သူ့ ကျောင်းနာမည်က စိုးမြမြ .....။ သူ့ အိမ်နာမည်က မြလေး....။ သူ့ ရဲ့ မူစလင်နာမည်က "ဇလေခါ"တဲ့  ......။ သူဟာကျမရဲ့  ငယ်သူငယ်ချင်း စာရင်းထဲကတစ်ယောက်ပါပဲ......။ ကျမတို့  နှစ်ယောက် ဘယ်လောက်အထိတွဲပြီး ချစ်ခဲ့ ကြသလဲဆိုရင်... အိမ်မှာ .... မမရေလို့ ခေါ်ရင်ကျမက "ဂျီ"လို့ ထူးလို့ အဘွားက မျက်စေ့ပျက် မျက်နှာပျက်နဲ့ ကျမခြေသလုံးကို ကြက်မွေးနဲ့ ရိုက်တာ ဒီနေ့ ထိ ကျမကြက်မွေးဆို ကြောက်တုန်း ...။ စိုးမြမြကကျတော့ သူ့အိမ်မှာ တစ်ချိန်လုံး မြတ်စွာဘုရား..ဗုဒ္ဓေါလို့ ယောင်လို့ .. သူ နာနီက ကြောကိုထုတာ တစ်အုန်းအုန်းတဲ့ ...။
ဆူးလေမှာနေတုန်း အချိန်တွေပေါ့ ကျမသူနဲ့ မကစားရရင် မနေနိုင်သလို .... သူကလဲ သူ့အိမ်ဝရန်တာကနေ ကျမကို အမြဲလှမ်းပြီးအော်တယ်....။ နင်ထမင်းစားနေလား...။ ဘာလုပ်နေလဲ ဟိုဖက်ဒီဖက် အော် ပြီး စကားပြောကြတယ်...။ ကလေးဆိုတာ နှစ်ယောက်တွေ့ ရင် အိမ်ကပြောတာ အကုန်ပြန်ပြောတဲ့  အမျိုးလေ....။ ငါအိမ်က နင်တို့အိမ်သွားရင်ဆူတယ်လို့ ကျမပြောတော့ သူ့အိမ်ကလဲ ဆူတယ်တဲ့ ...။ ငါ့အိမ်က နင့်ကို ကုလားမလို့ ပြောတယ် ဆိုတော့ငါ့ အမေကလဲ နင်တို့ကိုဗမာစုတ်လို့ ခေါ်တယ်လို့ ပြောပြီးရီကြတယ်....။ အဲလို နဲ့ ကျမတို့ ရန်ဖြစ်ရင်ဗမာစုတ်...... ကုလားစုတ်လို့ ဟိုဖက်ဝရန်တာ ဒီဖက်ဝရန်တာ အော်ကြတယ်....။ အဲဒီအချိန်တုန်းက နှစ်ဖက်လူကြီးတွေ ထွက်ပြီးတောင်းပန်ကြတယ်......။ အဲလိုမပြောရဘူး သူငယ်ချင်းအချင်းချင်းတဲ့  ကျမတို့ က အမေတို့လဲ ပြောတာပဲ ဆိုတော့ လူကြီးတွေက ရယ်ရယ်မောမော....။ အိမ်ထဲရောက်ပြီဆိုတာနဲ့ ကျမတို့ နှစ်ယောက် ငိုသံထွက်လာပြီ...။ အရိုက်ခံရတာလေ....။ လူကြီးတွေကို အရှက်ခွဲလို့ ဆိုပြီး.....။ ပြီးရင်ကျမတို့ မခေါ်ပဲမနေနိုင်ဘူး......။ ပြန်ခေါ်တာပဲ...။
အဲလို နဲ့  နဲနဲကြီးလာတော့ သူကဥပုဒ်လဆို ဘာမှတစ်နေ့ လုံး မစားဘူး....။ သူမစားတော့ ကျမကလဲ လိုက်မစားဘူး သူကတံတွေး ခဏခဏထွေးတယ်.....။ ကျမကလဲ လိုက်ထွေးတယ်....။ ကျမအဘွားကသိရော ကျမတို့ကို နေ့လွဲညစာမစားရဆိုတဲ့  ဥပုဒ် စောင့်နည်းကို သေသေချာချာရှင်းပြတယ် ...။ အဲဒီမှာ ငါးပါးသီလဆိုတာ ၉- နှစ်အရွယ်မှာ ကျမ စသိတယ်..... ။ ကျမပြောစရာ သူ့ပဲရှိတော့ ကျမတတ်တာ သူ့ ကို ပြန်သင်တာပေါ့  ...။ သူက သူအိမ်မှာပြန်ပြော သူအမက သူ့အရုပ်ကို ဖွက်ထားလို့ နင် လိမ်တာ မုသာဝါဒကံ ထိုက်ပြီတို့ ...... သူအဖေက ဟင်းချက်ဘို့ ကြက်ကိုလည်လှီးရင် အပါကြီးတော့ပါဏာတိပါတာကံ ထိုက်ပြီး နောင်ဘ၀ အဲဒီကြက် လူဖြစ်ပြီး အပါကြီးကို အဲလိုပြန်လှီးမှာလို့ ..... သွားပြောတော့ သူ့အိမ်ကသူ့ ကို ရိုက်နည်းမျိုးစုံနဲ့ ရိုက်သည်ပေါ့.....။
တစ်နေ့ သူတို့ အစ်နေ့ ..... ကျမက အဘွား နွားတစ်ကောင်လောက် ၀ယ်ပေးပါလား သမီးလှူခြင်လို့ ဆိုတော့ အဘွားက အစ်နားနီးနေတာလဲ သိတယ် ...။ ကျမက နွားအလှူခံတယ်ဆိုတော့ ကျမကိုမေးပါ လေရော....။ ကျမကလဲ အစ်နေ့ မှာသူငယ်ချင်းက နွားသတ်ပြီး ကုသိုလ်တွေ အများကြီးရမှာ (ကျမသူငယ်ချင်း ကလေး အတွေးနဲ့ အဲဒီတုန်းက သူနားလည်တာ အလွယ်ပြောခဲ့ တဲ့ အတိုင်း) ကျမက အဘွားကို ပြန်ပြောတော့... အဘွားကဆွေ့ ဆွေ့ ခုန်တော့တာ ....။ ပြီးတော့ ၂၆- လမ်းဈေးကနေ ငါးရံအရှင် လေးကောင်ဝယ်လာတယ်...။ အကြီးကြီးတွေ ပြီးတော့ ကျမတို့ ညီအမလေးယောက်ကို ...(သူတို့ လဲညီအမလေးယောက်ပဲ..... ကျမတို့လိုပဲတဲ့  .... သိပ်ချစ်ကြတာတဲ့.... အဘွားက ငါးရံ့လေးကောင်ကိုပြောတာ....) ရော့..... ငါ့မြေး နွားက အကြီးကြီး ငါ့မြေး အဲဒီငါးရံ့ကို အရင်သတ်ဆို လက်ထဲ ဓားထည့်ပေးတယ်...... ။ မျက်လုံးပြူးပြီး ရေကူးနေတဲ့ ငါးရံ့ ညီအမ အဲ ဒီတုန်းက အဘွားပြောခဲ့တာကို ကြည့်ပြီး ကျမငိုတယ်.....။ ကြောက်လဲကြောက်ခဲ့တယ်......။ အဘွားသူတို့ က ကိုယ်တိုင်သတ်တာ မဟုတ်ဘူးဆိုတော့...... ငါမြေး ကိုယ်လုပ်မှကိုယ်ရမှာတဲ့ ...။ ကုသိုလ် လိုချင်ရင်ငါ့ မြေး ကိုယ်တိုင်လုပ်ပေါ့ တဲ့ ....။ အဘွား တို့ တော့ မလုပ်ရဲဘူးတဲ့  .....။ ကျမ မလုပ်ရဲဘူး....။ ကုသိုလ်လဲ မလိုချင်တော့ဘူး ဆိုတော့ မလုပ်ရဲရင် နောင်ဘယ်တော့မှမပြောရဘူး..... ။ စိတ်လဲမကူးရဘူးတဲ့ ......။ ကျမတို့ နားမလည်သေးတဲ့ ဘာသာ တွေထဲ ချာလည်လည်ရင်း အရွယ်ရောက်လာကြတယ်.....။ ငယ်သူငယ်ချင်းဆိုတာ တစ်သက်မှာတစ်ခါပဲ ရကြတာလေ..... ။
ကျမတို့ ဖုန်းပြောပြီး နှုတ်ဆက်ရင်တောင် ဗမာစုတ်ရေ တာ့တာ့......။ ကျမကလဲ ကုလားစုတ်မရေ တာ့တာ့....။ တစ်ကယ်တော့ ကျမတို့ ညီအမတွေလိုချစ်ခဲ့တဲ့  မေတ္တာကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက် အပစ်မမြင်ခဲ့ ကြဘူး ....။ သူသာ ဗုဒ္ဓဘာသာမှာ မွေးဖွားခဲ့ရင် သူဗုဒ္ဓဘာသာ ဖြစ်နေသလို.... ။ ကျမက မူစလင်ဘာသာမှာ မွေးဖွားခဲ့ရင်မူစလင်ဘာသာကိုပဲ ကိုးကွယ်နေရမှာပေါ့ရှင်...။ လူတွေဟာ ကိုယ်မွေးဖွားရာကို ယုံကြည်ရာကို ကိုယ်းကွယ်ရင်း နောက်ဆုံးတစ်နေ့ သေဆုံးရတာပါပဲ....။ ကိုယ်ယုံကြည်ချက်နဲ့ ရှင်သန်ကြီးထွားရင်း ကိုယ်သိလာတဲ့ အတတ်ပညာနဲ့ အသိပညာအောက်မှာ ကိုယ်ယုံကြည်ရာကို ပြောင်းလဲကိုယ်းကွယ်လာခဲ့ကြတာတွေ အများကြီးပါပဲ....။
ကျမငယ်ငယ်က သူ့ကိုမေးဘူးတယ်....။ သူက ကုလားကားရုပ်ရှင်အကြောင်းတွေ ပြောပြတော့ နင်တို့ တိုင်းပြည်က ဘယ်မှာလဲဆိုတော့သူကမသိဘူးတဲ့ .....။ ငါတို့ တစ်နေ့ လူကြီးဖြစ်ရင် သွားလည်ကြမယ် ဆိုတော့ သူကလဲ .... အေးတဲ့ ပြောခဲ့ တယ်....။ တစ်ကယ်တော့ ကျမတို့  ရဲ့  တိုင်းပြည်ဆိုတာ အတူတူပဲဆိုတာ မသိခဲ့ကြဘူးလေ ....။ ဒီဖက်ခောတ်တွေမှာ ပြည်ပအတော်များများကို ခြေဆန့် လာ ခဲ့တော့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေ...... ခရစ်ယာန်တွေ...... မူစလင်တွေ နိုင်ငံခြားတိုင်းပြည်တွေမှာ အများကြီး ...။
သူများ တိုင်းပြည်တွေမှာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုယ်းကွယ်နေကြတာတွေ တွေ့ လာတော့ ကျမ အရမ်းအံ့သြမိတယ်......။
ဒါ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ကိုယ်းကွယ်ခွင့်ဆိုတာကို သိလာခဲ့တယ် ...။ ကိုယ့်လမ်းကိုယ် လျှောက်နေကြတယ် ....။ ဘယ်သူ့ ကိုမှ မတိုက်သလို....။ ဘယ်သူ့ကိုမှ မခိုက်ဘူး....။ အဲ ဘာသာရေးလုပ်တဲ့  သူတွေတိုင်း ကိုယ့်ဘာသာကိုယ် သက်ဝင်ယုံကြည်အောင် ကိုယ့်ဘာသာကိုယ် တန်ဘိုးထား လေးစားလာအောင် ကမ္ဘာ့အလည်မှာ ကိုယ့်ဘာသာကိုယ် ယုံကြည်လာဘို့ ....။ ကိုးကွယ်သူတွေနဲ့  အများကြီးဆိုင်ပါတယ်.....။
ကျမတို့ ဗုဒ္ဓဘာသာပေါ့ ဘုရားသားတော်လို့ အမြင့်မြတ်ဆုံးဘွဲ့ကို ရဘို့  ပထမဆုံး သင်္ကန်းဝတ် သပိတ်လွယ် ဆွမ်းခံရတော့မှာပဲ .... ။ ဘယ်သူ လုပ်နိုင်မလဲ ဒီကိုယ်တော်တွေ ဒီသင်္ကန်းတွေရှိနေလို့ တစ်ခြားလူမပြောဘူး ကျမအကိုတွေ ဘုန်းကြီးဝတ်ရင်တောင် တပတ်ဆယ်ရက်လောက်ကို သေအောင် ပိန်လိမ်နေတာ.....။ အိမ်ကပို့ လိုက်ရတဲ့ ဆွမ်း .... ကပ်လိုက်ရတဲ့ အအေး....။ လွယ်တယ်မထင်ပါနဲ့  ....။ မြန်မာတစ်ပြည်လုံး ဘုရားတွေပဲ လိုက်တည်နေလို့  ဘာသာရေးဆိုတာ ဖြစ်လာမှာမှမဟုတ်တာ.....။ ဘုရားသားတော်ဆိုတာ ရှိနေမှ......။ မြတ်စွာဘုရားရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်တော့မှာပေါ့....။ ဗုဒ္ဓဘာသာပါလို့  ကိုယ့်ကိုကိုယ် ယူဆမယ် ကြွေးကြော်မယ်ဆိုရင် ဗုဒ္ဓဘာသာကို တည့်တံ့အောင် မပျောက်ပျက်အောင် ကမ္ဘာအနှံ့က ယုံကြည်သက်ဝင်လာအောင် လက်ဆင့်ကမ်းသယ်ပေးနေတဲ့ ဘုရားသားတော်တွေကို ပံ့ ပိုးရမယ် ...။ ကူညီရမယ်...။ ရိုသေရမယ်....။ အရာအားလုံးရဲ့ အမြင့်မြတ်ဆုံး နေရာပေးရမယ်....။ ကိုယ်မလုပ်နိုင်
တာကို လုပ်ပေးနေတဲ့ သူတွေဆိုပြီး အထူးမေတ္တာထားရမယ်.....။
ဒီခောတ်မှာ ညာတတ်တဲ့  ဆရာတော်ကြီးတွေဆိုတာ အများကြီး ....။ ကျမဆိုလိုချင်တာဘုန်းကြီး အင်တာနက်ဆိုင် မထိုင်ရလို့ သတ်မှတ် ဥပဒေထုတ်နေမဲ့အစား ဘုန်းကြီးတွေ အင်တာနက် ဆိုင် မထိုင်သင့်ဘူးဆိုတဲ့ အသိစိတ်ဝင်အောင်ကိုယ်က ရိုသေပြရမယ်...။ နေရာပေးရမယ်...။ ဘုန်းကြီးတွေ့ တာနဲ့  လက်အုပ်ချီတတ်ဘို့  အမြင့်မြတ်ဆုံးသော ငါတို့ မြတ်စွာဘုရားရဲ့  တရားတော်တွေကို သင်ကြားတတ်မြောက်ထားသူတွေလို့  နေရာပေးကြည့်ပါလား နိုင်ငံအနှံ့ သာသနာပြု ထွက်နေတဲ့ ဆရာတော်ကြီးတွေ...။ အင်တာနက်မသုံးလို့  ဘယ်လိုလုပ်ရပါ့မလဲ....။ ပြည်တွင်းရှိတဲ့ ကိုယ်တော်တွေအတွက် စာသင် တိုက်တွေမှာ တိုးတက်ခောတ်မှီလာတဲ့ နည်းပညာတွေအတွက် အင်တာနက်ထားပေးမယ်ဆိုရင် လူတောသူတောထဲ တိုးဝှေ့ပြီး အင်တာနက်ဆိုင် ဘယ်လာပါ့မလဲ ...။
မနက်ကားကြပ်တဲ့ အချိန် ဆွမ်းခံထွက်ရတဲ့ ကိုယ်တော်တွေရဲ့ ဒုက္ခ...။ ကားစပယ်ယာက ပိုက်ဆံမရလို့  မတင်ချင်...။ ဒကာမတွေနဲ့ တိုးကြိတ်စီး ..။ အနီးအနားဆွမ်းခံဘို့ ကျတော့လဲ ဘုန်းကြီးကတောင် ဆွမ်းခံပြန်ကျွေးရမယ့် အဆင့်...။ ကားပေါ်ရောက်တော့ စပယ်ယာက စောင်းပြော ....။ အဲဒီအဆင့်တွေကို အရင်ပြင်ရမယ်.....။ မြို့ ပြင်ဘုန်းကြီးတွေ ပို့ ပြီဆို .....။ ဆွမ်းပြသနာ ဘယ်လိုဖြေရှင်းနိုင်မလဲ ဆက်စဉ်းစားပေးရမယ်.....။ စဉ်းစား ပေးသင့်တယ်....။ ဒီလောက်များတဲ့ ဘုန်းကြီးကျောင်းတွေကို ဒီအနီးအနားက လူတွေ ပံ့ပိုးနိုင်ပါ့မလား.....။ ဒါတွေကို ကျမတို့ ဗုဒ္ဓဘာသာပါ လို့ ကြွေးကြော်နေမယ့်အစား ကူညီဖြေရှင်းကြပါစို့ လား.....။ သူတို့ မလုပ်ဘူး ဘယ်သူမလုပ်ဘူး လက်ညိုးထိုးရတာ လက်ညောင်းတယ်.....။ အော်နေရတာ ပါးစပ်ညောင်းတယ်.....။ လုပ်နိုင်တဲ့ သူတွေပေါင်းစည်းပြီး လုပ်ကြဘို့ ပဲ ရှိတော့တယ်....။ ကျမပြောချင်တာ ကိုယ်ဘာသာအတွက် ကိုယ်တွေဘာလုပ်ပြီးပြီလဲ ...။ သူများဘာသာကို ဘယ်နှစ်ကြိမ် စောင်းမြောင်း လက်ညိုးထိုး အငြင်းပွားရန်ဖြစ်ပြီးကြပြီလဲ.......။ ကျမတို့ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရာ ဘာသာတရားကို အဓွန့် ရှည်ဘို့ ...၊ လူသားအားလုံးနဲ့ ဆိုင်ပါတယ်....။ ဦးကျော်သူလိုပေါ့ ....။ အဲဒီဘုန်းကြီးကွေ့  ဆိုတဲ့ မြောက်ဒဂုံက ကားဂိတ်နေရာမှာ မနက်ဆို ဆွမ်းခံကြွကိုရင်တွေအတွက် ဖယ်ရီသဘောမျိုး လုပ်ပေးနိုင်ဘို့ ကျမတို့ အားလုံးဝိုင်းဝန်းလို့ ကြိုးစားကြပါစို့လား.....။ ဗုဒ္ဓဘာသာလို့ ကိုယ့်ကိုကိုယ် ကြွေးကြော်ရင် ဒီဘာသာတည့်တံ့ ဘို့ ကိုယ့်မှာပဲ တာဝန်ရှိတယ် ဆိုတာမမေ့ပါနဲ့ ....။ မဟုတ်တာ လုပ်နေတဲ့  ဘာသာရေး အရေခြုံတွေ့ရင် ချက်ခြင်းဖယ်ရှားပစ်ဘို့  ဘယ်သူနဲ့ မှတိုင်ပင်ဖို့ မလိုအောင်ကိုယ့်မှာ သာ တာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
ကျမ အတွေ့ အကြုံလေးတစ်ခုပေါ့  .... ၁၈ - နှစ် သမီးလောက်က ကျိုက်ထီးရိုးဘုရားမှာ ကျမတို့ ညနေ ၅နာရီလောက် လ္ဘက်ရည်ဆိုင် ထိုင်တော့ အနားက စားပွဲမှာ
မမ
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago

