုသနားကြင်နာတဲ့ အကြည့်နဲ့ငေးရင်း ထမင်းပုဂံ ဘယ်မှာ့မပြေးပါဘူးငါ့မောင်ရယ်လို့ မပွင့်တစ်ပွင့်ပြောတယ်။
ကျုပ်တို့ဝိုင်းထိုင်နေတဲ့ အလယ်မှာငါးပိရည် တို့စရာအစုံ ချထားရင်းထမင်းပေါ်မှာ ညီတူညီမျှပုံထားတဲ့ ငါးသလောက်တုံးကို ဖဲ့ရင်းအရီးကအရိုးစူးမယ် ကောင်လေးဖြေးဖြေးလို့ ပြောတော့ ကျုပ်တို့ရီကြပြန်တယ် မိအေးကအမေအရိုးနူး
အောင်ပေါင်းထားတာ ရဲရဲသာစားလို့ခပ်ပြုံးပြုံးပြောတယ်။
ထမင်းစားပြီးတဲ့ နောက်မှာတော့ကျုပ်ဝယ် လာတဲ့လ္ဘက်ရည်ချိုကို ရေနွေးဖြူရောပြီးမိအေးကတစ်ယောက်
တစ်ခွက်စီလာချပေးတယ် လက္ဘက်ရည်ချိုကို အစာပိတ်ကျိုက်ချလိုက်တဲ့ကျုပ် ကိုကြီးချက် မိအေးအလုပ်ရပြီတော့ ဆိုတဲ့အသံကကျုပ်ကို တအံ့တသြဖြစ်စေတာပဲ ဘယ်မှာရတာတုန်းဆိုတဲ့ ကျူပ်ရဲ့အလောတစ်ကြီးအမေးကို ကိုကျော်ကြားစီမှာ
လို့ ဖြေတဲ့ မိအေးကို ကိုကျော်ကြားလို့ ကျုပ်သံရောင်လိုက်ရင်း ဘယ်ကတုန်းဆိုတော့ ပေတူးကကိုကြီးကလဲ ကိုကျော်ကြီးကို
ပြောတာ လို့ ၀င်ဖြေတာကြောင့် ကျုပ်တစ်ကိုယ်လုံး မတ်ခနဲတစ်ချက်ဖြစ်သွားရင်း လူမိုက်ကျော်ကြီး ကျုပ်မေ့နေတဲ့ ဒီကောင်နံမည် အဟုတ်ပဲ ကျော်ကြား ငယ်ငယ်ကအတန်းပိုင် ဆရာမ မကြာခဏ ပြောဘူးတယ် နင့်မလဲမကောင်းတဲ့နေရာ ကျော်ကြားလှချည့်ရဲ့ နင့်အမေကို နံမည်ပြောင်းခိုင်းရမယ်လို့လေ
ဆက်ရန်
Aung San said...
ကောင်းခန်းရောက်တော့မယ်ထင်တယ်။ မိအေးတော့ေ၇ွှတိဂုံဘုရားပေါ် တံမြက်စည်းလှဲတဲ့ အဖွဲ့ထဲပါမလား။ စည်ပင်အတုအဖွဲ့ထဲပါမလားမသိဘူး။
June 6, 2009 11:15 PM
Crazymonkey666 said...
:)
June 8, 2009 6:48 PM
Mr Triple P said...
မြန်မြန်ဆက်ပါဗျို့....
June 8, 2009 11:02 PM
mama said...
Mae တစ်ယောက်လို ဗျို့  မရဘူး
မမ တို့က အတိအကျပဲ လူမဆုံရင်
မတင်ဘူး ခွိခွိ အဲဒါသိလား
ရစ်တာလို့ခေါ်တယ် ကျမရစ်စရာ ရှင်တို့သုံးယောက်
ပဲရှိပါတယ်။
ချစ်ခင်စွာဖြင့်
မမ
June 8, 2009 11:30 PM
Mr Triple P said...
ဟွန်း... သက်သက် လူလည်ကျပြီး ရစ်တယ်... ရေးပြီးသား ရှိနေတာကို မတင်ဘူး
:(
June 10, 2009 1:32 PM
mama said...
ခွိခွိ မမလေ သိတယ်နော်
အပေအတေပါဆို
ဟားဟားဟား
ချစ်ခင်စွာဖြင့်
မမ
June 10, 2009 2:37 PM
Mr Triple P said...
ဒီအပေအတေ မမနဲ့တော့... လေတယ်... ဟွန်း...
နောက်လာမဖတ်ပဲ နေလိုက်မှာနော်...
:P
June 12, 2009 1:07 AM
cho said...
မမ ခင်ဗျား
မမ ကို ကျနော့် အနေနဲ့ မေးစရာလေးတွေ ရှိနေပါတယ် ။ အခုလောလောဆယ်တော့ တခုလောက်ပါပဲ ။ နောက်များတော့ အလျဥ်းသင့်ရင်သင့်သလို ဆက်ပြီးသိချင်တာလေးတွေ မေးမြန်းပါ့မယ် ။
အခု မေးချင်တာက မမပြောတဲ့ ဥက္ကံက မမတို့ ဦးလေးရဲ့ စားပင်သီးပင်အစုံနဲ့ ငါးကန်တွေပါရှိတဲ့ ဥယျာဉ်ခြံကျယ်ကြီးကိစ္စပါပဲ ။ ဥက္ကံမှာ မမ ပြောသလို ဥယျာဉ်ခြံကျယ်ကြိးတခု ရှိပါတယ် ။ လှဥယျဉ်လို့ အမည်ရပါတယ် ။ လောလောဆယ် အဲဒီ ခြံကျယ်ကြီးမှာ ဘာတွေ လုပ်နေကြတယ်ဆိုတာတော့ မမ သိချင်သိမှာပေါ့လေ ။ ဒါပေမယ့် မထင်မိပါဘူး ။ တခုရှိတာက ဥက္ကံမှာ ဥယျာဉ်ခြံကျယ်ကြီးဆိုလို့ တခုပဲရှိပါတယ် ။ အခု ဆို တခုပါပဲ ။ ဥက္ကံ အထွက်မှာပါ ။ ဒါပေမယ့် ခြံကျယ်တာမှန်ပေမယ့် စားပင်သီးပင်လည်း စုံစုံလင်လင်မရှိ ၊ ငါးကန်တဲ့ တူတာ ဆိုလို့လည်း အလှမွေးငါးကန်တောင် မရှိပါဘူး ။ ဥယျဉ်ခြံကျယ်ကြီးဆိုလို့လည်း ဥက္ကံ တမြို့လုံးနဲ့ ဥက္ကံ အနီးအနား တ၀ိုက်မှာ လှဥယျာဉ်ခြံ တခြံက လွဲလို့ မမ ပြောသလို ခြံကျယ်ကြီးမျိုး လုံးဝ လုံးဝ မရှိကြောင်းသိရတဲ့ အတွက် ၊ ပြီးတော့ လှဥယျဉ်ကလည်း မမ ဥိးလေးခြံ ဟုတ်မဟုတ် သိချင်တဲ့ အတွက် ၊ ဖြစ်နိုင်၇င် မမ ဦးလေးရဲ့ ခြံကျယ်ကြီးလိပ်စာ ကို သိချင်ပါတယ် ခင်ဗျား....
အကျိုးအကြောင်း သိပ်နောက်မကျပဲ ကွန်မန့်ပြန်စေချင်ပါတယ် ။
ချိုယဉ်မင်း
June 13, 2009 3:50 PM
mama said...
အရင်ကလဲတစ်ယောက်မေးဘူးပါတယ်။လုံးဝမဟုတ်ပါဘူး
ခြံကိုအမည်လဲပေးမထားပါဘူး၊စီးပွါးရေးလဲမလုပ်ပါဘူး
ကိုပိုင်ခြံပါပဲ။ခြံထဲမှာသီးပင်စားပင်အစုံဝါသနာအရစိုက်ပျိုး
ထားရုံပါ၊ငါးမွေးမြူရေးကန်ရှိတယ်၊လယ်မြေရှိတယ်၊စိန်တ
လုံးသရက်တွေစိုက်ပျိုးထားတယ်၊အမျိုးကလွဲလို့ဘယ်သူမှ
အ၀င်အထွက်မရှိပါဘူး၊စပါးစိုက်ချိန်တော့ရွာနီးချုပ်စပ်က
လူတွေလာပါတယ်၊
လိပ်စာအတိအကျဘာအတွက်သိချင်ပါသလဲ မလိုအပ်လို့
မရေးတာလေလူခံရှိရင်မေးကြည့်ပေါ့ရှင့်
မမ
June 14, 2009 3:04 PM
cho said...
အရင်ကလဲတစ်ယောက်မေးဘူးပါတယ်။လုံးဝမဟုတ်ပါဘူး ။
မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ မမရယ် ။။ လုံးဝတွေဘာတွေ ထည်နေတော ...ဟဲဟဲ
ခြံကိုအမည်လဲပေးမထားပါဘူး၊စီးပွါးရေးလဲမလုပ်ပါဘူး
ကိုပိုင်ခြံပါပဲ။
ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ ။ခြံထဲမှာသီးပင်စားပင်အစုံဝါသနာအရစိုက်ပျိုး
ထားရုံပါ၊ငါးမွေးမြူရေးကန်ရှိတယ်၊လယ်မြေရှိတယ်၊စိန်တ
လုံးသရက်တွေစိုက်ပျိုးထားတယ်၊အမျိုးကလွဲလို့ဘယ်သူမှ
အ၀င်အထွက်မရှိပါဘူး၊စပါးစိုက်ချိန်တော့ရွာနီးချုပ်စပ်က
လူတွေလာပါတယ်၊
`ပြောတော့လည်း မင်းပါပဲ ပေါ့ဗျာ ။။ အဲသလိုမျိုးခြံ ဥက္ကံမှာ လုံးဝ မရှိဘူးဆိုတာ သေချာတဲ့ အတွက် ဆက်သွယ်မေးမြန်းတာပါ ။ ရွာနီးချုပ်စပ်က လူတွေကလည်း လုံးဝ မရှိပါဘူးတဲ့ ခင်ဗျာ ။
လိပ်စာအတိအကျဘာအတွက်သိချင်ပါသလဲ မလိုအပ်လို့
မရေးတာလေလူခံရှိရင်မေးကြည့်ပေါ့ရှင့်
လိပ်စာ အတိအကျကတော့ မှန်တာပြောရရင် မမ ရေးတာပြောတာတွေ မဟုတ်မှန်းသိနေတဲ့ အတွက် ဖြီးလုံးတွေကို ရယ်ရ လိုမေးတာပါ ။ ကိုယ်မှန်တယ်ထင်၇င် ပြောရဲ ရမှာပေါ့ဗျာ ။ ဟုတ်တယ်မလား ။ လူခံ ဆိုလို အမျိုးတွေက ဥက္ကံမှာရိုက်သတ်လို့ မကုန်အောင်ရှိပါ့ဗျား ။ ကျနော့် လိပ်စာသိချင်လည်း ပြောပါ့မယ်။ မမ ဦးလေးခြံလိပ်စာလေးလည်းပြောပေါ့ဗျာ ။ တကယ်လို ကျနော် အမှတ်မှားတာ ဆိုလည်း အလည်အပတ်သဘောသွားရတာပေါ့ဗျာ ။ မမ ဆိုတဲ သူတယောက် အွန်လိုင်းမှာ ဦးလေးတို ခြံအကြော င်းထည်ရေးတာ သိပ်သာယာတယ်ဆိုတာနဲလာလည်တာပါ ဆိုပြီး သွားလည်ရတာပေါ့ဗျာ ။ ဟုတိဖူးလား ။ လွန်တာရှိရင် ခွင့်လွှတ်နော် ။ ဟဲဟဲ
June 14, 2009 5:00 PM
mama said...
ချိုယဉ်မင်း
အမျိုးသမီး အမျိုးသား မကွဲပြားလို့
ရှင်နဲ့ကျမလို့သုံးခွင့်ပြုပါ။
အမည် ရာထူး လက်ရှိအလုပ်အကိုင် အိုင်စီနံပတ်
ဆက်သွယ်ရန်ဖုန်းနံပတ် ပြောပါရှင်။ခြံလိပ်စာပြော
ရတာအပမ်းမကြီးပါဘူး။ရှိပါ့ရှင်လယ်မြေ၊ငါးမွေးမြူရေးကန်
စားပင်သီးပင်အစုံ၊တယ်လီဖုန်း ကောက်ရိတ်ချိန်ဆိုရွာနီး
ချူပ်စပ်ကလူတွေ အများကြီးကောက်လာစိုက်တာ
ကျောင်းဆရာလေးတောင်ပါခဲ့ပါတယ်။
ကျမစာကိုလာဖတ်ပေးတဲ့ကျေးဇူးကို ကျမအသိ
အမှတ်ပြုမှာပါ။မဟုတ်တန်းတရားရေးဘို့စိတ်ကူးမရှိ
သလိုဝါသနာလဲမပါဘူး။မမလေ သိတယ်နော်
မမ
June 14, 2009 8:45 PM
မင်းနန္ဒ said...
မှားပေမယ့် အားကြီးနေသူတွေ မကြိုက်တဲ့ အမှန်တရားတွေကို နိုင်သလောက်ပြောနေတဲ့သူ။ အဓမ္မ၀ါဒီတွေ မျက်စိစပါးမွှေးစူးခံနေရသူတွေကိုလာပြီး သန်းခေါင်စာရင်းစစ်သလို၊ မှတ်ပုံတင်လျှောက်လို့ လ၀က ရုံးကစစ်သလို ဟိုမေးဒီမေး လာမေးနေသူရေ၊ စိတ်ပေါ့သွပ်ပြီး ထိရှလွယ်သူသာ ဒါမျိုးကို ဘလော့မှာလူတွေကြားထဲ ဒါပဲဟဲ့ လို့ဖြေလိမ့်မယ်။ တကယ် ရိုးရိုးသားသားသိချင်ရင် ဆက်သွယ်လို့ရတဲ့ လိပ်စာနဲ့ အင်ဖော်မေးရှင်း၊ မိမိဘယ်သူဘယ်ဝါဆိုတာကို မမကိုအရင်ပြောလိုက်။ သူတိုက်ရိုက်ပြောလိမ့်မယ်။
June 15, 2009 12:57 AM
cho said...
မင်းနန္ဒဆိုတဲ့ ငတိလေး ။ မင်း မသိရင် အသာနေ ။ ၀င်အာမချောင်ပါနဲ့ကွာ ။ ဟုတ်ပြီလား ။
June 16, 2009 12:35 PM
Bonn Yan Thu said...
ကဲ.ကဲ
ကလေးတွေ တော်ကြတော့
အဲဒီ အုတ်ကန် (ဥက္ကံ) ကြီးလည်း ကွဲသွားရှာ ပါပီကွယ် :(
June 16, 2009 11:18 PM
mama said...
ဟားဟားဟားဟား
ပညာရှင် ဆိုတာအဲဒါပဲ ရီလိုက်ရတာ ကျမတစ်ကိုယ်လုံး
ပေါ့သွားတာပဲ။ဟုတ်တယ် အုတ်ကန်ကြီး ကွဲသွားပြီး
ဟားဟားဟားဟား
ကျေးဇူးတစ်သိန်းပါရှင်
မမ
June 16, 2009 11:27 PM
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago


0 comments:
Post a Comment