ကျမတို့ မစ္စဘင်းအကြောင်း တစ်ယောက်တစ်ပေါက်ပြောဆို ရီမောနေတုန်းမှာပဲ မငယ်ဖုန်းဝင်လာတယ် “နောက်ဆုံးလေယဉ် လူကုန်နေပြီ မတွေ့သေးဘူး” တဲ့ စိတ်ရှည်လက်ရှည် စောင့်ပါဟာ အချစ်စစ်တို့မည်သည် ကွေ့ကွင်းရာခြင်း မရှိ ဆိုက်ဆိုက် မြိုက်မြိုက် ကြီးကိုရောက်လာမှာ ပူမနေနဲ့ ” လို့ကျမပြောတော့ “သူ့မဟေသီ ငါ့အနားမှာရွတ်-ဘတ် လုပ်နေတယ်ဟာ သနားပါတယ်တဲ့ ကူညီတဲ့သူတွေက ကူညီတာတောင် အသုံးတစက်မှမကြ ဘူးလာရင်တွေ့ မယ်လို့ လဲပြောနေတယ် မစ္စတာဘင်းတော့သနားပါတယ်”တဲ့“ကျမအံ့သြတကြီး နင်ဘယ်လိုခေါ်လိုက်တယ် သူနံမယ် ဘယ်သူလို့ ကျမမေးတော့ တို့တအိမ်လုံး ကမစ္စာဘင်းပဲ ခေါ်တာ” တဲ့ “ကျမ မနေနိုင်တော့ဘူး ဒီမှာမငယ် မစ္စတာဘင်း ဒီမှာရောက် နေပြီ အိမ်အောက်မှာ ကွမ်းသီးဆင်းဝယ်နေတယ် နင်ကြောင့် တို့တွေလဲ ငါးပိတယောက် တစ်ထုပ်စီရတယ်” လို့ ကျမပြောတော့ မငယ် ကြောင်ပြီးအသံတိတ် နေတယ်။ခနကြာတော့မှ “မမ ငါ့ကြောင့် နင်တစ်ညလုံးပျော် နေခဲ့တယ် နင်တစ်ခါမှ မမက်ဖူးတဲ့ အိမ်မက်လှလှ ကိုမက်ဖူးခဲ့တယ် ငါနင့်ကိုအပျော်တွေပဲ ပေးခဲ့တာနော် နင့်ကြောင့် ငါတို့ဘယ်လောက်စိတ် ဆင်းရဲရလဲ ပွက်လောကိုရိုက် နေတာပဲ ကြပ်တာခြင်းတူရင်တောင် ငါ့လို့ကြပ်တတ်အောင်ကြိုးစား သေချာ နင်စဉ်းစားပြီးရင် ငါ့ကို ဆရာလို့ သုံးခွန်းလေးလေးစားစား ခေါ်လိုက်ပါတဲ့” မတရားတင်းနေတဲ့ လေသံနဲ့ ပြောပြီးဖုန်းချသွားလေရဲ့ အောင်မာ မခေါ်နိုင်ပါဘူးလို့ ကျမစိတ်ထဲကမကျေမနပ် ရေရွတ်လိုက်တုန်း မှာပဲဘဲလ်တီးသံ နဲ့အတူ မစ္စတာဘင်းပြန် ရောက်လာတယ်။ကျမတို့ အားလုံးဝမ်းသာအားရ“ အကိုဝယ်လို့ရလားလို့” ကျမတို့မေးတော့ ကွမ်းသီးထုပ်လေးပြတယ်။“ကျနော်ကိုတွေ့တာနဲ့ ဘိုလိုတန်းတော့ တော့တာပဲ ကွမ်းသီးစ် လို့ ပီပီသသ ပြောတာ လေးငါးဆယ်ခွန်းပဲ နားမလည်ဘူးဗျ ကွမ်းရွက်ပြပြီး ကွမ်းရွက်ထဲထည့်တဲ့ ပုံလုပ်ပြမှ ကွမ်းသီးဘူးကြီး ယူလာပြတော့တာပဲ ကျမတို့သူ့လေသံနဲ့သူ့ဟန်ကိုကြည့်ရင်းရယ်ကြတယ်“အကို ဘယ်လိုအလုပ်မျိုးကို ရှာတာလဲလို့” ကျမတို့ ၀ိုင်းမေးတော့ “မီးနဲ့ပတ်သက်ရင် ကျနော် အကုန်ရတယ် အဲကွန်း ရေခဲသေတ္တာ ကျနော် အကုန်ပြင်တတ်တယ် ကျနော် ဆယ်နှစ်သားထဲက ဒီအလုပ်ပဲ တလျောက်လုံး လုပ်လာခဲ့တာဗျာတဲ့” နိုင်ငံခြားထွက်လာဘို့ ဘယ်သူမြှောက်ပေးတာလဲလို့ ကျမတို့မေးတော့“ကျနော့ မိန်းမပေါ့ဗျာ ကျနော်ကရန်ကုန်မှာ သင်တန်းလဲပေးတယ် ဆိုင်လဲဖွင့်ထားတာ ဆိုတော့ ကျနော့်တပည့် သုံးယောက်လောက် စင်္ကာပူ ရောက်နေပြီခင်ဗျာ့ လူငယ်တွေပဲ နှစ်ဆယ် ကျော်တွေပေါ့ သူတို့ဒီရောက်ပြီး အဆင်ပြေတယ် ဆိုတော့ကျနော့မိန်းမ ဖြတ်ဖြတ်လူးတော့ တာပဲ တစ်နေ့တစ်နေ့ နားညီးအောင်နိုင်ငံခြား သွားခိုင်းတော့တာဗျာ ရန်ကုန်မှတော့ အတည်တကျ လူရိုသေရှင်ရိုသေ အလုပ်ကလေးတစ်ခုပြစရာ ရှိတာကလွဲလို့ ရရစားစားပါပဲဗျာ”“ကျနော် ဒီကညီမတွေ ဆိုင်အသစ်ဖွင့်လို့ တဆိုင်လုံး မီးဆင်ပေးရင်း မငယ်နဲ့ရင်းနှီးတယ် သူကသွားပါလားဘာညာ ပြောတာနဲ့မိန်းမကိုပြန်ပြော တော့ လေယဉ်ပေါ်ရောက်လာတာ ပဲဗျာတဲ့” သူပြောတာကိုနားထောင်နေရင်း မလတ်က “အကိုမနက်ဖြန် ကျမတို့ အဲကွန်းတွေအကုန် ဆာဗစ်စင် လုပ်ပေးလေ တစ်လုံးနှစ်ဆယ် ပေးမယ် အလုပ်စရတာပေါ့” လို့ပြောတော့ “ကျနော်ပိုက်ဆံ မယူပါဘူးဗျာ လိုအပ်တာ သာဝယ်ပေး ကျနော်လုပ်ပေးမယ်”တဲ့ ကွမ်းကိုငုံရင်းဖြေးဖြေးမှန်မှန် ပြောနေတဲ့သူ့ကိုစိတ်ဝင်တစား ကြည့်နေကြတုန်း မှာပဲ အိမ်ဖုန်းမည်သံက အားလုံးရဲ့ အာရုံကိုပြောင်းပေးလိုက်သလိုပဲ ကျမရဲ့ ဟယ်လိုဆိုတဲ့ အသံကိုဖုံးလွမ်းသွားအောင် စွာတေးလန်ပြာယာ ခတ်နေတဲ့ အသံကြောင့် အကိုအစ်ကိုမဟေသီ ခိုင်သင်းကြည်လို့ ကျမအော်ရင်း မစ္စတာဘင်းလက်ထဲ ဖုန်းပေးလိုက်တယ် ဆို ရောက်ကထဲက ရောင်နနနဲ့ တစိမ်းမိန်းမတွေကြားမှာ အားငယ်နေတဲ့ မျက်နှာရုတ်ချည်းကွယ်ပျောက်လို့ ၀င်းပသွားတော့ တယ်။မစ္စတာဘင်း ပြောဆိုနေသံများ “ဟေဟုတ်လား”“သူတို့နောက်တာလား ကြီးကြီးပြောထားသားပဲ မင်းညီမတွေက တော်ယုံလူ သီးမခံနိုင်အောင် အနောက်သန်တယ်လို့လေ” “အော် အခုလေ ဆိပ်နားကဆက်တာပေါ့” “အေးအေး ဆေးဆေးပါပဲ အငယ်ဆုံးမလေးလာကြိုတာ”“ဟုတ်တယ် ဟုတ်တယ်” “အကုန်ပေးလိုက်ပြီ”“စိတ်ချပါ အခုနတောင် ကွမ်းသီးသွားဝယ်သေးတယ်” “တစ်ယောက်ထဲပေါ့ ကိုဖာသာပြောရတာပေါ့ ရခဲ့တယ်” “အလတ်မလေး ရှာပေးမယ်တဲ့ ရမှာပါ”“စိတ်မပူနဲ့ အားလုံးအဆင်ပြေ ပါတယ် တအိမ်လုံးမိန်းခလေးတွေ ကြီးပဲ ခလေးတွေကြီးပဲ” “အေးပါ အေးပါ ပြန်တော့ ပြန်တော့”သူအသံကိုအားလုံးစိတ်ဝင်တစား နားထောင်နေရင်း တအိမ်လုံးခလေးတွေ ကြီးပဲဆိုတော့ မလတ်ကစပြီးတခိခိ ရယ်တော့ ကျမတို့လဲလိုက်ရယ်ကြရင်း တို့တွေတော့ အဖေတစ်ယောက်ကောက်ရပြီလို့ ကျမကပြောလိုက်တယ်။
အဲလိုနဲ့ မနက်မိုးလင်းတိုင်း ကျမတို့ရဲ့ ဘုရားစင်ရှေ့ မှာဘုရားရှစ်ခိုးသံနဲ့အတူ ကြေးစည်သံ တဝေေ၀နဲ့ကျမတို့ နိုးထလာရတော့တယ်။မနက်ငါးနာရီ လောက်ဆိုနိုးပြီ သူဖာသာ ကော်ဖီပေါင်မုန့် တခုခုမနက်စာစားပြီး အိမ်နားကကုလားဆိုင်လေးမှာ သတင်းစာသွားဝယ်ထားတယ်။ကြုံတဲ့သူက တစ်ယောက်တလှည့် သူ့ရနိုင်မဲ့အလုပ်တွေကို မှင်နီနဲ့ ၀ိုင်းပေးထားတယ် ခက်တာကအိမ်မှာ ယောက်င်္ကျားလေး မရှိဘူး သူ့ကိုဖုန်းနဲ့ ဗျူးပေးမဲ့သူမရှိဘူး ကျမတို့တယောက်တလှည့် ဆက်ပြန်တော့လဲ လုပ်မဲ့သူနဲ့ပြောချင်တယ် ဆိုတာချဉ်းပဲ သူ့ဖုန်းထိုးပေးတော့လဲ ခေါင်းခါခါ လည်ခါခါနဲ့ မပြောချင်ဘူးချည်း ပဲကျမတို့တွေ ဘာဆက်လုပ်ရမှန်းမသိအောင်ကို ဦးနှောက်ခြောက်တော့တာပဲ။
အဲ မလတ်ကပြောတာ သူလူကြောက်တာတဲ့ သူ့ကိုလူမကြောက်အောင် အရင်လုပ်ရမယ်တဲ့ ကျမတို့အိမ် မှာ အားလုံးအတူတူချက်စားကြတယ် ပင်တိုင်ချက်တာက ကျမပေါ့ အလိုနဲ့အိမ်နဲ့ မနီးမဝေးဈေးလေးမှာ သူ့ကို မနက်တိုင်း လိုအပ်တာတွေ ရေးပေးပြီးဈေးဝယ်ခိုင်းတယ် ပထမတော့ အင်တင်တင်နဲ့ နောက်တော့မိုးလင်းတာနဲ့ ဈေးဝယ်ဖို့အဆင်သင့် ဖြစ်နေပြီ ဟောင်းမတ်ခ်ျတို့ အိုင်အမ်မြန်မာတို့ အိုင်ကမ်းဖရွန်မြန်မာတို့ ဟောင်းအာယူတို့ ဟယ်လိုအန်တီတို့ ပေါပေါ များများသုံးတတ်လာပြီ ဈေးပြန်လာတာနဲ့ လ္ဘက်ရည်အီကြာကွေ့ပူပူ နွေးနွေးတွေပါလာတတ်ပြီ ဟိုအရင်က စနေတင်္နဂနွေ လောက်သာစားရတဲ့ အီကြာကွေ့နဲ့လ္ဘက် ရည်မနက်တိုင်းသောက်ရတာနဲ့ တင်သူဟာဒီအိမ်တစ်လုံးအတွက် အရေးပါလှနေပြီ။
နောက်တစ်နေ့မှာတော့ မလတ်ကသူ့ရုံးကို ပစ္စည်းတစ်ခုမေ့ကျန်ခဲ့တယ်အကြောင်းပြပြီ သူ့ကိုအရေးတကြီး လာပို့ဘို့အကူအညီတောင်းတယ် သူအကြောက်အကန်ငြင်းရင်းကပဲ အိမ်နဲ့ တစ်ဆယ့်ငါးဘူတာလောက် ဝေးတဲ့မလတ်ရှိရာကို တစ်ယောက်ထဲ ရောက်သွားတော့တယ် နောက်များတော့ အိမ်မှာရှိတဲ့ လူအကုန်တစ်နေ့တမျိုး အကြောင်းပြပြီး သူကိုခေါ်တယ်။မြန်မာတွေရှိတဲ့ ပင်နီဆိုးလား ကိုခနခန ပစ္စည်းသွားဝယ်ခိုင်းတယ် ရောက်တဲ့နေရာကနေ ဖုန်းနဲ့တဂွမ်ဂွမ် ဆက်သွယ်ရင်းကပဲ အတော်လေးသွားတတ်လာတတ်နေပြီ။
အလိုနဲ့ပဲ မစ္စတာဘင်းတစ်ယောက် အင်တာဗျူးတွေ စ၀င်ပါတော့တယ်ရှင်။
သတင်းစာကနေခေါ်တာတွေ ကသူ့အတွက်ဘယ်လိုမှကို အဆင်မပြေနိုင်တဲ့အတွက် အရပ်ကူပါလူဝိုင်းပါ နီးစပ်ရာတွေပြောရင်း လုပ်သက် အနှစ်၂၀ နီးပါးရှိကြောင်းလုပ်ငန်း အမတန်မှကျွမ်းကျင်ပါ ကြောင်း ဆိုတဲ့ အာမခံချက်တွေနဲ့ အင်တာဗျုး ၅ခုလောက်ဝင်ပြီးတော့ အဲကွန်းရေခဲသေတ္တာပြင်တဲ့ ကုမဏီ သေးသေး လေးတခုမှာအစမ်းခန့် အနေနဲ့ ပထမဦးဆုံးတပတ် စဆင်းခိုင်းပါတော့တယ်။
မိုးလင်းကထဲကအလုပ်ဆင်းဘို့ တက်ကြွနေတဲ့မစ္စတာဘင်းကို ကြည့်ပြီးအားလုံးဝမ်းသာနေကြတယ်၊ညနေအလုပ်ပြန်လာချိန် မှာတော့ မစ္စတာဘင်းသိပ်တက်ကြွ မူ့ မရှိတော့ဘူး ပြည်ကြီးတရုတ် တွေနဲ့ လက်တွဲလုပ်ရတဲ့ အတွက် တစ်ချိန်လုံးဆဲဆိုအော်ဟစ် သံတွေကြားမှာစိတ်ဓါတ်ကျနေပုံရတယ် သူများနောက်ကအလုပ်သင် သဘောမျိုးဖြစ်တဲ့အတွက် လဲ လိုအပ်တဲ့ပစ္စည်းတွေတောင်းတိုင်း ပစ္စည်းအခေါ်အဝေါ်တွေ မကြွမ်းကျင်မူ့ လေယူလေသိမ်းနားမလည် မူ့တွေကြောင့်အမှားမှားအယွင်းယွင်းနဲ့ တစ်နေ့တစ်နေ့ ဆဲဆိုကြိမ်းမောင်းခံနေရပုံ ပေါ်တယ်။
အဲလိုနဲ့ လေးရက်မြှောက်တဲ့ နေ့မှာတော့ မစ္စတာဘင်း အလုပ်မသွားတော့ဘူး ကျမနဲ့ မော်လမြိုင်သူက “အစ်ကို အလုပ်မသွားဘူးလားလို့ မေးတော့” “မဆင်းတော့ ဘူးပြောခဲ့ပြီဗျာတဲ့” “အစ်ကိုလုပ်ထားတဲ့ လုပ်ခရောရခဲ့လားဆိုတော့”မယူတော့ဘူး လုပ်အားပေးလို့ပြောခဲ့တယ်တဲ့” “အစ်ကိုဘယ်လိုပြောခဲ့ လဲဆိုတော့” “မြန်မာလိုပဲပြောခဲ့တာတဲ့”“အဆင်မပြေပါဘူးဗျာ လူရိုင်းတွေဗျ ပြောလို့ဆိုလို့မကောင်းဘူး မနေ့ကလဲပြသနာဖြစ်တယ် ကျုပ်သီးမခံနိုင်တဲ့အဆုံး မန်နေဂျာမကိုသွားတိုင်လိုက်တယ်”တဲ့ “ဟာ လုပ်စမ်းပါဦးဘာတွေဖြစ် လို့ အစ်ကိုက ဘယ်လိုသွားတိုင်လဲ သေသေချာချာ အမူအရာ အတိအကျ ပြောပြစမ်းပါဦး” လို့ကျမတို့စိတ်ဝင်တစားမေးတော့ “မနေ့က ထမင်းစားနေတုန်း ဖိုမင်တရုတ် အော်ကြီးဟစ်ကျယ်နဲ့ ကျူပ်ကိုလာဆူတယ် သူဘာဖြစ်တယ် ဘာပြောတယ်ကျုပ်မသိဘူး ပြီးတော့ ကျုပ်ကားကို ဘုန်းဘုန်းထုတယ် ခြေထောက်နဲ့လဲကန်တယ် ပြီးတော့ ဆဲတယ်ဗျာ” “ကျုပ်လဲ လုံးဝသီးမခံနိုင်တဲ့ အဆုံးမန်နေဂျာမ စားပွဲကိုသွားပြီး သူလုပ်တဲ့ပုံစံအတိုင်းလုပ်ပြတယ် သူပြောတဲ့အတိုင်းပြော လိုက်တာပဲ မန်နေဂျာမကတော့ ပြူးတိပြူးကြောင် ကျုပ်ကိုကြည့် ကျန်ခဲ့တာပဲ ” တဲ့ “ဟာအစ်ကို ဒေါသတွေထွက်တာပေါ့ ဟုတ်လားမန်နေဂျာမကို ဘယ်လိုပြောလိုက်လဲ သူနားလည်ရဲ့လား ကျမတို့ကို အတိအကျပြန်ပြော ပြပါလား” လို့ကျမတို့စိတ်ဝင်တစားမေးတော့ “ဒေါသကလဲ ထွက်နေတော့ စားပွဲကိုဘယ်လို ရောက်သွားမှန်းမသိဘူးဗျာ မန်နေဂျာမရှေ့ ရောက်တော့ သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ ဖတ်ခ်ယူ လို့ စားပွဲကိုထု မန်နေဂျာမကို လက်ညိုးထိုးပြီး အော်ပြောခဲ့တာပဲတဲ့”“ဘုရားဘုရား မန်နေဂျာမ စားပွဲကိုထု လက်ညိုးထိုးပြီး ဖတ်ခ်ယူ လို့ဆဲခဲ့သတဲ့ တော်လိုက်တာနော် သူဘာပြန်ပြောလဲဟင်” လို့မော်လမြိုင်သူကမျက်နှာငယ် လေးနဲ့မေးတော့“ ကျုပ်ကိုကြည့်ကျန်ခဲ့တာပဲတဲ့” ကဲစာဖတ်သူ အားလုံးမန်နေဂျာ စားပွဲမှာခဏလေးဝင် ထိုင်လိုက်ပါနော် “ သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ ဖတ်ခ်ယူ ”လို့ စားပွဲကိုထု လက်ညိုးထိုးပြီး အော်သွားတဲ့ မစ္စတာဘင်းကို မန်နေဂျာမခင်ဗျာ ဘာကိုဘယ်လိုတွေးလို့ ဘာကိုဘယ်လိုများနားလည်ပါလိမ့် မလဲရှင်...။ကဲ ကူပြီးစဉ်းစားပေးကြပါဦး
ဆက်ရန်
cool said...
Pls carry on mama
October 23, 2009 1:46 PM
cool said...
I'm waiting for your post in ages. :)
October 23, 2009 1:47 PM
mama said...
cool
တဦးတည်းသော မမအားကွန့်မန်းပေးသူ အဖြစ်
အထူးပဲ ၀မ်းသာ ကျေနပ်မိပါတယ်။
ဆက်ရေးပါဦးမယ်။
မမ
October 23, 2009 7:56 PM
Evy said...
လာအားပေးပါတယ်မမရေ..ဆက်ရေးပါဦး..နဲနဲရှည်ရှည်ရေးပါလား..များများဖတ်ချင်လို့
October 23, 2009 8:58 PM
Ko Gyi Jeff said...
Hi, funny and pitty! How about his job now? If he still interest to work in here, kindly send his resume to m_brunae@yahoo.com .
October 24, 2009 11:32 AM
မောင် မိုးသည်း said...
အရေးအသားလက်တက်လာတယ်ဗျို့.. ။ ကျန်တဲ့ ၀ိုင်းတော်သားတွေ ဘယ်ပျောက်ကုန်တုန်း ။ အပြုတ်တို့ ၊ မယုတယုတို့ ။
October 24, 2009 8:33 PM
မောင် မိုးသည်း said...
အံ့ပတို့
October 24, 2009 8:50 PM
ZT said...
အားပေးနေပါတယ်။
October 25, 2009 2:51 AM
amayarko said...
ရီလိုက်ရတာမမရယ် ။ ဖတ်လို.သိပ်ကောင်းတာပဲ ။ ဆက်ရေးပါအုံးနော် ။
October 26, 2009 11:34 AM
shin nay said...
part(3) ကိုမျှော်နေပါတယ်ဗျိုး ...
သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ...
:D
October 29, 2009 10:22 AM
ယောနက်သန် said...
လာလည်သွားပါတယ်။
October 30, 2009 5:54 PM
မမ said...
ယောနက်သန်
လာလည်ကြောင်း နုတ်ခွန်းဆက်တဲ့ အတွက်အထူးပဲကျေးဇူးတင်ရှိပါကြောင်း။လမ်းကြုံတိုင်းလာ
ရောက်ဘို့ဖိတ်ခေါ်ပရစေ
မမ
shin nay
ငါ့မောင်ပျောက်လှချည်လားသတိတရကွန့်မင်းပေးတဲ့
အတွက်ကျေးဇူးပါ။
မမ
amayarko
ရင်ထဲရှိတဲ့ အတိုင်းရေးသွားတာ ချစ်စရာကောင်းတယ်။
စိတ်ချ ရေးဦးမှာ။
မမ
ZT
အားပေးနေတယ် ဆိုလို့ ပျော်ရွင်မိပါတယ်
ကျမကိုလဲ ဖူးနုသစ်ကစာတွေ ဖတ်လို့ရအောင်
ကူညီပါဦး လာတိုင်းဖတ်မရဘူး ဖတ်မရရင်မေးပို့ပါလို့
စီပေါက်မှာတွေ့တဲ့အတွက်ပို့တာလဲ မပြန်ဘူး အားရင်
ကူညီပါဦး ကျမလဲဖတ်ချင်တယ်။
မမ
မောင်မိုးသည်း..ရေ
ပျောက်လှချည်လား ပြန်ဆုံဘို့ လုပ်ဦးလေ ဘယ်ရပ်
ဌာနေ ဘယ်စီများရောက်လို့နေလဲဝေ
မမ
ကိုဂျက်ကြီး(Jeff)
အထူးပဲဝမ်းမြောက် လေးစားမိပါကြောင်း လောလော ဆယ် ဒုက္ခသည်တယောက်ကို ဒီမေးလ်
ပေးမိပါတယ်။ ခွိခွိ စိတ်ဆိုးပါနဲ့ မစ္စတာ ဘင်းကတော့
လောလောဆယ်အဆင်ပြေ နေပါတယ်။
မမ
Evy
စိတ်ချ အရှည်ကြီးရေးဘို့ ကြိုးစားနေတယ် ဖတ်သူ
ရှိလို့ကတော့ရေးဦးမှာ
မမ
October 31, 2009 8:43 PM
မြစ်ကျိုးအင်း said...
ကွန်မန့်မပေးဖြစ်ပေမယ့် အမြဲလာဖတ်ဖြစ်ပါတယ်
ဆက်ရေးပါအုံးနော်
November 6, 2009 2:12 PM
Ko Boyz said...
အသစ် မတင်တော့ဘူးလား... လာလာချောင်းနေတာ...။
December 15, 2009 1:56 PM
မမ said...
Ko Boyz
တင်ထားပြီနော်
မမ
December 15, 2009 3:03 PM
အနမ်း said...
ဖတ်သွားပါတယ်။“ သစ်(စ်)မန်းဟာ မိုင်ကားဟာ ဘုန်းဘုန်းဟာ ဖတ်ခ်ယူ ”ဆိုတာလေး ဘယ်လိုနားလည်
ရမလဲမသိလို့ ပြောပြအုံးနော် မမ။
အမြဲလာဖတ်ဖြစ်ပါတယ်။
December 16, 2009 2:23 PM
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago


0 comments:
Post a Comment