Wednesday, February 4, 2009

စီဗီ




ကျမတို့ ငယ်ငယ်ကလေ သူငယ်ချင်း ယောက်ျားလေး အိမ်လာမှာ အရမ်းကြောက်တာ...။ သူငယ်ချင်း
ဆိုတာမျိုးကလဲ အကြောင်းမရှိ အကြောင်းရှာပြီး အိမ်လာချင်တဲ့ အမျိုး....။ အဲ.... ကျမတို့ ကြောက်တာ မိဘတွေကို မဟုတ်ဘူးနော်.....။ ညီအမတွေနဲ့  အစ်ကိုဝမ်းကွဲတွေကို ပြောတာ....။ နည်းမျိုးစုံ သုံးပြီးတော့ကိုကြပ်တာ.....။ တစ်နေ့ ပေါ့ ကျမ သူငယ်ချင်း ကောင်လေးတစ်ယောက် ကျူရှင်အဆင်း အိမ် ကို ၀င်လည်တယ်....။ မမရှိလားဆိုတော့ မလတ်နဲ့ တွေ့ တယ်......။ ရှိတယ်ပေါ့ ....။ အဲဒီအချိန်မှာ ကျမက စာအုပ်တစ်အုပ်ကို သဲကြီး မဲကြီး အခန်းထဲမှာ ဖတ်နေတာ..... ။ သူမလာခင်လေးတင် မလတ်က သူ့ သူငယ်ချင်းအိမ် လိုက်ဘို့ ခေါ်တာ ကျမက မလိုက်ချင်ဘူး ငြင်းထားတာ ....။ မလတ်က ကောင်လေးကို ထိုင်ခိုင်းထားတယ်....။ မယောင်မလည်နဲ စာဖတ်နေတဲ့ ကျမအနား သူမယောင်မလည်ဝင်လာတယ်....။ ပြီးတော့ ပြန်ထွက်သွားတယ်.....။ နောက်နေ့ ကျမသူငယ်ချင်း ကောင်လေး နဲ့ တွေ့ တော့ .... သူက နင်တို့  အိမ်လာသမျှ ဧည့်သည်ကို ကိုယ်ရေးရာဇ၀င် ဖြည့်ခိုင်းတာ ဘာကြောင့်လဲတဲ့ ....။ ကျမက နားမလည်ဘူး......။ ရှင်တို့ စဉ်းစားကြည့် မလတ်နဲ့ မငယ် နှစ်ယောက်ပေါင်းပြီး ကြပ်လွှတ်တာ....။ ကျမသူငယ်ချင်းကောင်လေး ထိုင်နေတုန်း သူ့ အရွယ် ကောင်လေးတစ်ယောက်လာသတဲ့ .....မငယ်နဲ့ တွေ့ ချင်လို့ ပါဆိုပြီး ...။ ဘာကိစ္စလဲလို့ မလတ်ကမေးတော့ မငယ်နဲ့ တွေ့ ချင်လို့ လို့ဖြေတယ်တဲ့ ....။ ဘာကိစ္စလဲဆိုတော့ ကျူရှင်ကိစ္စလို့ ဖြေသတဲ့ ......။ ပြီးတော့ စီဗီ ဖေါင်ဖြည့်ခိုင်းသတဲ့ ......။ အဲဒီကောင်လေးက ကျနော်တို့ အုပ်စုက ဒီအိမ်သွားရင် စီဗီဖြည့်ပြီးမှ တွေ့  ရတယ်ဆိုတာ နောက်တယ်ထင်တာ တစ်ကယ်ဖြစ်နေတယ်.........ဟီး....။ ဆိုပြီးဖြည့်သတဲ့  အားတော့နာတယ်ရှင် ဆိုပြီး ကျမသူငယ်ချင်းကိုလဲဖြည့်ခိုင်းသတဲ့ .........။ ကျမ သူငယ်ချင်းကလဲ ဟိုတစ်ယောက်တောင် ဖြည့်နေတာပဲဆိုပြီး လိုက်ဖြည့်တယ်တဲ့ .....။ ဟိုတစ်ယောက် အရင်ပြီးသွားတော့ မလတ်က ဓါတ်ပုံမပါဘူးလားလို့ ရစ်တယ်တဲ့ ......။ နောက်ရောက်လာတဲ့ တစ်ယောက်က ဓါတ်ပုံတော့မပါဘူးဆိုပြီး ..... ဟိုရှာဒီရှာနဲ့ မှတ်ပုံတင်မိတ္တူ ထုတ်ပေးသတဲ့ သူဖြည့်ထားတာနဲ့ တိုက်ကြည့်တယ်တဲ့.......။ ပြီးတော့စာရွက်တွေယူပြီးဝင် သွားတယ် ခဏကြာတော့ မငယ်ထွက်လာပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ကျူရှင်ကိစ္စ စကားပြောနေကြသတဲ့ .......။ ကျမသူငယ်ချင်း က ရီလဲရီချင် သူဖြည့်ပြီးပေးတော့ မလတ်က သေချာကြည့်သတဲ့ ......။ သူက အရပ်မဖြည့်ထားလို့  ၅ပေ၁၀လက္မလို့ ထပ်ဖြည့်ခိုင်းလို့ ဖြည့် ရသေးသတဲ့ ....။ အရင် ကောင်လေးက ၅ပေ၈လက္မလို့ ဖြည့်ထားလို့ မယုံဘူးဆိုပြီး အဲဒီကောင်လေးနဲ့  မတ်တပ်ရပ်ပြီး အရပ်တိုင်းခိုင်းတယ်တဲ့ ။ သူ့ ဓါတ်ပုံ မပါတာကိုလဲ ရစ်သတဲ့  ....။ ပြီးတော့ စာရွတ်ကိုင်ပြီးဝင်သွားတာ ဟိုကောင်လေးတောင် သူ့ကိုနှုတ်ဆက်ပြီး ပြန်သွားပြီတဲ့  ....။ ခဏကြာတော့မငယ်ဝင်လိုက်သွားပြီး ပြန်ထွက်လာတယ်တဲ့ .....။ ကော်ဖီတော့တိုက်သတဲ့.......။ မလတ်က အားနာလို့ ဓါတ်ပုံမပါလို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိလို့ အမေကတွေ့ ခွင့်မပြုဘူးလို့  ပြောသတဲ့....... ဆိုပြီး ရွှန်းရွှန်းဝေအောင် မငယ်ကတောင်းပန်သတဲ့ .......။ ခြံဝအထိလဲ လိုက်ပို့ တယ်တဲ့  ......။ ကျမအမေက အရမ်းရစ်တာ......။ ကျမအဒေါ်တွေက အရမ်းအပေါက်ဆိုးတာ.....။ ကျမတို့ ကိုတစ်မျိုးမထင်ပါနဲ့ ...။ ကျမတို့ အိမ်ရဲ့စည်းကမ်းဖြစ်နေလိုပါ...ဆိုပြီး......... ခြံဝအထိ တတွတ်တွတ် လိုက်တောင်းပန်လို့  ..... သူတောင်အားနာရသတဲ့ ...... ဒီအနားမှာ ၁၅မိနစ်အမြန် ပုလဲကွန်ဒိုမှာသွားရိုက်ဖို့ အကြံပေးသတဲ့ ရှင် .....။ ဓါတ်ပုံလေးပါတော့ ရှင်မမမနဲ့ တွေ့ ခွင့်ရမှာပါ....။ မမလဲရှက်လို့ အခန်းထဲမှာငိုနေတယ်လို့......။ သနားစဖွယ်ပြောသတဲ့ .....။ ရှင်တို့ တော့မသိ နားထောင်နေတဲ့ ကျမတို့  အုပ်စု...... ငတုံးဆိုပြီး သူ့ကိုတဖုန်းဖုန်းထုပြီး ရီကြတာ......။ သူကကြောင်တောင်တောင်နဲ့ ဟို မငယ်သူငယ်ချင်း ကောင်လေးလဲ.... ဖြည့်တယ်လေတဲ့ ....... ကျမတို့ ရီလိုက်ကြတာလေ....။ သူပြောထဲက ကျမ၀မ်းကွဲအကိုဆိုတာ ကျမသိနေပြီလေ....။ အဲဒါ ငါ့အကိုဝမ်းကွဲလဒရဲ့ ဆိုတော့ ....။ ဟာ....... နင့်အမတွေ အဲလို..... ဆိုပြီး ခုံကိုထုထုပြီးရီတာများ မထင်ရဘူးဟာ....... လုံးဝမထင်ရဘူးတဲ့  .....။ ငါလာမှာ မသိပဲဘယ်လို ဇာတ်တိုက်ထားသလဲတဲ့.....။ နင့်အမတွေ တစ်ချက်တောင်မရီဘူး ။ ငါပဲ အသေရီချင်နေတာ တဲ့.... စိတ်ထဲကတော့ ဂေါက်မိသားစုလို့ ....... သူတွေးမိတယ်တဲ့ .....။ သူဒါပဲပြောနိုင်တော့တယ်..... ။ သူ့ အဖြစ်ကို...... ရှင်တို့ ပဲ စဉ်းစားရင်း ရီကြပါတော့...... ရေးရင်းပြန်တွေးရင်း ကျမလဲရီနေပြီ...။ ဟားဟားဟား...... အိမ်ရောက်တော့ မလတ်ကိုမေးတော့ မရီပဲနေပါ့မလားဟ.... ငါအခန်းထဲမှာ အသေရီတာ နောက်ဆုံးဘယ်လိုမှသူ့ ကို ထွက်မပြောနိုင်လို့ မငယ်ကိုလွှတ်တာတဲ့ .....။ ငါသာဆက်ကြပ်ရရင် သူဓါတ်ပုံရိုက်ပြီး ပြန်လာတဲ့အထိ ကြပ်မှာတဲ့ ......။ ကဲ..... ကြုံဘူးပါရဲ့ လား.... ကျမတို့ ညီအမ..... အဲဒီနေ့ ကစလို့... ကျမ သူငယ်ချင်းကောင်လေးကို စီဗီလို့ ပြောင်းခေါ်ကြတယ်။



မမ

6 comments:

Anonymous said...

naughty girl :) :)

Anonymous said...

=)) အောင်မလေး မမရယ် ရယ်လိုက်ရတာ သေတော့မယ် အတော်ကျပ်တဲ့ညီအမတွေ ဆိုးဆိုးလေးပဲ မမကတော့

Anonymous said...

ha ha so funny sisters...
i like ur post..
carry on

Anonymous said...

မမတို့ ညီအစ်မတစ်တွေက တော်တော်လဲ တတ်နိုင်ကြတယ်...။ ခုဘာတွေများ ကျပ်နေကြမလဲဆိုတာ သိချင်စမ်းပါဘိ...။

Anonymous said...

ဟား.....ဟား.....ဟား.....ဟား..... တော်တော်အတွဲညီတဲ့ မောင်နှမတွေပဲ ။

Anonymous said...

အော်မလေး တော် တော် ကြပ်တဲ့
မောင်နှမတွေပဲ

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner