Wednesday, January 14, 2009

ရွှေမိ


သူ့နာမည် ရွှေမိတဲ့ ....
လူပုံက ဘိုဆန်ဆန် ချောချောလေး..
အမတွေက အကုန်ပြောကြတာ နာမည်စီးနေတာတဲ့ ....
နာမည်ရင်းရှိပေမယ့် ဘယ်သူမှမခေါ်ဘူး အားလုံးကရွှေမိပဲ..
အဖေအမေကလဲ....ရွှေမိ.. တစ်ဆွေတစ်မျိုးလုံး..သူငယ်ချင်း အားလုံးရွှေမိပဲခေါ်တာ..။
သူက အစ်ကိုတွေ အများကြီးကြားမှာ ကြီးပြင်းလာတာ..
သူစကားပြောရင် သူအစ်ကိုတွေရဲ့လေသံအတိုင်း ပြောတော့ ကျမတို့ နားထဲကန့် လန့် ကိုဝင်တာ..
မမစပ်စုတာလောက်တော့ ....ရွှေမိတို့ ကပျင်းတောင်ပျင်းသေးတယ်ဆိုတာမျိုး..
သူက အကုန်စပ်စုတာ စီးပွါးရေး..လူမှုရေး...ဘာသာရေး ဘာမှကိုမကျန်ဘူး..
ဘယ်ဘုန်းကြီးအကြောင်းမေးမလဲ.. ကားအကြောင်း.. ရေမွှေး ဘာမေးမေး..ရွှေမိ မသိတာမရှိ...
တစ်ခါ သူ့အထက်ကအစ်ကိုနဲ့ ရန်ဖြစ်တာ အကြီးအကျယ်...
သူအောက်မှာ ညီမတစ်ယောက်ရှိတယ် တကယ့် အူကြောင်ကြား...
သူအစ်ကိုက ပြောတယ်တဲ့ နင်တို့ နှစ်ယောက်ကိုယူမယ့်လူမရှိရင်..
ဘိုင်ဝမ်းဂတ်ဝမ်းဖရီး(buy one get one free) လို့ ကြေငြာလိုက်ပါလား..
နင်တို့ ညီအမချင်း အဆင်ပြေရင် ပြီးတာပဲတဲ့ ..
အဲလို... တကယ်ကိုချမ်းသာတဲ့ မိသားစုပါ..သူတို့ အသိုင်းအ၀ိုင်းက..
ဒါပေမဲ့ သူ့ တွေ့ လိုက်ရင် ဘယ်တော့မှနွဲ့ နွဲ့ နှောင်းနှောင်းလှလှပပ မရှိဘူး...
သူလာရင် လမ်းထိပ်ကတည်းက ၀ုန်းဒိုင်း..ဂျိုင်းဆိုတဲ့  အခုသူမောင်းနေတဲ့ ကား ဘာကားမှန်းမသိဘူး
ရန်ကုန်က ထုတ်တာတဲ့ ဒိုင်နာလို အဖြူရောင် နောက်ကတော်တော်ရှည်တယ်..
ကျမတို့ကို အကုန်ကားပေါ်တက်ခိုင်းတာပဲ.....
ကျမတို့ ညီအမတွေရော ကလေးရော ခွေးရော အစုံတင်လို့ ရတယ်လေ..
နောက်ကနေ ထိုင်လိုက်တဲ့ သူတွေက.... တစ်ကယ် ဇီးဖြူသီး ဇကောထဲထည့် လှိမ့် သလိုမျိုး..
အဲဒီဖီလင်ကို အပြည့် အ၀ရတယ်.........။
တစ်ကယ်တော့ ကျမလုပ်ချင်ခဲ့ တာတွေ.. မနှစ်က ဒီဇင်ဘာတစ်လလုံးမှာ သူက အိမ်မှာ ကျမနေရာကို အပိုင်သိမ်းထားတဲ့ ပုံ...
မမနေရာမှာ...ရွှေမိ..ရွှေမိ......တစ်မိထဲကိုမိနေတော့တာ..
အဲလိုနဲ့ တနေ့တော့  သံလျှင်ကျောက်တန်းက မော်လမြိုင်ထမင်းဆိုင် အရမ်းကောင်းလို့ ကျွေးချင်လို့ပါ ..... ငါးပြေမအကောင်လိုက်ကို အရိုးထုတ်ပြီး နံနံပင်အုပ်ချက်ထားတာ ဆိုပြီးခေါ်လို့ 
ကျမတို့ အုပ်လိုက် တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ သံလျှင်ကို မောင်းချလာလိုက်တာ...
ဟင်းချက်တာတော့ တော်တော်ကောင်းပါတယ်....
ဒါပေမဲ့ လေကတိုက်.. လူကမူးနောက်ပြီး လုံးဝစားမ၀င်တော့ဘူး...
နောက်နေ့ကျတော့ ... လှည်းကူးတဲ့ 
အဲလိုပဲ ဘုရားတည်နေတာ လိုက်ပြမယ်တဲ့ ......
ကျမသူမလာခင်ထဲက...... ရှောင်နေတော့တာ
မကြီးတို့ ပြန်လာတော့ ဖုန်တွေဖွေးပြီး.... မလိုက်သွားတာ တော်တော်မှန်သွားတယ်။
အဲဒါ နင်ဘာလို့ အဲဒီ ကားမောင်းတာလဲဆိုတော့ .....
ကျန်တဲ့ ကားယူလာရင်..ဖုန်းက နောက်ကလိုက်လိုက် လာလို့ တဲ့ ....
ဒီကားကျဘယ်သူမှ မလိုချင်ဘူးလေတဲ့ ....
တစ်နေလုံး ကုန်အောင်ကြိုက်တဲ့ နေရာသွားတဲ့ ......
နင်..လူမှုရေးတွေ လုပ်နေတယ်ဆိုရင် ကိုကျော်သူကား လိုက်မောင်းပါလား..ဟ.....
ငါ တကယ်လုပ်ချင်တာ
နင်စာရင်းပေးထားရုံပဲ ... မောင်းဖို့ လူလိုရင်မောင်းပေးပေါ့ ဟာဆိုတော့...........။
မကြီးတို့ မလတ်တို့ မျက်စေ့ မျက်နှာတွေ ပျက်နေကြပုံများ.. ပြောမပြောချင်ဘူး........။
သူပြန်သွားတော့.. မမ..နင်သွားမကြပ်နဲ့ ရွှေမိက အကုန်လျှောက်လုပ်တာ...
ငါတို့ တောင် လုံးဝမလိုက်နိုင်တော့ဘူးတဲ့ .....
သူ ကျော်သူ့ကားမောင်းပေးတာ အကြောင်းမဟုတ်ဘူး.....
တစ်နေ့ အခါတစ်ရာလောက် အိမ်ကိုဝင်ထွက်နေတာ......
တော်ကြာလမ်းကြုံလို့ .......တော်ကြာ..လ္ဘက်ရည်ကောင်းလို့ ဆိုပြီး ....
အဲဒီကားကြီးနဲ့ ဝင်ဝင်လာရင်မလွယ်ဘူး.....။
ငါတို့ က ဘာမှမဖြစ်ပေမဲ့ ပတ်ဝန်းကျင်က ကွန်ပလိန်းလာမယ်တဲ့ ....။
နင်မြှောက်မပေးနဲ့ တဲ့ ...။
ဟုတ်တယ် ..... ကျမရှိနေတုန်းပဲ...ဖုန်းကတစ်ချိန်လုံးကို ဆက်နေတာ...
တော်ကြာ....ခွေးစာ..အင်းစိန်ဈေးရောက်လို့ အရိုးတွေပေါလို့ .....
ငါးဘတ်ကြီး၂ကောင် ဆွဲဝင်လာလိုက်..
လ္ဘက်ရည်ကတော့ လာတဲ့ အခေါက်တိုင်းကိုပါတာ........
သူတို့ က ရှမ်းတရုတ်တွေတွေလေ အဖေက တရုတ်အစစ်ကြီး....
ကျမတို့ နဲ့ ငယ်ငယ်ထဲက အိမ်နီးခြင်း.. ခုတော့ ဝေးသွားတာကြာပြီ.....
ရွှေမိက ကျမထက်တောင်၂နှစ်၃နှစ်လောက် ငယ်ဦးမှာ
အကိုတွေက ငါးယောက်......၃ယောက်လောက်ကလွဲရင်.... အရမ်းဆိုးတဲ့ စာရင်းထဲပါတယ်.......
အဲဒီ ၃ယောက်ကြောင့်ပဲ သူတို့ တွေသုံးလို့ ဖြုန်းလို့ ကို မကုန်ဘူး..
ဟိုနေ့ က အိမ်ကိုကော်ရည် ခေါက်ဆွဲငါးဆင့်ဂျိုင့် ကြီးဆွဲတက်လာရင်း.........။
သူက အရပ်တော်တော်ရှည်တာ ..ကျမတို့ အိမ်လည်လှေခါးကို.. ကျော်ကျော်တက်တာ...
၎၊၅လှမ်းနဲ့ သူအပေါ်ရောက်တယ် ထင်တာပဲ...
ခါးလောက်နီးနီးရှိတဲ့ ..သူဆံပင်တွေအားလုံးအလိမ်လိမ် အကောက်ကောက်တွေ လုပ်ချလာတယ်..
အဲ ရွှေမိအလန်ပဲ ....တွေ့ ရတာ လန်းချက်ဟယ်လို့  ကျမပြောတော့.....
မမကသာလန်းနေ.. ကျမအိမ်က လူတွေက ကျမကိုကြည့် ပြီးညှိုးခြောက်နေတာ..
တစ်နေ့ တစ်နေ့  အပြစ်ပဲရှာနေတယ်..
သူအကိုလတ်က အဆိုးဆုံး...။
အိမ်လာတဲ့ ဧည့်သည် ဆွေမျိုးနီးစပ်အားလုံးကို သူတို့ ညီအမနှစ်ယောက်ပဲ အတင်းထိုးထည့် တာတဲ့ ..
သူလုပ်လို့ ရွှေမိဈေးကျတာတဲ့ ....
မနေ့ ကလဲ.. အိမ်ကိုလာတဲ့ ဧည့် သည်တွေရှေ့ မှာ..
၂၀၀၈..မှာ စီးပွားရေးတွေလဲ မကောင်းတော့
နင်တို့ နှစ်ယောက်လဲ ဈေးတက်မှရမယ်လို့ ပြောတယ်..
သူဈေးတက်မယ်ဆိုတာဒီလိုတဲ့ .....။
အရင်က ယောင်္ကျားယူရင် ငွေသိန်း၅၀ ဆယ် လက်ဖွဲ့ မယ်ဆိုပါဆို... အခုနှစ်ဆထည့် ပေးမယ်ပေါ့ ...။
အဲဒီတော့ အငယ်မက အလိုက်ကန်းဆိုးမသိ.. ကျိကျိ(အစ်မ)..က ဈေးတက်သွားပြီလို့ ပြောလို့ ..
အဲဒါ... တက်တာမဟုတ်ဘူး ကျတာ..ကျတာ.... လူဈေးကျပြီး ငွေဈေးတက်တာ
နင်ဦးနှောက်နဲ့ တွက်ဟဲ့ လို့ပြောလိုက်တယ်တဲ့ 
အမှန်က.. သူတို့ ညီအမတော်တော်ကို ငယ်ပါသေးတယ်..
သူ့ အကိုတွေ မျက်စေ့နောက်နေတာရယ်....စစရာမရှိလို့ စနေတယ်ထင်တာပဲ...၊
အဲလိုနဲ့ တစ်နေ့ ကျမတို့ ဆရာတော်ကြီးရဲ့ အမကြီး .... ၉၃ - နှစ်နဲ့ တိမ်းပါးသွားတော့..
ရွှေမိတို့ .. ဦးဆောင်ပြီး ကိုကျော်သုကိုဆက်သွယ်( S.S.C.ဆေးရုံ) ...
ပြီးတဲ့ နောက် ကျမ ကိုကျော်သူကို လေးခါလောက် ဆက်သွယ်သေးတယ်..
နောက်မှရေးဦးမယ်...အခုကျမက ဧည့် သည်လို ဖြစ်နေတော့.. ရွှေမိကဦးဆောင်တယ်...
အဲဒီနေ့ ဆရာတော်ကြီးကျောင်းကနေ.. ရေဝေးကို အသုဘချမယ်ဆိုတော့ ..
ကျမတို့ အိမ်ကကားကို ရွှေမိမောင်းပြီး ကျမတို့ ညီအမနဲ့ တစ်စီး....ဆရာတော်ကြီးကတစ်စီး..
နာက် အန်တီတွေက တစ်စီး..ဒါပဲ..။
ကျမတို့ သွားစောင့်နေတော့ ကားကို.. ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့ နှစ်ယောက် ကိုယ်တိုင်မောင်းလာတယ်။ အဲဒီမှာ ရွှေမိရောဂါတတ်တော့တာ..
နောက်ပိုင်း ... နာရေးပြီးတော့ ..တွေ့ သမျှလူ.. နာရေးလှူဖို့ဆွယ်တော့တာ..
သူကိုယ်တိုင်လဲ အရမ်းလှူတာ... အဲဒီ နောက်ပိုင်းဖြစ်ပုံက..
ကျမတို့ ကိုးကွယ်တဲ့ ဆရာတော်ကြီး ရုတ်တရက်( S.S.C) ဆေးရုံကိုတင်ရတယ်..အားလုံးပြာယာခတ်နေတဲ့ အချိန်..အကုန်ဆေးရုံမှာနေ့ မအိပ် ညမအိပ်ရှိနေကြတာပေါ့ ....လူကြီးလူငယ်အစုံပဲ..
ဆရာတော်ကြီးရဲ့ သက်တော်က - ၇၇- နှစ်ရှိနေပြီ
မွေးနေ့ ကလဲနီးနေပြီ.... အဲဒီအချိန်မှာပဲ နာရေးကူညီမှု ၀န်ထမ်းသုံးလေးယောက်နဲ့ ရွှေမိ
ဆရာတော်ကြီး အခန်းကို ပြာယာပြာယာရောက်လာတယ်..
အကုန်လုံးလဲ အံ့သြတကြီးပေါ့ .....
မလတ်ကတော့ တွေ့ လား..... တွေ့ လား... ဘာမဟုတ်တာတွေ လုပ်လာပြန်ပြီလဲမသိဘူးပေါ့ ....။
အနားယူနေတဲ့ ဆရာတော်ကြီးကို အတင်းနှိုးပြီး ဆရာတော်ကြီးမွေးနေ့ အလှူ
ဆရာတော်ကြီးလက်နဲ့ လှူစေချင်လို့ နာရေးကူညီမှု အသင်းခေါ်လာတယ် ဘုရာ့ ဆိုပြီး..
ငွေတစ်သိန်းကို ဆရာတော်ကြီးလက်ထဲ အတင်းထည့်ပြီးလှူခိုင်းတာ..
လူကြီးတွေလဲရှိတော့ တစ်ချို့ စိတ်ဆိုး ကြတာပေါ့ 
ကျမတို့ ကတော့ ညီအမ လေးယောက် အပြင်ထွက်ပြီး ရယ်ကြတာဝက်ဝက်ကွဲ......
သူတို့ ပြန်ဆင်းလာတော့ ရွှေမိ ဘာကားနဲ့ လာသလဲဆိုတော့ ..
ကားကို(S.S.C) ထဲဝင်ခွင့်မရလို့ အပြင်မှာရပ်ခဲ့ ရသတဲ့ ....
ဟားဟားဟား..... ကျမဘာပြောရမှန်းတောင် မသိတော့ဘူး...။
တစ်ခါတစ်လေမှာကိုယ့်ရဲ့ အလှူက တစ်ခြားသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုတာကိုပါ ၊ ညနေကျ တိုက်ဆိုင်တော့ ဆရာတော်ကြီးက သွေးတွေတိုးရော....
အဲဒီအချိန်မှာမှ ရွှေမိကို အပြစ်ပြောချင်တဲ့ အဖွားကြီးတွေနဲ့ ရွှေမိအခန်းရှေ့မှာ ရန်တွေဖြစ်ကြလို့ 
မလတ်တို့ မှာ ဆွဲလိုက်ရတာတဲ့ လေ..........။
နောက်နေ့ ကျမတို့ အိမ် ရွှေမိလာတော့ အမငယ် က
ရွှေမိရေ ငါရုတ်တရက် ဆေးရုံတက်ရင် နင် ငါ့ဆီနာရေးကူညီမှုကားတော့ ခေါ်မလာပါနဲ့ ဟာ
သွားရမယ်ဆိုတာ သိပေမဲ့ ကားကကြိုပြီးလာစောင့်နေတာတော့ မမိုက်ပါဘူးဟာလို့ နောက်တော့..
ကျမတို့ တွေရယ်တာ ၀က်ဝက်ကွဲ...
ရွှေမိက..ကျမ စေတနာပါ မငယ်ရယ်တဲ့ ....။
မျက်နှာငယ်လေးနဲ့ အဲလို..ပြောရှာတယ်...ရွှေမိဆိုတာ..အဲလိုမျိုးရှင့်...........
ကဲနော်......အသဲအသန်ဖြစ်နေတဲ့ အချိန်.. ကုသိုလ်ရေးလက်မနှေးချင်သူများ ရွှေမိဆိုတာရှိတယ်ရှင်.....

မမ
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner