Saturday, January 3, 2009

တို့မောင်နှမတွေ



တစ်နေ့ ကျမမောင်ဝမ်းကွဲတစ်ယောက်ကို........တောင်ကြီးက လူကြုံပစ္စည်းပေးလိုက်လို့ သွားယူရမယ်ဆိုတော့... ညဖက်အပြင်ထွက်ရင်အားလုံးလိုက်ချင်ကြတာကျမတို့  ညီအစ်မတွေထုံးစံလိုဖြစ်နေတယ်..... အလှအပလဲမပြင်ရဘူးကားပေါ်တက်လိုက် ကြုံတာဝယ်စားရုံပဲ...........
ဒီနေ့ ည၁၀နာရီလောက်မှဖုန်းဆက်လာတော့ သူကအခုပဲလာယူမယ်တဲ့ သူပြောတာကို ဖမ်းနားထောင်ပြီး မမတို့ ညီအမတွေ.. တစ်ယောက်နဲ့ တစ်ယောက် မျက်စ..ပစ်နေကြပြီ............တရုတ်တန်းမှာ ၀တ်သားဒုတ်ထိုး သွားစားမယ်ပေါ့။ ခါတိုင်းဆို မလိုက်နဲ့ ဘာညာပြောတတ်ပေမဲ့... ဒီနေကျမတို့ လိုက်မှာတောင် ပျော်နေသလိုပဲ.... နောက်ခန်းမှာ လေးယောက်ရှေ့ မှာ ၂ယောက် ပေါင်းကျမတို့ ခြောက်ယောက်........
ခြံထဲက ကားထွက်တာနဲ့ မြို့ထဲဖက်မမောင်းပဲ... လမ်းသစ်လမ်းကနေ.. ရန်ကင်းစင်တာရှေ့ ဖြတ်... ပြီးသင်္ကန်းကျွန်းကျော် ပြီးပြည်တောင်စုတံတားပေါ် ရောက်လာတယ်........ ။
လူကရှင်း လကသာနေလိုက်တာ ကွန်ကရက်လမ်းမကြီးတွေပေါ်ကနေ ဖြတ်မောင်းလာတော့.......... ည၁၁နာရီမှာ ပျော်စရာပဲ
တောင်မြောက်လမ်းဆုံကနေ တောင်ဘက်တည့်တည့်မောင်းလာရင်း.. တဖြေးဖြေး လူနေအိမ်ခြေတွေနဲ့  ကင်းကွာလာလိုက်တာ တစ်လမ်းလုံးကျမတို့ ကားရယ်.... လရောင်ရယ်... အိပ်မောကျနေတဲ့ လမ်းဘေးဝဲယာက အဆောက်အဦးတွေ....ပဲ ရှိတယ်...
အဲလိုမောင်းလာရင်း မီးရောင်လေးတွေ စတွေ့ တယ်... တဖြေးဖြေး လူသံတွေ ဆူညံနေတဲ့ ဈေးတန်းလေးကို တွေ့ တော့ အပျော်ဆုံးကကျမပေါ့ .... မုန့် ဆိုင်တွေများအစုံ
လက်သုပ်စုံ၊ မုန့်ဟင်းခါး၊ ရေမုန့် ၊အကျော်စုံ၊ အသီးအရွက် အသားငါးတွေလဲ ရောင်းနေပြန်တယ်......
ကျမတို့ ကားရပ်ပြီး ဆင်းမယ့် ဆဲဆဲ ခြေလှမ်းတွေကို....... "တံခါးပိတ်.... တံခါးပိတ်.... မောင်း"ဆိုတဲ့..အထိတ်တလန့် အော်သံအဆုံးမှာ .....ဒုန်း...ဒုန်း...ဒုန်း...ဒုန်း........... ဆို ပြိုင်တူတံခါးပိတ် မောင်းပြေးတော့တာပေါ့..

လမ်းကကြမ်းလိုက်တာ အရှိန်နဲ့ မောင်းလို့ မရ လူရှောင်ရင်း... အမှောင်ထဲပြန်ရောက်လာတယ် အဲဒီတော့မှကားရပ်ပြီး ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ တစ်ယောက်တစ်ပေါက် မေးတော့မှ.................

အထိတ်တလန့် အော်တဲ့ အမငယ်က...... ငါမသင်္ကာလို့ တဲ့... ဘာ..ဘာကိုမသင်္ကာတာလဲလို့ ကျမတို့  မေးတော့.. စဉ်းစားကြည့် အဲဒါလူတွေမ ဖြစ်နိုင်ဘူးတဲ့...... အဘွားပြောတဲ့ ကြတ်တွေ လူယောင်ဖန်ဆင်းပြီး တို့ တွေကိုလှည့်စားဖို့ကြိုးစားနေတာတဲ့.... ဘယ်နေရာမှန်းမသိတဲ့ မှောင်မဲမဲထဲမှာ...........။

အားလုံးတိတ်ဆိတ်ပြီး စဉ်းစားနေတုန်း.... ကားမောင်းတဲ့မောင်လေးက... မငယ် မဖြစ်နိုင်ဘူး သူလမ်းညွှန်တာ ညဈေးတစ်ခုကိုကျော်ပြီး........ တည့်တည့်ဆက်မောင်းလာလို့ ပြောတာ... ကျနော်မှတ်မိတယ်...တဲ့.........။
အဲလို......... အကုန်ဝိုင်းပြီး ကားနောက်ခန်းမှာ မငယ်ကိုနားရင်းအုပ်တာပေါ့... စားရခါနီးမှာ ပညာရှိဦ်းဆိုပြီး.........။ နောက်ဆုံး လိုင်းကားတွေဂိတ်ဆုံးတဲ့... လက်ဘက်ရည်ဆိုင် အကြီးကြီးနားမှာ ကားရပ်ပြီးမေးရသေးတယ်.....။ ပြီးကျမတို့ ကဆင်းလျှောက်... ကားကဖြေးဖြေးလိမ့်ရင်း နာရီဝက်လောက် လျှောက်တော့မှ၂ထပ်တိုက်လေး တစ်လုံးရှေ့ ကိုရောက်တယ်.... ။
လရောင်အောက်မှာ တကယ့်ကိုချစ်စရာ...အိမ်လေးပဲ.........။ ကောင်လေးတစ်ယောက် ထွက်လာပြီး... ဆရာပြန်လာတော့မှာ ခဏစောင့်ပါတဲ့..။

ကျမတို့ ပတ်ဝန်းကျင်ကို... လေ့လာတော့တာပေါ့... အဲဒီအိမ်လေးက လမ်းမပေါ်မှာ.... အိမ်လေးရဲ့ရှေ့ မှာလက်ဘက်ရည်ဆိုင်လေးတွေ တန်းစီနေတာပဲ... တစ်ဆိုင်နဲ့ တစ်ဆိုင် တစ်ကယ့်နီးနီးလေးပဲ ဟိုဖက်ဒီဖက် မျက်နှာခြင်းဆိုင်လဲရှိတယ်... သိပ်ထူးဆန်းဖို့ ကောင်းတာက ဆိုင်တိုင်းလူအပြည့်ပဲ...။

ကျမတို့ ဝင်ထိုင်တော့ကျမတို့ ကိုအကုန်ဝိုင်းကြည့် တယ်...ခဏပါပဲ ..။ ပြီးတော့ အားလုံးပြ နေတဲ့မြန်မာကားကို ပြန်ကြည့်နေကြတယ်.......... လူတွေဆိုတာ တစ်ယောက်မှအိမ်ထဲမှာ အိမ်မှာနေပုံမရဘူး
အားလုံးကြည့်နေတဲ့ အချိန်မှာကျမနဲ့ မလတ်နဲ့ အကြီးအကျယ်ထရယ်ကြတယ်........ စဉ်းစားကြည့် ..... ရုပ်ရှင်ကြည့်နေတာ... အသံကသုံးခါ လောက်ထွက်တယ်... ။
ဥပမာ...ကျမရှင့်ကိုချစ်တယ်ဆိုပါတော့... စက္ကန့် လောက်ခြားပြီး.. ကျမရှင့်ကိုချစ်တယ်.. ကျမရှင့်ကိုချစ်တယ်လို့ .. တစ်ကားလုံးပြောသမျှစကားတွေ အဲလိုမျိုးကြားနေရတယ်.... ကျမတို့ စပ်စုကြည့်တော့... ဘေးဆိုင်ကလဲ ဒီကား ၊ နောက်ဆိုင်ကလဲဒီကား တစ်ပြိုင်ထဲ အချိန်အတူတူ ပြနေကြတာ...သူတို့ စီးပွါးရှာတာလဲ တစ်ကယ့်ကိုတစ်မျိုး...... အထင်သေးလို့ လည်းမရပြန်ဘူး.. ဆိုင်တိုင်းလူကအပြည့် အဲဒီတော့ ကျမတို့  ရယ်ရုံပဲတတ်နိုင်တာပေါ့....... ကျမတို့ က ရုပ်ရှင်ထက်ကြည့်နေတဲ့လူတွေနဲ့ ဆိုင်ရှင်၊ စားပွဲထိုးတွေကို ပိုစိတ်ဝင်စားမိတယ်...........

အဲဒီမှာ ကျမနားမှာ မိန်းမသုံးယောက်ထိုင်နေတယ် ..။ တစ်ယောက်က ၄၀ကျော် ၊ နောက်နှစ်ယောက် ကငယ်တယ်..... ၀င်လာတဲ့ကျမတို့ အုပ်စုကိုကြည့်ရင်း.. ကျမနဲ့ မျက်လုံးခြင်းဆုံတော့ ပြုံးပြတယ် ကြိုဆိုတာပေါ့...... ခဏကြာတော့ အသက်၂၅နှစ်လောက်ရှိတဲ့ လူတစ်ယောက် ၀င်လာတယ် ပြာပြာ....ပြာပြာနဲ့
သူ့ လက်ထဲမှာ အထုပ်ကြီးကြီး တစ်ထုပ်ပေါ့ ပေါ့ပါးပါးပါလာတယ်....။ အဲဒီအမျိုးသမီးနားမှာ ၀င်ထိုင်ရင်းတဂျီဂျီ နဲ့ အပူကပ်နေတယ်.......။
မမ....လေနော်စပ်စုနည်းပေါင်းစုံသုံးပြီး စပ်စုတော့တာပေါ့....။

အဲဒီ လူပြောနေတာ... ၅၀၀၀..ပဲပေးပါ ။ ဆေးခန်းပြမှဖြစ်မှာ... နောက်တစ်ပါတ်မှာ ပြန်ယူပေးမှာပါ မနက်ကျရင်လဲ အလုပ်လိုက်လုပ်ဖို့ပြောထားပြီးပြီ...။ ဖြစ်တဲ့နည်းနဲ့ ကူညီပေးပါတဲ့ ဟိုမိန်းမက ငါမှာလည်း လုံးဝမရှိလို့ ပြောနေတာ မိုးလင်းမှရှာပေးလို့ ရမှာပေါ့ တဲ့....။

အဲဒီလူရဲ့ မျက်နှာကမျှော်လင့်ချက်မဲ့ ပြီးစိတ်ညစ်နေတာများ... ဘယ်လိုပြန်ပြောလို့ မှသူပုံကိုမမှီဘူး ...ကျမ.. မကြီးလက်ကုတ်နေတဲ့ကြားက အန်တီဘာဖြစ်လို့ လဲဟင်ဆိုတော့... သူငွေလိုလို့ သူ့မိန်းမနေမကောင်းတာ ဆေးခန်းပြဖို့တဲ့....... ဒီအချိန်ကြီးအန်တီမှာလည်း မရှိဘူးတဲ့

ဘယ်လောက်လိုတာလဲဆိုတော့.. ငါးထောင်တဲ့... ကျမ... မကြီးပေါင်ပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ကိုယူတော့.... အဲလူက သူလက်ထဲကအထုပ်ကို အတင်းထိုးပေးတယ်

အဲဒါဘာလဲဟင်လို့ မေးတော့......... ပွဲကအဲဒီမှာစတာ.ပဲ...ဟားပာား...ဟားဟား....

တောင်ပြုန်းသွားဘို့ တစ်နှစ်လုံး စုပြီးချုပ်ထားတဲ့ ကိုကြီးကျော်နန်းတက်ဝတ်စုံတဲ့

အမှန်ပဲ လှလိုက်တာရှင် ရွေချည်ငွေချည်တွေနဲ့ ရွေဝါရောင်.. ဘော်ကြယ် အစိမ်းတွေ ကို နှင်းဆီပွင့်ကြီးတွေ ထိုးထားတာတော်တော်ကိုလှတယ်.........

အဲလူကြီးက ထအော်တယ်... သားတော်ကြီးကို အဖေကြီးမ ပြီတဲ့.......... အဲဒီမှာ အမလတ်... ကြပ်ချက်က.. အဖေကြီးက လွှတ်လိုက်လို့ လာတာ.. အမကြီးကို လက်ညှိုးထိုးပြီး အဖေကြီး အချစ်ဆုံး ကြင်ယာတော်လို့ ပြောတော့.. မအုတ်ကြား ဒူးတွေတုန်အောင် ကြောက်နေတာများ...

ကျမတို့ သုံးယောက်ကိုကျတော့ သမီးတော်သုံးပါးတဲ့... ပစ္ဓည်းပေါင်တဲ့လူက အခြောက်တဲ့ တည်တင်းနေတဲ့မျက်နှာနဲ့ ကျမတို့ ရဲ့ မောင်တော်နှစ်ပါးကပြောတာ..... ဇာတ်ဆုံးတော့ ကျမတို့ ငွေတစ်သောင်းပေးပြီး... ၅၀၀၀၀.. လောက်တန်တယ်ဆိုတဲ့ ကိုယ်ကြီးကျော် နန်းတက်ဝတ်စုံ... အတင်းပေးလို့  ပါလာတယ်... ကျမတို့ ဖုန်းနံပတ်ပေးခဲ့တယ်...။

လူကြုံပစ္စည်း က န၀ရတ်လက်စွပ်တဲ့ လပြည့်ညမှာရအောင်ဝတ်ရမှာတဲ့..... ဖြစ်ပုံများ

ကျမတို့ လက်ဘက်ရည်သောက်တဲ့ နေရာကတောင်ဒဂုံ..(.၇၁).. ရပ်ကွက်တဲ့

အဲဒီအမျိုးသမီးက.. ကန္နားစည်းတဲ့...... အဲလိုနဲ့ .......... မမ.....နဲ့ .. နတ်ကတော်ဆိုတဲ့ ဇာတ်လမ်းဖြစ်လာခဲ့တယ်............

ကျမရှောင်လို့ မရတဲ့ နေ့ တစ်နေ့ မှာတော့... ကန္နားစည်းမိန်းမနဲ့ သူ့ အဖွဲ့ သားတစ်အုပ်နဲ့  လက်ဘက်ရည်ဆိုင်တစ်ခုမှာ ဆုံဖြစ်ကြတယ်။

သူတို့ က နတ်ကရမှ ထမင်းစားရတာတဲ့... အခုမိသားစုတွေအကုန် အငတ်ငတ် အပြတ်ပြတ်နေနေရတာတဲ့... နတ်ကဖို့ အိမ်ရှာပေးပါတဲ့ ပွဲသုံးရက်ရရင်သူတို့ တော်တော်အဆင်ပြေပြီတဲ့.. တစ်ရက်ကို ပုံမှန် ၇သိန်း လောက်ရှိတာ ကျမတို့ ကို၅သိန်းနဲ့ ကပေးမယ်တဲ့...။

သူတို့ ပွဲသေးလေးတွေ ရပ်ကွက်တွေမှာပဲကဘူးတာတဲ့.. ဒီလိုခြံအကြီးကြီးမှာ အရမ်းကချင်တာတဲ့.... ကဲ...... ကချင်တဲ့သူက တောင်းဆိုနေပြီဆိုတော့.... .မမလေ..နော်...........။

ကျမစီစဉ်မယ်... ဒီကြားထဲကျမကိုလုံးဝမဆက်သွယ်ပါနဲ့ ... နောက်တပတ်ပြည့်ရင် ပြန်တွေ့မယ် ကချင်တယ်မဟုတ်လား.. ကရအောင် ကျမစီစဉ်မယ်... ဆိုတော့

အဲလိုမရဘူးတဲ့... အရက်ပုလင်း တစ်ပုလင်းကို အနီရောင်ပိတ်စလေးနဲ့ ပတ်ပြီး ကန္ဒားစည်းနဲ့ ကျမ တဖက်စီဆွဲရတယ်.. အောင်ပြီ..အောင်ပြီတဲ့ ၀ိုင်းအော်တယ်............. ဘာအောင်မှန်း ကျမမသိပေမဲ့ သူတို့ကဖို့ ဖြစ်အောင် လုပ်မယ်လို့ .. ဆုံးဖြတ်ချက်ချလိုက်တယ်....။

အမလတ်နဲ့ တိုင်ပင်ပြီး... ရိုးရိုးအေးအေး ရှက်တတ်တဲ့ မကြီးကိုခုတုံးလုပ်ဖို့ကြိုးစားတယ် ကျမတို့ နတ်ကတာလဲ ကြည့် ချင်တယ်... သူတို့ ဘ၀..ဘ၀တွေကိုလဲ အနီးကပ်လေ့လာချင်တယ်...။

ညရောက်ပြီဆိုတာနဲ့ မကြီးကိုဝိုင်းကြပ်တယ်... ညက အိမ်မက်ထဲမှာ မကြီးကို နန်းဝတ်နန်းစားနဲ့ တွေ့တာ စပြီးကိုကြီးကျော်တွေ အဆုံးပေါ့.... တစ်ရက်..၂ရက်သုံးရက်လောက်... နေ့ တိုင်းကြပ်တယ်.... အမွေးနံ့ တွေ ရတယ်အစုံပဲ......... သူလဲ ကြောင်တောင်တောင်ဖြစ်တဲ့အထိ အဲဒီဝတ်စုံကြီးလည်း အခန်းထဲထည့်ထားတယ်.. ။သူအခန်းထဲမ၀င်ခင် သူကုတင်ကို အမွှေးနံ့ သုံးနေကျမဟုတ် တာတွေဖြန်းတယ်......... ။
နောက်တစ်ခုက ကျမအကြီးအကျယ် ကားတိုက်တယ်... ညဘက်အပြင် သွားရင်းနဲ့ အမှတ် သုံးလမ်းမကြီးအတိုင်း မောင်းသွားတာ အုတ်ပုံဆိပ်ရောက်တော့... မငယ်ကကျော်ပြီ.. ကျော်သွားပြီ.. ပြန်ကွေ့  လို့ အော်တော့ ဂီယာမချိန်းပဲ အရှိန်နဲ့ ဂငယ်ကွေ့ ချတာ.. လမ်းဘေးကို ကျော်တက်ပြီး အုန်းပင်ကို ၀င်အောင်းတာ ခေါင်းတစ်ခြမ်းလုံးကုန်တာပဲ.... ငိုနေတဲ့မကြီးကိုကြည့်ပြီး အကြံတော့အောင်ပြီ....... ဆိုပြီး မကြီးနတ်ကမှဖြစ်မှာနော် သဘောပေါက်ကိုကြီးကျော်တော့ ပညာပြနေပြီဆိုတော့....... အမေ့ကိုငါရအောင်ပြောမယ်တဲ့... တစ်မျိုးလုံး အံ့သြလောက်အောင် နတ်ကနားပေးတာ ၃- ရက်တောင်....ကျမဘ၀ရဲ့အပျော်ဆုံးရက်တွေမှာအဲဒီ... သုံးရက်ပါတယ်။

သူငယ်ချင်းတွေ အကုန်ခေါ်တယ်..နာမယ်တွေမပြောချင်ဘူး.... အဆိုတော်ပေါက်စ သူငယ်ချင်းတွေပါတယ်...။ ကျမတို့ အုပ်စုဆိုင်းဆရာကို.. ဒိုးကြေးပေးပြီး...... ပုဂံရာဇ၀င်သီချင်းကိုပြိုင်တူဆိုကြတယ်...။အအေးထဲကို ၀ိုင်တွေရောပြီး မိဘဆွေမျိုးဆုံရာ ရှေ့မှာသိက္ခာရှိရှိပျော်ခဲ့ရတာ......
ကျမသူငယ်ချင်းက အရက်သောက်ချင်တယ်.. အကောင်းစားအရက်ကို မျက်စောင်းထိုးတယ်.. ။ နင်ကိုကြီးကျော်ဝင်ပေါ့ ဆိုတော့ မကတတ်ဘူးတဲ့....... ။ အဲလိုတုံးတာ.. မျက်စေ့မှိတ်ပြီး ခုန်ဟာဆိုတော့ အရက်တိုက်လို့ မရအောင် စွတ်ခုန်နေတယ်.........။ တစ်ယောက်က ငွေလိုတယ်တဲ့....။ ၀င်ပူးဟာ....။
အမေကစပြီး အလှူခံဆို သင်ပေးတော့.....။ သူ၃၀၀၀၀..လောက်ရသွားတယ်..။ ညနေဆဲဗန်းအပ်မှာ ဟော့ပေါ့ ကျွေးတယ်...........။ ကန္နားစည်းကတော့ ပြင်လိုက်တော့ တော်တော်ချောတယ်...။

သူက....မကရရှာဘူး ကျမတို့ ပဲအပိုင်သိမ်းထားတာ......။ မအုတ်ကြား.. မကြီးကနန်းဆန်တယ် သူရုပ်ရည်က... မင်းသမီးလို ၀တ်ပေးလိုက်တော့ တော်တော်ချောတာ....။ နန်းပိုင်ရှင်တွေက နတ်ချော့ရတာတဲ့..........။ နတ်ဝင်ဘို့ မလိုဘူးတဲ့.. နတ်ပြရတာတဲ့.........................။

အမေကတော့........သူသမီး မလိမ်မိုးမလိမ်မာလေးတွေ အမှားအယွင်းရှိရင်ခွင့်လွှတ်ဖို့ ပဲ တတွတ်တွတ်ပြော ကိုကြီးကျော်ကိုအပ်နေတာ.......။ သူအပြောကောင်းလို့ လားမသိဘူး..အချောအလှ သမီးတွေခမျာမစွံနိုင်ဘူး........။ ခက်တာကနတ်ကတာက တစ်ရက်၅သိန်း ဈေးညှိပြီးသား ပြဿနာမရှိဘူး....။ ရှိတာက... ၀င်လာသမျှ နတ်တွေက ဆက်ခိုင်းတဲ့အသပြာပဲ....။
လာသမျှ ဧည့်သည်ရော အိမ်ရှင်ရောဝင်သမျှ နတ်ကိုဆက်ရတာ... ကျမစိတ်ထင်သူတို့ တောင်းတဲ့ ငွေထက်ကျော်နေပြီ...........။ အားလုံးလဲခေါင်းကိုက်နေပြီ...။ ဒါပေမဲ့မမလေ..သူငယ်ချင်းတွေနဲ့ခေါင်းချင်းရိုက်ပြီး... တိုင်ပင်တာပေါ့ .. နောက်နေ့အတွက်.. စကော့ဈေးမှာအကျီင်္တွေငှါးတယ်.....။ လှမှလှ သူတို့ ထက်တောင်လှသေး....။ ညီအမတွေသူငယ်ချင်းတွေစုပြီး ကလိုက်ကြတာ တစ်မနက်လောက်ကပြီးတော့ ပိုးက၀င်ပြီ ။ မကရရင်ကို.. မနေနိုင်တော့တာ...........

ဆိုင်းဆရာက ဒိုးကြေးရတယ်.. ခေတ်သီချင်းတွေတီးရတယ်... အဆိုတော်တွေ တွေ့ ရတယ် ကောင်မလေးချောချောတွေကတယ်......။ ကန္နားစည်းက မိန်းမဖြစ်နေတာရယ် ကျမကိုကျေး
ဇူးရှင် သတ်မှတ်ထားတာရယ်ကြောင့်... သက်သာတာမှတ်နော်...နို့မို့ မလွယ်ဘူးတဲ့...........။

လျော်ရမှဆိုလား ဘာလား...မသိပါဘူး... ။ သူတို့ ပြောလည်း မသိချင်ယောင်ဆောင်ပြီး ဆက်ကတာပဲ...။ အပျော်ဆုံးက နတ်ဝင်ချင်ယောင်ဆောင်ပြီး.. ။ ကန္နားစည်းကို.. အသပြာဆက်ခိုင်းတာပဲ...။

သူ့ တို့ ဆက်ခိုင်းသလိုပေါ့ .... စိတ်ပျက်နေတဲ့ ကန္နားစည်းကိုသနားတော့သနားပါရဲ့ ..။

အဲလိုမှမလုပ်ရင်လဲ ကိုယ့်အမျိုးတွေ ကိုယ့်သူငယ်ချင်းတွေမွဲတော့မှာလေ...နော်....။

ဇာတ်ဆုံးတော့ ..ဆိုင်းဆရာတွေကလိပ်စာပေးတယ်.....။ နောက်တစ်ချီကရင် ဆိုင်းပဲခေါ်ပါတဲ့...။

မမ..တို့ ညီအမတွေ သူငယ်ချင်းတွေနဲ့ တင်ပွဲပြီးတယ်တဲ့ ...။

ကဲ.....အားလုံးပဲ နတ်ကချင်သူများ.......ဆက်သွယ်လို့ ရတယ်နော် .....။


မမ

မမနဲ့ အဒေါ်များ


ကျမတို့ ကဆွေမျိုးအရမ်းများတယ်..
ဘယ်လောက်များလဲဆို နမူနာပြောရရင်... အလှူလုပ်တယ်ဆိုပါစို့ အမျိုးတွေအတွက်သီးသန့် ၁ရက်လုပ်ကြတယ်..
ပြင်ပဧည့်သည်ကိုသပ်သပ်လုပ်တယ်... ဒါမှမဟုတ်မနက်ညနေခွဲပြီး ဖိတ်စာပို့ တယ်........
အဲဒီတုန်းကအလှူတွေကိုကြည့်ပြီးကျမတို့ ညီအမတွေ စိတ်ပျက်မိတာအမှန်ပဲ.....
တစ်နေကုန် အတင်းပြောမယ်... ကြွားတာများ အိမ်ကခွေးကစပြီး.. ကြွားတာ
အိမ်ဦးခန်းက ဘုရားစင်မှာထိုးထားတဲ့ ဘုရားပန်းမှာဆုံးတာပဲ....
တစ်နေကုန်နေ... တစ်နေကုန်စား.. တစ်နေကုန်ကြွားပြီးမှပြန်ကြတာ.....
ကျမတို့ အရွယ်ရလာတော့ တစ်ကယ်လိုအပ်တဲ့နေရာတွေပဲ... လှူဖြစ်တော့တာ........... အဲဒါတွေကြောင့်ပဲ..။
ကျမပြောချင်တာ အမျိုးတွေအများကြီးကမှ ကျမအဒေါ်ညီအမနှစ်ယောက်အကြောင်း...
ကျမတို့ ညီအမတွေ နံမည်ပေးထားတာ "ကြုံရင်ဝါး"..နဲ့"ကြုံရင်ကြွား"..တဲ့.........
တစ်ယောက်က တစ်ချိန်လုံးလမ်းကြုံလို့ ဆိုပြီး အမျိုးတစ်ကာအိမ်မှာ ထမင်းစားနေတာ တွေ့ ရသလို.......
သူဘာလေးဝယ်ထားလို့ အလှူလုပ်ရင်ဖိတ်နော်... အလှူမှာဝတ်ချင်လို့ ပါဆိုပြီးကြိုပြောထားတတ်တယ်....
တစ်နေ့ အဲဒီအဒေါ်ကစိန်နားကပ်ဝယ်တယ်....
တန်မတန် သန့် မသန့် လှမလှ လိုက်မေးတာ ကျမတို့ အိမ်ရောက်လာရော...
အမေက ငယ်ငယ်ထဲက ပညာရပ်တစ်ခုလို ကျမတို့ အဖွားလုပ်တဲ့ ပြောတဲ့အတိုင်း...
အဒေါ်ဘာလာပြပြ လှလိုက်တာ မမရယ်... တန်လိုက်တာမမရယ်... ကျမတောင်လိုချင်လိုက်တာ...
ပြောပြီးတာနဲ့ ကျမတို့ ညီအမတွေ တစ်ယောက်ချင်း ခေါ်ပြတော့တာပဲ...
အဲဒီအဒေါ်က လူမစုံရင်စုံအောင်စောင့်ပြီးမှ ပြန်တာ....အဲလို...ယုံ ။
ကျူရှင်က ပြန်မရောက်သေးတဲ့ ကျမတို့ အငယ်နှစ်ယောက်ကို စောင့်နေတာ
အဲဒီနေ့ က အဒေါ်တော်တော်မိုးချုပ်မှ အိမ်ပြန်သွားတယ်...
ပြန်ခါနီး အလှူလုပ်ရင်ဖိတ်ဖို့ မမေ့နဲ့ လို့ ပြောသွားတယ်..........
မိုးလင်းတာနဲ့ ဘယ်သူမှမသိအောင် ကျမဖုန်းဆက်တော့တာ....
အဒေါ်ရေသတင်းကောင်းပြောမလို့ ကစပြီး ဆရာတော်ဆီမရောက်တာကြာလို့ ဆွမ်းကပ်မယ်.........
သိမှာပါ...၅၂လမ်းထိပ်က ဘုရားဖြူကျောင်းတိုက်က ကျမတို့ မိဘဘိုးဘွားတွေ ကိုးကွယ်လာခဲ့တာ........
အဒေါ်က ၄၇လမ်း ၀န်ကြီးများအိမ်ယာမှာနေတာ...
ဒါပေမဲ့ ခက်တာတစ်ခုက အလှူတစ်ခုလုပ်ရင်....
ဘယ်နေ့ ဘယ်သူ အလှူနော် မမေ့ နဲ့ ဦးဆိုပြီး တစ်ချိန်လုံး ဖုန်းဆက်သတိပေးနေတတ်တဲ့....
အကျင့်တွေနဲ့ နီးစပ်ရာလူတွေ လမ်းကြုံခေါ်တဲ့ ကိစ္ဓတော့ ကျမတော်တော် ဦးနှောက်ခြောက်ခဲ့ရတယ်......
လွယ်လွယ်ပြောရရင်....... မမ..လေ....... အဒေါ် ၅ယောက်လောက်ကို ဟန်ဆောင်ဖိတ်ခဲ့ရတယ်..
အလှူအတွက်တော့မပူနဲ့ ဆရာ... အဲဒီကျောင်းက ရုံးပိတ်ရက်ဆိုအလှူအမြဲရှိနေတာ.......
ကျမအဒေါ်တို့ သွားတဲ့နေ့ က မင်္ဂလာဆောင်သူတို့ မသိလို့ သာမသိတာ
အနီရောင်ပေါ်အဖြူစာလုံးနဲ့ ရေးထားတဲ့ နဖူးစီးစာတန်းကြီးကထင်းလို့ .........
ဝတ်ကောင်းစားလှ ကိုယ်ပိုင်ကားနဲ့ ဆိုတော့ဝိုင်းကြိုကြ နေရာချပြီး
သတို့ သမီးနဲ့ သတို့ သားလာနှုတ်ဆက်တော့မှ အဒေါ်သိနေပြီ.........
ဘာလုပ်ရမှန်းလဲမသိ လက်ဖွဲ့ လဲမပါ ..စားလဲနေပြီ........
ပြီးတော့မှ ဆရာတော်ကိုတိုင်ပြီး ငိုတာကြူကြူပါအောင်.....
ဆရာတော်ဆီကနေ ဖုန်းဆက်ပြီး တစ်ဆင့်တစ်ဆင့် ပြောပြီးတိုင်တာ..........
ကျမတို့ ညီအမတွေ အိမ်မပြန်ရဲလို့ ....... ချော်တွင်းကုန်းဘုန်းကြီးကျောင်း မှာတစ်နေကုန် ပုန်းနေခဲ့ရတယ်..........
ညနေကိတ်မုန့် ဝယ်ပြီး တစ်အိမ်တက်ဆင်း တောင်းပန်ခဲ့ရတယ်
စိန်နားကပ်ဝယ်တဲ့ အဒေါ်အိမ်ရောက်တော့........ ငိုနေတဲ့အဒေါ်ကိုကြည့်ပြီး
အဒေါ်စိန်နားကပ် အလှူမှာဝတ်ချင်နေတာ သနားလွန်းလို့ လုပ်မိတာပါလို့ ကျမပြောရင်းတောင်းပန်တော့...
အဒေါ်ကလွဲလို့ ကျန်မိသားစုတွေက တစ်ဝါးဝါးပေါ့..........
ဒါပေမဲ့ ကျမဘ၀မှာ အလှူဖိတ်ခွင့်ပါမစ်ပိတ်သွားတာဒီနေ့ အထိ.........
ကျမ မနှစ်ကပြန်တော့ အရူးထောင်မှာအလှူလုပ်လို့ ဖိတ်တော့တောင်
အဒေါ်က ကျမအမေကို သေချာရဲ့လား ဖုန်းဆက်မေးတယ်ရှင်.......။



မမ
သူငယ်ချင်းတို့ ရယ်...
ခဏပဲဖြစ်ဖြစ်ပေါ့ ပျော်ရွင်မှုတွေ ရယူမယ်
သိပ်ကိုလှတဲ့ နှင်းဆီခင်းထဲ....
နှစ်သစ်ဦးမှာတို့ တွေအတူသွားကြမယ်
မွေးပျံ့တဲ့နှင်းဆီ ရနံ့ တွေကြား..
ညစ်နေတဲ့ တို့ တွေရဲ့ စိတ်ကိုသန့် စင်မယ်
လှပလွန်းတဲ့ နှင်းဆီတွေကြား..
အတူခူးဆွတ်ရင်း ပိုင်ဆိုင်မှု ဆိုတာရယူမယ်
နူးညံ့လွန်းတဲ့ နှင်းဆီပွင့်ဖတ်တွေနဲ့ ..
မာကြောနေတဲ့ တို့ နှလုံးသားတွေ
ပျော့ ပြောင်းစေဖို့နှင်းဆီတွေနဲ့ ကခုန်မယ်
နှင်းဆီရိုးတွေ တိုင်ထူလို့ ...
နှင်းဆီရွက်နဲ့ အိမ်ဆောက်မယ်
နှင်းဆီဝတ်မှုံတွေနဲ့ ... ခင်းကျင်းထားတဲ့ ကော်ဇောပေါ်မှာ
တို့ တွေအတူ
နှင်းဆီဝိုင်တွေသောက်ကြမယ်..
လိုက်ခဲ့ပါသူငယ်ချင်းတို့ ရယ်
တို့ ကို နှောက်ယှက်မဲ့ သံယောဇဉ်
အမုန်း နဲ့ ရက်စက်ခြင်းတွေမ၀င်လာဘို့ 
နှင်းဆီဆူးတွေနဲ့ အထပ်ထပ်ကာရံထားတဲ့..
ခြံစည်းရိုးလေးရှိပါတယ်
တို့ တွေဝင်မယ့် လမ်းလေးလှဖို
့နှင်းဆီမြစ်နဲ့ ခင်းထားတယ်
သူငယ်ချင်းတို့ ရေ
နှစ်သစ်မှာအတူပျော်မြူးကြဖို့
မင်းတို့ အားလုံးအတွက်
နှင်းဆီအိမ်လေးရှိနေတယ်
သူငယ်ချင်းတို့ ရယ်ခဏပဲဖြစ်ဖြစ်ပေါ့ 
ပျော်ရွှင်မှု တွေရယူမယ်

မမ

ကျနော်ကြည့် နေတာကြာပြီ... အဲဒီကောင်မလေးကို


ကျနော်ကြည့် နေတာကြာပြီ...အဲဒီကောင်မလေးကို
အချိန်တွေကိုတွက်ကြည့်ရင် ၂ နှစ်နီးပါးရှိတော့မယ်
သူ့ဘ၀ကိုဖြတ်သန်းပုံ... သူ့ရင်ထဲမှာဘာတွေရှိလဲ
ကျနော်သိချင်နေခဲ့တာ.. ကြာနေပြီ.. အတော်ကြာနေပြီ
ဒါပေမဲ့ ကောင်မလေးက သက်ရှိလူသားတစ်ဦးလို့ တောင်
ကျနော့်ကိုရှိတယ်လို့ မထင်ခဲ့ ဘူးဗျာ..........................။
ကောင်မလေးနဲ့ ဆုံတွေ့တိုင်း ကျနော့်အနားမှာ အဖေါ်တွေပါစမြဲ
ကောင်မလေးကြည့်လိုက်ရင် လှုပ်လီလှုပ်လဲ့ ပိုးသားလိုနူးညံ့လှတဲ့
သူ့ ဆံပင်ရှည်ရှည်တွေကသူ့ ရဲ့ အဖေါ်တွေလိုပဲ..................။
အရှိန်အ၀ါတစ်မျိုးနဲ့ သူဖြတ်သွားတိုင်း ကျနော်ရင်တွေနွေးကနဲ
ကောင်မလေးရဲ့ မျက်ဝန်းတွေကို ကျနော်ငေးကြည့် ချင်ခဲ့ တယ်
ကောင်မလေးရဲ့ ဆံပင်ရှည်ရှည်တွေပေါ် ကျနော်မြတ်နိုးတယ်
နှင်းဆီဖြူလေး တစ်ပွင့်စိတ်ကူးနဲ့ တင်ကြည့်ဘူးတယ်
ကျနော် ကောင်မလေးကိုချစ်နေတာလား................။
ကျနော်အဖြေရှာလို့ မရခဲ့ ဘူး.... ဒီအတိုင်းလေးငြိမ်းချမ်းနေတဲ့ 
ကောင်မလေးနားမှာ.. ကျနော်စိတ်ကူးနဲ့ လမ်းလျောက်ခဲ့ဘူးတယ်

ဟိုအရင်လောက် ကောင်မလေး မလှတော့တာ စိတ်ကူးထဲမှာတွေ့ ရတယ်
ဘယ်အရာကိုမှ တပ်မက်မှုမရှိတဲ့ ကောင်မလေးရဲ့ မျက်ဝန်းတွေဟာ
ဘယ်အရာတွေနဲ့ မှ အသက်ဝင်ပြောင်းလဲလာမှာလဲ ကျနော်သိချင်နေခဲ့တယ်
ဘယ်အရာတွေက ကောင်မလေးကို အံ့သြပျော်ရွင်အောင် လုပ်ပေးနိုင်မှာလဲ
ကျနော်တကယ်ပဲ... ကောင်မလေးအတွက် လုပ်ပေးချင်ပါတယ်
တစ်နေ့ ပေါ့ မွေးနေ့ တစ်ခုအတွက် အသွေးအရောင်စုံတဲ့ နှင်းဆီပန်းတွေ
တစ်ပွေ့ တစ်ပိုက်နဲ့ ကျနော်လမ်းလျှောက်လာခဲ့တယ်
ကောင်မလေးနဲ့ ဆုံနေကျနေရာမှာ ကောင်မလေးအရိပ်ကလေး
ကျနော်တွေ့ နေရပြီ .... အမှတ်မထင်ဆုံလာတဲ့ ကောင်မလေးရဲ့ 
မျက်ဝန်းတွေက ပျော်မြူးခြင်းနဲ့ အရောင်တစ်လက်လက် ဖြာထွက်နေတယ်
ကျနော်မြတ်နိုးတဲ့ လှုပ်လီလှုပ်လဲ့ ဟန်လေးပျောက်ပြီး ခြေလှမ်းတွေကတက်ကြွနေတယ်
ကျနော်ကိုပြုံးကြည့် နေတဲ့ ကောင်မလေးရဲ့  ပါးပြင်ပေါ်ကပါးချိုင့် လေးနှစ်ဖက်ကို
ပထမဦးဆုံးအကြိမ်တွေ့ ခွင့်ရတဲ့ ကျနော်အံ့သြ မှင်တက်နေမိတယ်
ကျနော့်ကို ဘယ်တုန်းကမှရှိတယ်လို့ မထင်ခဲ့ တဲ့ ကောင်မလေးက
ကျနော်ရှေ့ မှာ ခြေအစုံကိုရပ်လာတယ်.... ချိုရီရှတတဲ့ အသံလေးနဲ့ 
အဲလောက်လှတဲ့ နှင်းဆီတွေ... ဘယ်ကများရှာတွေ့ ခဲ့ သလဲတဲ့ 
ကျနော်အလိုလိုဝမ်းနည်းလာတယ်... ကောင်မလေးလက်ထဲကို နှင်းဆီတွေ
ပေးခဲ့ ရင်း.. ကျနော်ဆက်လျှောက်လာခဲ့တယ်.......................
သက်မဲ့ နှင်းဆီတွေရဲ့ အောက်မှာကျရှုံးခဲ့ ရတဲ့ ကျနော်လေ
ရင်ထဲမှာ ရှက်ရွံမှု့ သိမ်ငယ်မှုနဲ့ အတူပျောက်ဆုံးသွားတဲ့.... လှုပ်လီလှုပ်လဲ့ 
ကောင်မလေးကို ကျနော်အရမ်းချစ်တယ်ဗျာ................။

မမ
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner