
ကျမတို့ လူစုံချိန်မှာတော့ မစ္စတာဘင်းရဲ့ ဘာသာစကားများ လို့စာအုပ်ထုတ်ဘို့ တိုင်ပင်ကြတယ်။သတင်းစာထဲ ကနေ တွေ့သမျှအကုန်အွန်လိုင်းကလျှောက်တော့တာပဲ ပြီးရင်အပြင်ရောက်တဲ့သူက မစ္စတာဘင်းကိုဖုန်းခေါ်ပြီး အင်တာဗျုးတော့တာပဲ သူပြောသမျှတွေ နားထောင်ပြီးရီရတာလဲ အမော အလွန်တရာမှမုန်းဘို့ ကောင်းတဲ့ စလုံးသံထွက် အင်္ဂလိပ်စကား ကိုသူနားလည် အောင်နားရည်ဝအောင် မမောနိုင်အောင်ပြော ပေးနေသူက မော်လမြိုင်သူ တစ်နေ့တမျိုးမရိုးရအောင် ဖုန်းပြောင်းခေါ်လဲ သူကအသံမမှတ်မိ ကြိုးစားပမ်းစား ကိုပြန်ဖြေတော့
တာပဲ သူဖြေတာတွေ တချို့“ အိုင်စီး တီဗီ နောင်း”တို့“ အိုင် ဒတ်စန့် အန်တာစတန်း ”တို့ကတော့ ကျမတို့အတွက် နေ့စဉ်သုံးဝေါဟာရတွေ ဖြစ်မှန်းမသိဖြစ်လာ တော့တာပဲ ကျမတို့အဲကွန်းတွေ ဆားဗစ်စင်လုပ်ပေးပြီးတဲ့ နောက်မှာ တော့ တအိမ်ပြီးတအိမ် မလတ်အဆက်အသွယ်နဲ့ သူသွားလုပ်ပေးရပါတယ်။ အလုပ်မဆင်းပဲ၂ရက်မြောက် နေ့မှာ တော့ သူကိုအစမ်းခန့်တဲ့ကုမဏီကမန်နေဂျာမ ဖုန်းဆက်လာတော့တယ် သူခေါင်းခါခါ လည်ခါခါနဲ့ မပြောဘူး မသွားဘူးချည်း ပြောတော့တယ် မလတ်ကိုသူနေမကောင်းလို့ပါ ပြောခိုင်းတယ် မန်နေဂျာမက အလုပ်သင်သဘောမျိုးတလကိုစလုံး၁၂၀၀ နဲ့ အက်စ်ပါစ့် တင်ပေးမယ်လို့ မလတ်နဲ့မိနစ်နှစ်ဆယ်လောက်ပြောဆိုပြီးတော့ မလတ်က မစ္စတာဘင်းအလုပ်ရပြီဟ မစ္စတာဘင်း အလုပ်ရပြီဟေ့လို့ တခန်းဝင် တစ်ခန်းထွက် တံခါးခေါက်ပြီးလိုက်အော်တဲ့ အခါမှာတော့ မစ္စတာဘင်းက မလတ်ကိုမယုံသင်္ကာ ပုံစံမျိုးနဲ့ မထုံတတ်တေး ကြည့်နေပါတော့တယ်။ ကျမကအကို မပျော်ဘူးလားဟင်လို့ မေးတဲ့ အချိန်မှာတော့ အိမ်ရှေ့နဲ့အိမ်နောက်ကို ခေါက်တုန့် ခေါက်ပြန်လျှောက်ရင်း သူဘာကိုရွတ်နေမှန်းမသိဘူး သူ့အမူအရာကို ကျမတို့ အကဲခတ်ရင်းတစ်ယောက်မျက်နှာတယောက် ကြည့်နေကြတုန်း မှာပဲသူအခန်းထဲကို ၀င်သွားတော့တယ်။ ကျမတို့လဲ အလွန်တရာမှအံ့သြလွန်းစွာ ငေးကြည့်နေတုန်းမှာပဲ သာလွန်ကထုတ်တဲ့ အင်္ဂလိပ်မြန်မာ ဘာသာစာအုပ်လေးနဲ့ ပြန်ထွက်လာတော့တယ်။ ကျမကိုတိုးတိုးလေးနဲ့ ညီမလေးလာဦးလို့ မလတ်တို့မကြားစေချင်တဲ့ ပုံစံမျိုးနဲ့ခေါ်တယ်။ ကျမလဲသူတို့ကိုမျက်ရိပ်ပြ ပြီးပြောအကို ဘာဖြစ်လို့လဲ အကိုဘာသိချင်လို့လဲ ဆိုတော့ အခုနမလတ်ကို သူမန်နေဂျာမကို သူနေမကောင်းကြောင်းပြောခိုင်းတာ တလုံးမှမပါဘူးတဲ့ ဟုတ်လားအကို သူဘာပြောတာကြားလဲပြော ကျမဘာသာပြန်ပေးမယ်လို့ ကျမနဲ့ မစ္စတာဘင်းအိမ်ရှေ့ခန်းမှာ တိုးတိုး ကြိတ်ကြိတ် ဆွေးနွေးကြတော့တယ်။ကျမတို့ရဲ့ အမူအရာကို ကြည့်ပြီးခေါင်းခြောက် နေတဲ့မလတ်တို့ အုပ်စုကို သူ့ရှေ့တင်ပဲဖုန်းနဲ့ အက်စ်အမ်အက်စ် ပို့ လိုက်တယ်။မစ္စတာဘင်းရဲ့ အမေးတွေ ကိုကြားတဲ့ အချိန်မှာတော့ ကျမမျက်နှာကို ဆံပင်တွေနဲ့ကွယ်လို့ တဟားဟား အော်ရီချင်တဲ့ အသိစိတ်တွေကိုမြိုချလို့ သူ့အဖြေကိုခေါင်းခြောက်အောင် စဉ်းစားရတော့တယ်။
ကဲအားလုံးပဲ ကူဖြေပေးကြပါ ဦးရှင် ..မစ္စတာဘင်းအမေး “အကိုသိတာ နေမကောင်ဘူးဖျားနေတယ်ဆိုရင် “အေးလ်” ဟုတ်ပါတယ်နော် နောက်တမျိုးက“ စစ်ခ်” ဟုတ်တယ်နော် ညီမလေး ဒီမှာတွေ့လား သူ့လက်ထဲက စာမျက်နှာကို လက်ညိုးထိုးပြရင်း ကျမကလဲဟုတ်တာပေါ့ အကို မှန်တာပေါ့ဆိုတော့ “မလတ်က အဲဒါတလုံးမှကိုမပါပဲ နဲ့ “ဟီအစ်စ်နော့ဖီလင်ဝဲလ်” လို့ ပြောသွားတာ အကိုကြားတယ်။ အလောက်ကတော့အကို နားလည်တယ်ညီမတဲ့ အဲဒီအဓိပါယ်အကိုသိချင်တယ်တဲ့ သေချာတဲ့စစ်သူကြီးတစ်ယောက်လို့ သူခိုးမိနေပြီလို့ ရုပ်တည်ကြီးနဲ့ မေးနေတဲ့ မစ္စတာ ဘင်းကို ကျမကိုယ်စားကူညီဖြေရှင်းပေးကြပါဗျို့ ။
ကျေးဇူးတင်စွာဖြင့်
မမ
6 comments:
Dexter October 30, 2009 8:53 PM
မမ ဘယ်လိုလုပ်ပြီး တန်းလန်ုးကီးနဲ့ ဇာတ်သိမ်းသွားတာလည်း။ ပြီးသွားပြီလား ? မညာမတာ ဝေဖန်ရရင် မမ အရေးအသားတော့ တိုးတက်လာတယ်။ စိတ်ရှုပ်နေတဲုကားထဲက တင်ပေးတာ ကျေးဇူးနော် မမ။
မမ October 31, 2009 8:09 PM
ဟီး ရေးထားတာတော့ အများကြီးပဲ ဖွင့်လို့ မရ၀င်လို့မရဆိုတော့ အဆင်ပြေအောင် အရေးကြီးတဲ့ အပိုင်းတွေနဲ့ဇတ်သိပ်းလိုက်ရတာ နားလည်အေ
မမ
cool October 31, 2009 11:07 PM
visited and read.:)
Evy November 1, 2009 9:23 PM
Waiting for more posts :-)
မမ November 2, 2009 9:39 PM
စိတ်ချပါဗျို့ အားလုံးအတွက်ရေးဦးမှာ
မမ
Anonymous November 3, 2009 5:13 PM
အင်း ။ မဆီမဆိုင် ဗျာ ။ သင်းဝတ်ရည်ကို သွားသတိရတယ် ။မမ ရဲ့ မစ္စတာ ဘင်းလောက်မရီုးမအ ပေမယ့် စလုံးကို စွန့်စားပြီးလာတဲ့ ပုံစံခြင်းက တူနေတော့လေဗျာ ။ ခုလောက်ဆိုရင်တော့ အလုပ်အကိုင်အတည်တကျနဲ့ အဆင်ပြေနေလောက်ပြီထင်ပါရဲ့ ။
မောင် မိုးသည်း


0 comments:
Post a Comment