Tuesday, December 30, 2008

အမုန်းနဲ့ နှင်းဆီ


အရမ်းချစ်တယ်ဆိုတဲ့... သံစဉ်တွေရဲ့အောက်မှာ

နှင်းဆီတွေပျော်မြူး.... ကခုန်ဖူးခဲ့တယ်

အရမ်းလှတယ်ဆိုတဲ့... ချီးမြှောက်မှုတွေရဲ့ အောက်မှာ

နှင်းဆီတွေမာန်တက်လို့ ...... အရောင်လက်ခဲ့ ဖူးတယ်

မြတ်နိုးမှုနဲ့ ပိုင်ဆိုင်ခွင့်ကို...... တောင်းခံလာတဲ့

ငြီးတွားသံတွေရဲ့ အောက်မှာ..

နှင်းဆီတွေ...... ကျေနပ်မှုနဲ့ ရှက်ပြုံးပြုံးနေခဲ့ကြတယ်

လွမ်းဆွတ်မှုနဲ့ ......ရှိုက်နမ်းခွင့်ပြုဖို့

ခယလာတဲ့ လေပြေတွေရဲ့ ...... အောက်မှာ

သင်းပျံ့တဲ့ သူတို့ ရဲ့ မွှေးရနံ့ တွေကို

ပွင့် ဖတ်တွေနဲ့ ကာကွယ်ရင်း

နှင်းဆီတွေ....... ဟန်လုပ်နေခဲ့ ဖူးတယ်

နှင်းဆီတွေရဲ့ ရှင်သန်မှုအတွက်

နေ့ စဉ်စားသုံးနေရတဲ့ ...... ခယမှုတွေကို

စိတ်ပျက်လာတဲ့ ..... တစ်နေ့ မှာတော့ 

မုန်းပေးပါ...... ကျေးဇူးပြုပြီး

နှင်းဆီတွေကိုမုန်းဖို့

နှင်းဆီတွေ ရှိုက်သံပြုတယ်

နှင်းဆီတွေ အထီးကျန်လာတယ်

နှင်းဆီတွေ လွမ်းဆွတ်လာတယ်

မုန်းတီးနာကျည်းမှုတွေနဲ့  အစားထိုး

နှင်းဆီတွေ..... ခံစားကြည့် ချင်လာတယ်

ရှိုက်သံတွေနဲ့ ..... နှင်းဆီတွေရဲ့ရင်ခုန်သံ

အစစ်တွေ..... ပေါင်းစပ်ပြီး

နှင်းဆီတွေဆိုညည်းမိတဲ့  အခါမှာတော့

မျက်ရည်တွေနဲ့ နှင်းဆီတွေ အရမ်းလှနေခဲ့တော့တယ်

မမ

2 comments:

Anonymous said...

နှင်းဆီ..... နှင်းဆီ.... မျက်ရည်တွေနဲ့လှနေတယ်... ရေးထားတိုင်း
ခံစားချက်တွေက ထပ်တူခံစားမိတယ်...

Anonymous said...

ရေးတတ်လိုက်တာ မမရယ်

ဟတ်ထိတွားတယ်

တိန်......

 

မမ online diary © 2008. Thanks to Blogger Templates | Template Design By: SkinCorner