Saturday, December 19, 2009

မိုက်ကယ်လ်ရှိုးသွားမယ် မမနဲ့လိုက်မှာလား

ကော်ဖီတစ်ခွက် နှင်းဆီပန်းတစ်အိုး
နောက်ဆုံးပေါ် လက်တော့ပ်တစ်လုံး
ဘ၀ကြီးကိုရှေ့ဆက်ရမဲ့အရေး

သက်မဲ့တွေလဲတစ်ခါတစ်လေမှာ
သစ္စာမဲ့တတ်တယ် ဖေါက်ပြန်တတ်တယ်
ဒါဟာ လောကနိယာမတစ်ခုအဖြစ်
ငါလက်ခံထားတာကြာပြီ။

အသက်ရှိနေတဲ့အချိန်မှာ
ချစ်တတ်မယ် မုန်းတတ်မယ်
ဒေါသထွက်မယ် စိတ်ကုန်မယ်
ပျော်ရွင်မယ် တမ်းတမယ် ပူဆွေးမယ်
မာနတွေနဲ့ဝင့်ကြွားမယ်
သိမ်ငယ်စွာနဲ့ တစ်ယောက်ထဲခွေနေမယ်

ဘာဖြစ်လဲငါ့ဟာခံနိုင်ရည်ရှိတယ်
“ဒေါက် ဒေါက်” “ဟေ့တံခါးခေါက်နေတာ”
“ဘယ်သူလဲ” “သေမင်းပါ”
“စောင့်နေတာကြာပြီ မင်းဘာလို့နောက်ကျနေတာလဲ”

အောင်မာမင်းမျက်နှာ အချိုးကိုပြင်လိုက်ပါ
စောင့်ရလွန်းလို့ တင်းနေတဲ့ငါ
အလှပြင်ထားလို့ သက်သာတယ်မှတ်

စိတ်ရှိလက်ရှိ ဘယ်ညာကစ်လိုက်လို့တော့
ကာလာစုံနဲ့ အေဖိုးဆိုဒ်တွေ
တဝေါဝေါထွက်ကျသွားမှာ မင်းမျက်နှာ

တမလွန်မှာကမယ့် မိုက်ကယ်လ်ရှိုး လက်မှတ်
နောက်ဆုံးတန်း ရလို့ကတော့ မင်းမလွယ်ဘူးမှတ်
အိုကေ လက်စ်ဂိုး အာမေ့တော့မလို့

နှင်းဆီပန်းတွေ ယူရအုန်းမယ်
ဟိုး တစ်ချိန်က စင်္ကာပူမှာမပွင့်ဘူးလို့ထင်ခဲ့ဘူးတယ်
အခုရော တမလွန်မှာနှင်းဆီတွေပွင့်ပါ့မလား
ဘာပဲဖြစ်ဖြစ် ငါပါအောင်ယူသွားမယ်။


နှင်းဆီတွေကိုတော့ ဘယ်လိုမှမခွဲနိုင်အောင်
ငါသိပ်ချစ်လို့ပါ။

နှင်းဆီတွေကိုင်ပြီး အူကြောင်ကြားနောက်က
လိုက်ရတာမနိတ်လိုက်တာ
တစ်ကယ်ဆို မော်ဒယ်တစ်ယောက်လို
ဆံပင်တွေကိုယမ်းလို့ စတိုင်လှလှလေး
လျှောက်သွားချင်တာ ငါလျှောက်တဲ့
လမ်းတစ်လျှောက်မှာ ကင်မရာမင်းတွေရှိရင်ရှိနေမှာ။

တစ်ကယ်ဆို သူတို့လာခေါ်တဲ့အချိန်စောင့်နေတာ
ငါ့အမှား ကြိုတင်ဘွတ်ကင်လုပ်ထားရင်အကောင်းသား
ငါရှာပါသေးတယ် တမလွန်ရဲ့ဝက်ဆိုက်
ဘယ်နေရာမှရှာလို့မတွေ့ခဲ့တာ။

ခွိခွိ ငါရယ်ချင်လိုက်တာ ငါ့ဘော်ဘော်တွေ
လိုက်ပို့တဲ့ အချိန်မှာငါကမိုက်ကယ်လ်ရှိုးကြည့်နေပြီ
သူတို့ပူဆွေးနေတဲ့အချိန်မှာ ငါကရှိုးပွဲမှာ အီမိုဒီဇိုင်းနဲ့
မတရားလန်းနေပြီ။

မမ
Thiha Kyaw Zaw said...
I like it

July 9, 2009 11:56 AM

Nay Nay Naing said...
I do love it..

July 9, 2009 11:57 AM

sin dan lar said...
ကြိုက်တယ်..။
:)
နှင်းဆီတွေတော့ပါအောင်ယူသွားမယ်...??

July 9, 2009 12:09 PM

kiki said...
အီမို ဒီဇိုင်းနဲ့  မမ ကို တွေ့ ချင် လိုက်တာနော် ..
တမလွန် ဝက်ဆိုဒ် ပေးလိုက်မယ်
( www.အဝီဇိ.com ) ..
ရှာမတွေ့ ရင် ဖုန်းဆက်လိုက်
လာကြို ပေးမယ် ...
နေဖို့  ကြယ် ၉ လုံးတန်းနေတဲ့ ဟိုတယ်
ဘွတ်ကင် လုပ်ထား ပြီးပြီ ။။

ဟိဟိ
မေတ္တာ လက်မှတ် ရထားတယ်။
လိုချင် ပြောနော .. အားမနာ နဲ့ ..

July 9, 2009 3:33 PM

kiki said...
ဪ... တခု မှာဖို့ မေ့ နေတယ်
ဒီမှာ နှင်းဆီတွေ အမျိုးစုံ ။ အရောင်စုံ ။ ဆိုက်စုံ ရှိတယ်...

သယ်မလာနဲ့ တော့ ။။
ပန်း ၊ သစ်သီးတွေ မှာ ပိုးမွှားတွေ ပါလာ မစိုးလို့ 
အဝင်မခံဘူး နော် ။။

မြန်မြန် လာ..

July 9, 2009 3:36 PM

မေဇင် said...
မမရေ...လိုက်မယ် လေ..။း)

July 9, 2009 4:12 PM

mama said...
Thiha Kyaw Zaw

တမလွန်မှာတောင် လန်းနေမှ ဟားဟားဟား
ကြပ်ချက်က ကမ်းကုန်လို့မထင်ဘူးလား
ခံစားလို့ရတာကျေးဇူးပါ။

မမ

Nay Nay Naing

ကဗျာဖတ်ပြီး ရင်ထဲမှာပေါ့မသွားဘူးလား
ခံစားလို့ရတာကျေးဇူးပါ။

မမ

sin dan lar
ယူသွားမယ်ဟာ ရိုးပွဲမှာတက်ပေးချင်ပေးမယ်
ဒိုင်ယာနာနဲ့ တွေ့တဲ့အခါ ပရက်စလေနဲ့တွေ့တဲ့အခါ
ကိုငှက်ကြီး နဲ့တွေ့တဲ့အခါ ကိုဖုန်းမော် နဲ့တွေ့တဲ့အခါ
မြန်မာပြည်ကသူရဲကောင်းတွေနဲ့တွေ့တဲ့အခါမှာ
နှင်းဆီတွေနဲ့ဂုဏ်ပြုရတာပေါ့။
မမ

ုki kiရေ

နှင်းဆီနက်တွေ ရှာထားဝေး အီမိုဆိုတော့ နက်နေမှ မာမူလိုက်မလို့တဲ့ အီမိုကေအရင်ညှပ်
ပေးလိုက်ပါအုန်း ခွိခွိ လန်းတယ်ဟုတ်

မမ

မေဇင်ရေ

လက်စ်ဂိုး ဘေဘီ အရေးထဲလင့်ချိတ်နေသေး
ဟားဟားဟား
မမ

July 10, 2009 12:39 PM

ထက်စုနှင်းဆီ said...
မမ

မိုက်ကယ်အခေါင်းပေါ်က နှင်းဆီတွေက မမဖို့တဲ့...
အနီလေးတွေ.လှမှလှ သိလား...
မိုက်ကယ်က မမတို့ကို ကမပြနိုင်သေးဘူးလေ..
သူ့ကလေးတွေကို စိတ်မချလို့ မလာနိုင်သေးဘူးတဲ့..
အမှာပါးခိုင်းလိုက်တယ်...နောက်မှလာမယ်တဲ့..
စောင့်နေပါတဲ့.

July 16, 2009 12:07 AM

0 comments:

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner