Thursday, January 1, 2009

တာတေလေးများ.. မကြီး "မအုတ်ကြား" ဖြစ်ရခြင်း အကြောင်းရင်း


ကျမတို့ အဘိုးက ဘယ်သူအိမ်ထောင်ကျကျ သူနဲ့ ပဲအတူနေရတယ်.. အိမ်မခွဲပေးဘူး


အရာရှိ အရာခံ တွေ နယ်ပြောင်းရင် မိန်းမတွေလိုက်သွား သားသမီးတွေကျန်ခဲ့ အကုန် သူတာဝန်

ယူခဲ့ တာ သေတဲ့အထိပဲ.... အဘိုးသေမှ အမေတို့ တွေအားလုံး အိမ်တွေခွဲရတာ................

အကုန်စုနေတော့ အားလုံးက အရင်းအချာတွေလိုပဲ အဒေါ်တွေက အုပ်ချုပ်တယ်... သူတို့ ချစ်တဲ့

တူတွေကို ဦးစားပေးသလောက် တူမတွေကိုနှိမ်တယ်... အဖေ့ညီမက သားသုံးယောက်မွေးတယ်

သူတို့ က အမျိုးထဲမှာ ရွှေမင်းသားတွေ... အကုန်ကျမတို့ ထက်ငယ်တယ်.. ဒါပေမယ့် ဆရာကြီးတွေ

အပိုးမကျိုးဘူး.... လူကြီးတွေ ကွယ်ရာဆို ကျမတို့ ကနိုင်တယ်... လူကြီးရှေ့ ဆိုသူတို့ က နိုင်တယ်

ကျမတို့ သားရေပင်ခုန်လဲ သူတို့ ပါချင်တယ်.... ထုတ်စည်းတိုးလဲ သူတို့ ပါချင်တယ်...............

မိန်းကလေးလိုဆော့တာ ၀မှ စစ်တိုက်တာတို့ ... ဘာတို့ ကျမတို့ ကဆော့တယ်.......... အခန်းတွေ

အများကြီးရှိတယ်..... တစ်ခန်းခန်းမှာ စုပြီးဆော့ကြတယ်.. ပုံပြောတယ်.... နဲနဲအရွယ်ရောက်လာ

တော့ ဂစ်တာတီးကြတယ်.... အ၀တ်အစားအကြောင်း... ရုပ်ရှင်အကြောင်း... လစ်တာနဲ့ ဖဲရိုက်ကြ

တယ်... ကျမတို့ အဒေါ်တွေ စည်းကမ်းကတစ်မျိုး ကြိုက်သလို သောင်းကျန်းလို့ ရတယ် အခန်းတံခါး

ပိတ်မထားရဘူး.. လော့ချမထားရဘူး အဲလိုပြောချင်တာ.. သူတို့ လဲဝင်လိုက်ထွက်လိုက်... အနားမှာ

လာထိုင်လိုက်... အဲလိုနေတယ်... အငယ်ဆုံးကောင်က နဲနဲရိုင်းတယ်... အကြီးတွေ ကြောက်သလောက်

အဒေါ်တွေကို သူကမကြောက်ဘူး ပြန်ပြောတယ်.......... ကျမတို့ က ကွယ်ရာပဲပြောရဲတယ်

အဒေါ်လတ်က ဟင်းတွေအမြဲသိမ်းတယ်... ၀င်တလုတ် ၊ ထွက် တစ်လုတ်စားကြလွန်းလို့ ... အငယ်ကောင်

ထမင်းစားပြီဆို...ထမီသေတ္တာထဲက..ဖွက်ထားတဲ့ဟင်းတွေချပါလို့ အမြဲအော်တယ်

သူအိမ်နံမည်က ဂျော်နသန်... သူကအကြီးတွေ အေးသလောက်လူလည်... ဖဲရိုက်ဘို့ လူစုတယ်

သူမနိင်ရင်မထရဘူး.... အဲဒီနေ့ ကသူတို့ အခန်းမှာ စုစကားပြောနေရင်းနဲ့ သူကအတင်းဖဲရိုက်ချင်

တယ်... ကိုယ် ဖဲကိုကိုယ် တာဝန်ယူရတယ် လူဝင်လာရင် လျင်သလိုဖွက်ရတယ်... တစ်ချပ်မှောက်ဆော့

ကြတာများတယ်.... ပိုက်ဆံကို သူတာဝန်ယူပြီး သိမ်းထားတယ်.... အဲဒီနေ့ ကသူရှုံးနေတဲ့အချိန်

အဒေါ်ဝင်လာတော့.. ဟိုကြည့်ဒီကြည့် ဘာလုပ်နေကြလဲဆိုပြီး စပ်စုပါရော........ မကြီးက နဲနဲကြီး

နေပြီ.. သူကမပါဘူး ... ကုတင်ပေါ်ကနေ ခေါင်းအုံးပေါင်ပေါ်တင် မှေးထောက်ပြီးကြည့်နေတာ

ရှုံးနေတဲ့ မောင်က ဘာမပြောညာမပြော ထဆဲတယ်... သူဆဲတာက.. အရှုပ်..အစုတ်.. ဟင်းသူခိုး

အလိုက်ကန်းဆိုးမသိ.. အုတ်ကြားမြက်ပေါက်... အစုံပဲ.... အဒေါ်က မကြီးအနားဝင်ထိုင်ရင်း...

တော်တော်ရှက်သွားပုံရတယ်... မျက်နှာကနီရဲပြီး .. ဂျော်နသန်...နင်ဘာပြောတာလဲ ပြန်ပြောစမ်း

လို့ ဆိုတော့... ဘာပြောလို့ လဲ.. ဒီမှာအဆဲပြိုင်နေတာ.. ကျနော်ပြီးပြီ.. မကြီးအလှည့်လေ... ဆဲ ဆို

တော့ ဒီပြသနာမသေးမှန်းသိတော့... အားလုံးဝိုင်း ဖေါ်လိုလိုက်ကြတယ်..... ဟုတ်တယ်မကြီး

အလှည့် ဆိုတော့... မကြီးကအဒေါ်ကိုလဲကြောက်တယ်... အတိုင်ခံရရင် မလွယ်တာလဲသိတော့

ငါမှမစဉ်းစားရသေးတာ....လို့ ပြောတော့မကြီးနော်မရစ်နဲ့ အားလုံးဒီအတိုင်းဆဲတာ... ကြိုမ

စဉ်းစားရဘူး တစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြတယ်.... မကြီးလဲ တတ်သလောက် မှတ်သ

လောက်ဝင်ဆဲတယ်.... နောက်တစ်ယောက်.... နှစ်ယောက်ဆဲပြီးတော့... "ဒုန်း "ဆို တံခါးဆောင့်ပိတ်ပြီး

အဒေါ်ထွက်သွားတယ်........... အားလုံးကြောက်နေပြီ........... ခဏကြာတော့ မကြီးနာမည်

တပ်ပြီးအကုန်အပေါ်တက်ခဲ့ တဲ့............. အားလုံးကိုးယောက်... ဂျော်နသန်အငယ်ဆုံး သူ့ 

အပေါ်ကကျမ... မကြီးကဆယ်ကျော်သက်ဖြစ်နေပြီ....... ဒီနေရာမှကျမတို့ ဦးလေးသူတို့ အဖေ

အကြောင်းပြောချင်တယ်.. တစ်မျိုးလုံးကြောက်ရတယ်ရှိန်ရတယ်... ဘာလို့ မှန်းမသိ.. အဘိုးဆုံး

တော့ သားအရင်းတွေကိုကျော်ပြီး အဘိုးနေရာကို...ရတယ်.. စိတ်ရင်းကောင်းတယ်... စီးပွါးရှာ

တော်တယ်....ပညာအရမ်းတော်တယ်.... ဂျပန်သုံးလေးခေါက်ပညာတော်သင်.. ၈၈..မှာအလုပ်ပြုတ်

တယ်... အခုအောင်မြင်တဲ့ သူဌေးတစ်ဦီးအဖြစ် သြဇာညောင်းတုံး........ သားတွေအကုန်လဲ

အောင်မြင်နေကြပြီ........... အပေါ်ရောက်တော့ မကြီးကမျက်ရည်ဝဲနေပြီ.... အဆဲပြိုင်တယ်

ဆိုတာဟုတ်လား.... ဦးလေးကဒါပဲမေးတယ်... အကုန်လုံး..မကြီးမပါပြိုင်တူ.. ဟုတ်တယ်ပေါ့ 

ဦးလေးက ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်းဘောလုံးပွဲအကြည့်မပျက်ဘူး (အဲဒီတုန်းကအခွေ)

ကနေ ပြီးပြီးသားပွဲတွေကြည့် ရတာ......... ပြီးတော့ ...ကဲ....စတဲ့ .... မောင်နှမတွေတစ်ယောက်

မျက်နှာတစ်ယောက်ကြည့် တော့ ကြီးစဉ်ငယ်လိုက်စတဲ့.... မကြီးကိုဝိုင်းကြည့်တော့...အ..ထစ်

အ..ထစ်.. နဲ့ ... အုတ်..ကြား...အုတ်..ကြား... ဆိုပြီး..ချူံးပွဲချငိုပါလေရော.. .ဦးလေးက.. ကဲ.."မအုတ်

ကြား"တော်တော့... နောက်တစ်ယောက်.တဲ့.... တစ်ယောက်ပြီးတစ်ယောက်.. ကျမအလှည့် မပြီးနိုင်

မစီးနိုင်ရွတ်နေလို့ ... ဦးလေးက ရပြီပြောရတယ်.... ဂျော်နသန်ပြီးတော့...... နောက်ဆုံးအကြိမ်

ဖြစ်ပစေ.. တဲ့ဒါပဲပြောတယ်... သွားတော့တဲ့...... ကျမကပေကပ်ကပ်နဲ့ .. လေးလေး ဘယ်သူပ

ထမ ရလဲဆိုတော့......... နင်ပထမတဲ့.......... သုံးရက်လောက်ဂုဏ်ယူပြီးကိုပြောနေတာ

အမေဆူတော့မှ... အဲဒါမကောင်းဘူးဆိုတာ သိတော့တယ်..... မမ..ဆိုတာငယ်ငယ်တုန်းက ..အဲလို


မမ
 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner