Monday, January 12, 2009

ဒပလျူ.ဒပလျူဒေါ့ အ၀ီစိဒေါ့ ကွန်းအား ဆက်သွယ်လို့ မရပါသဖြင့်....



သူ့ မေတ္တာတွေကပဲ..တကယ်စစ်တာလား
မြင်မြင်ချင်းချစ်မိတယ်.. ဆိုတဲ့ စကား

ကိုလူပျိုရဲ့ .. ရှင့်လက်ထက်ကျမှပဲ
ပြင်ရတော့မှာလား...
မမြင်ဖူးမတွေ့ ဖူးပဲ.... စိတ်ကူးနဲ့ ချစ်သတဲ့ ..
ကျမဆံပင်လှလှမှာ
ရှင်ပန်ပေးမဲ့ ပန်းကုမုဒ္ဓြာ..
မြင်ဖူးအောင်အရင်ကြည့်ပါဦးရှင့်
အပြည့် အ၀ရတဲ့ လရောင်အောက်မှာ
ကုမုဒ္ဓြာတကယ်ပွင့်ရင်.. ထမင်းစားပန်းကန်ထက်တောင်
ခပ်ပိုပိုရှိတဲ့ အဲဒီပန်းကို..
ရှင်ပန်ပေးဖို့
ညုပ်စရာကလစ်.. အရင်တွေ့ အောင်ရှာပါဦးလေ
မောင်ဘုန်းရဲ့ ...လို့  ... အထပ်ထပ်သာအော်လိုက်ချင်ရဲ့
ချစ်သူနှစ်ယောက်အပေါ် ဖြာနေတဲ့ လရောင်ဆိုလို့ 
ပိန်းပိတ်အောင်မှောင်နေတဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း
တမလွန်ကမ္ဘာမှာ လသာနေလားမသိဆိုတဲ့ 
ကျမရဲ့ ချစ်သူငယ်ချင်းစကား.. နားယောင်ပြီး
ကြောက်စိတ်နဲ့ ရှင်ညွှန်းတဲ့ ချယ်ရီသီးဆိုတာ
တမလွန်ကမ္ဘာက... ဘာသီးကိုများတင်စားတာတုန်း
ရှင်နဲ့ ကျမကမ္ဘာခြင်းခြား.. အလှမ်းဝေးလှပါရဲ့ 
ကျမဘလောဂ့် ရဲ့ပေါက်ချက်.. ငရဲပြည်အထိရောက်သတဲ့ 
ချစ်သူငယ်ချင်းတွေရဲ့  စကား
တစ်ဝါးဝါးနဲ့ ဟားရတာ
တစ်ညလုံး..နီးပါး....ရှင့်..
ဖြစ်နိုင်ရင်ရှင့် အဖေကို...တိုင်ချင်ပါရဲ့ 
ဘလောဂ့် ရွာမှာငရဲမင်းရဲ့ သိက္ခာ
တစ်စက်မှမကျန်တော့ အောင်
ရှင့်ရဲ့ သားသြရသကို....နည်းမျိုးစုံနဲ့ ခေါ်ပြီး..
ဆုံးမပေးဖို့အကြောင်း
နီးစပ်ရာဆရာတော်ဆီပြေးလို့ ..
တပည့်တော်မ
အနေအထိုင်တတ်ပါရဲ့ နဲ့ ငရဲမင်းရဲ့ သား...
တပည့်တော်အား မေတ္တာသက်ဝင်နေခြင်းအား
အဟန့် အတား ပေးသနားတော်မူပါဘုရား..
လျှောက်ထားချက်ကြောင့်
ဆရာတော်ပေးတဲ့ မေတ္တာလက်နက်.. ကျမတော့သုံးရတော့မယ်
ဟဲ့ ...ငမိုက်သား ဂျွမ်းပြန်လို့ ... နေရပ်အမှန်ကို
စောက်ထိုးသာပြန်ဖို့စဉ်းစားထား...........။

မမ

ကိုဇာဂနာ၂၀၀၀ ခေါ် ကို တက်ပုခေါ် ကိုစီဗောက်(မမကိုချစ်မိသူ )သိစေရန်....

သူငယ်ချင်းဟောင်း နော်ရွှေရင် စီဗောက်မှာရေးသော ကဗျာတိုလေးအား ပို့ပေးစေရန် အလို့ငှာ..
ဒီဘလော့ ကို ဖန်တီးခဲ့သော ဂျီမေးလ် အကောင့် အား စီဗောက်တွင် တင်ပေးခဲ့ပါသည်..
သို့သော် နော်ရွှေရင် ယနေ့ထိ မအတ်သေးပဲ..
zarganar2000@gmail.com တစ်ယောက်သာ အတ်ပါသည်
ယနေ့ထိ ထို အကောင့်ထဲတွင် ဇာဂနာတယောက်သာ ရှိပါသည်
မမမှာ ပါဆင်နယ် အကောင့်သတ်သတ်ရှိပါသည်.. ရင်းနှီးသူများမှလွဲ၍ ဘယ်သူမှ မသိပါ..
ကိုတက်ပုပြောစကား အရ ဂျီတော့မှာ ခဏလေး ပြောဘူးသည် ဟုဆိုပါသည်။
ထို့ကြောင့် ကိုတက်ပုသည် ဇာဂနာ ၂၀၀၀ ဖြစ်ပါသည်...
ထို့အပြင် ပြောခဲ့သော တခဏမှာပင် ဇာဂနာ၂၀၀၀ က သီချင်းလည်း သံသေးသံကြောင်ဖြင့် ဆိုထားတာကို ပို့ပေးပါသည်။
ကုမုဒြာ ကြာပန်း အကြောင်းလဲ ပြောကြပါသေးသည်။။
ထို့ကြောင့် မမကိုချစ်သူ ဟုအမည်ရသော ကိုစီဗောက်သည် လဲ ကို ဇာဂနာခေါ် ကိုတတ်ပုပဲဖြစ်ပါသည်..။
သက်သေများ လည်း ရှိပါသည်..။
ဘာကြောင့်လဲဆိုတော့..
ဒီမေးလ် အကောင့်ကို မမ ၊ ခိုင် ၊ မိုးသည်း သုံးယောက် ကိုင်ထားသောကြောင့် သူတို့လဲ အားလုံးဖတ်ပြီးပါပြီ...
ကို တက်ပု ခေါ် ကိုဇာဂနာ၂၀၀၀ ခေါ် ကို စီဗောက်(မမကိုချစ်တဲ့သူ) ခင်ဗျာ..
နောက်ဆို အဲလို မပွေးကြေး နော်...
သတိကြပ်ကြပ်ထား...ဟင်း....

(ပြောရဦးမယ်.. အဲဒီနေ့က ကိုဇာဂနာ ကို ချတ်လွှတ်လိုက်တာ မမယောက်ထဲ မဟုတ်ပါဘူးရှင်..
တယ်ဂျင်းနောက် တယောက်နဲ့ တူးဝမ်း ရိုက်ပြီး ပြိုင်တူ ချတ်လွှတ်လိုက်တာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်...တစ်ယောက်က ဘိုလိုရိုက်ပြီး နောက်တစ်ယောက်က ဘားမီးစ်လို စပိတာ နှစ်ထပ်ရှိ မှ မှတ်မိမှာပေါ့နော်....ဟဲ...ဟဲ)
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner