Monday, December 29, 2008

နှင်းဆီနက်တွေပွင့်ကုန်ပြီ




ချစ်သူနှစ်ဦး...

ပျိုးခဲ့တဲ့ပန်းခင်းလေး

လှပတဲ့အရောင်တွေရွေးလို့ .. ကြည်နူးခဲ့ဖူးတယ်





ချစ်သူရွေးတဲ့နှင်းဆီပြာ..

ဘာကိုဆောင်သလဲမေးဖူးတယ်

တို့ နှစ်ဦးအချစ်..

လှပလွန်းလို့ အပြာရောင်နဲ့ ဂုဏ်ပြုတာတဲ့
ဲ့

ချစ်သူရွေးတဲ့နှင်းဆီဝါ.. ဘာကိုဆောင်သလဲမေးဖူးတယ်

တို့ နှစ်ဦးလျှောက်တဲ့.. လမ်းကလေးလင်းလင်းရှင်းရှင်း

ဝါ၀ါဝင်းဘို့ ... အ၀ါရောင်နဲ့ ဂုဏ်ပြုတာတဲ့

ချစ်သူရွေးတဲ့နှင်းဆီနီ.. ဘာကိုဆောင်သလဲမေးဖူးတယ

တို့ နှစ်ဦးအချစ်.. အမြဲသစ်နေဘို့ လန်းဆန်းနုသစ်

စွေးစွေးနီတဲ့... အနီရောင်လေးနဲ့ ဂုဏ်ပြုတာတဲ့
ဲ့

ချစ်သူရွေးတဲ့.. ပန်းရောင်နုနု လှလွန်လွန်းလို့ 

ဘာကိုဆောင်သလဲမေးဖူးတယ်

တို့ နှစ်ဦးလျှောက်မယ့်...... မင်္ဂလာလမ်းလေး

လှပဂုဏ်တက်.. အရောင်လက်စေဖို့


ပန်းနုရောင်လှလှနဲ့  ..ဂုဏ်ပြုတာတဲ့

ချစ်သူရွေးတဲ့.. ဖြူလွတဲ့နှင်းဆီ

ဘာကိုဆောင်သလဲမေးဖူးတယ်


တို့ နှစ်ဦးချစ်တဲ့အချစ်.. ဖြူစင်လွန်းလို့ 

သန့် စင်လွန်းတဲ့...... အဖြူရောင်နဲ့ ဂုဏ်ပြုတာတဲ့

လှပတဲ့တို့ နှစ်ဦးရဲ့ နှင်းဆီခင်းမှာ

အတူတူပျော်မြူး...... နှင်းဆီဖူးတွေခူးဖူးတယ်

ချစ်သူပျောက်ဆုံးတဲ့..ဒီမနက်မှာတော့

လှပတဲ့နှင်းဆီတစ်ခင်းလုံးအံ့သြလောက်အောင်

တို့ နှစ်ဦးမရွေးချယ်ခဲ့တဲ့.. နှင်းဆီနက်တွေပွင့်နေတယ်


မမ

အချစ်နဲ့ နှင်းဆီ




မျက်ရည်တွေမရှိနဲ့ .......... လှပတဲ့အနာဂါတ်တစ်ခုမှာ

မင်းရယ်.. တို့ ရယ်........... နှင်းဆီတွေရယ်

အချစ်ဟောင်းတဲ့............ သွားစမ်းပါ

အချစ်ဦးတဲ့............. နားစမ်းပါ

အချစ်စစ်စစ်တဲ့....... သေလိုက်

မင်းရယ်တို့ ရယ်....... ချစ်ခွင့်ပေးပါ

ဟောင်းလား..... ဦးလား...... စစ်လား

မေးနေရင်း အချိန်ကုန်ခံမလား

အခုအချိန်မှာချစ်ကြည့်ချင်တယ်။ ။

အရူးအမူးပဲ........ ကျေးဇူးတင်ထိုက်သူ

အားလုံးကိုကျေးဇူးတင်မယ်။ ။

မင်းစကားတွေအားလုံး ....... ငါ့ရင်ထဲမှာနှင်းဆီဖြူ

မင်းအကြည့်တွေအားလုံး .......... ငါ့ရင်ထဲမှာနှင်းဆီပြာ

မင်းအနမ်းတွေ ပန်းရောင်နှင်းဆီဖြစ်ဘို့ 

မင်းအချစ်တွေ ရဲရင့်တဲ့နှင်းဆီဖြစ်ဘို့ 

ကမ်းမွန်ဘေဘီ... ဟောင်း ဦး စစ် အားလုံးမေ့ပစ်

အရမ်းကိုလတ်ဆတ်နေတဲ့...... နှလုံးသားနှစ်စုံ

နှင်းဆီမြစ်ထဲမျောခွင့်ပေးပါ။ ။

ပန်းရောင်နှင်းဆီပွင့်ဖတ်တွေနဲ့ တူတဲ့

မင်းနှုတ်ခမ်းတွေပိုင်ဆိုင်ချင်လွန်းလို့ 

မင်းမျက်ဝန်းကအနက်ရောင်နှင်းဆီတွေ

ဖယ်ရှားပေးလှဲ့ ပါ

မမ

မာယာ..များတဲ့နှင်းဆီ





ပန်းတွေကြားမှာဆူးရှိတဲ့ပန်းနှင်းဆီ

ချစ်သူတွေကြားမှာမတရားရေပန်းစားတယ်

ကောင်လေးတစ်ယောက်..က..ကောင်မလေးတစ်ယောက်ကို

ပိုင်ဆိုင်ဖို့ နှင်းဆီတွေကို..အသုံးချတယ်

ကောင်မလေးတစ်ယောက်က...သူချစ်နေတဲ့ကောင်လေးကိုရဖို့

နှင်းဆီပန်းတွေဝယ်...ခိုင်းတတ်တယ်

စိတ်ကောက်တဲ့အခါနှင်းဆီတွေနဲ့ ချော့တယ်

သိပ်ချစ်လာရင်...နှင်းဆီတွေပို့ တယ်

သိပ်ကြေကွဲလာရင်.နှင်းဆီတွေနဲ့ စကားပြောမယ်

ဝေးသွားတဲ့အခါ..နှင်းဆီတွေကိုတိုင်တည်တယ်

လူတွေကမာယာများတာလား...နှင်းဆီကများတာလား

ဘာပဲပြော..ပြော..နှင်းဆီနီတွေနဲ့ ကောင်လေးတစ်ယောက်

ရင်တစ်ခုလုံးဗြောင်းဆန်.....အောင် မွေနှောက်သွားတာ

နှင်းဆီရဲ့မာယာလား...ကောင်လေးရဲ့မာယာလား
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner