Monday, January 25, 2010

ဘီ အမ် ပီ ကိုပြောင်ကြီး


တိုးတိုးလေးရိုက်သံကို...မမကြားနေတာကြာပြီ..နိုဝင်ဘာအိမ်လွမ်းတဲ့ဒုက္ခတွေပဲလေလို့ မသိဟန် ဆောင်နေရတော့တယ်။ဒီလိုနဲ့ညနေစားသောက်ပြီး..ကွန်ပျူတာရှေ့..ရောင်တောင်ပေါင်တောင်လုပ် သီချင်းပဲနားထောင်နေသလို စာတွေပဲဖတ်နေသလို ချက်တင်ပဲထိုင်သလို လူရှိန်အောင်လုပ်ရတဲ့အလုပ်တွေလဲ ညီးငွေ့လာပုံရတဲ့ အပျိုကြီးစာရင်းဝင် နှစ်ဆယ့်ငါးနှစ်ကျော်တွေ ညဆယ်နာရီကျော်လောက် မမကွန်ပျူတာရှေ့ထိုင် ဘို့ပြင်ဆင်နေတုန်းမှာပဲ ဘုရားဘုရား လုံးကြီးပေါက်လှတွေတန်းစီပြီထွက်လာတော့တယ်။
အယ် “မယ်ရွေးပွဲလုပ်မလို့ လားလို့ မမတအံ့တသြမေးတော့”ဖြူဖွေးနေတဲ့ပေါင်တုတ်တုတ် တွေ အဆီစုကာစလက်မောင်းအိုးတွေ မေးနှစ်ထပ် ဖြစ်အံ့စဲစဲတွေ နဲ့” မော်လမြိုင်သူရဲ့ အော်ကြီးဟစ်ကျယ် မမရေ တိုင်းဂါးကစ် တဲ့”
လိုက်ခဲ့လေ တဲ့နှစ်ပတ်လောက်ပေါ့ ပြေးရအောင်တဲ့“ဘာတုန်းဟ တိုက်ဂါးကစ် တိုင်းဂါးဝုလုပ်ပါဟာ”လို့ကျမကပြောတော့ အသက်အရွယ်အရ ဘော်ဒီကို ကျားကန်ရတော့မယ်ပြောတာတဲ့ “ဘုရား ဘုရား နင်ကလဲဟာ ဒီအနား ပတ်ခြာလည်က ကျေးဇူးရှင် မြန်မာအကိုကာလ သားတွေတွေ့ တော့မှ တအုပ်စုလုံး အွန်လိုင်းပေါ် ရောက်ကုန် ပါဦးမယ် လို့” ကျမကအထိတ်တစ်လန့် ပြောတော့ “စိတ်ချ ဒီအချိန် ဘယ်သူမှမရှိဘူး ဒါအပုတ်ချိန်တဲ့ လိုက်မှာလား မလိုက်ဘူး လား အချိန်မရှိဘူးတဲ့” ခွိခွိ ဘာလုပ်လုပ်သိပ်လှချင်တဲ့ မမလေသိတယ်နော် “အာကြို မပြောပဲနဲ့ စက်စီဖြစ်မဲ့ အားကစား ၀တ်စုံလေးဘာလေး ၀ယ်ဦးမှပေါ့ဟာ” လို့ ကျမပြန်ပြောတော့ “ဒီမှာ မမ လှတဲ့နေရာလေး ရွေးရိုက် ပြီးရင်ဂျီတော့ မှာလှတဲ့ပုံလေးရွေးတင် လုပ်ရတဲ့အလုပ် တွေစိတ်ကုန် နေပြီ ဘယ်လိုနေနေ ဘယ်လိုသွားသွား ဘယ်လိုထားထား လှနေဘို့ ပဲစိတ်ဝင်စားတော့တယ်တဲ့” ကျမလျှာတစ်လစ်နဲ့ ကျန်ခဲ့တော့တယ်။
အတွေးတွေ အများကြီးကို မော်လမြိုင်သူ ရင်ဘတ်ထဲပစ်သွင်းသွားခဲ့ပြီ မုန်းလိုက်တာ ချက်ခြင်းကြီး ကို စက်စီကိုယ်လုံးတွေနဲ့ ပြန်တက်လာမယ် ပုံစံတွေနဲ့ ရင်တွေမောက် တင်တွေကောက်ပြီးတန်းစီ ဆင်းသွားကြတာ ဘုရားဘုရား မာန်တွေတက်ပြီး တံခါးတောင်နောက်ပြန်ပိတ်သွားတာ ဒိုင်းကနဲပဲ တိတ်ဆိတ်သွားတဲ့ ဧည့်ခန်း အလည်က ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ကိုယ်ကိုကိုယ် သေချာကြည့်မိတယ် ခွိခွိ ဘာဆက်လုပ်ရမလဲ လက်ရှိမှာတော့ကိုယ်ကျန်နေခဲ့ပြီ။တစ်ခုခု ဆိုအတွေးလွန်တဲ့ မမလေ သိတယ်နော် တွေးပြီဆရာ ငါတို့ အသက်ကြီးတော့ ငါတို့နဲ့ရွယ်တူတွေလဲ ကြီးကုန်ပြီပေါ့ မိန်းခလေးနဲ့ယောင်္ကျားလေးမှာ ဘယ်သူတွေ အားသာလို့ ဘယ်သူတွေက အားနည်းသလဲ အိမ်ကပညာတတ် ချောချောလေးတွေ ဘာလို့ အတွဲကိုယ်စီဖြစ်မနေကြတာလဲ သုံးဆယ်ကျော် ယောင်္ကျားတွေ ကရော ချောချောလှ ငယ်ငယ်လေးတွေ ဘာလို့ကြိုက်ကြလဲ ဟုတ်ပြီ ဒီနေ့တစ်အိမ်လုံးကိုအင်တာဗျူးမယ် ချောချောလှလှ ငယ်ငယ်ကောင်မလေးတွေကရော သုံးဆယ်ကျော်တွေကို ဘာလို့ရွေးချယ်သလဲ မမအတွေးကောင်းခန်း ရောက် နေတုန်းမှာပဲ တန်းစီဆင်းသွားတဲ့အုပ်စု ထဲကသုံးယောက် တိုးတိုး ကြိတ်ကြိတ် အသံတွေနဲ့ တန်းစီတက်လာတယ် သူတို့ကို ခြေဆုံးခေါင်းဆုံးခပ်ပြင်းပြင်း ကြည့်လိုက်ရင်း အရင်အတိုင်းပဲနော်လို့ မမရေရွတ်တော့“ ဘာကိုလဲတဲ့” ပြိုင်တူ မေးတယ် “အော်စက်စီကိုယ်လုံးတွေနဲ့ ပြန်တက်လာမယ် ထင်နေတာ နကိုအတိုင်းပဲ နော်လို့”ကျမက ထပ်ပြောတော့“ဒုက္ခပါပဲ အောက်မှာ နတ်ရေကန်များရှိတယ် ထင်နေလားမသိတဲ့” “ကျီးကြည့် ကြောင်ကြည့်နဲ့သူတို့မျက်လုံးတွေကို မသင်္ကာသလိုတစ်ချက်ကြည့်ရင်း“ မြန်လိုက်တာ ပြေးလို့ပြီးပြီလား လို့”ကျမထပ်မေးတော့“ မမ အောက်ကိုလိုက်ခဲ့တဲ့”ရေခဲသေတ္တာထဲက ရေပုလင်းကို ယူရင်း အညာသူက ပြောတယ်။ ကျမအဲဒီတော့မှ ထိတ်ထိတ်ပြာပြာ နဲ့ “ဘယ်သူကြွက်တက်လို့လဲ ဘာဖြစ်လို့လဲလို့ ကျမမေးတော့”မမှီမကမ်းနဲ့ အညာသူက ကျမပါးစပ်ကိုခြေဖျားလေးထောက်ပြီး လှမ်းပိတ်တယ်။ ကျမလဲအတော် ကိုထူးဆန်းနေတော့ မလတ်ရေ ကျမတို့ အားကစားကွင်းထဲမှာ ရှိတယ်လို့ အော်ခဲ့ရင်း သူတို့နဲ့ ဆင်းလိုက်လာခဲ့တယ်။ ကျမတို့အိမ်အောက်က အနားယူအပန်းဖြေတဲ့ ခုံဝိုင်းလေးတွေမှာ ထားဝယ်သူက မျက်နှာမှောက်ရင်း ရိုက်ကြီး တငင်ငိုကြွေး နေတာတွေ့ လိုက်ရတော့တယ်။မမလေ သိတယ်နော် အရမ်းကို အံ့သြလွန်းစွာ နဲ့ “အဲဒါဘာဖြစ်တာလဲ ဘာဖြစ်လို့ ငိုနေတာလဲ မပြေးနိုင်လို့ လားလို့ အလောတကြီး ကျမကမေးတော့”မော်လမြိုင်သူက အားမနာ လျှာမကျိုး ထားဝယ်သူနဲ့ ဆန့် ကျင်စွာ လက်ခုပ်လက်ဝါးတီး ရီတော့တယ် အညာသူကအခုန ပုံစံအတိုင်း သူ့အရပ်မမှီမကမ်းလေးနဲ့ ခြေဖျားထောက်ပြီး မော်လမြိုင်သူ ပါးစပ်ကို ပိတ်တယ်။ “မမ ရယ်မပြေးနိုင်လို့ ငိုပါ့မလား သူ့ ချစ်သူ သူများနောက်ပါသွားတာ ကြားရုံပဲကြားတာ သူ့ကို ဗြောင်ညာနေတာလေ သူကပွဲတက်ဘို့အတွက်ပေါ့ ဟိုတစ်ယောက်က ဟိုအတွက်ပေါ့ တဲ့ အခုတော့ ကျမတို့ လဲ အရှက်တွေဗြန်းဗြန်းကွဲတာပဲ ညဆယ်နာရီကျော် လေညှင်းခံ လမ်း လျှောက်လာတာလေ မျက်နှာခြင်းဆိုင်ပဲတဲ့ ဟားဟား ကျမပြောသားပဲ ဟိုက ငယ်ငယ်လေးရယ် ရှိလှနှစ်ဆယ်ကျော် လေးပေါ့ ခါးလေးများ မြင်လိုက်တာနဲ့ ပုရိသတွေ မပြောနဲ့ ကျမတောင်ဖက်ခြင်စရာလေး တယ်တဲ့”မော်လမြိုင်သူရဲ့ဗြောင် ကြပြီးပြောင်မြောက်လွန်းတဲ့ လေသံတွေ ကြောင့်ကျမကရောင် ရမ်းပြီးကိုယ့်ခါးကိုယ်ပြန်စမ်းမိတဲ့ အထိပဲ ဆက်ပြောလာတဲ့ “ပေါင်လေးများ ၀င်းမွတ်နေတာ ချက်အောက်ကနေ ပေါင်ရင်းအထိ ၀တ်ထားတာများ တစ်ထွာသာသာ လေးရှိတယ် ဒီလိုကောင်မလေး မျိုးနဲ့ ညဆယ်နာရီကျော် လမ်းလျောက် နေနိုင်တာကိုက နင့်လူကို ကျေးဇူးတင်ရမယ်တဲ့”ရိုက်သံတွေ ပိုကျယ်လာသလိုပဲ ငိုသံတွေနဲ့ ခပ်ဝဲ၀ဲ ထားဝယ်သူရဲ့ စကားကို ကြားရတော့ အားလုံးပါးစပ်ဟောင်းလောင်းနဲ့ “ငါတော့ ဒီဗိုက်တစ်လုံးနဲ့ဒုက္ခရောက်ပြီးကျန်ခဲ့ပါပြီတဲ့” ကြက်သေသေ နေတဲ့ကျမတို့ အားလုံးထားဝယ်သူဗိုက်ကို ၀ိုင်းကြည့်ကြတယ် ကျမကသူများထက် ပိုတဲ့သူဆိုတော့ ရှေ့တစ်လှမ်းတိုးလိုက် ပြီးဗိုက်ကို ပွတ်ကြည့်တယ် မီးတောက်နေတဲ့ မျက်လုံးတွေနဲ့ မော်လမြိုင်သူက ကျမတို့ဝိုင်းထိုင်နေတဲ့ ကျောက်စားပွဲ ခုံကိုသူတဖြတ်ဖြတ်ယပ်ခတ်နေတဲ့ ကော်ယပ်တောင် အပျော့စားလေးနဲ့ဖြန်းကနဲ ရိုက်လိုက်ရင်း“ ပြန်ပြောစမ်း ပြန်ပြောစမ်း နင်ဘာပြောလိုက်တာလဲ” လို့ နဂိုကျယ်တဲ့အသံကို မြှင့်ပြီးအော်တော့
ငိုနေတဲ့ထားဝယ်သူက ၀ိုင်းစက်ပြူးကြောင်နေတဲ့ မျက်လုံးတွေနဲ့ သူ့ဗိုက်ကိုငုံကြည့်ပြီး ထုတယ်“ ဒီဗိုက်ဒီဗိုက် ငါ့ကိုဒုက္ခ ပေးပြီတဲ့ ကယ်ကြပါအုန်း တဲ့” လူမြင်မကောင်းအောင် ပူထွက်နေတဲ့ သူ့ဗိုက်ကို ၀ိုင်းကြည့်ရင်း မော်လမြိုင်သူက ဒေါသနဲ့ မျက်ရည်တွေ လိမ့်ဆင်းလာတယ် ။အညာသူကတရူံ့ရူံ့ ဖြစ်နေပြီ ကျမကတော့ ထူပူနေတယ် သူ့ကို ကြည့်လိုက် သူဗိုက်ကြည့်လိုက် ဘာပြောရမှန်းလဲမသိ ကျန်တဲ့သုံးယောက်ကလဲ ခေါင်းခြင်းဆိုင်နေပြီ မော်လမြိုင်သူက သူ့ဖုန်းကိုကိုင်လိုက်ရင်း“ ပြောင်ကြီးဖုန်းငါ့ပေးတဲ့ ”သူ့လူကို ကွယ်ရာမှာပြောင်ကြီးလို့ ကျမတို့ကခေါ်တယ်လေ အသက်သုံးဆယ့်သုံးကျော် ခါစအရွယ်မှာ ဇတ်ပိုးတက် ပိုက်ပူ အဆီထူစပြုနေတဲ့ သူပေါ့ လူရှိန်အောင် ဘယ်လောက်ပဲဆံပင်ကိုဘေးခွဲ သပ်သပ်ရပ်ရပ် ဖီးထားပေမဲ့ အဝေးကကြည့်ထဲက ပြောင်စပြုနေလို့ အမှန်တစ်ကယ် ခေါ်တာကိုပြောင်ကြီး ဒေါကထွက်နေတဲ့အချိန် ဆိုတော့ “ပြောင်ကြီးဖုန်းပေးပေါ့” ထားဝယ်သူကထိပ်ထိပ် ပြာပြာနဲ့ နင်“သူ့ကိုဘာပြောမှာလဲ ”လို့ မေးရှာတယ်
“နင်ဗိုက်ကိစ္စလေတဲ့ အခုလူစုံတုန်းခေါ်ရှင်း ရအောင်တဲ့”ကျမကဖုန်းကိုလုလိုက်ရင်း “နေကြပါဦး လို့ဝင်အော်လိုက်တယ် ပြီးတော့ အရာရာအူကြောင်ကြားနိုင်လွန်းတဲ့ ထားဝယ်သူကို ပုခုံးကိုဗြန်းကနဲ ရိုက်လိုက်ရင်း “ရှင်းရှင်းပြော ဘာဖြစ်လဲဆိုတော့” ကြောင်တောင်တောင်ပြန်ကြည့်နေတယ် အညာသူက ကျမနဲ့ထားဝယ်သူကြားကြောက်ရွံရွံ တိုးဝင်ထိုင်ရင်း “သေချာပြောပြလိုက်လေ ဘာမှစိတ်မညစ်နဲ့ ငါတို့အကုန်ရှိတယ် ” လို့ပြောရှာတယ်။မော်လမြိုင်သူကစိတ်မရှည်တဲ့ အသံနဲ့ “မြန်မြန်ပြော ခုမှရှက်မနေနဲ့ နင်ကိုယ်ဝန်ကဘယ်နှစ်လ ရှိနေတာလဲ ငါအခုပြောင်ကြီးဖုန်းခေါ်မယ် သူတာဝန်ယူမလား မယူဘူးလား ငါတို့အားလုံးသိနေတာပဲ မျက်နှာစုံညီငါကိုယ်တိုင် မေးမယ်” လို့ စကားဆုံးတော့ ထားဝယ်သူက ၀ုန်းကနဲ မတ်တပ်ထရပ်တယ် “ကိုယ်ဝန် ကိုယ်ဝန် ဘာကိုယ်ဝန်လဲတဲ့” အကုန်လုံးပြိုင်တူ “နင့်ဗိုက်ထဲက လေ”
လို့ပြိုင်တူလှမ်းအော် လိုက်တယ် သူ့ရဲ့” ပူနေတဲ့ဗိုက်ကို ပြန်ငုံ့ကြည့်ရင်းကိုယ်ဝန်ကဘယ်က ရောက်လာတာလဲ” တဲ့ ကျမလေစိတ်ရူပ် စိတ်ညစ်လွန်းစွာ နဲ့ “နင်ဗိုက်ဘာ လို့ ပူတာလဲ လို့ ကျမမေးတော့” “ထမင်းလေထမင်းစားတာ ”တဲ့ သူစကားဆုံးတော့ စဉ်းစားသာကြည့်တော့ မော်လမြိုင်သူ တွန်းချလိုက်တာ မြက်ခင်းထဲ ဒလိမ့်ခေါက်ခွေး ပြုတ်ကြ သွားတယ် ကျမတို့လဲ သူ့အပေါ် အကုန်တက်ဖိပြီး စကားမပြောနိုင်ပဲ လုံးထွေး နေကြတယ်။
မောလွန်းလို့ မျက်ခင်းပေါ်မှာပဲ အမောဖြေနေ ကြတော့ “ထားဝယ်သူက ငါအလုပ်အရမ်းပင်ပန်းတယ် ဆိုက်ထဲမှာ အသားတွေလဲမြင်တဲ့ အတိုင်းပဲ ပင်ပန်းလွန်းတော့ အိမ်ရောက်ပြီဆိုတာနဲ့ မတရားစားပြီ မနက်အစောကြီး ထဖို့အိပ်ရတော့တယ် ဒီဗိုက်က ဒီလောက်ပူလာတာလေ ဒီဗိုက်ကြောင့် ငါကျန်ခဲ့ပြီလို့ ပြောတာလေ” လို့ ကျမတို့ကို ရှင်းပြတယ်။မော်လမြိုင်သူက ခွက်ထိုးခွက်လန်ရီရင်း” တော်ပါတော့ဟာ ကိုယ့်ဘာသာအစားသောင်းကျန်း လို့ပူ လာတဲ့ ဗိုက်များ ပြောင်ကြီးသာငါခေါ်မိလို့ကတော့ ခင်ဗျားတို့ ဗိုက်တွေလဲ အကုန်ပူနေတာပဲ အဲဒါကော ကျနော်တာဝန်ယူရမှာ လားဆို ရင်ဘုရား ဘုရား အမေရေ သမီးတို့ ကံကောင်းလို့ ပါအမေရဲ့ လို့ ထအော် တယ်”
ကျမကတော့ မြက်ခင်းပေါ်ပက်လက်လှန် နေရင်းအဆုံးအစမရှိတဲ့ မိုးကောင်းကင်ကြီးကို ကြည့်လို့ “နင်သူ့ကိုတစ်ကယ်ချစ်တာပဲလား”လို့ မေးတယ် ထားဝယ်သူက အသံဝဲ၀ဲနဲ့“သူ့မချစ်လို့ ဒိအသက်အရွယ် မှာ ဘယ်သူ့ ချစ်ရမလဲ ပညာတူ အရွယ်မတိမ်းမယိမ်း သူ့ကိုလက်ခံထားတာလဲ လူတိုင်းသိနေတာ ငါကျန်ခဲ့ရင် အပေါင်းအသင်းတွေကြား အရှက်တော့ဗြန်းဗြန်းကွဲပါပြီ ” တဲ့ ကျမက နင့်ဟာက အချစ်လဲတစက်မှမပါပါ လားဟာ”လို့ ပြောတော့ “သူလဲငါပညာ ငါ့လစာငါ့အနေအထားကြိုက်တယ် ငါလဲသူ့ပညာ သူ့လစာကြိုက်တယ် တစ်ယောက်အကြောင်းလဲ တစ်ယောက်သိနေပြီ ငါ့တို့လက်ထပ်ကြ မယ်လေတဲ့”“နင်ကလဲ ရိုမက်တစ် မဆန်လိုက်တာ ဟိုးမှာကြည့်စမ်း လကြီးကသာလို့ နင်တို့ပြေးတဲ့ လမ်းတစ်လျောက် လူသံသူသံကလဲ တိတ်ဆိတ်လို့ လရောင်အောက်မှာ သိပ်လှတဲ့ ကောင်မလေးနဲ့ တွဲလျောက်သွားတာ ရိုမက်တစ်မဆန်ဘူးလား”လို့ ကျမကမေးတော”့အဲလိုရိုမက်တစ်ဆန်ချင်မှတော့ သူလိုလူကြီးငါတွဲ ပါ့မလား နုနုရွရွ လေးတွေ နဲ့တွဲတော့မှာပေါ့ တဲ့” ကျမတို့တွေဗြုန်းဆို ပြိုင်တူငုတ်တုတ်ထိုင်ရင်း“ငါတို့ဆိုလိုချင်တာ အဲဒါပဲ နင်လဲသူ့လိုတွဲပေါ့” လို့ကျမတို့ကပြောတော့“အားအားယားယား ဟာ အခုပဲ လှချင်လွန်းလို့ ပေါင်သုံးဆယ်လောက် မတရားတက်လာလို့ လူမြင်မကောင်းတာ သူများတွေပြောလွန်းလို့ ဒုက္ခဆင်းခံနေတာ မနက်ခြောက်နာရီထိုး အလုပ်ဆင်းရမှာ ငါအိပ်ချင်နေပြီ ဒီလသာတာလဲငါမသိဘူး တွဲလျောက်ဘို့လူ ဘယ်မှာရှာရမှန်းလဲ မသိဘူး”တဲ့ မော်လမြိုင်သူ က“ပင်နီဆိုးလားမှာ စာကပ်လိုက်ပေါ့ဟာ ပတ်တိုင်းပေါ့ လသာထဲလမ်းတွဲလျောက်ရမည်ပေါ့ တစ်နာရီခြောက်ကျပ်ပေါ့ဟာ ရုပ်ရည်သန့်ပြန်ချောမော ရမည်ထည့်လိုက်ပေါ့” လို့ပြော ပြီးကျမတို့ပြိုင်တူ တစ်ဝါးဝါးရီကြတယ်။ကျမကထပ်ပြီး “နင်ကိုနင်လဲ မာစတာ ဘာညာသာတကာ ထည့်လိုက်ပေါ့ဟာ” လို့ ကျမပြောတော့ ထားဝယ်သူက မတ်တပ်ရပ်ခါးထောက် ခေါင်းကိုမော့ပြီး” ဒီမှာထည့်စရာမလိုဘူး ပင်နီဆိုးလားကိုသုံးခေါက်လောက် သွားတာနဲ့ ရတယ် ငါမတွဲခြ့င်လို့ပေါ့ ကိုယ်နဲ့လိုက်ဘက်တဲ့ မိသားစုအသိုင်း အ၀ိုင်းကလဲ လက်ခံနိုင်လို့ လူသိရှင်ကြား ကြေငြာပြီး တွဲခဲ့တာ စာရိတ္တ မကောင်းလို့တော့ ငါစဉ်းစားရတော့မယ်တဲ့”ပြောနေတုန်း ကိုပြောင်ကြီးဖုန်းဆက်လာတယ် ကျမတို့အားလုံး သံပြိုင် “ကိုပြောင်ကြီးပြော ”လို့ ပြောတော့ လန့်ပြီးအသံတိတ်သွားပုံရတယ်။“စပီကာဖွင့်ထားတယ် ပြောတွေ့ခဲ့တဲ့ မျက်လုံး ခြောက်စုံ အခုနားထောင်နေတဲ့ နားခုနှစ်စုံ ဘာပြောခြင်လဲလို့ ကျမကပြောတော့” “ထားဝယ်သူနဲ့ ပြောချင်လို့ပါတဲ့”“ရှင့်စာရိတ္တပျက်ပြားမူ့ကြောင့်သဲသဲလူပ်ငိုကြွေးနေတယ် ကောင်မလေးသိပ်လှတယ် ကြားတယ် ကွန်ကရက်ကျူ လေးရှင်းပါလို့ ကျမကပြောတော့” “မဟုတ်ဘူး မဟုတ်ဘူး အထင်မှားကြတာပါ လာမယ့် ဖေဖ၀ါရီမှာ ကျနော်တို့ လက်ထပ်ကြရအောင်လို့ အားလုံးရှေ့မှာပြောချင်တာပါတဲ့”
ကျမတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အံ့သြလွန်းစွာတိတ်ဆိတ်သွားတယ် ကျမကပဲ “ဒါနောက်စရာမဟုတ်ဘူးနော် အခုပဲ မော်လမြိုင်သူက ထားဝယ်သူအတွက် အိမ်ထောင်ဖက်ရှာဘို့ အေးဂျင့်အပ်နေပြီ စင်္ကာပူ ပီအာ မာစ္စတာ လစာလေးထောင်နီးပါး အသက်၂၈ အဲဒါတွေ တောင်းနေလို့ ”လို့ ကျမကပြောတော့ အမှန်အတိုင်းပြောရ ရင်ပါးစပ်ထဲတွေ့ရာ ကိုမခံခြင်စိတ်နဲ့ လျောက်ပြောမိတာ“ပေါက်ကရ တွေဗျာ ဘာမှလဲဟုတ်တာမဟုတ် ဘူး မဟုတ်တာတွေ လျောက်လုပ်မနေနဲ့ ကျနော်ကယောင်္ကျားလေး ဘာမှပဲ့ပါသွားတာ မဟုတ်ဘူး သူက မိန်းခလေး တဲ့ ရှင့်
ကျမတို့တအံ့တသြ တယောက်မျက်နှာ တစ်ယောက်ငေးကြည့် နေတုန်းမှာပဲ ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်း ထားဝယ်သူက ဖုန်းကို လုပြီးဝဲနေတဲ့ အသံမှာ ဒေါသသံစွတ်လို့ “ဒီမှာ ကိုပြောင်ကြီး ရှင်ကဘာမှပဲ့မသွားဘူး ဟုတ်လား ဒီမှာရှင်နဲ့ မင်္ဂလာဆောင်မှာ ရော ကျမဗိုက်ကြီးတဲ့ အချိန်မှာရော ကျမခလေးမွေးတဲ့ အချိန်မှာရော ကျမဆွေမျိုး ရှင့်ဆွေမျိုးတွေ စုံတဲ့ အလျူတွေ မင်္ဂလာဆောင်တွေ မှာရော ကျမတို့ ခလေးတွေ ကြီးလို့ လင်ယူသားမွေးပြီး ကျမတို့ မြေးတွေမြစ်တွေ ရတဲ့ အထိပဲ လသာတဲ့ အခုလိုရက်မှာ ကိုယ်တစ်နေ့ကုန်ရုံးမှာ ပင်ပမ်းလာလို့ စောစောအိပ်မယ် အချစ်ရယ်ပြောပြီး ကိုယ့်သမီးလောက် လေးနဲ့ ပြောင် နေတဲ့ရှင့်ထိပ်ကိုမှ အားမနာ အရှက်မရှိ ခိုးကြောင်ခိုးဝှက် လုပ်တာ ဒီမှာ အညာသူ အညာတစ်မြို့လုံး နင်တာဝန်ယူ မော်လမြိုင်သူ မော်လမြိုင်တမြို့ လုံး နင့်တာဝန်ပဲ ထားဝယ်မျိုးနွယ်စုတွေကြားတော့ ကျမ မသေမချင်းတာဝန် ယူမယ် အွန်လိုင်းတစ်ခု လုံးအတွက်က မမ တစ်ယောက်လုံးရှိတယ်လို့” ဒေါနဲ့မောနဲ့ပြော နေရင်းက ဖုန်းကိုလက်နဲ့ပိတ်ပြီး သူမေ့နေတဲ့ တစ်ခြားနှစ်ယောက် ကို ဘယ်ဇာတိလဲ လှမ်းမေးနေသေးတယ်။ သူ့ပုံစံကိုကြည့်ပြီး ကျမတို့ အားလုံး ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းကို မသိအောင်ပဲ ထုံးစံအတိုင်း မော်လမြိုင်သူက “ဘုရားဘုရား သူ့ပါးစပ်ထဲမှာတင် ကိုပြောင်ကြီးလဲ အိုသွားလိုက်တာ မြေးတွေမြစ်တွေ တလှေကြီးနဲ့ ပါလားဟယ် ဟိုကကြောင်းလန်းတုန်း ရှိသေးတယ် နင့်စိတ်ကူးနဲ့ တင် ကိုပြောင်ကြီး အမောစို့နေပြီဟာ တော်ပါတော့လို့ ပြောရင်း ဖုန်းကိုလုပြီး “ဘာမှပဲ့မသွားတဲ့ ကိုပြောင်ကြီး ဘယ်လိုသဘောရပါသလဲ ရှင်”ဆိုတော့ “တဟားဟားအော် ရယ်ရင်း သူ့သဘောအတိုင်းပါဗျာတဲ့”
အဲဒီအချိန်မှာပဲ ကျမက ဖုန်းကို လုပီး“ အလိုတော့ မရဘူးရှင့် မင်္ဂလာဆောင်တဲ့ အခါ ရှင့်ရဲ့ ဘွဲ့တွေ ဂုဏ်ထူးတွေ ရှေ့မှာ ဘီအမ်ပီ ဆိုတာ
တစ်ခုတော့ ထပ်တိုးရလိမ့်မယ်” လို့ ကျမကပြောတော့ အားလုံးသံပြိုင် တစ်..နှစ်.သုံး ဘီအမ်ပီ ကိုပြောင်ကြီးလို့ အော်ကြတယ်။ ”ဘာ အတွက် ဘီအမ်ပီလဲ လို့ ကျမတို့ကို နားမလည်စွာ မေးလာတဲ့ ကိုပြောင်ကြီး ကို “အော် ကိုပြောင်ကြီးရယ် ဘာမှပဲ့ ပါမသွားပါဘူး ဆိုတဲ့ ရှင့် သိက္ခာကို ကိုယ်စားပြုတဲ့ စာတီဖီကိတ်ပေါ့ ရှင် လို့ ” ကျမကပြောတော့ အားလုံးက ဘီအမ်ပီ ကိုပြောင်ကြီး ဘီအမ်ပီ ကိုပြောင်ကြီး လို့ဝိုင်း အော်ကြတယ်။ အလိုနဲ့ ဘီအမ်ပီ ကိုပြောင်ကြီး လို့ ကျမတို့ ကြားမှာ ရေးပန်းစားတော့တယ်။ ထားဝယ်သူကိုယ် တိုင် သူ့ခင်ပွန်း လောင်းကို အရင်က ကျမတို့ ကကိုယ်ပြောင်ကြီး လို့ ကွယ်ရာ မှာခေါ်တိုင်း မနှစ်မြို့စွာ တားမြစ် တတ်ပေမဲ့ အခုတော့ သူကိုယ်တိုင် ဘီအမ်ပီကိုပြောင် ကြီး လို့ တခုတ်တရ ခေါ်လေရဲ့ ရှင့်
ကျမပြောခြင်တာ ဘာမှပဲ့မပါ သွားဘူးလို့ ထင်ရတဲ့ ပုရိသတွေ ရဲ့ နောက်မှာ အရိပ်တွေ တော့ တိုးတိုးသွားတယ် ဆိုတာပါပဲ။
ကိုယ့် အရိပ်ကိုယ် ကိုယ်တိုင်မမြင်ရ ပေမဲ့ ဘေးလူတွေ တော့ မြင်ရတယ်ရှင် လူမှန်ရင် အရိပ် တစ်ခုပဲ ရှိရမယ် နော....။

မှတ်ချက်။ ကျမဒီစာကို ရေးတဲ့အချိန်မှာ ကိုပြောင်ကြီး နဲ့ ထားဝယ်သူ မင်္ဂလာ အခန်းအနားပစ္စည်း တွေ ရန်ကုန်မြို့ မှာဝယ်နေပါတယ် ရှင်


လေးစားစွာဖြင့်
မမ(အပေအတေ)
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner