
မည်သူ့ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ လွန်တာရှိရင် ၀န္ဓာမိပါ...(:P)
နိုဝင်ဘာလကို ရောက်ပြီဆိုရင်ဖြင့် ပြည်ပမှာ အလုပ်လုပ်တဲ့ သူတွေ ကျောင်းလာတက်တဲ့ သူတွေ ရွစိရွစိ ဖြစ်ကြပြီ...။
ပြည်တော်ပြန်ဘို့ အတွက်ပေါ့ .... ။ လွမ်းလှပြီလေ.... ။ အမေ့အိမ်... သူငယ်ချင်းတွေနဲ့ .... မွေးရပ်မြေကိုပေါ့ ။ ပြန်မည့်သူကလဲ မပြန်ခင် တစ်ပတ်လောက် အလိုကတည်းက ရန်ကုန်ရောက်ရင် ဘယ်ကိုအရင်သွားမှာ ပြီးရင် ဘာတွေစားမှာဆိုတော့ ...။ မပြန်ဘူးဆုံးဖြတ်ထားတဲ့ လူတွေက လှုပ်လှုပ်ရွရွဖြစ်ကုန်ရော.........။ ဘာဖြစ်လဲတစ်နှစ်လုံးရှာထားတာ နားနားနေနေ ပြန်ချင်ရင်ပြန်ကြပေါ့ ... ဆိုပြီးတော့ နိုင်ငံကူးတဲ့ စာအုပ်လေးတွေ ထုတ်လာကြတယ်..... တွက်ကြချက်ကြတော့တယ်......။ နင်က ၁နှစ်စာ ငါက၂နှစ်စာ သုံးနှစ်စာ ပြီးရင် မဲ့တဲ့တဲ့ မျက်နှာလေးတွေနဲ့ စာအုပ်လေးတွေပြန်သိမ်းပြီး အလုပ်လုပ်တာပဲကောင်းပါတယ် ဖြစ်သွားရော.............။ ပြန်ချင်တယ် ... မဖြစ်မနေပြန်ဘို့ ကိစ္စရှိတဲ့ သူငယ်ချင်းမလေး သုံးယောက် မနေ့ က အိမ်ကနေ အခွန်ဆောင်ဘို့  ရှိသမျှ စုစပ် ချေးငှါးရတော့တယ် ...။ တစ်ယောက်က တစ်နှစ်ခွဲ ။ နောက်တစ်ယောက်က၂နှစ်ခွဲ...။ နောက်တစ်ယောက်က စာအုပ်ပါ သက်တမ်းတိုးရမှာ သုံး နှစ်စာ သုံးယောက်စလုံး ပီအာတွေဖြစ်နေပြီလေ...။ တစ်ယောက်က မာစတာပြီးလို့ အကြွေးနဲ့ နပမ်းလုံးနေတဲ့ ပီအာ ။
နောက်တစ်ယောက်ကအလုပ်လျော့တဲ့ အထဲ ပါထားတဲ့ ပီအာ ...။ နောက်တစ်ယောက်က တစ်လကိုစင်္ကာပူ- ၁၅၀၀ လောက်နဲ့ ဒီမှာ၂နှစ်လောက် သေအောင်လုပ်ပြီး ကျောင်းစရိတ်တောင်မကြေသေးတဲ့ ပီအာ...။ သူတို့ ရဲ့ တွက်ချက်နေတာကိုကြည့်ပြီး တစ်ကယ်ပါ ကျမတောင်ထိုင်ငိုသွားချင်ရဲ့  မိဘကိုလဲ ပေးချင်တယ်...။ သူငယ်ချင်းတွေ ကိုလဲ လက်ဆောင်ပေးချင်တယ်....။ ရန်ကုန်ရောက်ရင်လဲ လှူချင်တယ်....။
၂၀၀၉ မှာ သတ်မှတ်လိုက်တာ ပီအာကစကာင်္ပူ ဒေါ်လာ ၁၂၀ ဆောင်ရမတဲ့  တစ်နှစ်ခွဲသမားက ၂၁၆၀ - ဆောင်ရမယ်...။ ၂- နှစ်သမားက - ၂၄၀၀- ဆောင်ရမယ်....။ သုံးနှစ်သမားက၃၆၀၀ နဲ့ စာအုပ်သက်တမ်းတိုး ၃၀၀ ပေါင်း ၃၉၀၀ ဆောင်ရမယ်....။ စုစုပေါင်းသူတို့  သုံးယောက်ထဲ ရှစ်ထောင်လေးရာ ရှိနေပြီ
မော်လမြိုင်သူကစပြီး တစ်ဟီးဟီးငိုတယ်....။ တစ်နှစ်လုံး သေအောင်ရှာတာတောင် တစ်ခါမှ အဲလောက် ဒေါ်လာအများကြီး မကိုင်ဘူးခဲ့ဘူး.....။ ဟိုတစ်လောက ပိုက်ဆံအိတ်တွေ ဈေးချတာတောင် မ၀ယ်နိုင်ခဲ့ ဘူး ဒီပိုက်ဆံတွေ ကျမမိဘတွေကို မကန်တော့ရပဲ သူများကို သွားအောက်ကျခံပေးရတော့မယ် အမေရဲ့ .....။ ဆိုတော့ ကျန်နှစ်ယောက်ကလဲ မျက်ရည်လေးစမ်းစမ်း ကျမက စိတ်ထဲလဲ မကောင်း....။
နောက်ဆိုလတိုင်း ပုံမှန်ဆောင် သွား နဲနဲခြင်းဆိုတော့ သိပ်မခံစားရဘူးပေါ့ ဆိုတော့ အမတစ်လ ၁၅၀၀ရတယ်... ။ အိုတီနဲ့ ဆို ၁၈၀၀၊၂၀၀၀ ရတယ် .....။ အိမ်လခက ၃၅၀ ၊ ရထားခက ၁၅၀၊ စားစရိတ်က ၂၀၀ လောက်ရှိတယ် ။ ပိတ်ရက် ၁ ရက်ကို ၅၀ နှုံးနဲ့ သုံးပိတ်ရက်က တစ်လလေးရက်ဆိုတော့၂၀၀ထား ။ တယ်လီဖုန်းဘိုး မီတာခက၂၀၀ ၀န်းကျင် ဘာမှအပိုဝယ် တာမရှိသေးဘူးလေ ၁၁၀၀ ရှိနေပြီ ။ တစ်ခါတစ်လေ သုံးဖို့  လက်ထဲ ၃၀၀ လောက်ချန်ထား ...။ ၆၀၀က ကျမမိဘတွေ ကျောင်းထားပေးလို့ ဒီအလုပ်ကို
ရတာလေမမရဲ့ ..။ သူတို့ ကို မျက်နှာပူပူနဲ့ မြန်မာငွေသုံးသိန်းလောက် မရောက်ရောက်အောင် ပို့ ခဲ့ ရတာ ...။ အဲဒါ ကျမဘာအကြွးမှ ယူမထားဘူး နော် ရန်ကုန်မှာ ၀တ်ခဲ့ စားခဲ့ တာထက် အကုန်လျှော့နေခဲ့ တာပါ....ဟီး... ဟီး....
ဆိုတော့ ကျန်တစ်ယောက်က ပြီးရင်မနက်လေး နာရီ သံရုံးကိုအခွန်ဆောင်ဘို့ စာရင်းသွင်းပြီး တစ်နေကုန် သွားစောင့်ရဦးမယ်...။ တစ်နေ့ ကို လူပေါင်း ၁၃၀ပဲ လက်ခံတာလေမမရဲ့ ...။ ဘုရား.... ဘုရား..... လူပေါင်းက ၁၃၀နဲ့ သူတို့  သုံးယောက်တင် ရှစ်ထောင့်လေး ရာ ရှိနေပြီ...... ပြီးရင် ဖုန်တောသဲတောထဲမှာ ထိုင်စောင့်နေရမှာ ။
ဗုဒ္ဓေါ ဘယ်ကဖုန်တော သဲတောတုန်းဆိုတော့ အညာသူက အညာလေသံနဲ့  အမရယ် သံရုံးကကျဉ်း လူကအပြည့်ခုံတွေက ထိုင်နေရင်း ဘယ်တော့ ပြုတ်ကြမလဲ......။ လူတွေကို ပြုတ်ထားသလို ပူတာ... သောက်စရာရေသန့် ဗူးတွေက ဖုန်တွေတက်လို့ ပန်းအိုးကြီး အလှတင်ထားပါတယ် ....။ ဖုန်အလိမ်းလိမ်းနဲ့ တစ်ခါမှသန့် ရှင်းရေးလုပ်ဖို့  စိတ်ကူးမရှိဘူးလားမသိ....။ စာရွက်တွေတင်ထားတဲ့ စားပွဲကြီးရဲ့ အောက်မှာ ဒီဇိုင်းပညာရှင်တွေက အပြိုင်အဆိုင်အလုအယက် အိမ်တွေဆောက်လို့  စားပွဲအောက်မှာ ဘာအိမ်ဆောက်တာလဲဆို ကျမနားမရှင်းတော့ ပင့်ကူတွေ ပင့်ကူတွေမမရဲ့  ..... ပင့်ကူအိမ်တွေဆိုတာလေ မြင်လို့ ကို မကောင်းဘူး....။
ကျမပါးစပ်အဟောင်းသား.....။ အဲလောက်ပဲ ညစ်ပတ်သလားဟယ် .... လိုက်ခဲ့ မမ .... လိမ်တာတစ်ခုမှမပါဘူး ပြီးရင် အန်တီ၀၀ကြီးက အသားကုန်ဟောက်တာကို ပယ်ပယ်နယ်နယ်ခံရဦးမှာ....... တဲ့  ပြီးရင် မင်္ဂလာဆောင်ရှိလို့ ဆိုပြီးထွက်သွားလို့ ... ကျမသူငယ်ချင်းခမြာ ဘုရားစာတွေရွတ်ပြီး ပြန်လာပါစေ ပြန်လာ ပါစေ ဆုတောင်းရတာအမော...... ။ ကျမတို့က နောက်နေ့ ခွင့်ထပ်ယူရမှာလေတဲ့ .......
ပြီးရင် ပြောဦးမှာတဲ့  အန်တီတို့ က မှန်မှန်ကန်ကန်လုပ်နေတာတဲ့  ကလိန်ကကျစ် ဘာမှမလုပ်ဘူးတဲ့  ...... အင်းနော် လူတစ်ရာသုံးဆယ် တစ်နေ့ ကိုတစ်ယောက်ကို တစ်ထောင်နှုံးနဲ့ တွက် တစ်ထောင်ဆိုတာ မရှိသလောက်ရှားတာပါ......။ ထားပါ တစ်နေ့ သံရုံးဝင်ငွေစကာင်္ပူဒေါ်လာ တစ်သိန်းသုံးသောင်း ဘုရားဘုရား.......။
တစ်လ တစ်နှစ်ကျမတို့ ကို တစ်နှစ်စာရှင်းတမ်းလေး သံရုံးရှေ့ မှာကပ်ထားပေးပါ..... ပြောခဲ့ဟယ် .....လို့ ကျမက ။ အဲဒီ အထဲက သံရုံးမိသားစုတွေ အလှုလုပ်ရင် ဖြစ်ဖြစ် ကောင်းမှုကုသိုလ်တော့ ပါမှာပါ......။ ကျမတို့ သာဓုခေါ်ချင်လို့ ပါလို့  ပြောခဲ့ ကြဟယ် လို့ ... ကျမပြောတော့.... ထားဝယ်သူက ထားဝယ်လေသံနဲ့  မမပြသနာကို မီးခွက်ထွင်းခိုင်းနေပြန်ပြီ...... ကျမတို့ ကိုအော်ထဲ့ လိုက်လို့  အိမ်ကို ရထားမစီးရပဲပြန်ရောက်လာမယ်တဲ့ ..... ။
အဲဒီလောက် ပါဝါပြင်းတယ်ဆိုလဲ နင်တို့တွေ မြန် မာပြည်ဖက် လှည့်ရပ်ပြီး အော်ခိုင်းဟာ အခွန်မဆောင် လေယာဉ်လက်မှတ်ဘိုး မကုန်ပဲ ရောက်သွားမှာပေါ့ ဆိုတော့ ကျမကိုကြည့်ပြီး မျက်ရည်တွေနဲ့ ရီကြတယ်.......။
ရှင်တို့ ရော ကျမတို့ ရောသူတို့ နဲ့ ခံစားချက်ခြင်း တူပါရဲ့ လားရှင် ..... သူတို့ လိုငိုဘူးလား..... သူတို့ လိုရော တောက်ခေါက်ဘူးလား....... မညာနဲ့ နော် ။
မမ


12 comments:
အခုလက်ရှိကတော့ ပတ်စ်ပို့စ်မှာ ၆ လသက်တမ်းရှိရင် အခွန်မဆောင်ပဲ ပြန်လို့ရပါတယ်။ ရန်ကုန်က ပြန်ထွက်တဲ့အချိန် D-Form တော့ လုပ်ရပါလိမ့်မယ်။ ဘာမှ ပြသနာမရှိပါဘူး။ အဲဒီလိုနည်းနဲ့ ကျွန်တော်တို့ ရန်ကုန်ကို အကြိမ်ကြိမ်ပြန်ခဲ့ပြီးပါပြီ။ ပတ်စ်ပို့စ် သက်တမ်းတိုးတဲ့ ကိစ္စကတော့ မတတ်နိုင်ပါဘူး။ :(
ပတ်စ်ပို့သက်တမ်း ရှိရှိ မရှိရှိ အဆုံးတစ်နေ့ကျရင် ဆောင်တာက ဆောင်ရမှာပါပဲ...။
ဖြစ်သင့်တာက နှစ်ထပ်ကွမ်းခွန်ဆိုတာကို ဘယ်လို ရှောင်ရမယ်ဆိုတာပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းက နှစ်ထပ်ကွမ်း အခွန် မဆောင်ရရေး ဆိုပြီး ပင်နီစူလားမှာ လက်မှတ်တွေ ကောက် သံရုံးတွေပို့ ၀န်ကြီးတွေပို့ လုပ်တာ... ပလုံသွားပြီ ထင်တယ်။
နိုင်ငံသားတိုင်း အခွန်ဆောင်ရမည် ဆိုတာ ပြည်တွင်းမှာသာ အလုပ်လုပ်ရင်သာ၊ စီးပွားရေး လုပ်ရင်သာ ဆောင်ရမှာ မဟုတ်လားလို့ နားလည်ထားတာ...။ ပြင်ပေးပါဦး...။
လောလောဆယ်တော့ တစ်နှစ် ရှိသွားပြီ မဆောင်ဖြစ်တာ...။
တောက်ခေါက်မိပါတယ်။ ရင်နာမိပါတယ်။
ခေါက်ဘူးတယ်... တယောက်သွားရင် တခါခေါက်တယ်... :D
ရှောင်လို့မှ မရနိုင်တာဆိုတော့ ငွေနဲတုန်း သွားသွားဆောင်ထားတာကောင်းတယ်။ မတတ်နိုင်ဘူး။ မတွေးတော့ဘူး ကျန်တာတွေ။ ဝင်ပြီးတောက်ခေါက်သွားတယ်။
မမရေ....သန့်လဲငိုချင်လာပြီ ။ နောက် ၂လဆိုရင် အခွန်သွားဆောင်ရတော့မှာ......အီး...
အန်တီဝဝကြီးကို မြင်ဖူးချင်လို့ ..
ဓာတ်ပုံရိုက်ပြီး တင်ပေးကြပါ..
ဇန်န၀ါရီ ၆ ရက်နေ့ကပဲ အခွန်ဆာင်ရော သက်တမ်းတိုးရော သွားလုပ်ခဲ့ပါတယ်။ အဲ့ဒီအန်တီကို ကြောက်လွန်းလို့ ကိုယ့်အလှည့်ကျရင် သူများလို မရစ်ပါစေနဲ့ ဆိုပြီး ဘုရားစာတွေရွတ်နေရတယ်။ အသံတောင်တုန်တယ်။ ကိုယ့်အလှည့်ပြီးတော့မှ ဟင်းးးးးးး ဆိုပြီး သက်ပြင်းချနိုင်တယ်။း(
Anonymous သို. ..,
ပတ်စ်ပို့စ် သက်တမ်းတိုးတဲ့အခါကျတော့ အခွန် အတင်းဆောင် ခိုင်းရင်ကျတော့ဘယ်လိုရှင်းရမလဲရှင် ?
ကျွန်မလဲ Anonymous လိုပဲရန်ကုန်ပြန်ဖူးပါတယ်။ D-Form လုပ်ပြီ:ပြန်လာရရုံပါပဲ။ PR တွေဆီကတရားမဝင်ပဲ ဒါးမြတိုက်နေတာ လုံးဝမပေးသင့်ပါ။ ဒါပေမဲ့ ..Anonymous ရေ
် သက်တမ်းတိုးတဲ့အခါကျတော့ အခွန် up-to-date အတင်းဆောင် ခိုင်းရင်ကျတော့ဘယ်လိုရှင်းလိုက်လဲ မျှပါအုံးနော်။ (တကယ်လို အောင်မြင်ခဲ့ရင်ပေါ. )။
ကြောက်တယ် ကြောက်တယ်နဲ့ပဲအော်နေကြရင်တော.အရူးဘုံမြောက်သလိုပဲ ။ သံရုံးက ဒါးမြတွေ မိုးကောင်းနေကြအုံးမှာပဲ့။
ငွေလဲ သွားပေးရသေး သူတို.ကို ကြောက်ကြောင်းလဲဝိုင်းပြောပေးရသေးဆိုရင်တော့ မတန်ပါဘူးရှင်။ ဒီလောက် အော့နှလုံးနာစရာကောင်းတဲ့အကြောင်း လူတိုင်းသိပါရဲ့။ ဒီသခင်အားရ ကျွန်ပါးဝတွေကို ဘယ်လို ပညာပြပြီ: အခွန်လျှော့ နိုင်သမျှလျှောပြီ: ပေးနိုင်ကြမလဲသာဝိုင်းဆွေးနွေးကြရင်မကောင်းဘူ:လား။
စလုံးမြန်မာသံ၇ုံးက၀တုတ်တုတ်ဖင်ကောက်ကောက်နဲ့ အံတီကြီးကအခွန်ဆောင်လာတဲ့သူတွေကိုဒါဈေးေ၇ာင်း နေတာမဟုတ်ဘူးလာမဆစ်နဲ့လို့ဟောက်တတ်ပါတယ်။ သံအမတ်ကြီးအပါအ၀င်တကမ်ဘာလုံးကMyanmar Embassy staff တွေလည်း၁၀%၀င်ငွေခွန်ဆောင်ရမှာမဟုတ်ဖူးလား။ဆောင်ကောဆောင်ရဲ့လားမသိ။ ဆောင်တယ်ဆိုရင်တော့်လေးစားပါတယ်
အခုကြားတာကအန်တီ၀၀မထိုင်ဘဲ
အမျိုးသားတယောက်ထိုင်နေတယ်တဲ့
သူကပိုဆိုးတယ်ကြားတယ်..
ဟီးနောက်လကျရင်Passportသက်တမ်းတိုး
ရတော့မယ်....
Yeah,
That's the one of the reasons (Major reason) why many Myanmar citizens become SG citizens, including me.
Post a Comment