Saturday, December 19, 2009

အာဇာနည်သွေး

မွေးနေ့မင်္ဂလာ၊ချိန်တော်ခါမှာ
ဆုတောင်းသံတွေအစား
ကြွေးကြော်သံတွေ ကြားလိုလှတယ်။
ထိုင်စောင့်နေတဲ့စိတ်ဓါတ်တွေအစား
လှမ်းတက်လာတဲ့ခြေသံတွေကို မွတ်သိပ်လှတယ်။
အမှန်တကယ်လွတ်မြောက်ရမှာ
ဆုတောင်းနေသူတွေပါ။
အမှန်တကယ်ဝမ်းနည်းပေးရမှာ
ငတ်မွတ်နေတဲ့ပြည်သူတွေအတွက်ပါ။
ကျွနုပ်ရဲ့ပေးဆပ်မှု
အဖေ့အသက်နဲ့ မယှဉ်ဝံ့သလို
တစ်တိုင်းပြည်လုံးနဲ့ ယှဉ်ကြည့်ရင် နည်းနည်းလေးပါ။
အာဇာနည်သွေးစစ်မှန်တဲ့ ကျွန်ုပ်ရင်မှာ
ပြန့်ကြဲနေတဲ့ စိတ်ဓါတ်တွေ
ကြဲပြန့်နေတဲ့ အာဇာနည်တွေ
တစ်ပေါင်းတစ်စုထဲဖြစ်ဖို့
ဘယ်နည်းကိုသုံး စုရုံးရပါ့မလဲ။
အာဇာနည်အပေါင်း
ကျွန်ုပ်လွတ်ခြင်း၊ မလွတ်ခြင်းကို စိတ်မှဖယ်လို့
ကျွန်ုပ်အတွက် ပူဆွေးသောက
အားမာန်အဖြစ်ပြောင်းလို့
မြန်မာပြည်ကြီးလွတ်မြောက်ဘို့သာ
ကြိုးကုပ်ပါတော့။
တစ်ယောက်ချုပ်လျှင်၊ နှစ်ယောက်ထွက်လော့
နှစ်ယောက်ကျလျှင်၊ လေးယောက်ထွက်လော့
အာဇာနည်စိတ်ဓါတ် ဆတိုးပွါးလော့။
သန်းခြောက်ဆယ်သော ပြည်သူ့လက်နက်
ထုတ်သုံးလှည့်တော့။
အမှန်တစ်ကယ်လိုအပ်နေတာ
ကျွန်ုပ်မဟုတ်
သန်းခြောက်ဆယ်သော အို မြန်မာတို့
ထကြွလုံ့လ စည်းရုံးကြလော့။
အမှန်စင်စစ် ကမ္ဘာကသိအောင်
အာဇာနည်သွေး စွေးစွေးနီကြောင်း
သင်တို့ပြဘို့ အချိန်တန်လေပြီ။

မမ

ဦးအောင် said...
အမှန်တစ်ကယ်လွတ်မြောက်ရမှာ
ဆုတောင်းနေသူတွေပါ။
အမှန်တကယ်ဝမ်းနည်းပေးရမှာ

အမှန်တကယ် က ဘယ်တခုအမှန်လဲဗျ.....

June 23, 2009 1:27 AM

PC said...
ဟာ သတ္တိရှိရှိရေးထားပါလား ရဲရဲတောက်ပဲ ကြိုက်တယ် အောင်ဆန်းစုကြည်မရှိတော့ရင် မမတက်မယ်ထင်တယ်

pcGhost

June 23, 2009 1:30 AM

mama said...
ဦးအောင်

ကျမအမှားကိုထောက်ပြတာကျေးဇူးပါ
မှားမှန်းသိလို့ပြင်လိုက်ပါပြီ။

မမ

pc

လာရောက်လည်ပတ်ကွန်မင့်အတွက်ကျေးဇူးတင်ပါ
တယ်။

မမ

June 23, 2009 9:27 AM

ဦးအောင်ဇေယျ said...
ပြင်တယ်ဆို တူတူပဲဟာကို နောက်နေပြန်ပြီ

June 23, 2009 12:33 PM

ဖြူဖွေး said...
ဟုတ်တယ် မမ၊
ကျနော်တို့ တစ်ကိုယ်ကောင်းဆန်လို့၊
ကျနော်တို့ သတ္တိနည်းလို့၊ကြောက်ကြလို့၊
ကျနော်တို့ မညီကြလို့၊ ကွဲကြပြဲကြလို့၊
အမေစု အပါအဝင် နိုင်ငံကောင်းကျိုးအတွက် ရှေ့က မားမားမတ်မတ် ဦးဆောင်နေသူတွေ ထောင်သက်ရှည်နေတာပေါ့။

June 25, 2009 7:35 PM

ခင်မင်းဇော် said...
တသဘောတည်းပဲ မမရေ..
အမပြောချင်နေတာတွေချည်း
မမက ပြောသွားသကိုးးးးးးးးးး

June 28, 2009 12:43 AM

ကိုလူထွေး said...
အောင်...နိမိတ် အောင်အတိတ်လို့ ထင်ရဲ့
ဆန်း...သစ်စလကွေးလေးရဲ့ နံဘေးမှာ
စု...ဝေးရောက်ရှိနေကြတဲ့ ကြယ်စင်တွေ
ကြည်...လင်တဲ့ကောင်းကင်ပြင်ကြီးမှာ တောက်ပလင်းလက်လို့...

အ...ပေါ်ကိုမော့ကြည့်မိတော့
မြန်...ဆန်လွန်းတဲ့ လျှပ်စီးကြောင်းတွေက
ဆုံး...စမရှိတဲ့ ဝဠာပြင်ကြီးမှာ ဟိုဒီပြေးလွှား
လွတ်...ထွက်ကျမသွားအောင် စုစည်းထားသလားအောက်မေ့ရ
မြောက်...ဘက်ကလာတဲ့ နဂါးငွေ့တန်းက ထူးဆန်းတယ်...

ပြီး...သွားရင် ပျော်ရွှင်ရမှာပါ

နေ...ရောင်ခြည်နံနက်ခင်းရောက်တဲ့အထိ
ကောင်း...ကင်ပြင်ပေါ်ကို မော့ကြည့်ရင်း
ကျမ်း...သစ္စာ ဆိုပါဆိုရင်လဲ ကျိမ်ဆိုဝံ့ပါတယ်
မာ...ကျောတဲ့ကျောက်သားတွေ အရည်ပျော်ကျပါစေ
ပါ...ဝင်ထွန်းညှိမယ့် ငါတို့ရဲ့ အလင်းရောင်တွေနဲ့
စေ...လိုရာစေ သက်သေညွှန်းလို့ နေဝန်းသာပေလိမ့်တော့မယ်...

June 28, 2009 4:25 AM

mama said...
ဦးအောင်ဇေယျ
မနောက်နဲ့ အေ့ ကျမကတစ်ခါတစ်လေထူတယ်
နားမလည်ဘူး

ဖြူဖွေး

ဟုတ်တယ်
ကျမတို့ မညီဘူး ကျမတို့တစ်ကိုယ်ကောင်းဆန်တယ်
ကျမတို့သတ္တိနဲကြတယ် ကျမတို့ကွဲကြပြဲကြတယ်။
ထွက်ပေါက်အတုကိုလွပ်မြောက်နယ်မြေအဖြစ်နဲ့
ကျမတို့အလုအယက်တိုးထွက်လာခဲ့ကြတယ်။
အခုတော့ကျမတို့သိပြီ လွတ်မြောက်နယ်မြေဟာ
မြန်မာပြည်မာပဲလို့

မမ

June 28, 2009 6:08 PM

mama said...
အမခင်မင်းဇော်

တသဘောထဲပေါ့အမရာ ရည်ရွယ်ချက်ခံစားချက်
ယုံကြည်ချက် ခံယူချက်ခြင်းညီတာကိုး
အဲလိုတွေအများကြီးပဲလေ ကြဲပြန့်နေကြတယ်
အားလုံးတနေရာစီ.......မှာ
ကျမတော့စိတ်သတ်သာအောင်
အမောဖြေနေကြတယ်လို့ယူဆတယ်
အားလုံးအမောပြေပြီဆိုရင်..နော်အမခင်မင်းဇော်
လေးစားစွာဖြင့်
မမ

June 28, 2009 6:20 PM

mama said...
ကိုလူထွေး

ကဗျာအတွက်ကျေးဇူးပါ။

မမ

June 28, 2009 6:43 PM

1 comments:

wanikajagodzinski said...

888casino New York (New York) - Mapyro
888Casino New York. Directions. 강원도 출장마사지 888 Casino. 문경 출장샵 3131 S. Stateline, NY, USA. Directions. 전라남도 출장마사지 (212) 546-5000. New York City. 4377. 777 이천 출장샵 Casino Blvd. (212) 542-5000. Address. 2178 New 화성 출장안마 York

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner