ငါဟာရူးကြောင်ကြောင်နိုင်တယ် လမ်းသွားရင်ငိုက်စိုက်ငိုက်စိုက်
ငါစိတ်ဝင်စားတာခြေထောက်တွေ တစ်ချို့ခြေထောက်တွေက
ချထားတယ် တင်ထားတယ် လမ်းလျှောက်လို့ လူပ်ယမ်းလို့
အခြင်းခြင်းပွတ်သပ်လို့ ဂီတကိုဖန်ဆင်းကြတယ်။
တစ်ချို့ကဖြူတယ် တစ်ချို့ကမဲတယ် တစ်ချို့ကညိုတယ်
တစ်ချို့ကလှတယ် တစ်ချို့ကနုတယ် တစ်ချို့ကကြမ်းတယ်
တစ်ချို့ကတုတ်တယ် တစ်ချို့ကရှည်သွယ်
ခံစားမူ့မျိုးစုံနဲ့ လှမ်းနေကြတယ်။
ပြိုင်တူငါရှိရာကိုလှမ်းလာတဲ့ ခြေထောက်နှစ်စုံ
တစ်ခုခုကိုရွေးရမယ် ရှယ်သွယ်ဝင်းမွတ်တဲ့ခြေချောင်းတွေက
ငါနှလုံးသားကို ဖမ်းစားတယ်။
ညိုညစ်ကြမ်းတမ်းတဲ့ ခြေချောင်းတွေကငါ့ရှေ့မှာသိမ်ငယ်တယ်
လှပတဲ့ခြေအစုံနဲ့ အတူတွဲထွက်ခဲ့တဲ့ငါ့ကို
ညိုညစ်တဲ့ခြေအစုံက လှမ်းသတိပေးတယ်။
သူ့ခြေအစုံလှပဘို့အတွက်
ရေအိုင်တွေအများကြီးလိုအပ်လိမ့်မယ်တဲ့
အဲဒီရေအိုင်တွေပြည့်ဘို့အတွက် မင်းလိုလှပတဲ့မိန်းခလေးများစွာရဲ့
မျက်ရည်မိုးတွေ စွေပေးရမတဲ့
ကမ္ဘာကြီးတစ်ခုလုံး ချာလည်လည်သွားသလို
ငါခံစားလိုက်ရတယ်။
မမ
kiki said...
လှတာမက်ရင် ညစာခက်မယ် ဆိုတယ်လားကွယ် ။။
ခြေထောက်လှဖို့ ထက် စိတ်လှဖို့ က ပို အရေးကြီးတာပေါ့ နော် ။
ခြေထောက်လည်းမလှ စိတ်လည်းပုတ် တာကြီးဆို ပိုဆိုး ။
ခြေထောက်လေး ညို နေပေမဲ့  စိတ်ကလေး ဖြူ နေရင်ရော..မဆိုးပါဘူး ။သူ့ ကိုသာရွေးတော့ မမရေ ...
ဖြစ်နိုင်ရင် ခြေခဏာလေးပါ တွက်ကြည့် ပါအုံး ။။
ဟိဟိ (လက္ခဏာ တွက်စရာ လက် မရှိရင်ပေါ့ )
July 24, 2009 8:28 PM
susie said...
မမရေ
မျက်ရည်မိုးတွေ ”စွေ” လို့ထင်ပါတယ်ရှင် ...
ခင်မင်စွာဖြင့်-
ss
July 27, 2009 3:56 PM
PC said...
မမ အသည်းကွဲနေပြီပေါ့.....
July 28, 2009 5:26 PM
Comment deleted
This post has been removed by the author.
July 29, 2009 6:19 PM
sin dan lar said...
အိုင်တွေ့တိုင်းခြေဆေးလို့ ခြေထောက်လှရတဲ့ ယောက်ျားလေးတွေကို ရှောင်မယ်လို့ သဘောပေါက်မိပါတယ်...။
July 29, 2009 6:20 PM
Aung San said...
နောင်သူ့အရှေ့လာရင် လယ်ကန်သင်းထဲဆင်း ခြေထောက်ရွှံ့စိမ်ပြီးလာမှ။ မဟုတ်ရင် ခြေထောက်ပဲလိုက် အပြစ်ရှာနေမယ်။
July 29, 2009 11:56 PM
စိမ်း... said...
ဟယ်... အဲ့လိုကြီးလား... ရက်စက်ပါ့...
ဝေါင်ဝေါင်ရှေးပါလေ....
September 9, 2009 9:08 AM
ကြယ်ပြာ said...
ကဗျာလေးသဘောကျမိပါတယ် ...
October 12, 2009 10:32 PM
mama said...
ုကီကီ
ကြော်ငြာလိုက်အေ မမ ခြေခဏာကြည့်သည်လို့
susie
ကျေးဇူးပါ ချက်ခြင်းကိုပြင်ပါတယ်။
ကိုအောင်ကိုဆန်း
အရေးထဲပညာရှိများ သူဖြေထောက်လှကြောင်း
ဝင်ကြော်ငြာ သေး အံ့ပ
pc
မမ အသဲမကွဲပါ ဒီနေ့အထိအသဲမခွဲသေးတာတော့
သေချာတယ် ဘဲအသဲနဲ့ကြက်အသဲ လုံးလုံးကို ခွဲတတ်သေးဘူး အမြဲမှားဝယ်နေတုန်းပါ
ကြယ်ပြာ
ခံစားပေးတာ ကျေးဇူးအမြဲလာလည်စေခြင်ပါတယ်
စိမ်းနဲ့ SDL
မမ ကြပ်တာပါကွာ နေရင်းထိုင်ရင်း သူ့ကုသိုလ်နဲ့သူ လှနေတဲ့ ခြေထောက်ကြည့်ပြီး
ပြသနာသွားမလုပ်ပါနဲ့ ခွိခွိ
ချစ်ခင်တဲ့ မမ
October 14, 2009 11:14 PM
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago


1 comments:
ကြိုက်တယ် ကဗျာကို
Post a Comment