
သူ့ မေတ္တာတွေကပဲ..တကယ်စစ်တာလား
မြင်မြင်ချင်းချစ်မိတယ်.. ဆိုတဲ့ စကား
ကိုလူပျိုရဲ့ .. ရှင့်လက်ထက်ကျမှပဲ
ပြင်ရတော့မှာလား...
မမြင်ဖူးမတွေ့ ဖူးပဲ.... စိတ်ကူးနဲ့ ချစ်သတဲ့ ..
ကျမဆံပင်လှလှမှာ
ရှင်ပန်ပေးမဲ့ ပန်းကုမုဒ္ဓြာ..
မြင်ဖူးအောင်အရင်
အပြည့် အ၀ရတဲ့ လရောင်အောက်မှာ
ကုမုဒ္ဓြာတကယ်ပွင့်ရင်.. ထမင်းစာ
ခပ်ပိုပိုရှိတဲ့ အဲဒီပန်းကို..
ရှင်ပန်ပေးဖို့
ညုပ်စရာကလစ်.. အရင်တွေ့ အောင်ရှာပါဦးလေ
မောင်ဘုန်းရဲ့ ...လို့  ... အထပ်ထပ်သာအော်လိုက်ချင်ရဲ့
ချစ်သူနှစ်ယောက်အပေါ် ဖြာနေတဲ့ လရောင်ဆိုလို့ 
ပိန်းပိတ်အောင်မှောင်နေတဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း
တမလွန်ကမ္ဘာမှာ လသာနေလားမသိဆိုတဲ့ 
ကျမရဲ့ ချစ်သူငယ်ချင်းစကား.. နားယောင်ြ
ကြောက်စိတ်နဲ့ ရှင်ညွှန်းတဲ့ ချယ်ရီသီးဆိုတာ
တမလွန်ကမ္ဘာက... ဘာသီးကိုများတင်
ရှင်နဲ့ ကျမကမ္ဘာခြင်းခြား.. အလှမ်းဝေးလှ
ကျမဘလောဂ့် ရဲ့ပေါက်ချက်.. ငရဲပြည်အထိရောက်သတဲ့ 
ချစ်သူငယ်ချင်းတွေရဲ့  စကား
တစ်ဝါးဝါးနဲ့ ဟားရတာ
တစ်ညလုံး..နီးပါး....ရှင့်..
ဖြစ်
ဘလောဂ့် ရွာမှာငရဲမင်းရဲ့ သိက္ခာ
တစ်စက်မှမကျန်တော့ အောင်
ရှင့်ရဲ့ သားသြရသကို....နည်းမျိုးစုံနဲ့ ခေါ်ပြီး..
ဆုံးမပေးဖို့အကြောင်း
နီးစပ်ရာဆရာတော်ဆီပြေးလို့ ..
တပည့်တော်မ
အနေအထိုင်တတ်ပါရဲ့ နဲ့ ငရဲမင်းရဲ့ သား...
တပည့်တော်အား မေတ္တာသက်ဝင်နေခြင်းအား
အဟန့် အတား ပေးသနားတော်မူပါဘုရား..
လျှောက်
ဆရာတော်ပေးတဲ့ မေတ္တာလက်နက်.. ကျမတော့သုံးရတော့
ဟဲ့ ...ငမိုက်သား ဂျွမ်းပြန်လို့ ... နေရပ်အမှန်ကို
စောက်ထိုးသာပြန်ဖို့စဉ်းစားထား...........။


4 comments:
ရေးလဲ ရေးနိုင်ပါပေ့ မြန်ချက်အေ.။အဟုတ်ပဲ လက်ကိုမော်တာတပ်ထားတာ သေချာနေပီ..။
ပရုတ်ဆီမာမူ
ဟိုက်.. မာမူက ကိုအောင်ဆန်းဆိုပါလား...
ရှိန်တယ်ဗျာ...
ပရုတ်ဆီက ဘယ်ကပါလာတာလဲ..ဗျ..
မမအတွက်ရင်တွင်းကဗျာ
နှင်းဆီချစ်သူမမကို မို့ နင်းဆီထက်သာ ကုမုဒြာကို နှင်းဆက်လိုငြား တို့ စဉ်းစားလဲ လွန်စွာကြီးမား ကလစ်တော်မမှီ စာမပီမို့ ခွေးသေးပန်းသာ နှင်းဆပ်ပါမည် လှတစ်မျက်နှာ မမျက်နှာ နှင့်လွန်စွာလိုက်ဖက်
တိုင်မည်တောမည် အဖေကို
ထိုသောစကား မမ မာယာသဲကိုးဖြာလို့ယုံစားသတ်မှတ် တွေးတောအပ်ကာ ဖခမည်းတော်အား ၀ါကျွတ်ချိန်ခါ မမဘေးဝယ်တူညီထိုင်ကာ ရှိခိုးပါ၏်အုန်းပွဲငှက်ပျောပွဲဖြင့် အာဝါဟ၀ိဝါဟ တဟီဟီတဟဟ စုံမြန်းတော်မူ
ဆရာတော်ပေးတဲ့မစ်တာလက်နက်စွမ်းစွမ်းထက်လို့ နေရပ်မှန်သို့ပြန်တော်မူမည် တို့ရဲ့ချစ်သူနဂါးသမီးတော် အစားအမြည်းတော်နင့်တကွ ယောင်နောက်ထုံးပါ လိုက်ခဲ့ပါတော့ ဘယ်ကိုသွားသွားအပါခေါ်မည်တကား။
အုန်းပွဲငှက်ပျောပွဲနဲ့တင်တောင်းမတဲ့ ရီရတယ်ဗျ ဗြဲ.........
Post a Comment