Saturday, December 19, 2009

မင်းကိုယ်မင်းတော့သိပါတယ်


ရိုးရိုးလေးနေ ရိုးရိုးလေးတွေး
ရိုးရိုးလေးတွေ ရေးနေတာကို
ရိုးရိုးလေးတွေးပြီး ရိုးရိုးလေးဖတ်သွားပါလား
သူငယ်ချင်းရယ်။
မရိုးမသားတွေးပြီး မရိုးမသားတွေလုပ်တော့
မရိုးသားတဲ့ သူငယ်ချင်းရဲ့ လက်ထဲကမမရဲ့အသက်
ရိုးသားတဲ့သူငယ်ချင်းတွေ က၀ိုင်းဝန်းလို့ကယ်တင်တယ်
မြင်ဖူးတွေ့ဖူးခြင်းမရှိတဲ့ သူငယ်ချင်းတွေထဲ
ရိုးသားသူနဲ့မရိုးသားသူခွဲခြားဘို့မတတ်နိုင်ကြပေမဲ့
သူငယ်ချင်းရယ် မင်းဘယ်သူဆိုတာ
တို့တွေအားလုံးမသိပေမဲ့
မင်းကိုမင်းတော့သိပါတယ်။
ဘာအတွက်လဲ ဘာကြောင့်လဲ
မင်းစဉ်းစားမိရဲ့လား ဘာအကျိုးလဲ ဘာအမြတ်လဲ
မင်းတွက်ချက်မိရဲ့လား
မင်းလုပ်ရပ်ကိုဂုဏ်ယူ တကယ်ပဲပျော်မြူးနေပြီလား
မှောင်ရိပ်မှာတထိတ်ထိတ် သိမ်ငယ်တဲ့စိတ်တွေနဲ့
လူ့ဝန်းကျင်နဲ့ ကင်းကွာလို့ နေရဲနေပြီလား
ထွက်ခဲ့ပါ ယောင်္ကျားစစ်စစ်ရဲ့ မာန်တွေထည့်လို့
ငါဟဲ့ယောင်္ကျား အမြင်ကပ်ပုဒ်မနဲ့
မမဆိုတာလောက်တော့ ကလစ်တချက်ထောက်လို့
ဘလော့ဂ်လောကက ကွယ်ပျောက်အောင်
ဖျောက်ဖျက်နိုင်သူ လို့ရဲဝင့်စွာကြွေးကြော်လိုက်စမ်းပါ။
မင်းကိုအလှဆုံးနှင်းဆီတွေနဲ့ ဂုဏ်ပြုဘို့
ငါဆိုတဲ့ မမ စောင့်နေတယ် သူငယ်ချင်း

မမ(အပေအတေ)syamagyi2010@gmail.com

1 comments:

ကိုတိုးကြီး said...

ACCEPT မလုပ်၇ဲ၇င်လည်း G-TALK ID ဖေါ်ပြမနေပါနဲ့လေ....

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner