
ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့် ပို့ဖို့ ခြံဝကိုထွက်လာတယ် ဆိုရင်ပဲ တတီတီမြည်နေတဲ့ ကားဟွန်းသံက နားထဲမှာစိမ်းနေတာ ကြောင့်ဘယ်က ဧည့်သည်များ ပါလိမ့်ဆိုပြီး လက်ထဲကဆွမ်းချိုင့်ကြီးကိုချ ခြံတံခါးကို အပြေးအလွားဖွင့်ကြည့်တယ်ဆို ဘုရားဘုရား လှလိုက်တဲ့ ပရာဒို ကားနက်ကြီး နက်ပြောင်တောက်ပ လို့ ကျမ အတင်းပြူးပြဲကြည့်တာ တောင် မဲမှောင်နေတဲ့ ကားမှန်ကြောင့် အထဲကသူတွေကို မမြင်ရဘူးရှင့်
အဲဒီအချိန်မှာပဲ ကားမောင်းသူနေရာက မှန်ကစလိုးမိုးရှင်းနဲ့ တဖြေးဖြေးလျောကြ သွားတဲ့အချိန်မှာတော့ ကျမအံ့သြလွန်းစွာ ထခုန်လိုက်မိတော့တယ် ကားနက်ကြီးနဲ့ လိုက်ဖက်စွာ သန့်ပြန့်ချောမော နေတာ “အမလေး မာမူတော့” လို့ ကျမအော်တော့ ငှဲငှဲငှဲ ငါ့ဘေးကိုလဲ ကြည့်ပါဦးသိပ် မလန့် သွားပါနဲ့ လို့ သူ့ဘေးကို လက်မနဲ့ ဘေးတိုက် ထိုးပြတော့ ကျမ အဘွားကြီး တစ်ယောက်လို မျက်လုံးကို စုံပွတ်ကြည့်လိုက်မိတယ်ဆို ချောမောလှပတဲ့ မျက်နှာကိုတစ်ဝက်နီးပါးအုပ်လုနေတဲ့ ဘရင်းတတ် မျက်မှန်ကြီးကို လက်ညိုးလေးနဲ့ဟန်ပါပါပင့်တင်ရင်း မခို့တရို့လေး မျက်စာပစ်ပြနေတာ“ဘုရား ဘုရား ဘာတွေ ဖြစ်ကုန်ကြ ပြီလဲ အပြုတ် အမလေး အပြုတ် ပါလား” အရပ်ကတို့ လို့ ကျမအော်ရင်း ကားဘေးနားကိုယိုင်နဲ့ စွာမှီလိုက်မိတယ် ဆို “ခွိခွိ မမ အားတင်းထားပါ ဦး နောက်ခန်းမှာလေ လို့ ” ကျမကို မေးထိုးပြတယ်။
ကျမခြောက်ခြားစွာ အပြုတ်ချထားတဲ့ မှန်က ခေါင်း ထိုးပြီးကျော် ကြည့်လိုက်တယ်ဆိုရင် ကင်မရာမီးရောင်က တဖြတ်ဖြတ်မီးတွေ လင်းသွားတော့တယ်။ကျမလန့်ပြီး ခေါင်းကိုရုပ်လိုက် ရင်းမယ်ကွိ လို့ အော်လိုက်တယ်။ ကွိစီရဲ့ ဘေးတဖက်တချက် ဆီက လက်ဖြူဖြူလေး နှစ်စုံ စီမြှောက်တက်လာရင်း မမ ဂျစ်ဂျစ် လို့ အော်ဟစ် နူတ်ဆက်လိုက်တယ် ဆို ကူးလ်၊ငယ် လို့ ကျမတအံ့ တသြ ရေရွတ်မိတော့ တယ်။
ဘုရားဘုရား လန်းလိုက်ကြတာ ဘုရားဘုရားတောက်ပြောင်နေလိုက်ကြတာ ကျမကိုယ်ကျမ ပြန်ငုံကြည့်မိတယ် ဆို အပြုတ်နဲ့မာမူ က “မယ်မင်းကြီးမ မြန်မြန်တက်တဲ့” “အမ် ဒီပုံကြီးနဲ့ နင်တို့ အလန်းဇယား တွေနားဘယ်လို ကပ်ရမလဲ ဆိုတော့” မာမူက တဟားဟားနဲ့စပြီးရီတယ် နောက်ကသုံးယောက် က ကားပြူတင်းပေါက်ကနေ ခေါင်းတွေပြူရင်း ကျမကိုယ် ခြေဆုံးခေါင်းဆုံးကြည့်ပြီးတဲ့ သကာလမှာတော့ “မမ...မမ..အပေအတေ...အပေအတေ” လို့ လက်ခုပ်လက်ဝါးတီးအော်တယ်။“အပြုတ်ကတော့ လူကြီးစတိုင် နဲ့ လာပါဟာ အဲဒီပုံနဲ့ ဆိုတော့ ငါ့ကို လူရှိန်တာပေါ့ ရော့ဒါလေးကိုကိုင် ဆိုပြီး ကားပေါ်ကနေ သူပစ်ပေးတာ ကြီးကို အမြန်လိုက် ဖမ်းရင်း ဘာကြီး လဲလို့ ကျမကအော်တော့” “ငါ့အိတ်လေဟာ နင့်က ငါ့ရဲ့ တောက်တိုမယ်ရပေါ့တဲ့” ဘုရားဘုရား ပြောရက်လိုက်ကြတာ မာမူ ကိုအားကိုးတကြီး မော့ကြည့် တော့ “အပေအတေ ဆိုမှ လန်းချင်မနေနဲ့ အဲဒီအတိုင်းတက်ခဲ့တဲ့”ဘုန်းကြီးကျောင်း သွားဘို့စွပ်ရချွတ်ရ လွယ်ကူ တဲ့ ညှပ်ဖိနပ် အနီရောင် ပြောင်ထမီပေါ်မှာ ပေါင်လည်လောက်ကစပြီး အစင်းသေးသေးလေးတွေ ပတ်လည်ရက်ထားတဲ့ ဂျပ်ခုတ် ကရင်လုံချည် နဲ့ ရင်စေ့မြန်မာအင်္ကျီ ချည်သားအ၀ါဖျော့ဖျော့ ကိုဝတ်ပြီး ဆံပင်ကို နောက်မှာ ခပ်မြင့်မြင့်စည်းထားတဲ့ ကျမ ပေစုတ်စုတ် သိပ်ငယ်စွာ ကွိစီ တို့ကြားအတင်းတိုးထိုင် တော့တယ် ဒါဘာချိုင့်ကြီးလဲလို့ ကျမကိုဝိုင်းမေးကြတော့ ဘုန်းကြီးကျောင်း ပို့မှဖြစ်မယ် ဒီနေ့ကျမတို့ အိမ်ကဆွမ်းချိုင့် လို့ကျမပြောတော့ မာမူက“ အိုကေ ဘာသာရေးမှာတော့ ငါတို့ကလက်မနှေးပါဘူး”ပြောပြီးဝူးကနဲ မောင်းထွက်တော့တယ်။
မသိရင် ကိုရီးယားမလေးတွေ အတိုင်းပြင်ထားတဲ့ ကူးလ်နဲ့ငယ် ကင်မရာကြီးတကားကားနဲ့ မတ်စ်အင်စပန်ဇာက နောက်ဆုံးပေါ်တွေနဲ့ လန်ထွက်နေတဲ့ ကွိစီ တို့ ကြားမှာ ခပ်ကုတ်ကုတ်လေး ထိုင်ရင်း “မာမူရာ ကျူပ်ကြတော့ လန်းဘို့ အချိန်မပေးဘူး မတရားဘူးဟာ လို့ ကျမကပြောတော့” အပြုတ်ဘာနဲ့တူလဲသိလားတဲ့ “ကျမတို့အားလုံး မာမူဘာကိုပြောတာလဲလို့” ၀ိုင်းမေးတော့
ချိုင့်ကြီး တကားကားနဲ့ အတင်းအဓမ္မ မမ ကိုငါတို့ ဗီတို အာဏာသုံးပြီး ကားပေါ်တက် ခိုင်းတာလေ အင်္ဂါ ထောင့်မှာ ဆွမ်းသွားကပ်တဲ့ ဟိုအန်တီကြီးကို ဖမ်းလာပုံ နဲ့ မတူဘူးလားတဲ့ သူဝတ်ထားတဲ့ ကရင်ထမီနဲ့ ဆိုတော့လေ” တဲ့ တကားလုံးလက်ခုပ် တီးပြီးတူတယ် တူတယ် လို့အော်ကြတယ် ကျမက မကျေမနပ်နဲ့ “မာမူက ဒါဆို ကြံ့ဖွံ့ပေါ့လို့ ကျမက မကျေမနပ်ပြောတော့ ” မာမူမျက်နှာ မှောင်ကုပ်သွားပြီး“တော်စမ်းပါ နိုင်းစရာရှားလို့ ကျက်သရေတစ်စက်မှ မရှိတဲ့ တိရိစ္ဆန်ထဲမှာ ရုပ်အဆိုးဆုံး ကြံ့ အမွဲဆုံး ဖွတ်နဲ့မှ နိုင်းရလားလို့ “ရေရွတ် တယ်။
“ ကျမက နေကြပါဦး ဘယ်လိုလုပ် တအုပ်တမကြီး မြန်မာပြည် ပြန်ရောက်ပြီး ကျုပ်ကို ဘယ်လိုရှာတုန်း လို့မေးတော့”
အကုန်လုံးက တပြိုင် နက်ထဲ“ကမ္ဘာမကြေ မြန်မာပြည် တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ” လို့ အသံနေအသံထား နဲ့ ဆိုပြတော့ ကျမတောင် ကြက်သီးတဖြန်းဖြန်း ထသွားတယ်။ “အကုန် ကျောင်းတွေ ပြီးပြီးလေ အလုပ်လုပ်ဘို့ ပြန်လာကြတာတဲ့။ကျမက အားလုံးထက် စောပြီး ပြန်ရောက်နေတဲ့သူ ဆိုတော့ ယောင်လည်လည် ဘာလုပ်ရမှန်းမသိ အိမ်ပဲကူရမလို ဈေးပဲထွက်ရောင်းရမလို ဖြစ်နေတာ ပြောတော့ပါဘူး နေပါစေ တနေ့သိလာလိမ့်မယ် လို့ ကျမတွေးနေတုန်းမှာပဲ လူအုပ်ကြီး လူအုပ်ကြီး ကျမတို့ ကားရှေ့မှာ နဲနဲနောနောမဟုတ် လူတွေဆိုတာ ရန်ကုန် တမြို့ လုံးက ရှိသမျှ လူတွေကုန်ပြီ် ထင်ပါရဲ့ ။ မာမူ က “ဘာများဖြစ်လဲ မသိ ကားလဲဆက်မောင်းလို့မရ အပြုတ်ဆင်းကြည့်ပါဦး” ဆိုတော့ “အပြုတ်က တံခါးဖွင့်ဆင်းတယ် စပ်စုချင်တဲ့ ကျမ အပြုတ် လက်ကိုင်အိတ် ကြီး ပိုက်ပြီးဆင်းရနိုးနိုး တွေးနေတုန်းမှာပဲ အပြုတ်ကားရှေ့ကို ပြန်ပြေးလာတယ်။
“မာမူ ရေ သူငယ်ချင်းတို့ ရေ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ စကားပြောပြိုင်ပွဲတဲ့” မာမူရော ကျမတို့ ရောအားလုံး ပါးစပ်ဟောင်းလောင်း ဘာပြောရမှန်းမသိ အပြုတ်က ထပ်ပြီး ခေါင်းစဉ်က “ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့်ချစ်ကြတယ် တဲ့” မည်သူမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင် နိုင်ပါသည်တဲ့” မာမူက နဖူးကြော ကြီးတွေ ရူံ့တွ နေအောင်စဉ်းစားဟန် ပြုနေရင်းက ဒီနေ့ ဖေဖ၀ါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့ မှာ စကားပြောပြိုင်ပွဲ လို့ ရေ ရွတ်ရင်း ကဲကဲ ဆင်းကြ ဆင်းကြ ကြည့်ရအောင် နားထောင် ရအောင် ဆိုတော့ ကျမတို့ အလုအရက် တိုးဆင်းကြ တယ်။ ထူးထူးခြားခြား ကားအမဲကြီး ထိုးရပ်ပြီး ရုတ်တရက် စုပြုံဆင်းလာတဲ့ ကျမတို့ကို ရိုးသားတဲ့ ပြည်သူတွေက ဘာရယ် မဟုတ်လမ်းဖယ် ပေးကြတယ်။
ရှေ့ဆုံးက မာမူ အပြုတ် မမ ကွိစီ ငယ် ကူးလ် အတန်းလိုက် လူတကိုယ် စာ လမ်းရှဲ ပေးတော့ ကျမတို့ လဲ ဖယ်ပေးတဲ့ လမ်းအတိုင်း တိုးဝင်သွား ကြတာ ရှေ့ မှာပွဲ ကြည့်စင်ကို မြင်နေရပြီ ပွဲကြည့်စင် တဖက်မှာ အပွင့်အခက်တွေမျိုးစုံ နဲ့ ယူနီဖေါင်းဝတ်တွေကတဖက် ဒီဘက်မှာပုဆိုးနဲ့တိုက်ပုံဝတ်တွေက တဘက် အစီအရီထိုင်နေကြ လေရဲ့ အရှိန် နဲ့ လျောက် နေတဲ့ မာမူ နောက်က လိုက်နေရင်း ကျမတို့တွေ တက်ကြွ နေကြတယ် ကျမတို့ထဲမှာ မာမူ ကနှံ့စပ်သူ ပညာအရာ ထူးချွန် သူ အမျိုးသားရေးကို အင်မတန်မှ အလေးထားပြောတတ်သူ ဆိုတော့ ကျမတို့တော့ ပွဲကြီး ပွဲကောင်းပဲ ဆိုပြီး အားတတ်သရောအတွေးကိုယ် စီနဲ့ လျောက်နေရင်းက ရှေ့ဆုံးက မာမူ ကဟန်တလုံးနဲ့ လျောက်နေရင်း “ဟာ.....သောက်ဂွပဲ ..လို့ ရေရွတ်ရင်း” တုံ့ ကနဲ ရပ်လိုက်တယ် ဆို
အစဉ်လိုက် ကားဘရိတ်အုပ်သလို လိုက်ရပ်ကြတယ်။ မာမူက နောက်လှည့် လိုက်တော့ ကျမတို့ ၀ိုင်းကြီးပတ်ပတ် ပုံစံခေါင်းချင်းဆိုင် လိုက်တယ် တပြိုင် နက်ထဲ“ မာမူ ဘာဖြစ်တာလဲလို့ “ ကျမတို့ဝိုင်းမေးတော့ “အမျိုးသားခေါင်းဆောင်ကြီး မွေးနေ့မှ ကျုပ်ဒီပုံနဲ့ တက်လို့ မဖြစ်ဘူး ဆိုပြီးဝတ်ထားတဲ့ ဘောင်းဘီရှည်ကိုငုံ့ကြည့်ရင်း တိုးတိုးပြော တယ် ” ကျမက ပုဆိုးငှါးလိုက်မယ် လေ မြန်မာအမျိုးသားတွေ အများကြီး ပေးမှာပါလို့” ၀င်ပြောတော့ မာမူက “မမ ပါးစပ်ပိတ်ထား ဟန် မပျက်စေနဲ့ အပြုတ်တက်တဲ့” ကျမတို့ တယောက်လက် တယောက် ဆုပ်ကိုင်ရင်းအားဖြည့်လိုက်တယ်။
ငါးပေ ခြောက်လက်မ အရပ်အမြင့်မှာ ဒေါက်ဘိနပ် ၁လက်မခွဲ ရိုးပြည့် ပညာပြည့်ဝတဲ့ အပြုတ်ကို အားကျကြည့် နဲ့ ၀ိုင်းကြည့်ကြပြန်တယ်
“အာ မာမူ ကျမလဲ အမျိုးသမီးဝတ်စုံတော့ ပြည့်မှ ဖြစ်မှာပေါ့လို့ ”အပြုတ်ကပြောတယ်။
ခွိခွိ ကျမအလှည့် ရောက်လာပြီ ပျော်နေတဲ့ ကျမခဏ ပါပဲ“ မဖြစ်ဘူးမာမူ
ကျမ မပြောတတ်ဘူးဆိုတော့” “အကုန်လုံးက ၀ိုင်းပြီး ဘာမပြောတတ်စရာ ရှိလဲ ရင်ထဲရှိတာပြော ဗိုလ်ချုပ်နဲ့ ပတ်သက်တာ မသိဘူးဆို ငါတို့ နဲ့ မပေါင်းနဲ့ တဲ့” “အမ် အပြုတ် ငါမှတ်ဥာဏ် မကောင်းတာ နင်အသိဆုံး ငါ့ဖုန်းနံပတ်တောင်အလွတ်မရ ဘူး ခုနှစ်သက္ကရစ် တွေတခုမှ မသိဘူး ငါကဗိုလ်ချုပ်ကို ရိုးရိုးလေးပဲချစ်တတ်တာ” လို့ကျမပြောတော့ မာမူက အာ ဘယ်သူကဆန်းဆန်း ချစ်လို့တုန်း ဒါစာမေးပွဲဖြေတာမဟုတ်ဘူး မလိုဘူးတဲ့” ကျမ အပြုတ် လက်ကိုဆွဲပြီး “အပြုတ် ငါအလောက် အသုံးမကျ ဘူးနော် တမျိုးသားလုံး အရှက်ရမယ် သမိုင်းတွင်မယ် ဗိုလ်ချုပ်ရဲ့ အံ့မခန်း အကြောင်းအရာတွေ အများကြီးထဲက ငါသေရာပါစွဲနေတာ ရိုးရိုးလေးတွေပဲ လို့ အထိတ်တလန့် ပြောတော့ ” “အပြုတ်က မကြောက်နဲ့ အဲဒီရိုးရိုးလေး ရင်ထဲရှိတာသာပြော လွတ်လွတ် လပ်လပ် သာပြောတဲ့” ကျမကထပ်ပြီး ငါ့ကိုဖမ်းမှာဆို တော့” အငယ်သုံးယောက်က ကျမကိုသနားကြင် နာစွာဝိုင်းကြည့်တယ် မာမူက “စိတ်ချ မမ နင်ထောင်ထဲ မှာသေတဲ့အထိ ထောင်ဝင်စာ ငါတာဝန်ယူတယ် တဲ့”အပြုတ်က မဟုတ်တာ မတွေးနဲ့ သူငယ်ချင်း လွပ်လပ်စွာ လို့ ရေးထားတယ် မဖမ်းပါဘူး လို့ ” အားပေးရင်းကျမလက်ကို ဖျစ်ညှစ်အားပေးတယ် “ကျမက နင်ပဲယုံ လို့ အပြုတ်ကို အလိုမကျသလို ပြန်ပြောတယ်” မာမူ ကလမ်းဖယ်ပေးပြီး ကျမကျောကုန်းကို ပွဲကြည့် ပရိတ်သတ်နဲ့ ကွာပြီး ကွင်းလည် ရောက်အောင်တွန်းထုတ် လိုက်ရင်း “ မမ ထောင်ထဲမှာ သေရမယ် လို့ ကိုယ့်ကိုယ် ကို ယုံ ကြည်ရင် တသက်စာ ပြောခဲ့တဲ့”
တသက်စာ တသက်စာလို့ ရေရွတ်ရင်း ငယ်ငယ်က စကားရည် လုပွဲကို မြင်ယောင်လာတော့တယ်။ ကျမဘယ်ကို ဦးတည်လျောက်ရမလဲ စဉ်းစားနေတုန်း အပွင့်တွေ အခက်တွေနဲ့ ဥပတိရုပ် အတော် အတန် ခန့်ညားတဲ့ လူငါးယောက် ကျမအနားဝိုင်းလာတယ် ဆို ကျမ စိတ်ထဲဖမ်းပြီ လို့ ရေရွတ်မိတယ်၊ကျမအတွေး နဲ့ဆန့်ကျင်စွာ ပဲ ကျမကို ကြိုဆိုပါတယ်လို့ နုတ်ခွန်းဆက်ရင်း လက်ဆွဲနုတ်ဆက်တယ်။ကျမကို အမည်နေရပ်လိပ်စာ အကုန်မေးပြီး တဲ့ နောက်မှာတော့ သူတို့ကိုယ်သူတို့ မိတ်ဆက်တယ်။“ကျနော် တို့က တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းမွေး ဖွားပေးခဲ့တဲ့ ပြည့်သူ့ တပ်မတော် သားတွေပါတဲ့..ရှင် အခုလို ကျနော်တို့ရဲ့ ဖခင်ကြီး မွေးနေ့ မှာ ပါဝင်ယှဉ်ပြိုင်တဲ့ အတွက် အထူးပဲ ဂုဏ်ယူပါတယ် စင်မြင့်ပေါ် ကြွရောက်ဘို့ ဖိတ်ခေါ်ပါတယ် ” လို့ကြေငြာသံ အဆုံးမှာတော့ ကျမစင်မြင့်ပေါ် တက်ခဲ့တော့တယ်။
ကျမစင်မြင့်ပေါ်မှာ နေရာယူပြီးတဲ့ အချိန်မှာတော့ ဂါရ၀ပြု ဘို့ နုတ်ခွန်းဆက်စကား ကို အပြေးအလွား စဉ်းစားရတော့တယ်။ရှေ့ဆုံးမှာ ၀တ်စုံပြည့်နဲ့ နေရာယူနေတဲ့ ဘဘ ကြီးတွေကို လှမ်းကြည့်ရင်းငယ်စဉ်က စကားရည် လုပွဲတွေမှာ ဆရာဆရာ မတွေနုတ်တိုက် သင်ထားတဲ့ ဂါရ၀စကားရဲ့ ရှေ့ဆုံးက ဘဘ ဗိုလ်ချုပ်ကြီးနဲ့တကွ ဆိုတာကလည်ချောင်းဝကို လေချဉ်တက်လာသလိုမျိုး စုပြုံ တက်လာတော့တယ်။
ကျမ“ မင်္ဂလာပါရှင်” လို့တ နုတ်ခွန်းဆက်လိုက်တယ် ဆို လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်ပေါ်လာတဲ့ အတွက်
ကျမတကိုယ်လုံးသွေးတွေ ဆူပွက်ရင်း တက်ကြွလာခဲ့တယ်။“ဒီနေ့ ဟာ ဖေဖော်ဝါရီလ ၁၃ရက် တမျိုးသား လုံးရဲ့ ရှေ့ဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ အခါသမယမှာ ပထမဦးဆုံး ဂါရ၀ပြု နုတ်ခွန်း ဆက်ချင်တာ ကတော့ ဗိုလ်ချုပ် အလွန်တရာမှာ အားကိုးပြီး ချစ်မြတ်နိုးတဲ့ ဗိုလ်ချုပ်ကို အလွန်တရာမှ အားကိုးပြီးချစ်မြတ်နိုး တဲ့ ကျမတို့ နိုင်ငံကိုကမ္ဘာ့ မြေပုံပေါ် မှာရပ်တည် ရှင်သန်နေခွင့် ရအောင်ပံ့ပိုးနေထိုင်နေကြတဲ့ တိုင်းပြည်ရဲ့ အဘိုးမဖြတ်နိုင်တဲ့ အမွေအနှစ် ဖြစ်တဲ့ ပြည်သူ ပြည်သား အားလုံး ပဲဖြစ်ပါတယ်ရှင်”လို့ ကျမ စကားဆုံးတော့ ခနငြိမ်သက်သွားတယ် တဖြောက်ဖြောက် လက်ခုပ်သံ တွေကနေ တဖြောင်းဖြောင်းလက်ခုပ်သံတွေ အဖြစ် ပြောင်းလဲ သွားတဲ့ အချိန်မှာတော့ ကျမကိုယ် ကျမယုံကြည်မူ့ ရှိလာခဲ့တယ်။
“ ကျမတို့ပြည် သူတွေနဲ့ တသားထဲနေထိုင်ခဲ့တဲ့ ကျမတို့ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းကို
ကျမတို့တွေ ချစ်တယ် ဒါကြောင့်လဲ ပြည်သူတွေ အားလုံးက တို့ ဗိုလ်ချုပ် တို့ဗိုလ်ချုပ် လို့ အားရပါးရ ဂုဏ်ယူ ပြောဆိုခဲ့တာ ယနေ့ အထိပါပဲ ကျမတို့ ဗိုလ်ချုပ်ကို တသတသ နဲ့ ပျောက်ကွယ်သွားတဲ့ ဗိုလ်ချုပ်ကို တနေတာဟာ ဘာသာတရားနဲ့ ပြောရရင်တော့ မှားယွင်းမူ့ တစ်ခုပါပဲ မြတ်စွာ ဘုရားက အတိတ်ကိုလဲ မတမ်းတနဲ့ အနာဂါတ်ကိုလဲ မမျော်ကိုးလေနဲ့ ပစ္စုပန်ကို တည့်တည့် ကြည့် ဘို့ ဟောပြောခဲ့ပါတယ်။ ကဲကျမတို့ ပစ္စုပန်ကို ကြည့် လိုက် ကြရအောင် အလိုလေး ပြည်သူပြည်သားတို့ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်တွေ ဆိုတာဟို မှာ စီတန်းထိုင် နေတာအများကြီး ပါပဲလား အဲဒီဗိုလ်ချုပ်တွေ ထဲက တစ်ယောက်တလေ မှ ပြည်သူတွေ ရဲ့ နှလုံးသားပြည်သူတွေ ရဲ့ ပါးစပ်ဖျားမှာ ဘာကြောင့်များ ၀င်ရောက်ခွင့် မရတာပါလိမ့်ရှင် ပြည်သူပြည်သားတွေရဲ့ နှလုံးသားတွေအားလုံး
သူ့ရဲ့သစ္စာ သူရဲ့ မေတ္တာ သူ့ရဲ့ တမျိုးသားလုံးပေါ် မှာထားတဲ့စေတနာ ဆိုတဲ့ အရာ တွေနဲ့ မိုင်းတိုက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကွယ်ပျောက်သွားဘို့ နှစ်ပေါင်းများစွာ ပြည်သူတွေရဲ့ နှလုံးသားတွေမှာ ခိုဝင်ဖက်တွယ် နေတဲ့ ဗိုလ်ချုပ်ကိုချစ်မြတ်နိုးတဲ့ စိတ် ပျောက်ကွယ်စေဘို့ အာဇာနည်နေ့ မှာ ဥသြသံမကြားရရုံ နေ့စဉ် အများပြည်သူတွေ မြင်တွေ့နေရတဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေ ဖျောက်ဖျက်ပစ်ယုံ နဲ့ မလုံလောက်တော့ဘူးဆိုတာ အားလုံးသိကြ ပြီးဖြစ်ပါတယ် ရှင်”
“ဘဘ ဗိုလ်ချုပ် ကြီးများရှင် တိုင်းသူ ပြည်သားများ ကိုယ်စားကျမကို မေးခွန်းတခုလောက် မေးခွင့်ပေးပါရှင်”
ကျမရဲ့ ခွင့်တောင်းသံ အဆုံးမှာတော့ တိုင်းသူ ပြည်သားများ ထံမှ “မေးခွင့် ပေးပါ မေးခွင့်ပေးပါ မေးခွင့်ပေးပါ ဆိုတဲ့အသံတွေ”လျှံတက်လာပါ တော့တယ်။
“ဘဘ ဗိုလ်ချုပ်ကြီးတွေ ထဲမှာ တို့ ဗိုလ်ချုပ်လို အကြည် ရေ ပဲပြုတ်နဲ့ နံပြား ကို စားချင်လိုက်တာကွာလို့” စာရေးပြီး တောင်းဆိုခဲ့ရတဲ့ အဖြစ်မျိုး ရှိခဲ့ဘူးပါသလား ”
“ဘဘ ဗိုလ်ချုပ် ကြီးတွေ ထဲမှာ ကျုပ်ထက် တော်တဲ့သူ ကျုပ်ထက် တတ်တဲ့သူ တွေ့လို့က တော့ ကျုပ်ကိုပြော ကျူပ်နေရာ ကို ချက်ခြင်း လွဲပြောင်း ပေးဘို့ အဆင်သင့်ပဲ လို့ ကျုပ် ရဲရဲကြီး အာမခံတယ် လို့ တို့ဗိုလ်ချုပ်လို ကြွေးကြော် ရဲပါသလား”
“ဘဘ ဗိုလ်ချုပ် ကြီးတွေ ထဲမှာ တိုင်းပြည် လွတ်လပ်ရေး ရတဲ့အခါ မိသားစုစားဝတ် နေရေးပြေလည်ဖို့ ကျုပ်ဝါသနာ ပါတဲ့စာရေး တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုရင်ကောင်းမယ်ကွာ လို့ တို့ဗိုလ်ချုပ် လို စဉ်းစားမိ ပါသလားရှင်” လို့ ကျမမေးခွန်းတွေ အပြီးမှာတော့
“တို့ ဗိုလ်ချုပ် တို့ဗိုလ်ချုပ် တို့ဗိုလ်ချုပ် ”ဆိုတဲ့ကြွေးကြော်သံတွေ ပြည်သူတွေ ထံမှတခဲတနက် ထွက်ပေါ်လာပါတော့တယ်။
“တိုင်းသူပြည်သားများရှင် ရှင်တို့ ရောဗိုလ်ချုပ်ကိုချစ်ပါသလား ရှင် လို့ ” ကျမမေးခွန်း အပြီးမှာတော့စက္ကန့်မဆိုင်း “တို့ ဗိုလ်ချုပ်ကို တို့ချစ်တယ် ဟေ့”
ဆိုတဲ့ အသံကြီးက ပြည်သူထံက အားမာန်အပြည့်နဲ့ ဟိန်းထွက်လာခဲ့တယ်။“တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်ရဲ့ အမွေခံ တပ်မတော်သားများရှင် ဖခင်ကြီးဗိုလ်ချုပ် အောင်ဆန်းကို ချစ်ကြ ပါရဲ့လား”ကျမရဲ့ မေးခွန်းအပြီးမှာတော့ အပ်ကြသံကြား ရမတတ် တိတ်ဆိတ်သွားတော့ တယ် “ကျုပ်တို့ ဖခင်ကို ချစ်တယ်” ဆိုတဲ့ ၀မ်းခေါင်းသံကြီးထွက်ပေါ် လာတဲ့ နောက်မှာတော့ ပြည်သူလူထုရဲ့ လက်ခုပ်သံတွေ နဲ့ အတူ “ပြည့်သူ့ တပ်မတော် သားဟေ့ ပြည်သူ့ တပ်မတော်သား” ဆိုတဲ့ကြွေးကြော်သံ တွေတခဲတနက်ထွက်ပေါ် လာတော့တယ်။
လက်ခုပ်သံတွေ တိတ်ဆိတ်သွားတဲ့ နောက်မှာတော့ ကျမက “တို့ဗိုလ်ချုပ်ကို ချစ်တဲ့တိုင်းသူပြည်သားများ အားလုံး ကျမတို့ ဗိုလ်ချုပ်ကို ချစ်တယ် ဆိုတာ ဘာနဲ့ သက်သေပြကြမလဲရှင်၊ ဗိုလ်ချုပ်က မတရားမူ့ မှန်သမျှတွန်းလှန် ကြတဲ့ ရှင့် တပ်မတော်သား များရှင် ဖခင်ကြီးကို ချစ်တာ ဘာနဲ့ များသက်သေ ပြကြမလဲ ရှင် ဖခင်ကြီးက တပ်မတော်သည် ပြည်သူ့ အတွက်တဲ့ ရှင့်” ကျမစကားဆုံးတော့ ခေတ္တခနတိတ်ဆိတ်နေပြန်တယ်။
“ မလောက်လေးမလောက်စား မမ ဒီနေရာကနေ အမှားပါရင် တောင်းပန် ပါရစေရှင် “ကျမတို့ရဲ့ဗိုလ်ချုပ် မွေးနေ့ မှာ အပြစ်မဲ့ ပြည်သူ တစ်ယောက်ကို အနှစ် ၂၀ ကျော် ချုပ် နှောင်ထားတာ တရားပါရဲ့လားရှင်”ကျမစကားဆုံးတော့ “မတရား မူ့မှန်သမျှ တွန်းလှန်ကြ မတရား မူ့ မှန်သမျှတွန်းလှန် ကြ ဆိုတဲ့ကြွေးကြော် သံတွေ ထွက်ပေါ်လာပါတော့ တယ်ရှင်
“ဖခင်ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမွေခံတပ်မတော် သားများရှင် နှစ်ပေါင်းတစ်ဆယ့်လေးနှစ် ကြာအောင် ဥပဒေသစ် တစ်ရပ်ကို ရေးဆွဲနေတာ တရားမျှ တမူ့ ရှိပါရဲ့လား ရှင်”
“နောင်မကြာခင် အချိန်မှာ ပြည်သူလူထုအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကြီးကျင်းပ ပါတော့မယ်ရှင် ပြည်သူ့တွေ ရဲ့အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်မဲ့ ဘဘ ဗိုလ်ချုပ်ကြီးများနဲ့ ပြည့်သူ့တပ်မတော်သား များရှင် ပြည်သူထဲက ပြည်သူ့ ခေါင်းဆောင် ပြည်သူ့ အနာဂါတ်ကို ဦးဆောင်နိုင်မဲ့ ပြည်သူအများ တန်းတူထားပြီး ပြည်သူက ခေါင်းဆောင်လုပ် ပြည်သူကို အုပ်ချုပ်မဲ့ သူကို ကျမတို့ တိုင်းသူပြည်သား တွေကိုယ်တိုင် လွတ်လပ် စွာ ရွေးချယ် တင်မြှောက်ခွင့် ပေးမယ်လို့ ယုံကြည်ရင်း”
“ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ကျမတို့ရဲ့ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့မွေးနေ့ ဖြစ်ပါတယ်ရှင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျမတို့ ဗိုလ်ချုပ်ရဲ့ မွေးနေ့ပွဲမှာ အခုလိုပြောခွင့် ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် ရှင် သို့ပါသော်လည်း ကျမတို့ပြည်သူပြည်သား အပေါင်းပျော်ရွင် ကြည်နူးခြင်းပီတိနဲ့ တို့ဗိုလ်ချုပ်အသက်ရာကျော်ရှည်စေသော်လို့ နှစ်စဉ်ဆုတောင်းခွင့်ကို မရခဲ့ပါဘူး နောင်နှစ် နောင်နှစ် တွေမှာ သက်ရှိထင်ရှားရှိတဲ့ ပြည်သူတွေ နဲ့ တသားထဲ ရှိတဲ့ ပြည်သူတွေက အားကိုးချစ်မြတ် နိုးတဲ့ ပြည်သူတွေကို အားကိုးချစ်မြတ် နိုးတဲ့ တို့ ဗိုလ်ချုပ်ဆိုတာ ထွက်ပေါ်လာခဲ့ရင် အသက်တစ်ထောင်ရှည်စေသော် ဆိုတဲ့ ဆုတောင်းသံတွေနဲ့ မွေးနေ့ကို ချီးမြှင့်ခွင့်ရပါစေလို့ ဆုတောင်းရင်း ဘဘဗိုလ်ချုပ်ကြီးများ ရှင့် ဘဘဗိုလ်ချုပ်ကြီးများကို အဲဒါ သူ့ဗိုလ်ချုပ် ငါ့ ဗိုလ်ချုပ် အဲဒီဗိုလ်ချုပ်ကို ငါပိုင်တယ် သူပိုင်တယ် ဆိုတဲ့ အသံတွေ ပျောက်လို့ မြန်မာပြည်ကြီး မှာ တို့ဗိုလ်ချုပ် ဆိုတဲ့ အသံတွေ ပြန်လည်လွမ်းမိုး လာခဲ့ရင်ဖြင့် အနှစ်နှစ်ဆယ် ကျော်အပင်ပမ်းခံ ရေးစွဲရကျိုး နပ်ပြီလို့သာမှတ်လိုက်ကြပါတော့ရှင် လို့ပြောကြား ရင်း နိဂုံးချုပ်ပါတယ်”
လက်ခုပ်သံတွေ လက်ခုပ် သံတွေကြားကနေ ကျမအုပ်စုနား ကို ရောက် လာတဲ့အချိန်မှာတော့ ကျမနားကို ယူနီဖေါင်းဝတ် ပြည့်သူ့ တပ်မတော်သား ငါးယောက်ရောက်လာပါ တော့တယ် “ဘာအတွက်လဲလို့ ကျမ ပြန်မေးတော့” “မေးစရာရှိလို့ ပါခနပါတဲ့” “အာ မေးစရာရှိရင် ဖုန်းနဲ့ မေးရော့ ဖုန်းနံပတ်လို့ ကျမ ခပ်သော့သော့ ရေးပေးတော့”“မကြောက်ပါနဲ့ ခဏလေး မေးမှာပါတဲ့”“အာကြောက်ပါဘူး ဘာလို့ ကြောက်ရမလဲ မအားလို့ သူငယ်ချင်းတွေနဲ့ကြေးအိုးသွားသောက်မလို့ လို့ ပြောရင်း ကျမကားပေါ်တတ်ပြီး မာမူ မောင်းလေ မောင်းတော့ ဆိုတော့” “သေနတ် တွေနဲ့ ချိန်ထားတာ ဘယ်လို မောင်းမလဲတဲ့ ဘာကိစ္စလဲ ခင်ဗျာ မေးစရာ ရှိရင် မမ လိပ်စာသိတာပဲ ညအိပ် ချိန်ဆို သူပြန် ရောက်ပြီလေဗျာ ခင်ဗျားတို့က လွပ်လပ်စွာပြောခွင့်ရှိတယ် ဆိုပြီး ဟန်ဆောင်ဦးမှာပေါ့ သူဘယ်မှ မပြေးဘူးတဲ့ လူခြေတိတ်ချိန် သွားပေါ့” လို့ပြောရင်းကားစက်နိုးတော့ အဲလူတွေက ဟုတ်သားပဲ ဆိုတဲ့ ပုံစံနဲ့ လမ်းဖယ်ပေးတယ်။
ကားကို အရှိန်နဲ့ မောင်းထွက်တယ် ဆို “မာမူ ဘာသဘောလဲ လွတ်လပ်စွာ ဆို နော်အပြုတ် လို့ ကျမကစစ်ကူ တောင်းတော့” “ဗိုလ်ချုပ်အကြောင်း တော်ပြီပေါ့ နင့်မေ ဘိုးအေ ရွေးကောက်ပွဲက ပါသေးတယ် တဲ့” အပြုတ်က “မာမူ ရှင်ပြောတော့ ရင်ထဲရှိတာ အကုန်ပြော လွတ်လပ်စွာဆို လို့ ကျမကမေးတော့ ” “ငါတာဝန် ယူတယ်ပြောပြီးပြီပဲတဲ့” “ဘာကိုလဲလို့ ကျမကပြန်မေးတော့” “ထမင်းထုပ်ကိစ္စလေ” လို့ ကျမကို ဖြန်ဖြေတော့ နောက် ကနေ မမှီမကမ်း နဲ့ “ယူ ဦးဟာ”လို့ ကားမောင်းနေ တဲ့ လက်ကို စုံတွန်းချလိုက် တော့ အာ သွားပြီး ရှေ့ မှာ ကား..ကား..ကား တိုက် ပြီ ဆိုတဲ့ အသံနဲ့ အတူ ၀ုန်းဆိုပြီး အရာအားလုံးမှောင်အတိ ကြသွားတော့ တယ်။
“မမ မမ ” ဆိုတဲ့အသံ နဲ့အတူ မထသေး ဘူးလား နိုးစက်ကပြန်ရပ် သွားပြီ ဆိုတဲ့ မလတ် အသံကြောင့် “မလတ် မလတ် ဗိုလ်ချုပ် မွေးနေ့ လွပ်လပ်စွာ ရွေးကောက်ပွဲ” “ဘာတွေလဲ ရူပ် နေတာပဲ ငါသွားပြီး အော် ဖေဖော်ဝါရီ ၁၃ရက် ကိုးဒီနေ့ အင်းနော် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ပဲ ငါသောက်တော်ရေလဲခဲ့ပြီ ပန်းကပ်လိုက်နော် မမ ရေ အဘွားသာရှိရင် ကြေးစည် တဝေေ၀ နဲ့ အမျှဝေပြီး ငိုနေတဲ့ ပုံရိပ်တွေ လွမ်းလိုက်တာ တဲ့ တာ့တာ့ သွားပြီလို့” နုတ်ဆက်ရင်း မလတ်ထွက်သွားတယ် ဆို
ဘုရားဘုရား တော်ပါသေးရဲ့ တကယ် ကားမှောက်တာ မဟုတ်ဘူးပေါ့ လို့ ကျမတွေး ရင်း
“တို့ ဗိုလ်ချုပ်ကို တို့ချစ်တယ် ဟေ့“ လို့ တအိမ်လုံး သိမ့်သိမ့် တုန်သွားအောင် လွတ်လပ်စွာ အော်ဟစ်လိုက်မိတော့တယ်။
ဖေဖော်ဝါရီဆယ့်သုံးရက် ကိုးဆယ့်ငါးနှစ်ပြည့် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အမှတ်တရ
လေးစားစွာဖြင့်
မမ (အပေအတေ)

