Friday, January 30, 2009

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ


လတွေထဲမှာ ကျမအချစ်ဆုံးက ဒီဇင်ဘာလပါပဲ ။
မနက်မိုးလင်းတာနဲ့ ကန်ဘောင်ပေါ်ကျမရောက်နေတတ်ခဲ့ တယ်။
ကျမအပျော်ဆုံးကလဲ ဒီဇင်ဘာပါပဲ မနက်အစောကြီး ဆိတ်ဖလူးပန်းတွေ ကောက်ခဲ့ ရတဲ့ နေ့ တွေ ကျမဘယ်တော့မှ မေ့ပစ်ဘို့ မကြိုးစားခဲ့ပါဘူး ။ ကျမ မသေခင်အထိ ဒီဇင်ဘာလရောက်ချိန်တွေကို မျှော်နေမှာပဲ ။
ဒီဇင်ဘာလတိုင်း ရန်ကုန်မြေကို နင်း ခွင့်ရဘို့ ကျမကြိုးစားနေမှာပါပဲ။
ရန်ကုန်ရဲ့ဒီဇင်ဘာကို ကျမသေမှ ခွဲချင်ခဲ့တယ်။
မနှစ်ကဒီဇင်ဘာအကြောင်းကျမရေးမလို့ပါ ။အရမ်းအေးတယ်...။
မှတ်မှတ်ရရ ကျမတို့ ညအိပ်ရင်တောင် အဲကွန်းပိတ်ထားရတဲ့အထိ ရန်ကုန်ဆောင်းပီသ ခဲ့တာပါ။ ကျမတို့ မနက် လေးနာရီထိုးတာနဲ့ သူငယ်ချင်းတွေအကုန် ချိန်းထားတယ် ။ ရွှေတိဂုံဘုရားကို တက်ကြဘို့ ပေါ့ ။ သူတို့က မြို့ ထဲကနေ ကျမကို ကမ္ဘာအေးမှာ လာခေါ်မယ်ပေါ့ ။ ကျမက ၀ီရိယလွန်ပြီး မနက်လေးနာရီထိုးဘို့ မိနစ်နှစ်ဆယ် လောက်အလိုထဲက ခြံရှေ့ မှာ ။ အဆင့်သင့်ပိုက်ဆံအိတ်လွယ်ပြီး ကမ္ဘာအေးလမ်းမ ပေါ်ထွက်ရပ်နေတဲ့ ကျမရှေ့  ကို အငှါးကားတွေတစ်စီးပြီး တစ်စီးထိုးရပ်လာတယ် ။ ကျမကလဲ ကောင်းကောင်းမွန်မွန်ပဲ ကျမ ကားမငှါးပါဘူးပေါ့ တစ် ချို့ကားက ထွက်သွားတယ် တစ်ချို့ ကားက လမ်းကြုံလို့ ပါ ပို့ ပါရစေတဲ့။ အဲဒီတော့မှကျမ ခေါင်းနပန်းကြီးသွားတယ် ဒါပေမဲ့ လမ်းပေါ်မှာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးနော် လမ်းလျောက်တဲ့သူတွေ တဖွဲဖွဲရှိတယ် ။ ဒါပေမဲ့ ကျမက တော့အငြိမ်ပေါ့ ။ ရပ်စောင့်နေရတာကိးု ...။ အမေက ပြောတယ် လမ်းမှာ ကိုယ့်ကို မခန့် လေးစား ပြောခံရရင် ကိုယ့်ဝတ်စား ဆင်ယင်ပုံကို အရင်ပြန်ကြည့်တဲ့ ။ နောက်တစ်ခု မျက်နှာပေးတဲ့ ။
ကျမကိုယ်ကျမ ပြန်လေ့လာတော့ ပထမဦးဆုံးဘုရား တက်မဲ့နေ့ လေ ။ ကချင်အနက်ပေါ် ချည်အစိမ်းနဲ့ဖေါက်ထားတဲ့ ထမိန်စကဒ်နဲ့ စပို့ ရှပ်ခေါင်းစွပ်အစိမ်းလက်ရှည်နဲ့  ပုဝါအစိမ်းလေး ပခုံးပေါ်တင်လို့  ပိုက်ဆံအိတ် လွယ်ထားတယ် စွတ်ရချွတ်ရလွယ်တဲ့ ညှပ်ဘိနပ်အဖြူရောင်နဲ့ ။ ဘာ များမှားလို့  တုန်း ကျမတွေးရင်း တော်တော်တင်းနေပြီ။ လာခဲ့တွေ့ မယ်လို့ တေးထားတဲ့ ကျမနား အငှါးကားတစ်စီး ထိုးရပ်လာတယ် ပထမတစ်စီး နှစ်စီးလောက်သာ ကျမကောင်းကောင်းဖြေတာ နောက်ကားတွေလာရင် ကျမကြည့်ကို မကြည့်တော့တာပါ ။ အခုရပ်လာတဲ့ကားသမားလဲ ပြီတီတီပဲ အဲဒီကားသမားကို သူမမေးခင် ရှင့်ကိုမတားပဲဘာကိစ္ဓ ကျမအနားရပ်တာလဲ ဆိုတော့ ညီမလိုက်မလားတဲ့ ကျမက ဘယ်ကိုလိုက်ရမှာလဲဆိုတော့ လိုက်ပို့ မယ်လေတဲ့....။ ရှင်ကဘယ်ကိုပို့ မှာလဲဆိုတော့ တက်ပါ ကားပေါ်ကျမှ ပြောမယ်တဲ့ အနားကအုတ်ခဲကျိုးတစ်ခုကိုကောက်ပြီး လာရှင့် ဆင်းခဲ့ စမ်းပါ ကားအောက်က အခုဆင်းဆိုတော့အဲဒီလူက ကားကိုဘီးလှိမ့် ယုံလိမ့်တယ် အုတ်ခဲကျိုးကိုင်ထားတဲ့ ကျမကို အနားက ဖြတ်လာတဲ့  လူတွေကြားအောင် ရိုးရိုးသားသားမေးတာ စိတ်ဆိုးစရာမလိုဘူးလို့ လူကြားကောင်းအောင် အော်သွားတယ်။ မကြာပါဘူး နောက်တစ်စီးရပ်လာတယ် မေးပုံကိုက ညီမလေး လမ်းကြုံတယ်လိုက်မလား တဲ့  ဘယ်ကိုကြုံတာလဲ ဆိုတော့တောင်ဥက္ကလာတဲ့ လာပါ တက်ပါ အကိုက ကားသိမ်းတော့မှာတဲ့ ခဏဆိုပြီးကျမသူ့  ကားနံပတ်ကိုသေသေချာချာသွားကြည့်တယ် ပြီးတော့ဘုရားပေါ်မှာရိုက်ဘို့ ဆောင်ထားတဲ့ ဒီဂျစ်တယ် ကင်မရာ အသေးလေးနဲ့ အပီအပြင်ချိန်တယ် ရှင်နဲ့ ပါဆို ဆယ့်တစ်စီးရှိသွားပြီ မနက်အာရုဏ်တက်မှာ အမျိုးကောင်းသားသမီး တွေကိုကာယိနြေ္ဓ ပျက်အောင် ဒီအနားမှာ နှောက်ယှက်နေတယ် တိုင်ထားလို့ ရှင့် ဆိုတော့ကားသမား ပြူးတူးပြာတာ နဲ့ ကျနော်ဘာလုပ်လို့ လဲတဲ့  ရှင်ရုံးရောက်မှ ရှင်းတော့ဆိုတော့ ကျနော်တောင်းပန်ပါတယ် နောက်ဒါမျိုးမဖြစ်စေရ ပါဘူးတဲ့ .....။ ကျမလဲခပ်တည်တည်ပဲ သူ့ကို...သွားမှာသွားစမ်းပါ နောက်ကားတွေ ဖမ်းရမယ်ဆိုတော့...။ သူက ကျမကို ဒီအချိန်လမ်းမမှာ တစ်ယောက်ထဲရပ်နေမှတော့ မေးမှာပဲတဲ့..။
မေးတာကျမလက်ခံပါတယ် ။ မဟုတ်ပါဘူး ပြောနေတာ ထပ်ကွန့် ပြီးခေါ် နေတာတော့မဟုတ်ဘူးရှင့်...။ လုပ်စားတဲ့ သူက ရှင်မေးရင် ၀မ်းသာအားရရှိမှာပေါ့...။ ကျမက မဟုတ်ပါဘူးဆိုမှ မဟုတ် လို့ ပေါ့ရှင့်...။ ရှင်တို့ လူရှာတာ လမ်းဘေးရပ်သမျှ မိန်းကလေး လိုက်မေးတာတော နည်းမကျဘူးဆိုတော့ တောင်းပန် ပါတယ် နောက်မဖြစ်စေရပါဘူးတဲ့ ။ ကျမလဲ လမ်းလျှောက်သူတွေ များလာတော့ လမ်းလျောက်တော့မယ် ဆိုပြီးလမ်း မကြီးအတိုင်း ရွှေဂုံတိုင်ဘက်ကို လျှောက်လာတယ် ။ သုံးလေးခြံကျော်လောက် လျှောက်မိတော့ ပလက်ဖေါင်းပေါ်မှာ ဆိတ်ဖလူးပန်းတွေ ဖွေးဖွေးလှုပ်နေတယ် ....။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပန်းတွေထိုင်ကောက်တော့တာပဲ...။
ပြီးတော့ အုတ်တံတိုင်းကိုကျော်ပြီး ကိုင်းကြနေတဲ့ အကိုင်းက ပန်းတွေကိုလဲကျမခူးယူခဲ့ သေးတယ်။ ပြီး... ကျမလမ်းဆက် လျှောက်လာတယ်...။ အဲဒီအချိန် ရောင်နီလာနေပြီ....။ လူတွေလဲ ပိုများလာပြီ...။ ဒါပေမဲ့ ကားသမားတွေရဲ့ နှောက်ယှက်မှုကိုတော့ ကျမခံနေရတုန်းပဲ...။ နောက်ကနေ ဟွန်းတီးလားတီးရဲ့  အနားကပ်ပြီး လိုက်မလား ခေါ်လားခေါ်ရဲ့ သူများ တွေကြည့်ပြီး ကျမပုံစံက လမ်းလျောက်တဲ့  ပုံစံမဟုတ်တာ သတိထားမိလာတယ် ...။ ပိုက်ဆံအိတ် လွယ်လာတာရယ် ထမိန်စကဒ်ဝတ်ထားတာရယ်မိန်းကလေးတစ်ယောက်ထဲ ဒီအချိန် စိမ်ပြေနပြေ လမ်းလျှောက်နေတာရယ်က ထူးခြားနေမှာ အမှန်ပဲဆိုပြီး ကျမ စိတ်လျှော့ထားလိုက်တယ် ... ။
အဲဒီအချိန်မှာပဲ ကိုယ်ပိုင်ကားတစ်စီး ကျမနောက်ကလိုက်လာတယ်....။
အသိသာကြီးရှင်..။ လမ်းလျှောက်တဲ့ သူနောက်ကို ကားနဲ့ ဘီးလှိမ့် ပြီးလိုက်တာ တော်တော်အရုပ်ဆိုးတာပဲလို့  စဉ်းစားရင်း ငါတော့တစ်ခုခုလုပ်မှလို့ တွေးမိတယ်....။ ကားက ကျမအနားကပ်လာရင် လိုက်ပို့ မယ်လေ ပြောလိုက် ကျော်သွားရင်ရပ်စောင့်လိုက်....။ ကားကလဲ ကျမတို့ ညီအမ အမည်ပေးထားတာလူပုလေးတွေ စီးတဲ့ကားလို့တီကို အ ဖြူရောင်ကျမနဲ့ မတိမ်းမယိမ်းလောက်ပဲ..... ။
အဲလိုနဲ့ ရွှေဂုံတိုင် လမ်းဆုံရောက်လာတယ်... ။ ကျမရှေ့ တည့်တည့်မှာရွှေပန်း ငွေပန်း စံပါယ်ပန်းတွေ ကိုင်ပြီး ပန်းရောင်းတဲ့ ကောင်လေးတစ်ယောက် လျှောက်လာတယ်.... ။ ရွှေတိဂုံဘုရားကိုလဲ မြင် နေရပြီ ကျမ အဲဒီကောင်လေးဆီက စံပါယ် ရွှေ ငွေ တော်တော်များများ ၀ယ်လိုက်တယ်....။
ပလက်ဖေါင်းပေါ်တင်ပဲ ၀ယ်နေတာ ကျမတို့ အနားမှာ ကပ်ပြီး အဲဒီကားရပ်နေတယ်.... ကျမဒေါသက လုံးဝမရတော့ဘူး...။ ကျမနောက်လှည့်ပြီး အဲဒီ ကားဂျပုပေါ်က လူကို ရှင်မရှက်ဘူးလားဟင်....လို့  လေသံအေးအေးနဲ့ မေးတော့...။ ရုတ်တရက် ထင်မထားဘူးထင်တယ်....။ ဘာကိုရှက်ရမှာလဲတဲ့ ဒီလမ်း ကို့လို့ ကန့်လန့် ကြီးမှာဘာကြောင့် ကားရပ်ထားတာလဲလို့ ကျမမေးတော့ စံပါယ်ပန်းဝယ်မလို့ တဲ့  ရတယ် ပြော... ဘယ်လောက်ဘိုးယူမလဲဆိုတော့ တစ်ထောင့်ငါးရာဘိုးတဲ့ တစ်ကယ့် ကလေးကလား ...။ ရတယ်... မောင်လေးသူ့ အရင် ပေးလိုက်ဆိုတော့ အဲဒီကောင်လေးလဲ ၀မ်းသာအားရ အဲဒီလူက တစ်ထောင်တန်နှစ်ရွက် ကိုင်ထားတယ်...။ ကျမက ကြားကနေ စောစောစီးစီး အမ်းစရာမရှိဘူး မောင်လေးနှစ်ထောင်ဘိုး လုပ်ပေးလိုက် ဆိုတော့ ....။ အဲလူက ပြီတီတီရုပ်နဲ့ ရတယ်.. ရတယ် လုပ်လိုက်တဲ့ ။
ပန်းသည်ကောင်လေးရဲ့ တစ်ချို့ ပန်းတွေ ကျမကိုင်ထားပေးရတာလေ...။ သူက ပန်းတွေကို ရေပြီးခဲတန်ချွန်တဲ့ ဓားလေးနဲ့ ဖြတ်တော့ ကျမက သူ့ပန်းတစ်ချို့ကျမအတွက်ဝယ်ကတည်းက ကိုင်ပေးထားတာ ကျမ မရယ်မပြုံး ခပ်တည်တည်ပဲ...။
ပန်းသည် ကောင်လေးပေးတဲ့ ပန်းနှစ်ထောင်ဘိုး ကို လှမ်းပေးရင်း ရှင် ကျမနောက်လိုက်အုန်းမယ်ဆိုရင်... ။ ကားကို တစ်နေရာမှာရပ်ခဲ့ ...။ ရှင်လဲသိက္ခာကျ၊ ကျမလဲသိက္ခာကျတဲ့ အလုပ်ကိုဆက်မလုပ်ပါနဲ့  .... ကားပေါ်ကလူတွေကို အထင်ကြီးတဲ့ အထဲမှာကျမမပါဘူး...။
ရှင်နဲ့ ဒီပန်းရောင်းတဲ့ မောင်လေးနဲ့ ယှဉ်ရင်တောင် ဒီမောင်လေးက ရှင့်ထက်သိက္ခာရှိတယ်လို့ ကျမတို့  သုံးယောက်ကြားအောင် ကျမပြောတော့....။
ကားပေါ်ကလူက လေသံမာမာနဲ့ ခင်ဗျားနောက်ကို ကျနော်ဘာလို့ လိုက်ရမလဲတဲ့ ...။ ကမ္ဘာအေးဘုရားလမ်းထဲက ရှင်ကားမောင်းတာ လမ်းလျှောက်နေတဲ့ ကျမနဲ့ အတူတူ ပန်းဝယ်နိုင်တာဘာကြောင့်လဲ ရှင့်ကိုယ်ရှင်စဉ်းစား....။ ရှက်ရင် မဟုတ်တာမလုပ်နဲ့  အဲဒါ ဆယ်ကျော်သက်တွေအလုပ်.....။ ရှင့်အရွယ် မလုပ်သင့်တော့ဘူး...။ ရော့....ရှင့်ပန်း.... ကြွပေတော့လို့ ကျမပြောတော့မှ မကျေမနပ်နဲ့ ဝူးဆိုကားကို မောင်းထွက်သွားတယ်....။ အဲဒီနေ့က ဘုရားပေါ်ကျမရောက်ပြီးမှ သူငယ်ချင်းတွေရောက်လာတယ်....။ အစောကြီး လမ်းလျှောက်ရတာ ကျမသဘောကျသွားပြီး နောက်နေ့ တွေလဲ လမ်းပဲ လျှောက်ဖြစ်တော့တယ်...။ သုံးရက်လောက်ဒုက္ခခံပြီးတော့ ကျမကို အဲဒီလမ်းတစ်လျှောက်က လူတွေသိ သွားကြပြီ...။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။
အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

မမ

40 comments:

Anonymous said...

အလှူခံပုံး ကိစ္စတော့မသိဘူး။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတော့ အလှူခံမဏ္ဍပ်မှာ လုပ်အား ပေးဖူးတယ်။ အဲဒီ မဏ္ဍပ်တွေကတော့ ရွှေတိဂုံဘုရားမှာရှိတဲ့ ဝေယျာဝစ္စအသင်းတွေ အလှည့်ကျ တာဝန်ယူပေးရတယ်။ အဲဒီက သိမ်းလို့ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားသလဲတော့ တစ်ခါမှ မစုံစမ်းမိဘူး။

Anonymous said...

yes this is true

Anonymous said...

ကဲ ဘာပြောချင်ကြသေးသတုံး!!! အတွေ့အကြုံကို ရဲရဲရင့်ရင့် တင်ပြတဲ့ မမကတော့ အမှတ်တွေရအုံးမယ်။

Anonymous said...

ရင်ထဲမှာ ဆို့သွားတာပဲ မမရယ်...
ဒါပေမဲ့ မဆန်းပါဘူး. ကျိုက်ထီးရိုးမှာဆို ဒီထက်ပိုဆိုးတယ်.
လုပ်ပုံတွေက.. ခဏခဏ အလိမ်ခံရတယ်. လှူတုန်းခဏမှာ စိတ်ကြည်ကြည်လင်လင်နဲ့လှူပြီး.. ကျန်တာကို လစ်လျူရှုလိုက်ရတယ်.လေ.

စံနစ်မကောင်းတော့ အကုန်လုံး တနွယ်ငင် တစင်ပါ ဖြစ်ကြတာပေါ့... တော်ကြာ.. နေရာတကာ သူတို့ကိုပဲ အပြစ်ဖို့တယ်.. ကြာရင် ဟုန်သွားမယ် ပြောနေဦးမယ်..

ဒါပေမဲ့ ဒါက အဖြစ်မှန်လေ........

Anonymous said...

ဘုရားရေ.. ကိုယ့်မျက်စိကိုယ်ပွတ်မိတယ် မဟုတ်ဘူးလို့ငြင်းချင်တယ်..
ဒါတကယ်ပဲလားးးးးးးးးး

ဘုရားဘုရား ဒီလိုအဖြစ်မျိုးတကယ်ပဲ ရှိသလား

ဂေါပကတွေ လုပ်စားတာလား ဘယ်သူတွေလုပ်စားတာလဲ
ဟူးးးးးးးးးးး

Anonymous said...

Oh my god, is it true?
So sad for our country

Anonymous said...

ရှက်စရာကောင်းလိုက်တာ...

Anonymous said...

ကျိုက်ထီးရိုးက အလှူခံပုံးတွေကို ကန်ထရိုက်ပုံးတွေအနေနဲ့သိတာ ကြာခဲ့ပါပြီ။ ရွှေတိဂုံဘုရားအလှူခံပုံးလဲ ကန်ထရိုက်ပုံးဆိုတာသိပေမယ့် ဘာသာခြားကပိုင်တယ်ဆိုတာ ခုမှသိလိုက်ရတယ်။ ရင်နာဖို့ အတော်ကောင်းတယ်။ :(

Anonymous said...

ရွှေတိဂုံဘုရား အလှူခံပုံးက ကန်ထရိုက်ဆိုတာ ခုမှဘဲသိရတော့တယ်၊ အလွန်ဝမ်းနဲစရာကောင်းတဲ့ အဖြစ်အပျက်ပဲ။

Anonymous said...

ရွှေတိဂုံဘုရားတင်မဟုတ်ဘူး ၊ ကျိုက်ထီးရိုးဘုရားမှာလဲ အဲဒီလိုဘဲ ကန်ထရိုက်ဆွဲထားတာ ။ ကြားစတုန်းက ကိုယ့်နားကိုယ်တောင်မယုံဘူး ။ အရမ်းအံ့သြပြီး ဝမ်းနည်းခဲ့ရတယ် ။

Anonymous said...

အခုမှဒါတွေသိရတယ်.. ရင်နာလိုက်တာ.. စိတ်မကောင်းလည်းဖြစ်တယ်.. ဘယ်ဗုဒ္ဓဘာသာလူမျိုးက ဒီဘုရားငွေတွေကို ဘာသာခြားလက်ထဲကို ကန်ထရိုက်ပေးတာလဲ။
ဘုရားလူကြီးလား၊ ဂေါကပဥက္ကဌလား၊ ဘယ်ကလဲ
မိုက်ရိုင်းလိုက်ကြတာနော်.. ဘုရားကိုလှူချင်ပေမယ့် လူမဆန်တဲ့လူတွေလက်ထဲတော့ အရောက်မခံနိုင်ဘူး..
ဒီပို့စ်လေးကို ဆက်လက်ဝေငှခွင့်ပြုပါခင်ဗျာ.. သိမ်းလည်းသိမ်းထားချင်ပါတယ်..
အခုလို အသိပေးတဲ့အတွက်လည်း ကျေးဇူးတင်မဆုံးပါ

မနက်တစ်ယောက်လည်း ဒီဇင်ဘာတစ်လလုံး လမ်းလျှောက်ရဲတဲ့သတ္တိနဲ့.. မဟုတ်ရင်မခံတဲ့ စိတ်ဓာတ်ကိုတော့ တကယ်သဘောကျတယ်ဗျာ..း)

Anonymous said...

စိတ်တောင်မကောင်းဘူး...
ဘူမဆန်တဲ့ ဘုပ်ရပ်တွေပဲ
)မ်းနေည်းတယ်ဗျာ...

Anonymous said...

စိတ်မကောင်းစရာပါပဲ။ မဖြစ်သင့်ပါဘူး

ဘာသာရေးကို ခုတုံးလုပ်တဲ့ ဘာသာနှစ်ဖက်လုံးက
စီးပွားရေးသမားတွေကြောင့်တော့ ခက်ပါတယ်၊

ကန်ထရိုက်ပေးတဲ့ ဂေါပက အဖွဲ့ လည်း တာဝန်မကင်းဘူးနော့်။
အကြီးဆုံးတာဝန်ကိုယူပြီး အလှူငွေတွေကို ကန်ထရိုက်ပေးရတယ်လို့ ။
ကြားလို့ မှမကောင်း။

ဒီလိုပါပဲ ---- ဘာသာရေးကို အကြောင်းပြ၊ လူတွေရဲ့စိတ်ကို
မှိုင်းတိုက်ပြီး နောက်ကွယ်မှာတော့ အမြတ်ရဖို့ ဆိုရင် ဘာသာမတူချင်နေ
လက်ဝါးချင်းရိုက်သွားတာပဲ။

ခံလိုက်ရတာတော့ အလှူရှင်တွေနဲ့ ကန်ထရိုက်စွဲတဲ့လူလုပ်လို့
နာမည်ပျက်ရတဲ့ အပြစ်မဲ့သာသာဝင်တွေပေါ့။

ကန်ထရိုက်စွဲတဲ့လူ ကိုယ်ကျိုးရှာတာနဲ့  တခြားဘာသာဝင်တွေအားလုံးကိုတော့
သိမ်းကျုံးပြီး အမြင်မစောင်းစေချင်ပါဘူး။

တယောက်မကောင်း တယောက်ကောင်းပေါ့

Anonymous said...

ကိုစိုင်းလတ်ပြောသလိုပါပဲ.. တယောက်မကောင်း.. တယောက်ခေါင်းပေါ့နော်.. လူတွေဟာ ကိုယ်လုပ်ရင်ကိုယ်ခံကြရမှာပါ... ဘယ်ဘာသာပဲခြားနေနေ.. လုပ်တဲ့လူရဲ့ စိတ်ပေါ်ပဲမူတည်ပါတယ်.. မကောင်းတဲ့သူက မကောင်းတာ ခံကြရမှာပါပဲလေ..

Anonymous said...

ဟုတ်ပါတယ်...
တစ်ဖအေ တစ်မအေတည်းကမွေးတဲ့ မွေးချင်းမောင်နှမတွေတောင် စိတ်သဘောထားချင်း၊ အကျင့်စရိုက်ချင်း မတူကြသေးတာ
ဘာသာတူပေမယ့် ကောင်းတဲ့သူတွေနဲ့ ကိုယ်ကျိုးရှာတဲ့သူတွေ အမျိုးမျိုးရှိပါတယ်ရှင်..

Anonymous said...

မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...

( ဒီတစ်ကြောင်း၏ အဓိပ္ပါယ်ကို သိပ်နားမလည်ပါ။့ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စု ဆိုတာ ဘယ်သူဘယ်ဝါဆိုတာ သေချာပြောပြလို့ ရမလားမသိဘူး။ နောက်တစ်ချက်က ဘာသာခြားကို ပေါင်ထားတယ်ဆိုတာက တခြားတိုင်းတစ်ပါးဆီမှာ ပေါင်ထားတာကို ဆိုလိုခြင်တာလား အောက်မှာ ထပ်ရေးထားသလို... )

ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။

( ကုလားကရနေတာကိုး ဆိုတာဘယ်လိုများပါလဲ။ နိုင်ငံခြားလူမျိုးခြားကို ဆိုလိုချင်ယုံသက်သက်လား ဒါမှမဟုတ် ကုလားလူမျိုးသက်သက်ကို ဆိုလိုချင်တာလား )

( ခုချိန်မှာ ဘာသာရေးနဲ့ နိုင်ငံရေး အထိကရုန်းများနေတော့ forward mail တွေမှာလည်း ဘာသာရေး စောင်းပေးမှုတွေ ဖြစ်နေလို့ သေချာပြောစေချင်ပါသည်။ )

( အမရေ စူးစမ်းလိုတဲ့စိတ်၊ ခံပြင်းတဲ့စိတ်သက်သက် နှင့်သာ မေးခြင်းဖြစ်ပါသည် ) :D

Anonymous said...

ကောက်ရငွေက တနှစ်ကို သိန်းငါးထောင်မပြည့်ယင်ကော??

သိန်းငါးထောင်ကြိုထုတ်(ရင်း)ပေးထားယင် တနှစ်ဘယ်လောက်မြတ်သင့်လဲ???

ကန်ထရိုက်ယူတဲ့လူအပြစ်လား??? ပေးတဲ့လူအပြစ်လား???

တလုံးတခဲရလိုက်တဲ့ သိန်းငါးထောင်ဘယ်ရောက်သွားလဲ???

Anonymous said...

ကောက်ရငွေက တနှစ်ကို သိန်းငါးထောင်မပြည့်ယင်ကော??

သိန်းငါးထောင်ကြိုထုတ်(ရင်း)ပေးထားယင် တနှစ်ဘယ်လောက်မြတ်သင့်လဲ???

ကန်ထရိုက်ယူတဲ့လူအပြစ်လား??? ပေးတဲ့လူအပြစ်လား???

တလုံးတခဲရလိုက်တဲ့ သိန်းငါးထောင်ဘယ်ရောက်သွားလဲ???

Anonymous said...

ဒီမေးခွန်းများကို ပိုမိုပြည့်စုံစွာ သိချင်သူများအနေနဲ့ ကိုယ်နည်းကိုယ့်ဟန်နဲ့ နီးစပ်ရာ လူများကို မေးမြန်းစုံစမ်းရင်ပိုကောင်းမယ်ထင်တယ်။ ကာယကံရှင်က သူမြင်တွေ့ခဲ့တာလေးကို အဲဒီအတိုင်းပဲပြန်ရေးတယ် လို့ယူဆပါတယ်။ သူကိုယ်တိုင်လဲ ဒါဟာ တကယ့် Business အနေနဲ့ ဖြစ်နေတာလားဆိုတာ သေချာမသိ၊ မယုံရဲ၊ မယုံချင်တဲ့အတွက် "မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် ....." လို့ရေးထားပါတယ်။ သေချာနားလည်သိရှိသူများ ရှိပါက ဝေမျှပေးကြပါ။ စာထဲမှာပါတဲ့ ကုလားက ရနေတယ်ဆိုတာ မြန်မာပြည်တွင်းမှာ ခင်ဗျားတို့ကျွန်တော်တို့ ကုလား လို့ခေါ်နေတဲ့ လူမျိုးများက လို့ပဲ ခပ်လွယ်လွယ်မှတ်လိုက်ပါ။ စာရေးသူကိုယ်တိုင်လဲ. ဘယ်လိုကုလားမျိုးလဲ. ဘင်ဂါလီ ကုလား လား၊ ခေါ်တောကုလား လား၊ ဟိန္ဒူလား ၊ မွတ်စလင်လား၊ ဂေါ်ရခါးလား အဲလောက်ထိ ခွဲခြားသိနိုင်စရာ အကြောင်းမရှိပါဘူး။ ကန်ထရိုက် အကျိုးအမြတ်၊ အရှုံး ကိစ္စများ လဲ ကာယကံရှင်များသာ သိနိုင်တဲ့ကိစ္စတွေပါ။

Anonymous said...

၇င်နာစရာကောင်းလိုက်တာ...ဒါတကယ်ပဲလားမမ
ကျွန်တော်ဘလော့မှာကူးယူဖေယ်ပြခွင့်ပြုပါမမ
...စိတ်မကောင်းလွန်းလို့ပါဗျာ...

Anonymous said...

အဲဒါက ကြာပြီ လွန်ခဲ့ တဲ့ ၄ နှစ်ကျော်က ကျိုက်ထီးရိုးက အလှူခံဌာန နဲ့ ရန်ဖြစ်ခဲ့ ဖူးပါတယ် ။ ကိစ္စကတော့ အဲဒီလို အလှူကို လုပ်ရကောင်းလား ဆိုပြီ။ ရှက်ဖို့တော့ကောင်းပါတယ်ဗျာ။ စီးပွားရေးဆန်ဆန်လုပ်တာကိုဗျာ။

Anonymous said...

ဒီကိစ္စက မြန်မာပြည်သူရိုးသားတဲ့သူတွေဆီဖြန့်ဝေကြပါ။ ဒါမှ ဘုရားသာသွား လှူတာတခြားကိစ္စတွေအတွက်လှူ ကြပေါ့။
လူလတ်တန်းစား လူဆင်းရဲတွေညီမယ်ဆိုရင် သိန်း၁၀၀၀ မပြောနဲ့ ၅ပြားတောင်မရပါဘူး

ဒီဘလော့ပိုင်ရှင်ဆီက စာတွေဖတ်နေတာကြာပါပီ။ ဒီစာဖတ်ပီး ကိုယ်နဲ့သိတဲ့သူတွေကိုတော့ ဖြန့်ဝေဖြစ်ပါတယ်။

အခုဆို forward မေးလ်တွေမှာ နေရာတော်တော်ယူလာကြပါပီ။
အထူးသဖြင့် မြန်မာပြည်က ပြည်သူတွေ သိဖို့ လိုပါတယ်။
ကြည်ညိုတာကို ခုတုံးလုပ်ခံရတာလောက် ရင်နာစရာကောင်းတာ မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်လို့ မြင်ပါတယ်။ ဒီတော့ သူတို့ကို အဲဒီလို မလုပ်စေချင်ရငိ စသိတဲ့အချိန်ကနေစပီး လက်တွဲညီညီနဲ့ မိဘမဲ့ဂေဟာတွေ စာသင်ကျောင်းတွေ ဇီဝိတဌာနဆေးရုံတွေကို ပဲ များများလှူကြရင်လဲ လှူခြင်းတမျိုးပါပဲ။ လက်တွေ့လဲ ကိုယ်မြင်ရတယ် ။ တကယ်လိုနေတဲ့နေရာဆီမှာ တကယ်ကို လှူလိုက်တဲ့အခါ တွေ့မြင်ရတဲ့ကြည်နူးမှူတွေဟာ ဘာနဲ့မှ နိုင်းမရပါဘူး။

အစက မသိလို့ လှူခဲ့မိတယ်။ အခုတော့.. လိုအပ်တဲ့နေရာတွေပဲ လှူတာ ပိုအကျိုးရှိသွားပီဆိုတာ သိလိုက်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Anonymous said...

ရင်နာလိုက်တာ မိုက်ရိုင်းလိုက်တဲ့ လူတွေဗျာ ဗုဒ္ဓဘာသာတွေ အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာပဲ....

Anonymous said...

မမရေပေးတာ ဂေါပကရုံးအဖွဲ့မှုး ၀င်းကြိုင်ဘဲ ဘုရားမှာ ဂွင်ရအောင် တည်ဆောက်ရေးလုပ်ငန်းတွေဆိုပြီး ဂွင်ဖန်ထားတာ လုပ်ငန်းကြီး ၃၆၆ ခုရှိတယ် တနှစ်မှာ ၃၆၅ ရက်ဘဲရှိတာ လုပ်ငန်းပေါင်းက ၃၆၆ ခုတဲ့ အဲဒီလုပ်ငန်းတွေလျှောက်လုပ် မပျက်သေးတာတွေ အတင်းလျှောက်ပြင် ရှေးဟောင်းပစ္စည်းတွေကိုခွာ အသစ်တွေလျောက်လုပ် ငွေမလည်ရင် ကုလားဆီကဆွဲ ရှေးဟောင်းပစ္စည်းတွေကို အသစ်နဲ့အစားထိုးပြီး ကုလားကိုရောင်းတာလဲ ရှိသေးတယ် ဂေါပက လူကြီးဆိုတဲ့ ကောင်တွေက စစ်တပ်ကကောင်တွေ သူခိုးဘ၀က လာတဲ့ကောင်တွေဆိုတော့ သူတို့လဲ ခိုးဖို့ဘဲ ငွေရရင်ပြီးရောလျှောက်လုပ်တာဘဲ ရွှေတိဂုံ ဘုရားမှာ ရှေးဟောင်းလက်ရာဆိုတာ မရှိတော့ဘူး အားလုံးအသစ်တွေချည်းဘဲ မူလအလှူရှင်တွေကို မတိုင်ပင် အကြောင်းမကြားဘဲ စစ်ဒေသမှူး လုပ်သွားတဲ့ ဆန်းဆင့် ရယ် ဂေါပက ရုံးအဖွဲ့မှူး ၀င်းကြိုင် (ကော့မှူးသား) ဂေါပကလူကြီးတွေ မောင်ဝိတ် စတဲ့ကောင်တွေ သန်းရွှေ ခင်ညွှန့် အဲဒီကောင်တွေ အကုန်ပါတယ် လုပ်ခြင်တာလုပ်သွားတာ

Anonymous said...

ဟုတ်ပနော်။တော်တော်ရုပ်မာတဲဟာတွေ။ဘုန်းကြီးတောင်မရှောင်ရိုက်နှက်တာပဲလို့တွေးပြီးဖြေရမှာပဲလေ။မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။သန်းရေအစိုးရပြုတ်ပါစေ။ကားပေါ်ကလှမ်းခေါ်တဲ့လူတွေကကောကုလားတွေပဲလားဟင်။

Anonymous said...

postလေးကိုဖတ်ရတာစိတ်ဝင်စားဖို့ကောင်းသလိုစိတ်မကောင်းလဲဖြစ်ရပါတယ်။ဘယ်ဘာသာမဆိုကို့ဘာသာကိုအကောင်းဆုံးဖြစ်စေချင်သလိုဘာသာဝင်တိုင်းကိုလဲကောင်းတာတွေဘဲလုပ်ဖို့မျှော်လင့်ကြတာပါ။ငါးခုန်းမတစ်ကောင်ကြောင့်တလှေလုံးပုတ်ဆိုထဲ့အတိုင်းလူတစုကြောင့်အပြစ်မဲ့တဲ့ဘာသာဝင်တွေကတော့သိမ်းကြုံးခံနေရတာပါ။ဒါပေမဲ့အပြစ်ကျူးလွန်သူကိုအပြစ်ကျူးလွန်သူလို့ပဲမြင်တတ်ပြီးဘာသာတရားနဲ့ရောထွေးပြီးကိုင်မပေါက်တဲ့ဒီကcommentလေးတွေဖတ်ရတာတော့ပီတိဖြစ်စရာပါ။ဘယ်တိုင်းပြည်မှာဘာသာရေးနဲ့ပတ်သတ်ပြီးဘာတွေပဲဖြစ်နေပါစေ.မြန်မာပြည်မှာမွေးတဲ့မြန်မာလူမျိုးတယောက်အနေနဲ့တော့မြန်မာပြည်ငြိမ်းချမ်းစေချင်တယ်။ဘယ်ဘာသာပဲဖြစ်ပါစေ.မြန်မာပြည်မှာမွေးတဲ့အတွက်နူးညံ့တဲ့နှလုံးသားရှိနေမှာမလွဲမသွေပဲလေ။

Anonymous said...

postလေးကိုဖတ်ရတာစိတ်ဝင်စားဖို့ကောင်းသလိုစိတ်မကောင်းလဲဖြစ်ရပါတယ်။
ဘယ်ဘာသာမဆိုကို့ဘာသာကိုအကောင်းဆုံးဖြစ်စေချင်သလိုဘာသာဝင်တိုင်း
ကိုလဲကောင်းတာတွေဘဲလုပ်ဖို့မျှော်လင့်ကြတာပါ။ငါးခုန်းမတစ်ကောင်ကြောင့်
တလှေလုံးပုတ်ဆိုထဲ့အတိုင်းလူတစုကြောင့်အပြစ်မဲ့တဲ့ဘာသာဝင်တွေကတော့
သိမ်းကြုံးခံနေရတာပါ။ဒါပေမဲ့အပြစ်ကျူးလွန်သူကိုအပြစ်ကျူးလွန်သူလို့ပဲမြင
်တတ်ပြီးဘာသာတရားနဲ့ရောထွေးပြီးကိုင်မပေါက်တဲ့ဒီကလေးတွေဖတ်ရတာ
တော့ပီတိဖြစ်စရာပါ။ဘယ်တိုင်းပြည်မှာဘာသာရေးနဲ့ပတ်သတ်ပြီးဘာတွေပဲဖြစ
်နေပါစေ.မြန်မာပြည်မှာမွေးတဲ့မြန်မာလူမျိုးတယောက်အနေနဲ့တော့မြန်မာပြည
်ငြိမ်းချမ်းစေချင်တယ်။ဘယ်ဘာသာပဲဖြစ်ပါစေ.မြန်မာပြည်မှာမွေးတဲ့အတွက
်နူးညံ့တဲ့နှလုံးသားရှိနေမှာမလွဲမသွေပဲလေ။

Anonymous said...

သေသေချာချာစုံစမ်းပြီးမှ တင်ပြတာလို့ ထင်ပါတယ် ..ဒါပေမယ့် အသေချာဆုံးမဟုတ်ရင် ဘာသာရေးကြားမှာ နားလည်မှုတွေ လွဲကုန်မယ်လို့ထင်ပါတယ် ...

Anonymous said...

ဒီပို့စ်ကို Forward mail ရလို့ ဒီဘလော့ဂ်ကို သိသွားတာ။ တော်တော်များများက ဟုတ်ရဲ့လားလို့ မေးကြတယ်။ မယုံနိုင်ကြဘူး ထင်တယ်။ မြန်မာနိုင်ငံမှာ ဘာမဆို (ဒီထက်ဆိုးဝါးတာတွေတောင်) ဖြစ်နိုင်တယ်ဆိုတာ သူတို့ သဘောမပေါက်ကြသေးဘူး။

Anonymous said...

hello, im surprised at ur news.
i'd like to ask u something.
Do u know how much money (average) people donated to the pagoda (into the boxes) everyday before the contract? with whom did the indian guy make a contract? is this contract for only the money donated to the donation boxes (not including the money donated directly to pagoda association)? if the amount of everyday-box-donation was less then 13 lakh, i think doing contract will be better for the pagoda development. (coz 5000,00000kyats/365days=about 13 lakh)
Why do we donate to the pagoda? it's straightforward. we want our religion to last forever and for the pagoda development.
I hope u'll answer my questions.
If u don't know, u should try to know first and then publish ur writing.
i wish ur work last longer.

Anonymous said...

တော်တော့်ကို စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။ လောကကြီးမှာ ဒီလိုသံသရာ မကြောက်သူတွေလဲ ရှိသေးတာကို။ သူ့အကုသိုလ်နဲ့ သူသွားမှာပါ...

Anonymous said...

ဟုတ်ကဲ့ပါ။ အလှူခံ ပုံးကိစ္စ ကဘယ်တုံးက ကြုံခဲ့ရတာပါလဲ ? အဲဒီ ကြုံခဲ့ရတဲ့ နေ့ရက် နဲ့ အချိန် ကိုအတိအကျ သိချင်ပါတယ်။ ဖော်ပြပေးပါ။ ပြီးတော့ ရင်းနှီးတဲ့ဂေါပကလူကြီး ရဲ့ နာမည် ကိုလဲ အတိအကျ ဖော်ပြပေးပါနော်။ မမ တို့သိချင်တဲ့ အဖြေကို သိပ်မကြာခင် အချိန်မှာ ပြန်ဖြေကြား ပေးပါမယ်။

Anonymous said...

Dear All friends, Pls do not worry too much, if they dare to use donating money at Shwedagon, after they die, they will go to hell directly..it's only way for them...
MCT

Anonymous said...

အင်း forward mail ကနေ ဖတ်မိတည်းက
စိတ်တော်တော် မကောင်းဘူး
ဒီလိုပဲ ကျိုက်ထီးရိုးမှာ ကန်ထရိုက်ပေးတာတော့
ကြားဖူးတယ် ဟုတ်လဲ ဟုတ်တယ်
အဲ့ပိုက်ဆံတွေ ဘယ်ရောက် ဘာတွေလုပ်လဲတော့
မသိဘူးနော်

Anonymous said...

i think, it can't be true. It is just only her words. We don't know, it is true or not.Let's try to find out the real answers.

Anonymous said...

i m sorry to hear that donated money gone to .
anyway , just comment . ok !!
ur this article is quite long and so obsessed with non related info of the topic that ur experience of being disturbed in the early morning ..
ahh .. is that u want to share info of the dress code to girls in the above of the article ?
i just felt that got lost by the topic and ur whole article !!!

Anonymous said...

2010 election နီးလာတာနဲ့အမျှ အတိုက်ခံဒီမိုများဟာ မီဒီယာပေါင်းစုံကနေ တိုက်ခိုက်လာတာကိုတွေ့ရပါတယ်...forward mail တွေကို ကြီးကြည့်အားဖြင့် ပြည်သူတွေကို ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ နအဖ ကိုတွန်းလှန်ဖို့အတွက် အမျိုးအမျိုးအဖုံဖုံ အကြောင်းပြပြီးတော့ လုပ်လာတာရှိပါတယ်..သတင်းတစ်ခုကို ဘလော့တွေမှာပဲ မဟုတ်ပဲ ဂျီမေးလ်တိုင်းကိုforward mail ပို့ခြင်းအားဖြင့် ဘာသာရေး အဓိကရုဏ်းများဖြစ်အောင် စွမ်းဆောင်လာတာကိုတွေ့ရပါတယ်...ဒါကိုပြည်သူတွေ
ကလည်း ဘလော့တွေမှာရေးတဲ့သတင်းတစ်ခုဟာဟုတ်လားမဟုတ်လား
ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာကို စဉ်းစားနိုင်တဲ့ သူတွေပါ..နိုင်ငံခြားမှာနေနေတဲ့သူတွေအနေနဲ့ အွန်လိုင်းတတ်သူတွေအများစုဟာ IQ လည်ပယ်ရှိတဲ့သူတွေကြည့်ပဲမို့ ပြသာနာတစ်ခုကိုဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကိုစဉ်းစားသင့်တယ်
သူများက ဟုတ်လားလို့မေးရင် ဟုတ်တယ်လို့မျက်စိမှိတ်ဖြေမနေနဲ့..ကိုယ်ပိုင်စဉ်းစားပြီးမှဖြေ..
သာမန်ဖြစ်ရိုးဖြစ်စဉ်ဆိုရင်forward mailတွေတောင်ပို့စရာမလိုပါဘူး ဒီလိုတွေပို့ခြားအားဖြင့် ဘာရည်ရွယ်ချက်တွေရှိတယ်ဆိုတာကို သိနေတယ်...ဒါကြောင့် ပြည်သူတွေအနေနဲ့ကလည်း ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်တတ်ဖို့လိုမယ်..ဒီပြသာနာတွေနဲ့ပတ်သတ်ပြီး
တော့ မှန်ကန်တယ်ဆိုရင် ဆက်သွယ်မေးမြန်းလို့ရတဲ့ ဋာနတွေမှာ ဖုန်းနံပါတ်တွေ လိပ်စာတွေရှိနေတာပဲ..မေးမြန်းလို့ရပါတယ်..ကိုယ်တိုင်ကိုယ်ကျသွားမေးလို့လည်း
ရပါတယ်..ဒီလို အွန်လိုင်းပေါ်မှာ တစ်ယောက်ကအထင်နဲပြောတိုင်း နောက်တစ်ယောက်က ယုံရမှာလား..ဘုရားလူကြီး နာမည်ကိုပြောယုံလေးနဲ့ မလုံလောက်ပါဘူး..အဲဒီဘုရားသူကြီးရဲ့ နာမည်က တကယ်ရှိ မရှိ ဒီဘုရားမှာ ဦးစီးတဲ့ အဖွဲ့ချုပ်ရုံးကိုတိုက်ရိုက်မေးမြန်းတာ အကောင်းဆုံးပါလို့ ပြောခြင်ပါတယ်

Anonymous said...

ကောင်းတဲ့ ကိစ္စ မဟုတ်တာတော့ မှန်ပါတယ်။
အဓိက အချက်ကို စဉ်းစားကြည့်ရအောင်
သိန်း ၅၀၀၀ နဲ့ ကန်ထရိုက်ပေးတယ်ထား။ အဲဒီ ပိုက်ဆံက ဘုရားအတွက်သုံးတာလား... တယောက်ယောက် အိပ်ထဲရောက်တာလား။ အဲဒီ အဖြေပေါ်မူတည်ပြီး ဒီကိစ္စရဲ့ အတိမ်အနက်က ကွာသွားမှာ။ ဒါပေမယ့် ဘယ်လိုပဲ စဉ်းစားစဉ်းစား ဒီလိုတော့ လုပ်စရာမလိုဘူး လို့ ထင်မိပါတယ်။ နည်းလမ်း သိပ်မကျလှဘူးလို့ လဲ ခံစားမိပါတယ်။
အဲဒီ သိန်း ၅၀၀၀ ကို တယောက်ယောက် အိပ်ထဲကောက်ထည့်လိုက်ရင်တော့ ဟုတ်တယ် အဲဒါ ဘုရားကို ပေါင်တာပဲ။ ဒါပေမဲ့ အဓိက က အဲဒီ ကန်ထရိုက်ကပေးတဲ့ ပိုက်ဆံကို ဘာအတွက် သုံးသလဲ ဆိုတာပဲ။

Anonymous said...

What Shwe Su said is right.
ရွှေစုပြောတာ ဟုတ်တယ်။

ပိုက်ဆံတွေက အသစ်တွေကို မြတ်မြတ်နိုးနိုးလှူတဲ့သူ ရှိသလို ရေစို၊ ပြဲ၊ မှိုတက်..၊ အရောင်စုံ ... ကိုင်တဲ့လက်မျိုးစုံ ... အဲ့ဒါတွေလည်း ရှိတာကိုး...
အဲ့ဒါကြောင့် သူများလုပ်ခိုင်းကြတာလေ...
ဒီ service က ရှိနေတာ ကြာလှပြီ..
တကယ်လို့ အလှူငွေ သိမ်းတဲ့လူက မမြတ်ဘူး.. သူ မသိမ်းနိုင်တော့ဘူး ဆိုရင် ပေးမယ့်ဈေးကျတယ်
အဲ့လိုဆိုရင် ဘုရားအတွက် ၀င်ငွေ နည်းသွားတာပေါ့..

အဲ့ဒီလေလံက ရတဲ့ငွေကို ဘုရားရန်ပုံငွေက ဘုရားပြုပြင်ထိန်းသိမ်းဖို့အတွက် ဖြစ်မသွားဘူး ဆိုရင်တော့ တစ်မျိုးပေါ့...

Anonymous said...

I want to answer those questions from the above comments. They said that "is it possible to receive 13 lakhs per day at Shwedagon Pagoda?". Why not! It is very posibble. I want to compare and share this to my own experience. On the 8 September 1989 which was the feast of the "Our Lady of Health" that has been held every year at Saint Anthony's Church near Aung San Stadium.On that particular day in that year (1989) the church recieved the donation just more than 1 lakh from the pilgrimages from the donation boxes only by excluding other donations from overseas and secret intentions. For Burma, I think the amount of pilgrimage at Shwedagon Pagoda will be probably at least more than ten times to 100 times per day compared to the September 8, 1989 and since our Burmese People are very generous in charities especially when pagodas' maintainances and donations are concerned. Finally, don't forget that the inflation in Burma is very high.

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner