Tuesday, February 3, 2009

မြန်မာဆိုတာ.........

မြန်မာဆိုတာ ကျမရင်ထဲမှာ မြန်မာပြည်မှာ မွေးဖွားတဲ့ သူအားလုံးမြန်မာပါပဲ......။ ကျမပြောချင်တာက မူစလင်ရဲ့ ရှေ့ မှာ မြန်မာဆိုတာပါပြီးသားပါ ။လူမျိုးမြန်မာ ဘာသာမူစလင် ကျမပြောချင်တာ ကိုယ့်ဘာသာ ကိုတန်ဘိုးထားဘို့ ပါ ။ ကျမတို့ မြန်မာလူမျိုးတွေ အမြင်ကျယ်သင့်နေပါပြီ ။ဗုဒ္ဒဘာသာ မြန်မာလူမျိုးက ကိုယ့် ဘာသာ ကိုယ် တန်ဘိုးထား မပျောက်ပျက်ဘို့ တာဝန်ရှိသလို ဘာသာတိုင်းမှာ တာဝန်ရှိပါတယ် ။ ကျမဆိုလိုခြင်တာ မူစလင်ကလဲ ကိုယ်ဗလီ လာထိရင် ကာကွယ်ရမှာပါပဲ ။ ရွေတိဂုံဘုရားဆိုတာ မြန်မာတွေရဲ့  အမွေအနှစ်ပါပဲ စီးပွားရေးသမားဆိုတာ မြန်မာထဲမှာလဲရှိတယ် ။ မူစလင် တရုတ် အကုန်ရှိပါတယ် ။ သူ့ စီးပွားရေး သူလုပ်မှာပါပဲ ။ စီးပွားရေးသမားရဲ့ လက်ထဲကို မထည့်သင့်သော စီးပွား မလုပ်သင့်သောအရာလို့ ကျမပြောချင်ခဲ့ တာပါ ။ မြန်မာဆိုတာ မြန်မာပြည်ကို ကာကွယ်ဘို့ မြန်မာပြည်မှာမွေး မြန်မာ့ရေသောက် မြန်မာ့မြေကိုနင်းခဲ့ တဲ့ သူတိုင်းမှာ တာဝန်ရှိပါတယ်။ ကုလားလို့ ရေးမိတဲ့ကျမ အနူးအညွတ့် တောင်းပန်အပ်ပါတယ်ရှင့်..။

မြန်မာအားလုံးကိုလေးစားလျှက်

မမ

19 comments:

Anonymous said...

ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းရေးရဲတာကို သဘောကျပါတယ်။ နောက်ဆို ဝိနည်းလွတ်ရေးပေါ့။ အားပေးနေပါတယ်

Anonymous said...

မမှားဘူး မမ.... ဆက်ရေး...အားပေးနေမယ်... ပြောနေရင်းလူတောင်သတ်ချင်တယ်...

Anonymous said...

အင်း..း(

Anonymous said...

အမျိုး၊ဘာသာ၊သာသနာကို....
အတူလက်တွဲ..စောင့်ရှောက်ကြပါစို့..

Anonymous said...

:) ဒီပို့စ်အတွက် ကျေးဇူးပါ...

"မြန်မာလူမျိုးတွေ အမြင်ကျယ်သင့်နေပါပြီ"

အစွန်းနှစ်ဖက် ကင်းလွှတ်ကြပြီး အမှန်တရားကို ခွဲခြားသိနိုင်ကြပါစေ...

Anonymous said...

မမရေပေးတာ ဂေါပကရုံးအဖွဲ့မှုး ၀င်းကြိုင်ဘဲ ဘုရားမှာ ဂွင်ရအောင် တည်ဆောက်ရေးလုပ်ငန်းတွေဆိုပြီး ဂွင်ဖန်ထားတာ လုပ်ငန်းကြီး ၃၆၆ ခုရှိတယ် တနှစ်မှာ ၃၆၅ ရက်ဘဲရှိတာ လုပ်ငန်းပေါင်းက ၃၆၆ ခုတဲ့ အဲဒီလုပ်ငန်းတွေလျှောက်လုပ် မပျက်သေးတာတွေ အတင်းလျှောက်ပြင် ရှေးဟောင်းပစ္စည်းတွေကိုခွာ အသစ်တွေလျောက်လုပ် ငွေမလည်ရင် ကုလားဆီကဆွဲ ရှေးဟောင်းပစ္စည်းတွေကို အသစ်နဲ့အစားထိုးပြီး ကုလားကိုရောင်းတာလဲ ရှိသေးတယ် ဂေါပက လူကြီးဆိုတဲ့ ကောင်တွေက စစ်တပ်ကကောင်တွေ သူခိုးဘ၀က လာတဲ့ကောင်တွေဆိုတော့ သူတို့လဲ ခိုးဖို့ဘဲ ငွေရရင်ပြီးရောလျှောက်လုပ်တာဘဲ ရွှေတိဂုံ ဘုရားမှာ ရှေးဟောင်းလက်ရာဆိုတာ မရှိတော့ဘူး အားလုံးအသစ်တွေချည်းဘဲ မူလအလှူရှင်တွေကို မတိုင်ပင် အကြောင်းမကြားဘဲ စစ်ဒေသမှူး လုပ်သွားတဲ့ ဆန်းဆင့် ရယ် ဂေါပက ရုံးအဖွဲ့မှူး ၀င်းကြိုင် (ကော့မှူးသား) ဂေါပကလူကြီးတွေ မောင်ဝိတ် စတဲ့ကောင်တွေ သန်းရွှေ ခင်ညွှန့် အဲဒီကောင်တွေ အကုန်ပါတယ် လုပ်ခြင်တာလုပ်သွားတာ

Anonymous said...

ရွှေတိဂုံဘုရားကိုရောက်ရင်မှတ်မိကြမှာပါ တောင်ဘက်မုဒ် မှာ နံရံဆေးရေးပန်းချီကားကြီး တွေရှိတယ် အဲဒီထဲမှာ ဆေးရေးရော ရုပ်ကြွပါ ပေါင်းစပ်ထားတဲ့ ၅၅၀ နိပါတ်တော်ထဲက ဇတ်လမ်း တွေဘဲ အဲဒီထဲမှာ အလှူပေးတဲ့ပန်းချီရုပ်ကြွတစ်ခုမှာ ပုဆိုးလန်ပြီး လဥလေးပေါ် နေတဲ့ ကာလသား တစ်ယောက်ရဲ့ ရုပ်ကြွလေးကို လွန်ခဲ့တဲ့ ၁၀ ကျော်က သတိထားမိကြမှာပါ.နိုင်ငံခြားတွေ အရမ်းသဘောကျ ဓါတ်ပုံအရမ်းရိုက်ကြပါတယ် အရမ်းလိုခြင်လို့ ရှေးဟောင်းခိုးထုတ်သူတွေကို အခိုးခိုင်းတဲ့ ပန်းချီရုပ်ကြွတစ်ခုပါ ခင်ညွှန့်က လဥပေါ်နေလို့ မြန်မာ့ယဉ်ကျေး မှုနဲ့ မကိုက်ညီဘူး လို့ပြောတော့ ဂေါပက ကဖြုတ်ပြီး တခြားဟာနဲ့ အစားထိုးတာ နောက်အဲဒီပန်းချီရုပ်ကြွဟာ ထိုင်းဘက်ရောက်လာတယ် အခု ထိုင်းဘက်ကနေ ကမ္ဘာကြီးရဲ့တနေရာရောက်သွားပြီလေ

Anonymous said...

ပျက်စီးနေပြီလို့အကြောင်းပြချက်နဲ့ တောင်ဘက်မုဒ် အရှေ့ဘက်မုဒ် တွေကို အသစ်တည်ဆောက် အာရုံခံတန်ဆောင်းတွေက သစ်သားပန်းဆွဲကြီးတွေ ဖြုတ် တမ္ပ၀တီ ၀င်းမောင်နဲ့ အဖွဲ့ကအသစ်တွေ ပြန်လုပ် ရှေးလက်ရာဟောင်းတွေကို ယိုးဒယားဘက်ကို ပို့လိုက်ကြတယ် အရှေ့ဘက်စောင်းတန်း ဖျက်တုန်းက အုပ်စောင်းတန်းကြီး ရှေးမြန်မာမှု ပန်းချီကားတွေ ကနုတ်ပန်းဆွဲတွေ ကနုတ်ထွင်းသစ်သားတိုင်တွေ အုတ်တိုင်တွေဆို အထဲမှာ ကြေးတိုင်တွေကို မံထားတယ် မျက်နှာချက်သံယက်မ တွေအပါအ၀င် အားလုံးလေလံပစ်တာ သိန်းနှစ်ဆယ်ထဲပါဘဲ ဆွဲတာက ကုလား ထားပါတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဘယ်သူမှဝင်မဆွဲလို့ သူရတာ ပြောခြင်တာက ဂေါပကဆိုတဲ့စစ်တပ်ကကောင် တွေ သူတို့အိမ်ဖျက်ရောင်းရင်တောင် သိန်းနှစ်ဆယ် လောက်နဲ့မရောင်းဘူး ဒီလောက်စောင်းတန်း အကြီးကြီး ကို သိန်းနှစ်ဆယ် တည်းနဲ့ လေလံပစ်တယ် ခင်ညွှန့် အရှေ့ဘက် စောင်တန်း မဖျက်ခင်တုန်းက လာတော့ အရှေ့ဘက်စောင်တန်း ကဈေးသည်တွေကို ဘာပြောလဲဆိုရင် အကောင်းကြီးရှိသေးတာ မဖျက်ဘူး ပြင်ရုံဘဲပြောပြီး မကြာခင် အကုန်ဖြိုလိုက်တာ ဂေါပက က လေးလံကြေးသိန်းနှစ်ဆယ်နဲ့ ပစ်ပြီး အပြင် မှာ ကုလားက ဂေါပကကို သိန်းတရာပေးရတယ်..

Anonymous said...

ခုမြင်နေရတဲ့ အရှေ့ဘက်နဲ့ တောင်ဘက်စောင်တန်းက ကနုတ်တွေ ပန်းဆွဲတွေပန်းချီကားကြီးတွေအကုန် အသစ်လုပ်ထားတွေချည်းဘဲ အဟောင်းတွေ အကုန် ယိုးဒယားဘက်ရောက်သွားပြီ မြောက်ဘက် မုဒ်က ဇရပ်တွေက အင်္ဂလပ်စစ်သား အင်္ဂတေရုပ်တွေ ဖိုးဝရုပ် တွေ ဗိုက်ဆူ ချက်ဆူနဲ့ကနေတဲ့ အင်္ဂတေရုပ်တွေ ပန်ချာပီကုလားမဲတွေ ကနေတဲ့ အင်္ဂတေရုပ်တွေ အကုန် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူးတိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ပြီးယိုးဒယားပို့လိုက်ကြတယ် အမှန်တော့ အင်္ဂလိပ်စစ်သားတွေ ကုလားတွေကနေတဲ့ အင်္ဂတေရုပ်တွေဟာ ရှေးအလှူရှင်တွေက နမ်နိမ်တဲ့ သဘောနဲ့ ကုလားတွေ အင်္ဂလိပ်စစ်သားတွေကို ဇရပ်စောင့်ခိုင်းသဘောမျိုးလုပ်ခဲ့တာပါ ခင်ညွှန့် သန်းရွှေ ပေါက်ကရပြောတဲ့ အတိုင်း ဂေါပက လိုက်လုပ်မှာပေါ့ အဲဒါတွေ ဖျက်လိုက်ရင် ရှေးဟောင်းဆိုတော့ ဂွင်ပေါ့

Anonymous said...

အရင်တုန်းကသတိထားမိရင် သိသာပါတယ် အဟောင်းတေါဖြုတ်ရင် ဖြုတ်တဲ့ ကန်ထရိုက်ရတဲ့ တမ္ပ၀တီ ၀င်းမောင်တို့ ပိုသိတာပေါ့ တိံကြား အဖွဲ့က သန်းလှတို့ ဂေပကရုံးအဖွဲ့မှူး ၀င်းကြိုင်တို့ အရမ်းသတိ ထားတာ အသစ်တွေပြန်တပ်ရင် ဖြစ်ကတက်ဆန်းဘဲ နာဂစ်တုန်းကလဲ ဘုရားကြီး သိပ်မပျက်စီးပါ. မျက်မြင် ဖြစ်ပြီး ၃ရက်နေ့ ၁၀ နာရီခန့်တွင် ဘုရားပေါ်ရောက်သွား၍ သိခြင်းဖြစ်သည်။ အသစ်ပြင်နေသည်မှာ ခုထက်ထိဘဲ ရှေးတုန်းက ဘုရားရင်ပြင် တလျှောက် ခင်းထားသော အီတာလျံ ကျောက်ပြားကြီးများ ကိုခွာကာ နေပုခံကျောက်ပြားခင်းလိုက်သည်မှာ နေပူရင် ပူသလို ပူလွန်းလို့ ခုန်ပေါက်ပြေးလွှား နေရပါသည်။ ရှေးကျောက်ပြားကြီးများကို ဘယ်သူအိမ်တွင်ခင်းထားသလဲမသိတော့........

Anonymous said...

မမ.....
ဟုတ်တယ်နော်...မြန်မာတွေ အမြင်ကျယ်သင့်ပြီ။
မမရေး...မြန်မာပြည်မှာမွေးတဲ့ ၊အစလာမ်ဘာသာကိုးကွယ်သူကို၊မြန်မာမွတ်စလင်လို့ ခေါ်ပါတယ။်

Anonymous said...

ကော်မန့်ရေးသွားတဲ့ O ကို အကြံနဲနဲပေးချင်ပါတယ်။ မမ ပြောသလို အမြင်ကျယ်ကျယ်ထားကြပါ။ ကုလားဆိုတာ သူများကို နှိမ်ပြီးပြောတာပဲ။ လူမျိုးနံမည်မှမဟုတ်တာ။ သူတို့ကို နှိမ်ခေါ်တာကို ကမာကသိရင် ရှက်စရာကောင်းပါတယ်။ အစိုးရက ပြည်သူတွေကို နှိမ်သလို ပြည်သူတွေကလည်း မွတ်စလင်ပြည်သူတွေကိုနှိမ်တာ အတူတူပဲဆိုပြီး

ပြီးတော့ ကုလား ပိတ်ဆံပေးတာတို့၊ ကုလားလေလံယူတာ တို့ဆို ပြီး သိမ်းကျုံးပြီး မပြောပါနဲ့ ။ ဂေါပက က လူတွေကို တယောက် ချင်းစီ နာမည်ခေါ်ပြီး ကုလားလုပ်တာဆိုပြီးပြောတော့ မြန်မာပြည်မှ ရှိသမျ မွတ်စလင်တွေအားလုံးက ၀ိုင်းပြီး ကြံသလိုဖြစ်နေတယ်။ လူတစု မကောင်းတိုင်း အားလုံးကို အပေါ် ပြစ်မတင်သင့်ပါဘူး။ မြန်မာတွေနဲ့အတူ မြန်မာမွတ်စလင် တွေလည်း ဆင်းရဲတွင်းနက်နေတာပါ။

O လုပ်မှပဲ မွတ်စလင်အများစုဖက်က လေလံယူတဲ့ လူကို စိတ်တိုရမဲ့ အစား ငါတို့ကို သိမ်းကျုံးစော်ကားတယ်ဆိုပြီး ဖြစ်ကုန်အုံးမယ်. မွတ်စလင်တွေထဲမှာလည်း မကိုးကွယ်ပေမဲ့ မြန်မာပြည်နဲ့ ယဉ်ကျေးမှဆိုပြီး လေးစားသမားတွေအများကြီးပါ။ ရင်ပြင်ပေါ်မှာ မွတ်စလင်တွေကို တွေ့ ဖူးကြမှာပါ။ တချို့ ဆို နိုင်ငံခြားကလာတဲ့လူတွေကို လိုက်ပြတာတို့လည်း တွေ့ဖူးပါတယ်။

သတိလေးများထားကြပါဗျာ --- အခုဟာက စီးပွားရေးနဲ့  ပါဝါကိစလေ၊ ဘာသာရေးကိစ မဟုတ်ပါဘူး။ စီးပွားရေး သမားအုပ်စုက ပူးပေါင်းပြီး အမြတ်ထုတ်တဲ့ကိစကို ဘာသာရေးဖက်ကို မဆွဲကြပါနဲ့။ ရှေးဟောင်းအမွေအနှစ်တွေကို အလွဲသုံးစားလုပ်တဲ့လူတွေကို မွတ်စလင်နဲ့ ဗုဒ ဘာသာ က လူတွေ အားလုံးပေါင်းပြီး တိုက်ရမဲ့ အစား အခုက ခံရတဲ့လူတွေအချင်းချင်းပြန်တိုက်ရမလိုဖြစ်နေတယ်။

ဘာသာရေးဆိုတာနဲ့ပဲစိတ်တွေကို မှိုင်းမတိုက်မိကြပါစေနဲ့ဗျာ --

သေသေချာချာစဉ်းစားသုံးသပ်ကြည့်ပါအုံး။

ပြီးတော့ မွတ်စလင်တွေလည်း ဘုရားမှာ အလှူထည့်ပါတယ်။ မများရင်တောင်ပေါ့လေ့။

ပြီးတော့ မွတ်စလင်တွေ မကောင်းဘူးလို့ မြန်မာတွေ အတော်များများ ယူဆထားတာဟာ ကိုယ်တွေ့ တွေ မဟုတ်ပဲ stereotypes တွေကလာတယ်ဆိုတာကို သတိရှိစေချင်ပါတ်ာခင်ဗျား။ ကိုယ်နဲ့ သိတဲ့သူငယ်ချင်း မွတ်သစလင်တွေကို ပြန် စဉ်းစားကြည့်ပါ။ သူတို့တွေ ကိုယ့်အပေါ် စိတ်ယုတ်ရှိလားလို့။ မြန်မာဗုဒဘာသာနဲ့  မြန်မာ့ယဉ်ကျေးမှုကို လေးစားတဲ့ မွတ်စလင်တွေလည်း အများကြီးရှိပါတယ်။ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးတဲ့လူအချင်းချင်း ဘာသာရေးကြောင့် မဖြစ်သင့်တာမဖြစ်စေချင်ပါဘူး။

ညီညီညွတ်ညွတ် ကိုယ်တတ်နိုင်တဲ့ဖက်က တတိုင်းပြည်လုံးအ တွက် ပူးပေါင်းဖလှယ်ပြီးနေရမဲ့ အစား အကွဲ အပြဲပြဲနဲ့ ပြသနာတွေ ရန်တွေချည်းပဲဆိုရင် ကျနော်တို့ တိုင်းပြည် သူများနိုင်ငံတွေလို တိုးတက်တော့မှာမဟုတ်ဘူး။

မွတ်စလင်တွေဖက်ကို ပြင်ခိုင်းစရာတွေရှိတယ်ဆိုရင် ယဉ်ယဉ်ကျေးကျေး Negotiate လုပ်ကြတာပေါ့ဗျာ။ မီရိုးဖရာ အမှန်းတရားရှေ့ ထားပြီး ရေးနေပြောနေမဲ့အစား ရင်းနှီးမှု ယုံကြည်မှုတည်ဆောက်ပြီး နှစ်ဖက် ညိုနီုင်းရင် အကောင်ဆုံးမှာ၊အော်လိုင်းတွေမှာ ဆဲနေရင်တော့ သံသရာလည်ရုံပဲရှိမှာပါ။


အမုန်းတရားများ ကင်းဝေးကြပါစေ

Anonymous said...

အစ်မရေးတာကိုလက်ခံပါတယ်။ ဘယ်ဘာသာဖြစ်ဖြစ်ကိုယ့်အမျိုး၊ကိုယ့်ဘာသာ
ကိုယ့်သာသနာကို စောင့်ရှောက်ကြရမှာပါ။
တခြားဘာသာတွေကို ကျွန်တော်တို့မစော်ကား
သလို ကိုယ့်ဘာသာကို လာစောက်ကားမယ်
ဆိုရင်လည်းဘယ်လိုလူမျိုးဖြစ်ဖြစ် ပြန်တိုက်မှာ
ပါပဲလေ။ တခြား ဘာသာတွေရဲ့ ဘုရားရှိခိုးကျောင်းတွေ၊ ဗလီတွေ ကို ကျွန်တော်
တို့လက်ဖျားနဲ့တောင်ထိလို့မရပါဘူး။ အမြတ်ထုတ်ဖို့ဝေးပါသေးတယ်။ လုပ်လည်းမလုပ်ပါဘူး။ ဘာသာဆိုတာလူမျိုးအသက်ပါ။ လူကြီးတွေလည်းစဉ်းစားသင့်တဲ့အချိန်ရောက်
ပြီထင်ပါတယ်။ ဘာဖြစ်ဖြစ်ဆက်ရေးပါအစ်မ။
အမှန်တရားအတွက်၊ ဘာသာ သာသနာ အတွက် အသက်ပေးမယ့် လူငယ်တွေ အများ
ကြီးရှိသေးတယ်ဆိုတာ ယုံကြည်ပါဗျာ။

Anonymous said...

စိုင်းရေ အကျင့်ပါနေလို့ ကုလားပြောတာ မကျေနပ်လဲ မတတ်နိုင်ပါ တကယ်ဒီကိစ္စမှာ ကုလားကို စွပ်ဆွဲတာ မဟုတ် သူကစီးပွားရေးလုပ်တာ နားလည်တယ် အဓိက ပြောနေတာ စစ်အစိုးရနဲ့ ဂေါပက စစ်တပ်ထွက်တွေကို ဒီလူတွေမှာ တာဝန်ရှိတယ် မြန်မာမွတ်ဆလင်ဆိုတာ မရှိဘူး မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် လူမျိုးက မြန်မာ ဘာသာက မွတ်ဆလင် ဆိုတာ ဘဲရှိတယ် အဲဒါမင်းရှင်းရှင်းလင်းလင်း သိအောင်ပြောတာ

Anonymous said...

0ရေမြန်မာမူစလင်ဆိုတာလူမျိုးမြန်မာကိုးကွယ်သည့်ဘာသာမူစလင်ပါ
ဗမာဗုဒ်ဒဘာသာ၊ဗမာခရစ်ယာန်၊ဗမာမူစလင်ဆပြီိးုအတိုကောက်သုံးနှုံး
ခြင်းဖြစ်ပါသည်။.အကောင်းဖက်ကရှူမြင်ပေးပါ။

Anonymous said...

humm... မူစလင်ဆိုတာလူမျိုးပါ။ ဘာသာမဟုတ်ဘူး။
ကိုးကွယ်တဲ့ဘာသာကမှ အစ်စလမ် islam လို့ ခေါ်တာလေ။ အစ်စလမ်ဘာသာကို ကိုးကွယ်တဲ့ လူတွေကို မူစလင်လို့ ခေါ်တာပါ။ ဒါကို တော်တော်များများ လူတွေ မှားကြတယ်။ ဗမာမူစလင်ဆိုတာ တကယ်တော့ ဗမာပြည်မှာနေလို့  ဗမာမူစလင်လို့ ခေါ်လိုက်တာ။ တကယ်က ဗမာမှမဟုတ်တာ။
ဘာသာခြားတွေကတော့ စီးပွားရေးအမြင်နဲ့ ပဲလုပ်မှာပေါ့။ ဗုဒ္ဓဘာသာခံပြီး ကိုယ့်ဘာသာရေးကို စီးပွားရေးဆန်ဆန်လုပ်ပြီး မိုက်တွင်းနက်နေတဲ့သူတွေကိုပဲ အပြစ်တင်ရမှာပဲ။ ဖတ်ပြီးမျက်လုံးတောင်ပြူးရတယ်။ ထင်တောင်မထင်ထားတဲ့ အဖြစ်အပျက်ကြီး။

Anonymous said...

ခေါင်းစဉ်တွေလွဲနေပြီး။ ပြောရင်ပြောရင်းနဲ့ ရေးတဲ့မမ”ကပဲ ကိုယ့်ကိုယ်ကို သတ်သေရမလိုဖြစ်နေပြီး။ မမ”ဆိုလိုရင်းက အဲဒီလောက် အောက်တန်းမကျပါဘူး။ သေချာဖတ်ပါ။ ဆိုလိုရင်းကိုသိရင်တော်ရောပေါ့ဗျာ။ တခြားဟာတွေဆွဲ မထည့်ပါနဲ့။ ပါးပါးလေးပုတ်ထားတာကို လိုက်ပြီးအစ ထုတ်နေကြတယ်။ မမ”လည်း ပြန်ဖြေရှင်းမနေပါနဲ့။ မမ”ရေးထားတဲ့ အကြောင်းအရာကို (၅)ခေါက်တိတိဖတ်ကြည့်ပါ။ ပြီးမှကော်မန့်ရေးပါဗျာ။ မဆိုင်တာတွေဆွဲမထည့်ကြပါနဲ့။ ကိုယ်ရေးကိုယ်တာတွေကို ကိုယ်ချင်းစာတရားလေးနဲ့ ဆင်ခြင်ပြီး အမြင်ကျယ်ကြပါဗျာ....

Anonymous said...

ဒီလို တကိုယ်ကောင်းဆန်တဲ့ လူတွေကြောင့် ၊ပြည်ပမှာ ဗမာဆိုရင်အရမ်းနှိမ်တာပဲ။ဝဋ်လည်တာနေမှာပေါ့။ ဗမာတွေ၊ ပညာဘယ်လောက်တတ်တတ်၊စိတ်ဓါတ်ရေးရာအင်မတန်အောက်တန်းကျနေသေးတယ်ဆိုတာ၊ဒါသက်သေဘဲလေ။ မြန်မာနိုင်ငံမှာ၊ နှစ် ၅၀ နဲ့ ဒီမိုကရေစီရခဲ့မယ်ဆိုရင်တောင်၊ မြန်မာတွေရဲ့ စိတ်ဓါတ်ရးရာပြုပြင်ဖို့ နှစ် ၁၀၀ ကြာပါလိမ်မယ်။ သုများကိုနှိပ်ကွပ်တော့မယ်ဆိုရင် ကိုယ်ဘာတွေလိုအပ်နေပြီလဲးလို့ စမ်းစစ်စေချင်တယ် ။

Anonymous said...

အပေါ်ကကောင် မမ ကိုပဲ အတင်းဖင်မ ဖို့ ကြိုးစားနေပါလား ။ ကြည့်လုပ်ကွာ ။ မင်းမမ က ကုလားမ လား မြန်မာမလားဆိုတာ ငါမသိသလို မင်းရော သိလား ။ သူ့မှာ ဘာရည်၇ွယ်ချက်တွေရှိလဲဆိုတာ မင်းသိလား ။ အသားလိုလို့ အရိုးတောင်းနေတယ်လို့ ငါယူဆတယ် ။


သက်ဂ်

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner